"ဆယ်တန်းအမှတ်တရ"
ငယ်ငယ်ကတည်းက စာကိုရေလည်ပတ်လည် အပတ်တကုတ် မကြိုးစားပါဘူး... ဒါပေသိ... ငယ်တုန်းကကျောင်းမှာ အဆင့်က တစ် နှစ် သုံး အပါအ၀င် တဆယ်အထိပတ်လည်ဆုဆိုတာပါ ပေးပါတယ်၊ ဒီလိုနဲ့ ထားပါတော့ ငါးတန်းလောက်ကနေစပြီး ပတ်လည် ကိုးလောက်ကနေ တက်လာလိုက်တာ...ရှစ်တန်းလောက်လည်းရောက်ရော..တစ်နှစ်သုံးထဲလည်း ပါ ပတ်လည် ခုနှစ်..ငါး လောက်ကနေ..ပတ်လည် နှစ်လောက်ဖြစ်ဖြစ်လာပါတယ်၊ သူငယ်တန်းကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်..လူလည်းလှသလို အဆင့်ဆိုလည်း သူကအမြဲတစ်ပါ..နှစ်ဆိုတာ ရှားတယ်..ကိုယ်က ဂေါ်လိရိုက်..ဇယ်တောက်.ဂျင်ပေါက်..ယောက်ျားလေးဆော့တာအကုန်ဆော့..အဲ့အရွယ်က..ဟော..အဆင့်ထွက်လာရင် အာ့လိုတွေဖြစ်ဖြစ်နေတယ်..ဘာပဲဖြစ်ဖြစ်ပျော်တာပေါ့လေ..ဒီကြားထဲ ပန်းချီဆိုလည်း နှစ်သိမ့်ဆု..ယဉ်ကျေးမှုသင်တန်းဆိုလည်း တိုင်းအဆင့်..ကျောင်းအားကစားဆိုလည်း နိုင်တယ်..အဲ့လိုရတဲ့သူကို ဆရာ/မ တွေ သတိထားမိပြီးပိုချစ်တာ မထူးဆန်းပါဘူး..တခုပါပဲ ကိုယ်ဥာဏ်အရမ်းကောင်းတယ်၊
ဒီလိုနဲ့အထက်တန်းရောက်လာပြီး ဆယ်တန်းရောက်လာတဲ့အခါမှာ အဲ့အမြဲတန်းပထမဆုရတယ်ဆိုတဲ့ သယ်ရင်းရဲ့အမေက သမီးအိမ်မှာ စာလာကျက်ပါလား..အိမ်ကိုပြောပေးမယ်..ပြန်ရင်လည်း လိုက်ပို့ပေးမယ်..ဆိုပြီး အိမ်ကိုလာပြောပါတယ်..အိမ်ကလည်း ရိုးသားတဲ့သူတွေဖြစ်တဲ့အတွက် စာကျက်ဖော်လည်းရတယ်...ငယ်ပေါင်းလည်းဖြစ်တဲ့အတွက် အိမ်က ဂိုက်တွေပြန်တဲ့အချိန် သူနဲ့သွားကျက်ခိုင်းပါတယ်..သူမရဲ့ မေမေကလည်း တနေ့တမျိုးမရိုးရအောင် မုန့်မျိုးစုံနဲ့ ကျက်ခိုင်းပြီး သမီးတို့ ဂုဏ်ထူးများများရအောင် အန်တီဗေဒင်ဆရာကောင်းကောင်းနဲ့ လုပ်ပေးမယ်..အဲ့ဒါ ပတ်စပို့ဓါတ်ပုံပေးဆိုလို့ အိမ်က ဘယ်သူဓါတ်ပုံတောင်းတောင်းမပေးရဘူးနော်လို့ ပြောထားတာကို မနာခံပဲ..ပေးလိုက်ပါတယ်..မွေးသက္ကရာဇ်ဘာညာအကုန်ပေါ့လေ...
စာတွေက အကုန်ရယ်ဒီ ဖြစ်နေပြီး ဖြေဖို့ကိုစောင့်နေတဲ့အချိန်မှာ.. ကျွန်မ ညဘက်အိပ်လို့မရတော့ပါဘူး...ညဘက်အိပ်ပြီဆိုတာနဲ့ ကျွန်မကို တယောက်ယောက်တက်ဖိတော့တာပါပဲ..အသက်ရှူမရ..လည်ပင်းတွေအစ်..စောင်းအိပ်လည်းမရပါဘူး...ဘယ်လိုလူမျိုးက ညမအိပ်ပဲနေလို့ရတက်သလည်း...သွေးလေခြောက်ခြားစရာလည်း ဘာကိစ္စမှမရှိ..စာမေးပွဲကိုကြောက်ဖို့တော့ သနားသေးတယ်...မှေးခနဲအိပ်ပျော်တာနဲ့ကို တကောင်ကောင်အပေါ်ကိုတက်လာပြီး အသက်ရှူလို့မရအောင်ကိုလုပ်တော့တာပါ...ကျွန်မကို အဖွားနဲ့အဒေါ်ကကြားထဲထားပြီး အသားချင်းထိအိပ်ပါတယ်...ခနလေးပဲအိပ်ပျော်ပါတယ်..သူတို့အသားချင်းထိအိပ်ပေးတာ သပ်သပ်ပါ..လှုပ်မရ..ခေါ်မရ..အော်မရ..ဒုက္ခရောက်နေတာကျွန်မပါ...ဘယ်လိုလုပ်ကြမလည်းပေါ့...ထုပ်တန်းကြောင့်လား..
ဒါနဲ့အိမ်ရှေ့ခန်းဘုရားစင်ရှေ့မှာ စာကြည့်စားပွဲပြောင်းထားပြီး အိမ်ရှေ့ကို မျက်နှာမူပြီး ကျက်ရပြန်ပါတယ်...
အဲ့ဒိမှာတင် ကျွန်မတို့ အိမ်ရှေ့ခြံစည်းရိုးပေါ်ကို တစောင်းလှဲပြီး အိမ်ဘက်ကိုကြည့်နေတဲ့ မျောက်ဝံထက်တောင်ပိုကြီးမယ်ထင်ပါတယ် အကောင်ကြီးပါ မျက်လုံးကတော့ ထုံးစံအတိုင်း နီတာပေါ့...အဲ့အချိန်အခါအရပြန်တွေးကြည့်မယ်ဆိုရင် လန့်ခဲ့တယ်လို့ပြောလို့ရပါတယ်...စာကိုယ့်ဘာသာပြန်တဲ့အခါမှာ စာအုပ်ကိုမကြည့်ပဲ အိမ်ရှေ့ ဟိုကြည့်ဒီကြည့်မျက်လုံကမြင်တာပါ...အဲ့သတ္တ၀ါက တည့်တည့်ကနေစောင်းပြီး သူ့ကိုယ်လုံးနဲ့ စည်းရိုးနဲ့မမျှ ရဲတွက်နေတဲ့ မျက်လုံးနဲ့ ကြည့်နေတာပါ...ကျွန်မ ငိုခဲ့ပါတယ်..ကျွန်မ အဲ့အကောင်ကိုမြင်တယ်လို့..ဒါနဲ့ ဘုရားစင်က ပရိတ်ရေ ရေမန်း ပရိတ်ကြိုးတွေ..ကျွန်မကိုယ်ပေါ်ရောက်လာပါတယ်..လူကြီးတွေကတော့ စာမေးပွဲကိုကြောက်တာရယ် အိပ်ရေးပျက်တာရယ်ကြောင့်တဲ့..အိပ်ခိုင်းတယ်..အိပ်ပြန်ရင်လည်း အပေါ်ကပြောခဲ့သလိုပါပဲ လည်ပင်းညစ်သတ်ခံရပါတယ်...
စာမေးပွဲက နောက်နှစ်ရက်ဆိုဖြေရပါပြီ...ငယ်ကတည်းက သေမလား သတ်မလားဆို သတ်မလားကိုပဲရွေးတက်တဲ့ကျွန်မ အိမ်ရှေ့ကို မရရအောင်ကြည့်ပါတယ်...နင်တို့ပဲပြနိုင်မလား ငါပဲ ကြည့်နိုင်မလားပေါ့လေ..မပ်တပ်ရပ်ပြီး စာကျက်ပါတယ်..ဒီတခါကတော့ အ၀တ်ဖြူဖြူကြီး အိမ်ရှေ့ကို ပတ်ပျံနေတာပါ...စဉ်းစားကြည့်ကြပါ..ကျွန်မလေ ကြောင်ကြည့်ပြီး စိတ်ထဲလည်း တော်တော်မကောင်းဖြစ်ပါတယ်...ငါအိပ်လို့လည်းမရ..ငိုက်လိုက်တာနဲ့ အဲ့လိုဖြစ်...မျက်လုံးဖွင့်တော့လည်း အဲ့လိုတွေမြင်...ကျွန်မ မအိပ်တာကြောင့် ပူပန်ပြီး မအိပ်နိုင်တဲ့လူကြီးနှစ်ယောက်ကြားထဲ စာရေးစားပွဲလေးနဲ့ကျွန်မ..ငုပ်တုပ်မိုးလင်းခဲ့ရပါတယ်...
မိုးလင်းရင် လင်းချင်း..ကျွန်မတို့မိဘတွေရဲ့ဆရာ ရွေရင်ကျော်ဆရာကြီးဆီခေါ်သွားကြပါတယ်...သိပ်မကြာပါဘူးအဖြေထွက်လာတာက စာကျက်လို့မရအောင် ဓါတ်ပုံနဲ့ အစိမ်းတိုက် တိုက်ထားတာတဲ့... ခလေးက ပညာတော်လို့ ပညာရေးအနှောင့်အယှက်ပေးထားတာတဲ့..အဲ့ဒိမှာတင် ကျွန်မ ဓါတ်ပုံပေးလိုက်မိတာ ပေါ်ပါတော့တယ်..အစိမ်းသေး သရဲနှစ်ကောင်ကို အောက်လမ်းနည်းနဲ့လွှတ်ထားတာတဲ့..ကျွန်မဆီကိုတဲ့...အသေသတ်သွားနိုင်တယ်တဲ့...အဲ့အကောင်တွေကနှစ်ချို့ကောင်ကြီးတွေ..အချိန်မှီယုံလေးပေါ့လေ...ကျွန်မကို အပြင်ဘာညာမကြည့်ဖို့ ကျက်ထားတဲ့စာတွေကိုလည်း ဦးနှောက်ထဲက မလွတ်စေပဲ..နွေးတဲ့သဘောနဲ့ ရသလောက်ပဲဖြေဖို့..ပြီးတော့ ကျောင်းကိုသွားမယ့်ကား နံပါတ် အရောင်က အစ..၀တ်မယ့်အကျီ င်္အကုန်ခြေခေါင်းအဆုံး တွေကို သန့်စင်စေအောင် သေချာရွေးပြီး..ဆရာကြီးတွေလုပ်ပေးတဲ့အစီအရင်တွေကို ကားထဲထည့်..ကိုယ်မှာလည်းဆင်ယင်..ရှိသမျှခေါင်းကြည်ဆေး အားဆေးအကုန်သောက်..လူကြီးတွေ ကျောင်းပေါက်ကနေမပြီးမချင်းထိုင်စောင့်...မြန်မာ အင်္ဂလိပ် ကျွန်မ စာမလုပ်ဘူး..လက်တန်းဖြေတယ်ကျက်ထားတာတွေနဲ့စာရေးစားပွဲပေါ်မှာပဲလက်လေးတင်ပြီးအိပ်ခဲ့ရတယ်..နိုးတ၀က်အိပ်တ၀က်ပေါ့..အိပ်ပျော်ပြီဆိုတာနဲ့အကောင်ကြီးက ဘေးနားလာထိုင်ရော..တက်တော့မဖိတော့ပဲ...မသိစိတ်ကခံစားလို့ရတယ်ပေါ့...
သချာင်္ ရူပ ဓါတု ကို သီအိုရီနဲ့ ဒဖနေးရှင်း ဒါတွေပဲလျှမ်းတမ်းတမ်းလေးဖတ်လိုက်တယ်...ဇီဝ ကတော့ ကျွန်မ မြန်မာလိုအသေအချာကျက်ပြီး အီးလိုစာစီတက်တဲ့အတွက် အခက်အခဲမရှိခဲ့ဘူး...တခြားမေ့တာမျိုးတွေကိုလည်း အကုန်မြန်မာလိုသိထားတဲ့အတွက် ကိုယ့်ဘာသာ စာစီပြီး အဆင်အပြေဆုံး နှစ်မှတ်ပဲရရ တမှတ်ပဲရရဖြေခဲ့တယ်...စာဖြေချိန်သုံးနာရီမှာ အားလုံးစိတ်ချရပြီ ထပ်လည်းမရတော့ဘူးဆို ကျွန်မ အိပ်ပါတယ်..အခန်းစောင့်ဆရာမကို စာဖြေချိန်ပြီးသွားရင် နှိုးဖို့ပြောထားပါတယ်..စာမေးပွဲခန်းထဲမှာတော့ ကျွန်မ အိပ်လို့ရပါတယ်...ကျွန်မကို သင်ပေးတဲ့ ဆရာကြီးတွေက လိုတိုရှင်း အဖြေအဓိကပါ အဓိပ္ပာယ်မလွတ် အမှတ်မပေးလို့ကိုမရတာမျိုးတွေ သင်ပေးထားတဲ့အတွက် သူများတွေလို စာအရမ်းကြီးရေးစရာမလိုပါဘူး..အဖြေထွက်တော့ ကျွန်မ ကောင်းမွန်သောအမှတ်နဲ့ ဂုဏ်ထူးတခု ပါခဲ့တယ်..သူ့သမီး ကျတယ်..သူတို့အိမ် မီးလောင်တယ်...သူ့သမီး သုံးစားမရတဲ့ လင်ရသွားတယ်... ကျွန်မ ခုချိန်ထိ ဘာမှမဖြစ်သလို..စာမေးပွဲလည်းပြီးရော ထိုသတ္တ၀ါတွေ လာမနှောင့်ယှက်တော့ပါ..ကျွန်မတို့ သူတို့ကို ဘာမှလည်း ပြန်မလုပ်ခဲ့ပါ..ဘ၀အတွက်သင်ခန်းစာ ကောင်းကောင်းတခုကို မရေးဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့်....
ပေတမန်ဘာ မ Terrific Zin ရဲ့ကိုယ်တွေ့ လေးပါ...(အက်ဒမင်-သိုက်နန်းရှင်)