ROOM 346 နှင့်တစ်ညတာ
တစ်ညတာလေးပါဘဲ ... ဒါပေမယ့် ပေတအတွက် ကုန်ကြမ်း ဖြစ်မှန်းမသိဖြစ်လာရတဲ့ RENO HOTEL BANGKOK ရဲ့ ... အေးချမ်းတိတ်ဆိတ်မှုက MBK နဲ့  နီးနီးနားနားရှိနေပြီး သူငယ်ချင်းညီမငယ်တစ်ယောက်ရဲ့ စီစဉ်ပေးမှုကြောင့်ရောက်ခဲ့တဲ့ hotel ငယ်လေးတစ်ခုပါ။ ဒီလိုလမ်းကြားကျဉ်းကျဉ်းလေးထဲမှာ ရှိနေမယ်တောင်ထင်မထားပါဘူး။ တစ်လမ်းမောင်းလမ်းကျဉ်းလေးရဲ့ လမ်းသွယ်လေးမှာ သာသာယာယာ တိတ်တိတ်ဆိတ်ဆိတ်ရှိနေတဲ့ ဒီဟိုတယ်လေးဟာ ခေါင်းတွေမူးဝေသွားအောင် ဗန်ကောက်ညကိုခြောက်ခြားစေပါတယ်။ ပထမတော့ ၃ထပ်တစ်ခုလုံးမှာ တည်းခိုနေထိုင်သူဆိုလို့  ကျွန်မတို့ ပဲရှိတယ်လို့ ထင်ရအောင် ဟော်တယ်တစ်ခုလုံး တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပါ။မနက်ဖြန်မှတည်းနေကျ ဟော်တယ်ကို ဝင်လို့ ရမှာဖြစ်တဲ့အတွက်ဒီဟော်တယ်လေးရဲ့  အချို့ သော စိတ်တိုင်းမကျမှုတွေကို ကျွန်မတို့ သားအမိမေ့ထားလိုက်ပါတယ်။လစဉ်နီးပါးလောက်ဆိုသလို ဗန်ကောက်လာနေကျအချိန်လေးတွေဟာ ကျွန်မတို့ သားအမိရဲ့  အပန်းဖြေပျော်ရွှင်ရသောအချိန်လေးပါ။ ညကိုစောစောအိပ်ယာဝင်ပါတယ်။ ရေချိုးခန်းဟောင်းဟောင်းကြီးကြောင့် စိတ်တွေငိုချင်လာသလိုပါပဲ။ ထုံးစံအရ စည်းချပြီးတော့အိပ်ကြတယ်ဆိုပါတော့နော်။ အိပ်မပျော်သေးပဲ ဟိုလူးဒီလှိမ့်ဖြစ်နေတုံး ဘေးမှာအိပ်တဲ့သမီးလေးက လက်တစ်ဖက်ကို တဆတ်ဆတ်လှုပ်လှုပ်နေပါတယ်။ဘာများဖြစ်နေပါလိမ့်လို့ မျက်လုံးဖွင့်ကြည့်မိတော့မှ ဘုရားဘုရား သူကတစုံတခု သို့ မဟုတ် တစုံတရာကို ကျကျနနအလေးပြုနေတာပါလား။ဘာမှန်းမသိတဲ့စိတ်ကြောင့် သမီးယောင်နေတာများလားလို့ စဉ်းစားရင်း သမီး ထ..ထ.. ဘာကိုအလေးတွေပြုနေတာလဲလို့ လှုပ်နိုးလိုက်ပါတယ်။ အဲဒါတကယ်တော့မှားတယ်ရှင့် သရဲခဏ ခဏ အခြောက်ခံနေကျ အတွေ့ အကြုံအရဆိုရင် သိတယ် ကြားတယ်လို့ စိတ်နဲ့ အသိအမှတ်ပြုလိုက်မိတဲ့ အချိန်မှာပိုပို ဆိုးဆိုးပြတတ် ခြောက်တတ်ကြတယ် ..။ သူတို့ လှုပ်ရှားမှုကို သတိပြုမိလိုက်တာနဲ့ တပြိုင်နက်တည်း မသိကျိုးကျင်ထားလို့  ကျိတ်မှိတ်နေလိုက်ရင်ပို အန္တရာယ်ကင်းပါတယ်။ အခုတော့ဘာမှန်းမသိ ခလေးရောလူကြီးပါနိုးလာတာနှင့် ကုတင်ခြေရင်းဘက်စီမှာ မွေ့ ယာကို လူတစ်ယောက်ဖြေးဖြေးချင်းဖိပြီးတက်လာသလို ကုတင်ရောမွေ့ ယာပါလှုပ်သွားတဲ့အခါမှာ သားအမိ၂ယောက်လုံးဘယ်ပြေးရမှန်းမသိအောင် ကြောက်စိတ်ဝင်မိပါတယ်။ကလေးကို ကိုယ့်ဘက်ကိုတိုးလို့ ဆွဲဖက်ထားရင်း တကိုယ်လုံးချွေးတွေရွှဲလာတော့ တံခါးကို အသာအယာခေါက်တဲ့အသံ ခြေရင်းဘက်ကထွက်လာပြန်တယ်။ တံခါးချပ်ကို လက်ဆစ်နဲ့ တတောက်တောက်ခေါက်နေတဲ့ အသံပါ ။ အပြင်လည်းပြေးမထွက်ရဲကြပါဘူး။ ဘုရားစာတွေရွတ် အပြင်ထွက်ဖို့ တောင်းပန်ရင်း စည်းပြန်ချလုပ်ရပါတယ်။ ကုတင်ခြေရင်းက လှုပ်ရှားမှုရပ်သွားတယ်။ ချွေးစေးတွေပြန်ပြီး ခဏလေးမှေးကနဲ အိပ်ပျော်သွားချိန်မှာ ခြေရင်းဘက်မှာမိန်းမတစ်ယောက်လာရပ်နေတာ ထင်ထင်ရှားရှားတွေ့ နေရပါတယ် ။အိမ်မက်မက်နေသလိုနဲ့ ပါ ။သူကခေါင်းရင်းနံရံချပ်စီလက်ညှိုးညွှန်ပါတယ်။ ကျွန်မနားမလည်ပါ နားလဲနားမလည်လိုပါ တစ်ခုခုခိုင်းခဲ့ရင်လည်း ကိုယ်နေ့ရာကိုယ့်ဒေသ မဟုတ်တဲ့စီမှာဘာမှ လုပ်မပေးလိုပါ။ ခေါင်းရင်းနံရံကို ဇက်ကိုလိမ်လို့ ကျွန်မမော့်ကြည့်မိပါသေးတယ် မှတ်မှတ်ရရ ဆေးအပြာနဲ့ ရေးချယ်ထားတဲ့ always & forever ဆိုတဲ့ စာလုံးအပြာရောင်တွေကို မြင်နေရပါတယ် အခန်းနံရံပေါ်မှာ တကယ်ရှိတဲ့ စာတန်းပါ။ နောက်တော့ ကျောက်ခရမ်းရောင်လို အပွင့်သေးသေးလေး ၂ပွင့်ကို သူ့ လက်ထဲကနေ ပစ်ပေးလိုက်ပါတယ်။ ကျွန်မတို့ သားအမိခြုံထားတဲ့ စောင်ပေါ်ကိုကျလာတာသေခြာမြင်လိုက်တယ် အဲဒိမှာလန့် နိုးလာတော့ သမီးလေးလဲ နိုးနေပုံပါဘဲအေးစက်နေတဲ့  ချွေးပြန်ပြန်လက်ကလေးတဖက်နဲ့ အမေကိုလာကိုင်ထားတာ ညတွင်းချင်းပြေးချိန်စိတ်ပေါက်လာရသလို အားလည်းငယ်တယ်ရှင်။ မနက်အလင်းရောင်လာတာနဲ့ ခန်းဆီး လိုက်ကာတွေကို ဘေးဆွဲကပ်ပြီး အခန်းကိုပြင်ပအလင်းပါအရင်ဝင်အောင်လုပ်လိုက်ကြတယ် မျက်နှာသစ်ရေချိုးတာကို တံခါးချပ်ကြီးဖွင့်ပြီး အမြန်လုပ်ပြီးတာနဲ့ တပြိုင်နက် ပစ္စည်းလေးတွေကောက်သိမ်းပြီး ထွက်လာခဲ့ရပါတယ်ရှင်။ reception ရောက်တော့ ယိုးဒယားမကြီးတွေက ပြုံးပြီး ညကအဆင်ပြေရဲ့ လားလို့  လှမ်းမေးတာကို သားအမိ၂ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မနည်းကိုဖျစ်ညှစ်ပြုံးပြခဲ့ရပါတယ်ရှင်။
စိတ်ဝင်စားသူများ သွားရောက်လေ့လာလိုပါတယ်ဆိုလျင်ဖြင့် RENO HOTEL ROOM 346 ပါတဲ့ရှင်.....။
( အားလုံးကိုချစ်ခင်လေးစားလျက် TT )