(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

"တမလွန်အထိ တာဝန်ကို သိလေသူ"

"တမလွန်အထိ တာဝန်ကို သိလေသူ"

 ဒီအကြောင်းအရာလေးကတော့ အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေးပါ။ယခုတော့ အငြိမ်းစားယူလိုက်ပီဖြစ်တဲ့ ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ ကိုယ်တွေ.လေးပါပဲ.................။ သူကပန်ချာပီလူမျိုးတဦးပါ၊ရှေ.တန်းတနေရာမှာ တပ်ကြပ်ကြီးတာဝန်နဲ့တိုက်ပွဲဝင်နေသူတဦးပေါ.၊အဲဒီအချိန်ကာလတုန်းက သူတို့က အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေချိန်ပါ။ရန်သူတပ်(ပါကစ္စတန်တပ်)စခန်းတခုကိုတိုက်ပီး ရန်သူတွေကိုအကုန်ချေမှုန်းပြီးရှေ.ဆက်လာချိန်မှာ အခုရေးသားဖော်ပြမယ့် အဖြစ်အပျက်တွေဖြစ်လာခဲ့တာပါ။ အဖြစ်အပျက်တွေရဲ့ နိဒါန်း အစကတော့.... သူတို့ စစ်ကြောင်း တောတွင်းတနေရာမှာ ရှိတဲ့ စခန်းတခုကို ညချီစစ်နဲ့ တက်တိုက်ပြီး ရန်သူကို ချေမှုန်းအောင်မြင်ခဲ့ကြပါတယ်။ တကယ့်ကို အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ရန်သူဘက်ကလည်း မရှုမလှ အထိနာသလို သူတို့စစ်ကြောင်းမှာလည်း ကျသူကျ၊ ဒဏ်ရာရတဲ့သူတွေလည်း ဗလပွပေါ့လေ။ ပါလာတဲ့ ခဲယမ်း၊ ကျည်ဆံတွေကို ဒလဟောသုံးပြီး တိုက်လိုက်ရလို့ စစ်ကြောင်းမှာ ကျည်ဆံ၊ ခဲယမ်းအင်အားလည်း လျော့ပါးသွားတာက တပိုင်း၊ ရန်သူဆီက ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေ၊ သိမ်းဆည်းရမိတဲ့ အရေးကြီး စာရွက်စာတမ်းနဲ့ ရန်သူ့လက်နက်ခဲယမ်းတွေကို ရှေ့တန်းစစ်ဌာနချုပ်ကို အပ်နှံဖို့ရာ တာဝန်က တရပ်၊ စစ်ကြောင်းအတွက် လက်နက်၊ရိက္ခာ ပြန်လည်ဖြည့်တင်းဖို့နဲ့ ဖျားနာ၊ ဒဏ်ရာရ စစ်သည်တွေကို ရှေ့တန်းစစ်မြေပြင် ဆေးရုံရှိရာကို ပို့ဆောင် ဆေးကုသမှုခံယူစေနိုင်ဖို့ရာက တမျိုးနဲ့ အုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ရာ သူတို့စစ်ကြောင်း စိတ်ချလုံခြုံမှုရှိတဲ့ တောတွင်းတနေရာမှာ ညအိပ်စခန်းချလိုက်ကြပါတယ်။ တည သူတို. စခန်ချပီး ညစာ စားသောက်နေကြချိန်မှာ...ရေဒီယိုဆက်သွယ်ရေးစက်မှ သတင်းတခုဝင်လာတယ်။ လေလှိုင်းမကောင်းလို့ အသံကို ပြတ်ပြတ်သားသား မကြားရပေမဲ့ သူတို့ အရင်တိုက်ခဲ့တဲ့ ရန်သူစခန်းမှာ နောက်ထပ်ရန်သူတပ်တွေထပ်ရောက်နေတယ်ဆိုတဲ့ သတင်းက ကြားလိုက်ရတဲ့ သူတို့တတွေကို အရမ်းအံ့သြသွားစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ တိုက်ခိုက်ခဲ့တဲ့ ရန်သူတပ်စခန်းမှာ ဘယ်သူဆို ဘယ်သူမှ မကျန်အောင် ရန်သူဘက်က အတုံးအရုန်း ကျဆုံးကုန်ခဲတာသူတို့မျက်မြင်မို.ပါ။ ဘာပဲဖြစ်ဖြစ် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်ရတဲ့ စစ်သားဘဝမို့ ရလာတဲ့ သတင်းကို ရှေ့တန်းစစ်ဌာနချုပ်ကို ချက်ချင်း သတင်းပို့လိုက်တော့ ထုတ်နှုတ်အင်အားနဲ့ ရန်သူသတင်းပို့တဲ့ နယ်မြေကို အမြန်ဆုံး သွားရောက် ကင်းထောက်ရန် လို့ အကြောင်းပြန်လာပါတယ်။ ဒါနဲ့ပဲ တပ်ကြပ်ကြီးဖြစ်သူ ပန်ချာပီလူမျိုးက သူ့ကွပ်ကဲမှုအောက်က စိတ်ချရတဲ့ လက်ရွေးစင် စစ်သည်လေးယောက်ကိုခေါ်ပြီး နောက်ကြောင်းပြန်လှည့်လာခဲ့ပါတယ်။ စုစုပေါင်း စစ်သည် အင်အား (၅) ဦးပေါ့။ ခရီးလမ်းတလျှောက် ရန်သူနဲ့ ထိတွေ့မှု တခုတလေတောင် မရှိပဲ အန္တရာယ်ကင်းစွာနဲ့ တောထဲမှာနှစ်ညအိပ်ခဲ့ပီးပီ။ အခုအချိန်အထိလည်း ရန်သူ့သတင်းအစအနနဲ့ ရန်သူ့အရိပ်အယောင် ဘာတခုမှ မတွေရသေးဘူး။ အားလုံးအေးဆေးပဲတဲ့။ ဒီတော့ သူ့ရဲဘော်တွေက "ဆရာ...ဒီလောက်ဝေးဝေးနောက်ပြန်လှည့်လာတာ...အန္တရာယ်ရှိနိုင်တယ်။ကျနော်တို့ ဆက်မသွားရင်ကောင်းမယ်..."လို အကြံပြုလာတာကို လက်မခံပဲ ရှေ့ဆက်ခဲ့ပြန်သတဲ့။ သူတို့တတွေ ရန်သူ့တပ်အဟောင်းနား ရောက်ခါနီးတော့ သူတပည့်တွေက သူတို့နောက်ကို တယောက်ယောက်က နောက်ယောင်ခံလိုက်နေသလိုပဲလို့ သူ့ကို သတင်းပို့လာကြပေမဲ့ သူကတော့ မမှုရေးချ မမှုပဲ ခရီးဆက်မြဲ ဆက်ဖို့သာ ညွှန်ကြားချက်ပေးပြီး ဆက်လက် ချီတက်ခဲ့ကြပါတယ်။ တောင်စွယ်နေကွယ်ချိန်ရောက်လို့ အမှောင်ထုဖုံးပြီး ရှေ့ကို ခရီးမဆက်နိုင်တော့လို့ စိတ်ချလုံခြုံမှုရှိတဲ့ နေရာမှာ စခန်းချပြီး ညအိပ်အခြေပြုတော့လည်း သူကိုယ်တိုင် လူအရိပ်အယောင်ကိုမြင်သလိုလိုဖြစ်လိုက်ပေမဲ့ တောထဲမှာမို့ အထင်မှားတာနေမှာပါလို့ သူ့ကိုယ်သူ အားပေးရင်းတွေးမိပါသေးသတဲ့။ ဒီလိုနဲ့ မနက် အလင်းရောင်ပေါ်လာတာနဲ့ သူတို့အားလုံး ခရီးဆက်ထွက်လာခဲ့ကြတယ်။နောက်တော့ ရန်သူတပ်အဟောင်းနေရာကိုရောက်လာခဲ့ကြတယ်။ အရိပ်အခြေကြည့်ပြီး ၀င်ကြည့်လိုက်တော့ ဘာဆိုဘာမှမရှိ သူတို့နဲ့ ထိတွေ့မှု ဖြစ်ပွားပြီး စွန့်ခွာလာခဲ့တဲ့ အနေအထားအတိုင်းပါပဲတဲ့။ သူတို့လည်း အတော်စဉ်းစားရခက်သွားကြတယ်။ ဆက်သွယ်ရေးစက်မှာ သတင်းရထားတာက ဒီစခန်းမှာ ရန်သူရဲ့ ထပ်ဆောင်းပို့လာတဲ့ စစ်ကူတပ်တွေ ထပ်ရောက်လာတယ်လည်းဆိုသေး.....။ အခုကျတော့ လူသူကင်းမဲ့ပြီး သုဿာန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ။ ပတ်ဝန်းကျင်က တောကောင်တွေရဲ့ အသံနဲ့ အနားမှာ စီးဆင်းနေတဲ့ ချောင်းရေစီးသံကလွဲပြီး ဘာသံမှကို မကြားရတာ။ အဖွဲ့ခေါင်းဆောင်ဖြစ်သူ တပ်ကြပ်ကြီးက ရန်သူတွေ သူတို့က တန်ပြန်ခြုံခိုတိုက်ခိုက်ဖို့ လုပ်တာဖြစ်မယ်လို့ သုံးသပ်ပြီး သူနဲ.တယောက်ကိုတဖွဲဖွဲ.ပြီး ကျန်သုံးယောက်ကို တဖွဲ.ဖွဲ.ပေးလိုက်တယ်။ ဒီအနီးအနားဝန်းကျင်ကိုလိုက်ကြည့်ဖို့ နောက်တနာရီကြာပြီးရင် ဒီရန်သူကျဆုံးထားတဲ့ တပ်နေရာဟောင်းမှာ ပြန်ဆုံဖို.သေချာမှာပြီးလမ်းခွဲလိုက်ကြတယ်...။ သူတို.အဲ.နားတ၀ိုက်လှည်.ပတ်ကြည်.ရှု.နေတုန်းပဲ အရင်ကရန်သူထောင်ထားတဲ့ ကြိုးထောင်ချောက်ထဲကို သူတို.နှစ်ယောက်မိသွားကြတယ်။ သူတို.နှစ်ယောက် သစ်ပင်မှာဇောက်ထိုးကြီးတွေဖြစ်နေတယ်။ အဲ.ဒီအချိန်မှာပဲ အိန္ဒိယစစ်ယူနီဖောင်ဝတ်ထားတဲ. စစ်သားတယောက်ရောက်လာပြီး သူတို.နှစ်ယောက်ကို သစ်ပင်ကနေကြိုးဖြတ်ပေးပီးကူချပေးတယ်။ သူတို.လဲ ဒီစစ်သားကိုတခါမှမမြင်ဘူးတော. မင်းဘယ်တပ်ကလဲ၊ဘယ်သူလဲပေါ.။ ပါကစ္စတန်တပ်ရဲသူလျှိုလားပေါ.မေးတော.သူကအိန္ဒိယစစ်တပ်ကပါပေါ.၊ သူ.ကိုပါကစ္စတန်တွေဖမ်းထားလို.သူထွက်ပြေးလာတာပါဆိုပြီးပြောရော.။ နောက်တော့ သူက တပ်ကြပ်ကြီးတို.ဒီနေရာကနေ အမြန်ထွက်ခွါဖို.ပါပြောလာတယ်။ ဒါနဲ.တပ်ကြပ်ကြီးလည်း ....... ငါ.လူတွေပြန်လာတာစောင့်ရအုံးမယ်။ နောက်ပီး ရန်သူသတင်းလည်းရထားတယ်ဆိုပြီးပြောတော. ဒီနောက်ရောက်လာတဲ.စစ်သားက အရမ်းကိုစိတ်ဆိုးတဲ.ပုံစံမျိုးနဲ. ဒီနေရာကနေခွါဖို. အတင်းမရမက ဇွတ်ထပ်ပြောလာတယ်။ သူကလည်း သူ.တပည်မပါပဲ ဒီနေရာကနေ မခွါဘူးလို.ဇွတ်ငြင်းတယ်တဲ.။ ဒါနဲ.နောက်ဆုံး သူက တပ်ကြပ်ကြီးကို လာလိုက်ခဲ.ဆိုပြီးတနေရာကိုခေါ်သွားပြတော. သူတပည်.တယောက်ရဲ.အလောင်းကိုပြန်တွေတယ်။ ကျန်နှစ်ယောက်ကိုတော.အလောင်းတောင်မတွေ.ရတော.ဘူးတဲ.၊ တပ်ကြပ်ကြီးကတော. ဘယ်သူလက်ချက်ကြောင်.လဲ... ရန်သူကြောင်.ဆိုရင် ရန်သူနဲ.တိုက်မယ်ဆိုပြီး လုပ်တော. သူက..... ဒီနေရာကနေ အမြန်ဆုံးခွါမှဖြစ်မယ် မဟုတ်ရင်ခင်ဗျားတို.ပါအသက်ပေးရလိမ်.မယ်လို.ဇွတ်ပြောပြီးခေါ်လာခဲ.တယ်။ နောက်ထပ် သွားရင်းသွားရင်း....တနေရာမှာ ညစခန်းချတော.တပ်ကြပ်ကြီးက သူ.ကိုမေးကြည်.တယ်။ မင်းငါ.ကိုညာနေတာလား၊ မင်းရန်သူဘက်က မဟုတ်လား လို.မေးတော.မျက်ထောက်နီးကြီးနဲ.ကြည်.ပြီး ခင်ဗျားတို.နှစ်ယောက် မနက်မိုးလင်းတာနဲ.အမြန်သာဒီနေရာကနေသွားကြတော.လို.ပြောသတဲ.။ ဒါနဲ.သူတို.နှစ်ယောက်နိုးတော.ကြည်.လိုက်တော.အဲ.ဒီစစ်သားကကင်းစောင်.နေတုန်းပဲတဲ.။ ဒါနဲ.မင်းတညလုံးမအိပ်ဘူးလားလို.မေးတော. ခင်ဗျားတို.ကိုအန္တရာယ်ကင်းတဲ.နေရာထိပိုဖို. ကျနော်မှာတာဝန်ရှိနေတယ်လို.ပြောပြီးသူတို.သုံးယောက်လည်း ခရီးဆက်ထွက်လာခဲ့လိုက်တာတနေကုန်ပဲတဲ.။ သူတို.ကိုလိုက်ပို.တဲ.စစ်သားကတော.မျက်နှာပေါ်မှာစိုးရိမ်မှု.တွေတွေ.နေရတယ်တဲ..။ ဒါနဲ.နောက်တညစခန်းချဖို.နေရာရွေးဖို.ပြောတာကို အဲ.ဒီစစ်သားက မရပ်ဘူးဆက်သွားနေသတဲ.။ တပ်ကြပ်ကြီးလည်းဒေါသနဲ.သူ.ပခုံးကိုသွားဆွဲတော့ အေးစက်တောင်.တင်းနေတဲ.ပခုံးဖြစ်နေသတဲ။ ပြီးတော.တုန်းခနဲ.ရပ်သွားပြီး တပ်ကြပ်ကြီးဘက်လှည်.ပြီးပြောသတဲ့။ ဆရာကကျနော်ကိုခုထိမယုံဘူးလားကျနော်အိန္ဒိယစစ်တပ်ကပါ၊ ကျနော်ဒီတောထဲမှာတိုက်ရင်းရန်သူလက်ကိုကျသွားခဲ.ပြီး ထွက်ပြေးဖို.အလုပ်မှာပြန်မိသွားပြီးအသတ်ခံခဲ.ရပါတယ်။ ဆရာတို.ကြောက်မှာစိုးရိမ်လို.ကျနော်မပြောပဲနေခဲ.တာပါ လို.ပြောတယ်၊သူစကားလဲဆုံးပြီး မကြာလိုက်ပါဘူး။ ကျည်ဆံတွေတရစပ် သူတို့ ရှိနေတဲ့နေရာကို ပစ်ပါလေရောတဲ။ ကြည်.လိုက်တော.ပါကစ္စတန်တပ်တတပ်တဲ့။ သူတို.ကိုခြုံခိုတိုက်နေတာတဲ.၊ အဲမှာ စစ်သားသရဲက ဆရာတို့ တိုက်နိုင်မှာမဟုတ်ဘူးပြေးတော.လွတ်အောင်သာပြေးတော့ ကျနော်ခံပစ်ထားမယ် ဆိုပြီးဇွတ်ပြေးခိုင်းသတဲ.။ သူတို.ဆရာတပည်.နှစ်ယောက်လည်း ပစ်ရင်းပြေးရင်နဲ.ထွက်လာခဲ.ကြသတဲ့။ ခပ်ဝေးဝေးရောက်တော့ နောက်တချက်ပြန်လှည်.ကြည်.တာ စစ်သားသရဲကခံပစ်နေတုန်းပဲတဲ့။ နောက်တော့ သူတို.လည်းစခန်းရောက်ပီး နောက်တန်းက ရောက်လာတဲ့ ထပ်ဆောင်းတပ်ကူအင်အားနဲ့ နောက်ကြောင်းပြန်လှည့်ပြီး ရန်သူကို တိုက်လိုက်တာ တိုက်ပွဲက တညလုံးဖြစ်ပီး မိုးလင်းတော.မှတိုက်ပွဲပီးသတဲ.။ စစ်သားသရဲကိုတော.မတွေးရတော.ဘူးတဲ့...။ သူတို.လဲရှေ.ဆက်ထွက်လာခဲကြတယ်တဲ့။ တာဝန်ပြီးဆုံးလို့ သူတို့ အားလုံး နောက်တန်း ပြန်ရောက်တော.မှ အဲ.စစ်သားသရဲနာမည်နဲ. ဟိန္ဒူတွေ ထုံးစံအရ အမျှအတန်းပေးဝေပေးခဲ.သတဲ့..............။ဒါကတော.ဒီလောက်ပါပဲ။ နောက်တယောက်ကတော. အခုထိကိုတာဝန်ထမ်းဆောင်နေတုန်းပါ..။ နေရာကတော. အိန္ဒိယနဲ.တရုပ်နှစ်နိုင်ငံနယ်စပ်ကြားမှာပါ၊ အဲ.ဒီနယ်စပ်မှာပဲ သူအတွက် ဘုရားကျောင်းလေးတခုလည်း ဆောက်ထားပေးပါတယ်၊ သူကိုဘာဘာလို.ခေါ်ပီး သွားရောက်ဖူးမျော်သူတွေလည်းရှိပါတယ်၊ အဲ.ယောင်လို.များ အဲ့ဒီနယ်စပ်ဂိတ် နေရာမှာ တရုတ်နိုင်ငံဘက်ကနေ မသိအောင် ခိုးဝင်မိရင် ဝင်လာတဲ့ကောင် သေတာပဲတဲ.၊ တရုတ်ဘက်ကနေ အိန္ဒိယစစ်တပ်မသိအောင် ၀င်ထွက်သွားလာမိရင်သူနဲ.တွေတယ်ပြောကြတယ်၊ သူ.ရဲ.ဘုရားကျောင်းမှာလည်း သူအိပ်တဲ.ကုတင်၊ သူစစ်အက်ျီနဲ.ဘောင်းဘီ၊ နောက်ပြီးတော့ သူ့စစ်ဖိနပ်တွေရှိပါတယ်၊ ကုတင်ကလည်း မနက်ဆိုရင် လူတယောက်အိပ်သွားသလို တွန်.ကျေနေပါတယ်.....။ စစ်ဖိနပ်ကလည်း မနက်ကပြောင်နေအောင်တိုက်ထားပေမဲ. ညနေဆိုနေရာအနှံ.လျှောက်သွားထားသလိုမျိုး အမြဲဖုံတွေနဲညစ်ပတ်နေသတဲ...။ အက်ျီတွေဘောင်းဘီတွေကလည်းညစ်ပေနေတတ်သတဲ့.....မယုံရင်ကိုယ်တိုင်သွားကြည်.နိုင်ပါသည်.(စရိတ်ကတော.ကိုယ်စရိတ်ကိုယ်ခံပေါ.နော်...)။ Thanks to Winn Minn Than One of Admins

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |