"အရပ်ကူပါ လူဝိုင်းပါ"
ဒီနေ့ စာရေးဆရာဖိုးကျော့ရေးတဲ့ ဝတ္ထုဖတ်ရင်း ငယ်ငယ်က ကိုယ်တွေ့ ကြုံခဲ့ရတာက တစ္စေခြောက်တာ ဖြစ်မယ် လို့ စဉ်းစားမိလိုက်တယ်၊ သရဲကညမှခြောက်တတ်ပေမဲ့ တစ္စေကနေ့ခင်းဘက်လဲ ခြောက်တတ်တယ်ဆိုလို့ပါ၊ တစ်ယောက်ထဲ အခြောက်ခံရတာ မဟုတ်ဘဲ လူ၁၀ယောက်ကျော်လောက် နေ့ခင်းကြီးကြုံခဲ့ရတာလေ၊ ခင်ဗျားတို့ရော အဲလိုတွေ့ကြုံဘူးကြလား၊
တခါတလေ တကယ့်အဖြစ်အပျက်တွေက စိတ်ကူးရင်ဝတ္ထုတွေထက်ဆန်းတယ်နော်၊ မကြုံဘူးလို့ မယုံဘူးဆိုလဲ အတင်းမယုံခိုင်းပါ၊ ပျင်းပျင်းရှိတာနဲ့ ငယ်ငယ်ကအကြောင်းလေ မျှဝေခြင်းပါ၊ ရန်ကုန်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှာရှိတဲ့ ကျွန်တော်အိမ်မှာ ဖြစ်ပျက်ခဲ့တာပါ၊ ယခုလက်ရှိ ကျွန်တော့် ဘိုးဘွားမိဘတွေ နေထိုင်တုန်းပါ။
၈၈အရေးအခင်းပြီးခါစ အချိန်လောက်ကပါ၊ ကျောင်းတွေပိတ်ထားလို့ ကျွန်တော်တို့ ညီကိုမောင်နှမဝမ်းကွဲတွေ အိမ်မှာစုပြီးသောင်းကျန်းနေတဲ့ကာလလေ၊ ၊ပျော်စရာကြီး၊၊ ကျွန်တော်တို့ ခြံကပေ၁၀၀ ပတ်လည်မြေကွက်ထဲမှာ ပေ၆၀လောက်ကို အိမ်မကြီးအဖြစ်ထားပြီး ဘေးမှာအဆောင်ပိုလေးထားပြီး အိမ်တွင်းလုပ်ငန်းတစ်ခုလုပ်တယ်၊ အိမ်ရှေ့မှာလဲ မြေကွက်လပ်ထားပြီး အလုပ်သမားတွေနဲ့ ရပ်ကွက်ထဲကလူငယ်တွေကို ညနေဘက်ဆို ဆရာငှားပြီး အပျော်တမ်းလက်ဝှေ့သင်ပေးတယ်၊ အိမ်ကလဲရှေးလက်ရာပျဉ်ထောင် နှစ်ထပ်အိမ်ပါ၊ ရှေးစတိုင်လား အလုပ်သမားတွေနဲ့ အိမ်လာတဲ့လူတွေများလို့လားတော့သေချာမသိဘူး၊ ။အိမ်စဆောက်ထဲက အိမ်ပုံစံက အိမ်မကြီးထဲမှာ ဘုရားခန်း၊ ဧည့်ခန်း၊ အိပ်ခန်းတွေဘဲထားတယ်၊ အိပ်ခန်းတွေ ။အများကြီးဖွဲ့ထားတယ်၊ အိမ်ရဲ့နောက်ဘက်မှာမှ သက်သက်အဆောင်တစ်ခုဖွဲ့ပြီး မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာ ဆိုပြီးဆောက်ထားတာ၊ အိမ်ဘေးက အဆောင်ပိုလေးကနေလဲ အိမ်မကြီးကို မဝင်ဘဲ ရေချိုးခန်း အ။ိမ်သာ သွားလို့ရအောင်ဆောက်ထားတာ၊ ၊အိမ်သာကနောက်ဖေးခြံစည်းရိုးနား အစွန်ဆုံးပေါ့၊ အိမ်ပုံစံသိမှ ဖြစ်ခဲ့တဲ့ဟာကို စဉ်းစားပုံဖော်လို့ ရအောင် ရှင်းပြတာ။
တစ်ရက် နေ့လည် ၂နာရီလောက် ကျွန်တော်တို့ အိမ်ရှေ့မှာ ဆော့နေတာလား ဗီဒီယိုကြည့်နေတာလား သေချာမမှတ်မိတော့ဘူး၊ အိမ်အကူအမကြီးကို အဖွားကလာမေးတယ်၊ အိမ်သာထဲ ဘယ်သူဝင်နေလဲမသိဘူး တံခါးဖွင့်တာဖွင့်လို့မရဘူး မေးတာလဲ ပြန်မပြောဘူး သွားကြည့်ကြစမ်းတဲ့၊ သူမေးတာ ပြန်မဖြေလိုက်လို့ စိတ်ဆိုးပြီး အမေနဲ့ အိမ်ဖော်အမ ကိုလာပြောတော့ သွားကြည့်ကြတာပေါ့၊ အရင်ဆုံး သွားကြည့်ပြီး တံခါးဆွဲဖွင့်တော့ နဲနဲလေးဟလာပြီးမှ အထဲကစောင့်ဆွဲလိုက်သလိုဖြစ်ပြီး ပြန်ပိတ်သွားတာကို ကျွန်တော်တို့လဲ မြင်လိုက်တယ်၊ အိမ်အကူအမကြီးက ခြံထဲကအလုပ်သမားတွေထဲက တစ်ယောက်ယောက် စနေတာထင်ပြီးစိတ်တွေတိုနေတာပေါ့၊ ဘယ်သူလဲမေးတော့ ပြန်မဖြေဘဲ အထဲကနေတံခါးကို လက်နဲ့ပုတ်ပြီး လူရှိတယ်ဆိုတဲ့ပုံ လုပ်ပြတယ်၊ တံခါးကတော့ချက်ကျသွားသလို ဆွဲဖွင့်လို့ကိုမရတော့ဘူး၊ အိမ်မှာက အဲ့အချိန်က အဖေနဲ့ဦးလေးတွေ စတဲ့ယောကျာ်းလူကြီးတွေက အကုန်အလုပ်သွားနေချိန်လေ၊ ဒါနဲ့ ခြံထဲကအလုပ်ရုံက အလုပ်သမား၂ယောက်လဲ သွားခေါ်တော့ရောက်လာတယ်၊ အိမ်နဲ့ခြံထဲက လူကုန်ဘယ်သူမှ မဟုတ်ဘူးဆိုတော့ ဘယ်သူလဲပေါ့၊ လက်ဝှေ့လာလေ့ကျင့်တဲ့ တစ်ယောက်ယောက်လား ဆိုပြီးမေးနေကြသေးတယ်၊
နေ့ခင်းကြီးဆိုတော့ သရဲခြောက်တာတွေ မစဉ်းစားမိကြဘူး၊ ၊မေးလိုလဲ ပြန်မဖြေဘူးးတစ်ချက်တစ်ချက် တံခါးကိုအထဲကနေ ပြန်ပုတ်ပြတာဘဲရှိတယ်၊ ၁၀မိနစ်လောက်ကြာလာတော့ အလုပ်သမားတစ်ယောက်က ဒီပုံစံဆိုရင်တော့ ရိုးရိုးလူမဟုတ်နိုင်တော့ဘူး။ မေးတာလဲ မဖြေဘူးဆိုတော့ သူခိုးဘဲ ဖြစ်မယ်၊ အိမ်မကြီးထဲဝင်ဖို့ချောင်းနေရင်း အဖွားထွက်လာသံကြားလို့ အိမ်သာထဲ ဝင်ပုန်းတာဘဲနေမှာ ဆိုပြီး ဘေးခြံက အသိတွေ လမ်းထဲကလူငယ်တွေကို တစ်ယောက်က သွားခေါ်တယ်၊ ကျန်တဲ့လူတွေကတော့ အိမ်သာရှေ့က စောင့်နေကြတာပေါ့၊ ၊အေးဆေးထွက်ခဲ့နော် လူငယ်တွေရောက်လာရင် မလွယ်ဘူးဘာညာဆိုပြီး ပြောနေတာ၊
လမ်းထဲက ယောကျာ်းလေး ၅ယောက်၆ယောက်လောက် တုတ်တွေဓားတွေနဲ့ ရောက်လာကြတာနဲ့ဆို အနဲဆုံး နရီဝက်လောက်ကြာနေပြီ၊ အကုန်လုံးက သူခိုးလို့ဘဲ ထင်နေကြပြီလေ၊ အရေးအခင်းပြီးခါစ သူခိုးတွေလဲ သောင်းကျန်းနေတာကို၊ လူတွေရောက်လာတော့ ယောကျာ်းကြီးနှစ်ယောက်တံခါးကိုဆွဲဖွင့်ကြည့်ပြီး မရတော့ ဘယ်သူလဲ အေးဆေးထွက်လာရင် သက်သာမယ် တံခါးဖျက်ပြီးမှ ဆွဲထုတ်ရရင်တော့ သေပြီသာမှတ် ဆိုပြီးပြောတော့ အထဲကနေ တံခါးကို ဗုန်းးဗုန်းးဆိုပြီး ပုတ်တယ်၊ တစ်ယောက်ကအကြံရပြိးခြံစည်းရိုးပေါ်တက်ပြီး အိမ်သာနောက်ဘက် လေဝင်ပေါက်ကနေချောင်းကြည့်တယ်၊ လူရှိတယ်ဆောင့်ကြောင့်ထိုင်နေတယ် ခေါင်းတုံးဆံပင်နဲ့ လည်ကတုံးရှပ်အဖြူ ပုဆိုးအမည်းနဲ့ တံခါးဘက်ကို မျက်နှာလှည့်ထိုင်နေတယ် မျက်နှာမမြင်ရဘူးတဲ့၊ တက်ကြည့်တဲ့ အကိုကြီးကိုဆင်းခိုင်းပြီး ဦးလေးကြီးတစ်ယောက် ထပ်တက်ကြည့်ပြီး ဟုတ်တယ်ရှပ်အဖြူ ကချင်ပုဆိုးနဲ့လို့ ပြောတယ်၊
ဦးလေးကြီးကဘဲ အထဲကကောင် မင်းကို ငါတို့တွေ့နေရပြီ ဘယ်ကလဲ အခုထွက် ဘာညာပြောတာပေါ့၊ အထဲက လှုပ်တောင် မလှုပ်တော့ အကုန် စိတ်တွေ တိုနေကြပြီ၊ ဒါနဲ့ဘဲ အဖွားကို ခွင့်တောင်းတယ် တံခါးဖျက်ပြီးဆွဲထုတ်မယ်ပေါ့နော်၊ အထဲကနေချက်ထိုးတဲ့တံခါးဆိုတော့ တူးရွင်းနဲ့ ကန့်လန့်ဖွင့်မယ်ဆိုပြီး တူးရွ င်းယူ မိန်းမတွေ ကလေးတွေကို ဝေးဝေးဖယ်ခိုင်း တံခါးပွင့်သွားရင် အထဲက တစ်ခုခုပြန်လုပ်မှာစိုးလို့လေ၊ သူတို့လဲ တုတ်တွေဓားတွေပြင်ပေါ့ ဆွမ်းကြီးလောင်းပြီဆိုတဲ့ အထာနဲ့လေ၊ အားလုံးအဆင်သင့် ပြင်ပြီတော့ အပေါ်ကိုတက်ကြည့်တဲ့ဦးလေးကြီးကဘဲ ရှေ့ဆုံးကနေသွားပြီး တံခါးကို တူးရွင်းနဲ့ကလောပြီး အားနဲ့ဖွင့်ဖို့တံခါးပေါ်တူးရွင်းလဲတင်လိုက်ရော တံခါးက ပွင့်ထွက်လာပါလာရော၊ ၊သူခိုးအထဲက ခုန်ထွက်လာပြီထင်ပြီး ဦးလေးကြီးလဲ တူးရွင်းနဲ့ရွယ်ပြီးမှ အူကြောင်ကြောင်ဖြစ်သွားတယ်၊ အထဲမှာ ဘာမှမှမရှိတာ၊ အားလုံးလဲကြောင်ပြီး ဘာလုပ်ရမှန်းမသိတော့ဘူးလေ၊ တံခါးကို အားနဲ့ဆွဲဖွင့်ကြည့်တာလည်း သုံးလေးယောက်၊ တံခါးကို အထဲကထုပြီး အသံပေးတာကိုက အားလုံးကြားတယ်၊ လေဝင်ပေါက်ကနေကြည့်လို့ ဆောင့်ကြောင့်ထိုင်နေတာမြင်တာက နှစ်ယောက်ဆိုတော့ အားလုံးဘာပြောရမှန်းမသိဘူး ဖြစ်ကုန်တာ၊ သရဲခြောက်တယ်ဆိုရအောင်လဲ နေ့ခင်းကြောင်တောင်ကြီးလေ၊ အားလုံးလန့်ကုန်တာပေါ့နော်၊ ရပ်ကွက်ထဲမှာလဲ နာမည်တော့ကြီးသွားတာဘဲ၊ နောက်ပိုင်းတော့ ဘာမှထပ်မဖြစ်တော့ပါဘူး။ ယခုထက်ထိ မိသားစုတွေနေနေကြဆဲပါ၊ မှတ်မှတ်ရရ ငယ်ငယ်က ကြုံခဲ့ဘူးတာလေးပါ။
member ko Nay Lin ပို့ပေးထားတာလေးပါ...
( သိုက်နန်းရှင် )