(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ဆရာမ၏ စေတနာ...

ဆရာမ၏ စေတနာ...

ကျတော့် ကိုယ်တွေ့ တော့ မဟုတ်ပါဘူး ။ကျတော်တို့ အထက်တန်းကျောင်းလေးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ ။ ဒါပေမယ့် ကျောင်းပြီးတာလည်း သိပ်မဝေးသေးချိန် ၊ ဆိုတော့ ပြန်ပြောကြတဲ့ အကြောင်းလေးကို ရေးဖြစ်သွားတာပါ ။ကျတော်ရေးလိုက်တဲ့ POST လေးကို ဖတ်ပြီးရင် သိတဲ့ သူတွေလည်း သိကြမှာပါ ။ ဆရာမက အလွန်စိတ်တိုတတ်ပါတယ် ။ ဒေါသကြီးသလောက် တပည့်တွေအပေါ်လည်း အလွန်ချစ်တဲ့ ဆရာမ ကောင်းတစ်ယောက်ပါ ပန်းလေး တစ်ပွင့် အမြဲ ပန်ထားတတ်ပြီး အသက်က ၃၀ ဝန်းကျင်လောက် ၊ နှလုံးရောရာဂါ အခံရှိပေမယ့် ကော်ဖီကလည်းတော်တော်လေးကို ကြိုက်တတ်သေးတာဗျ ။ လူပုံက ဖြူဖြူနွဲ့ နွဲ့ လေးပေမယ့် ယောက်င်္ကျားဆန်တယ်ဗျ ။ သူက ကျောင်းမှာ physics သင်တယ်လေ ။ ကျတော်တို့ ၉ တန်းမှာ သူအလုပ်စဝင်တော့ သူနဲ့ ၁ နှစ်သင်လိုက်ရပါသေးတယ် ။ ၁၀ တန်းရောက်တော့ ကျတော်တို့ အဆောင်သွားနေပြီး ပြန်ရောက်တော့ စိတ်မကောင်းစရာ သတင်းကြီးကိုတန်းပြီး ကြားလိုက်ရတော့တာပါပဲ ။ ဆရာမ ဆုံးပြီတဲ့ ။ သူ့ အိမ်မှာ အိမ်သားတွေမရှိခိုက် မီးပျက်တုန်းလျှပ်စစ်မီးဖို ( hot plate ) ပြင်ရင်း မီးရုတ်တရက် ပြန်အလာမှာ coin ကြားထဲကို သူ့ မောင်နှံ ခုနှစ်ဖော် လက်စွပ်လေး ညှပ်နေတာ မသိလိုက်တုန်း မီးပြန်လာတော့ ဓါတ်လိုက်ပြီး ဆုံးသွားတာတဲ့ဗျာ ။ ကျတော်တို့ ဆရာမရဲ့ နောက်ဆုံးခရီးကို ပြန်ရောက်ရောက်ချင်းပဲ လိုက်ပို့ လိုက်ကြပါသေးတယ်ဗျာ ။ ယောက်င်္ကျားလေး ဆန်ပေမယ့် အလှအပ အရမ်း ကြိုက်တဲ့ ဆရာမ ရဲ့ တစ်ကိုယ်လုံးက မိတ်ကပ်တွေနဲ့ ဖုံးကွယ်ထားပေမယ့် မြင်မကောင်းအောင် မဲတူးသွားတာဗျာ ။ ကြည့်ရက်စရာတောင် မရှိပါဘူး ။ ဒီလိုနဲ့ ကျတော်တို့ လည်း တက္ကသိုလ် တက်ဖို့ ပြင်ကြဆင်ကြနဲ နာရေးပြီး ထဲက့ ကျောင်းမရောက်ဖြစ်ဘူး ဆိုပါတော့ ။ ၁ လလောက်နေတော့ ကျတော်တို့ ဆရာမ ဟောင်းတစ်ယောက်နဲ့ လမ်းမှာ အမှတ်တမဲ့ ဆုံမှ ဆရာမပြောပြမှ ကျတော်တို့ ဆရာမရဲ့  စိတ်မကောင်းစရာ သတင်းလေးကို ကြားရတော့တာပဲဗျာ ။ သူဆုံးတဲ့ အချိန်က ကျောင်းကြီးတွေ ပိတ်တဲ့ အချိန်လေ ။ ကျောင်းတွေပြန်ဖွင့်တော့မှ ဇာတ်လမ်းက စတာတဲ့ ဗျ ။ ပထမဆုံး ဆရာနားနေခန်းမှာ စဖြစ်တာဗျ ။ သင်္ချာဆရာမ တစ်ယောက်တည်း စာတွေစစ်နေတုန်း သူလည်း အိပ်ချင်ပြေ ကော်ဖီလေး သောက်ပြီး စာစစ်နေတာတဲ့ ဗျ ။ အဲ့ဒီ အချိန်မှာ တခြား ဆရာမ တစ်ယောက်လာလို့  အဝကို ထွက်ပြီး စကားလေးပြော နှုတ်ဆက်ပြီး ပြန်လည်း ဝင်ရော ကော်ဖီခွက်က မ၇ှိတော့ဘူးတဲ့ဗျ ။ တစ်စက်မှ မကျန်တော့ အောင်ကို ကုန်သွားတာတဲ့ ။ ဆရာမလည်း အမှတ်မှားတယ်ထင်ပြီး နောက်တစ်ခွက် ထပ်ဖျော်တယ်ဆိုပါတော့ ။ပြီးတော့ သောက်တောင် မသောက်ရသေးဘူး ဆရာမကြီး round တာနဲ့ တိုးနေလို့  ကော်ဖီခွက်လေးကို စားပွဲပေါ်ကို ချပြီး ဆရာမကြီးကို နှုတ်ဆက် ပြီးတော့ အခန်းထဲကို လှည့်အကြည့် စားပွဲပေါ်က ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ တစ်စက်မှ မရှိတော့ဘူးတဲ့ဗျာ ။ အဲကြမှ ဆရာမလည်း လန့် ပြီး ထင်ယောင်ထင်မှားဖြစ်တယ်အထင်နဲ့  ဘယ်သူ ကိုမှ မပြောပဲ သူ့ စာသင်ချိန်ကို နားနေခန်းကနေ ထွက်သွားလိုက်တယ် ။ ပြီးတော့ အဆိုးဆုံးဖြစ်သွားတာ တစ်ခုက စာသင်ခန်းထဲမှာ -- အထက်တန်းကျောင်းတွေမှာ ၉ တန်းတွေက တော်တော် ဆိုးကြတယ်လေ ။ သိကြတဲ့ အတိုင်းပဲ ။ သူတို့ က ကျောင်းမှာ အကြီးဆုံးတွေမို့ လား ။ သူတို့  အထက် ၁၀တန်းကျောင်းသားတွေ ရှိကြပေမယ့် ၁၀တန်းတွေက စာတွေ ကျူရှင်တွေနဲ့ လုံးပန်းနေချိန်ဆိုတော့ ၉ တန်းတွေက ကျောင်းမှာ ဘုရင်ပေါ့ ။ အဲ -- အဲ့နေ့ က ၉ တန်း တန်းခွဲ တစ်ခုမှာ မြန်မာစာသင်နေတဲ့ အချိန်ပေါ့ ။ မြန်မာစာ ဆရာမ ကလည်း စာမသင်ပဲ စာဖတ်ခိုင်းထားတဲ့ အချိန် ။ အဲမှာ ပြသနာက စတာပဲ ။ ကျောင်းသားတွေကလည်း စာမသင်ပဲ ဖတ်ပဲ ဖတ်နေရတာ ဆိုတော့ တစ်တန်းလုံး ဆူညံ နေတာပေါ့ ။ အဲဒီ အချိန်မှာ မြန်မာ စာသင်တဲ့ ဆရာမ က ဘာမပြော ညာမပြောနဲ့  ကုလားထိုင်ပေါ်ကနေ ဝုန်းခနဲ ထပြီး မြေဖြူကိုင်ပြီးကျောက်သင်ပုန်းပေါ်မှာ physics equations တွေ ထရေးရောတဲ့ ။ အဲဒီမှာ ဆူညံနေတဲ့ ကျောင်းသားတွေလည်း ကြောင်ပြီးတစ် တန်းလုံး ငြိမ်ကြသွားတော့တာပဲ ။ သူလည်း ရေးချင်တာတွေလည်းရေးပြီးရော ကျောင်းသားတွေဘက်ကို လှည့်ကြည့်ပြီး နင်တို့ တွေ ဒီ equations တွေမှ မရရင် စာမေးပွဲ ဖြေလို့ ရမှာ မဟုတ်ဘူးဆိုပြီး အသံ သြသြကြီးနဲ့ ပြောသံလည်း ကြားရော ကျောင်းသားတွေ ခမျာ လန့် ပြီး အော်ငိုကြတော့တာပဲ ။ ဘေး အခန်းတွေက အော်တဲ့ အသံတွေကြားလို့ လာကြည့်တော့မှပဲ ၊ ကျောင်းသားတွေက စင်ပေါ်ကို လက်ညှိး ထိုးပြကြတယ် ။ ပြေးလာတဲ့ ဆရာမတွေနဲ့ ကျောင်းသားတွေလည်း အဲတော့မှ စင်ပေါ် မှာ လဲ ကြနေတဲ့ မြန်မာစာ ဆရာမ ကို တွေ့ ကြတော့တယ် ။ ဆရာမ သတိရလာလို့ မေးကြည့်တော့မှ သူ ထိုင်နေတုန်း မူးခနဲ ဖြစ်သွားတာပဲ မှတ်မိတော့တယ်လို့ ပြန်ပြောပြတယ် ။ အဲကြတော့မှ ဆရာမကြီးလည်း သတိရပြီး ကျောင်း အမိန့် ပြန်တမ်းကို ဖတ်ဖြစ်တော့တယ် ။ ပြန်တမ်း ဖတ်ပြီး လို့ နောက်နေ့ က စပြီး ကျောင်းမှာ ဘာမှ ထပ်ပြီး အနှောင့် အယှက် မပေးတော့ဘူးလို့ သိရပါတယ် ။ ကျိန်းသေတာကတော့ အဲဒီ့ အတန်းက ကျောင်းသားတွေကတော့ ကျောင်းကို ၁ ပတ်လောက် မတက်ရဲဘူး ဖြစ်သွားတယ် ဆိုပဲ ။ ကျတော့် ဆရာမ ဟောင်းပြောပြလို့  ဒီကိစ္စတွေကို သိလိုက်ရပေမယ့် ကျတော် ကျတော့်ရဲ့ ဆုံးသွားတဲ့ Physics ဆရာမအတွက် စိတ်မကောင်းတွေ ပို ဖြစ်ရပြန်ပါတော့တယ် ။ ဆရာမခမျာ သူ့ ဘာသာ သူ သေဆုံးသွားတာကို မသိလိုက်ရတဲ့ ဘဝ ။ သူခင်တွယ်တဲ့ ကျောင်းကြီး ၊ သူ ချစ်တဲ့ သူ့ ရဲ့ ကျောင်းသားတွေ ၊ သူကြိုက်တဲ့ ကော်ဖီတွေ ၊ တခြား တခြားသော ကျတော်တို့ မမြင်နိုင်တဲ့ သူ့ ရဲ့ အစွဲ အလန်းတွေက သူ့ ရဲ့ ဘဝကူးမယ့် လမ်းကြောင်းမှာ လာပြီး စီးတားသွားလေခြင်းက ကျတော်တို့ နဲ့ တစ်သာားတည်းရှိပြီး ဘုံဘဝကွဲသွားတဲ့ ဘဝမှာ ဖြူစင်စွာ ရပ်တည်နေတုန်းပါလားလို့ သိရတဲ့ အခိုက်မှာတော့ ----- လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဘာခြားသွားတဲ့ ဆရာမကို သတိရခြင်းများစွာနဲ့ ဒီ post လေးကို တင်ဖြစ်ခဲ့ပါတယ် ။ (PS..သေဆုံးသွားတဲ့ ဆရာမရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုတဲ့ ရည်ရွှယ်ချက်ဖြင့် မဟုတ်ပဲ ကျတော်တို့ ရဲ့ ဘေးမှာ ကျတော်တို့  မမြင်နိုင်တဲ့ လောကသားတွေရှိသေးပါလားလို့ အမှတ်ရစေလို့ ပြီး ဒီစာကို ရေးခြင်းဖြစ်သလို သူတို့ အတွက် အမျှပေးဝေစေခြင်းဖြင့် မေတ္တာဓါတ်များပွားများစေရန် ရည်ညွှန်းပါသည် ။ ) ကြောက်စရာကောင်းစေလိုသော ဆန္ဒဖြင့်ရေးသားခြင်း မဟုတ်သော post ဖြစ်ခြင်း နှင့် ယခုမှ စပြီး တင်သော Post ဖြစ်သောကြောင့် အားနည်းချက်များ ပါခဲ့ ပါက သည်းခံ နားလည်ပေးကြပါဗျ ။ Create ( zAw G ) ဇာတ်ကြောင်းပြန်လည် မျှဝေပေးသော Member Chit Thaw Lu အား အက်ဒမင်များ အားလုံးမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ အမည်မဖော်လိုသော အက်ဒမင် ၀ိညာဉ်

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |