(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

အချိန်တန်လို့ ခွဲရလေသလား။

အချိန်တန်လို့ ခွဲရလေသလား။

ဖြစ်ရပ်မှန်ပါ။ နာမည်တော့ လွှဲထားတယ်နော် ဒါပေမယ့် ဟာသ မဟုတ်ပါဘူး။ ဇာတ်လမ်းက တစ်ကယ်ဝမ်းနည်းကြေကွဲဖွယ်ကောင်းပါတယ်။ ဖြူဖြူလို့ ခေါ်တဲ့ ကောင်မလေးမှာ ကိုလင်းလို့ ခေါ်တဲ့ ချစ်သူကောင်လေးရှိတယ်။ သူတို့နှစ်ယောက်က အရမ်းကို ချစ်ကြတယ်။ ကိုလင်းက သာမန်မိသားစုက မွေးဖွားလာတဲ့လူတစ်ယောက်ပါ။ ဖြူဖြူကတော့ မိဘတွေက တော်တော်ချမ်းသာတယ် ဒီခေတ်အခေါ်အရတော့ အကောင်ကြီးကြီး အသိုင်းအ၀န်းထဲကပေါ့ဗျာ။ တစ်ဦးတည်းသော သမီးလေးလဲ ဖြစ်တယ် အစကတော့ ကိုလင်းနဲ့ သဘောမတူပေမယ့် ကို့သမီးကလဲ ကောင်လေးကို အရမ်းချစ်တယ် ကောင်လေးကလဲ ရိုးသားတော့ သူ့မိဘတွေလဲ နောက်ဆုံးတော့ သဘောတူလိုက်ကြတာပေါ့။ သူတို့နှစ်ယောက်က ကျောင်းပြီးရင် လက်ထပ်ကြတော့မှာပါ။ သူတို့ မိဘက ကောင်မလေးကို ဘယ်လောက်ချစ်လဲဆို အိပ်တာတောင် တခန်းထဲ အိပ်ကြတယ် ဒါပေမယ့် သူ့အမေနဲ့ဖြူဖြူနဲ့က တစ်ကုတင် သူ့အဖေက တစ်ကုတင်အိပ်တာပေါ့ဗျာ။ တစ်နေ့တော့ ဖြူဖြူက သူ့အမေကို ပြောတယ်။ မေမေ မေမေ သမီး ညက အိပ်မက် မက်တယ် အိပ်မက်ထဲမှာ သမီးကို အရမ်းလှတယ့် မိန်းကလေးတစ်ယောက်က သမီးကို လာလာခေါ်နေတယ် မေမေ သူနဲ့ လိုက်ခဲ့ပါဆိုပြီး အဲ့လို မက်တယ် မေမေ လို့လဲပြောကော သူ့အမေက ဖြူဖြူ့ကို ဒီလို အိပ်မက်တွေက မက်တတ်ပါတယ် နောက်တစ်ခါ ညအိပ်ရာ ၀င်ခါနီးဆို ဘုရားကိုသေချာရှစ်ခိုးပြီးမှ အိပ်လို့တောင် ပြောလိုက်သေးတယ်။ သူ့အမေကဗျာ အဲ့လို သိုက်တွေ ဘာတွေ အယုံအကြည်မရှိဘူး အဘိဓမ္မာဘက်ကိုပဲ လေ့လာလိုက်စားတဲ့ လူတစ်ယောက်ဆိုပါတော့။ သူ့အမေလဲ သူ့သမီးလို အိပ်မက်မျိုးမက်တယ် ဒါပေမယ့် သူ့အမေက သာမန်အိပ်မက် မက်တာပါဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်တယ်။ သူ့အမေ မက်တဲ့ အိပ်မက်က ဒီလိုဗျ အိပ်မက်ထဲမှာ ဖြူဖြူက ခုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ အိပ်ပြီး သူ့အမေက ညာဘက်ခြမ်းမှာ အိပ်တာပေါ့ဗျာ အဲ့ချိန်မှာ အရမ်းချောတယ့် မိန်းမတစ်ယောက်တဲ့ သူ့အလှက ဘယ်လိုပြောရမှန်းတောင်မသိဘူး မိန်းကလေးချင်းချင်းတောင် အရမ်းချောတယ်ဆိုပြီးပြောရလောက်တယ် အဲ့လို မျက်နှာမျိုးနဲ့ မိန်းမတစ်ယောက်က သူ့အမေ အိပ်တဲ့ ဘက်အခြမ်းမှာ ရပ်နေပြီး ဖြူဖြူကို့ကြည့်နေတယ်တဲ့။ အဲ့လိုချိန်မှာ အဲ့လန့်လန့်နိုးလာတော့ သာမန် သွေးလေခြောက်ခြားရင်းမက်တဲ့ အိပ်မက်ဖြစ်ပါမယ်ဆိုပြီး မေ့ထားလိုက်တာပေါ့။ တစ်နေ့တော့ ဖြူဖြူ့အမေက အရင်မက်နေကြ အိပ်မက်ကိုပဲ ထပ်မက်တယ် ဒါပေမယ့် အဲ့အိပ်မက်က ပိုထူးခြားတယ်ဆိုရမယ် အရင်နေ့တွေ မက်တုန်းက အဲ့မိန်းမက ဖြူဖြူ့ကိုပဲ ကြည့်နေတာ အခု မက်တဲ့ ပုံစံကကြတော့ အဲ့မိန်းမက ဖြူဖြူ့အမေကို ကျော်သွားပြီး ဖြူဖြူ့ကို လက်ဆွဲပြီး သူ့ဆီကနေ ခေါ်သွားတယ်ဆိုပြီး မက်တယ်။ မနက်လဲ ကြကော ဖြူဖြူ့အမေက အဘိဓမ္မာသင်တန်းသွားတယ် မသွားခင်တောင် သူ့သမီးကို ထမင်းကို ပုံမှန်စားဖို့တွေ အပြင်သွားရင် သတိထားတွေ ဘာတွေတောင် ပြောလိုက်သေးတယ် ပြီးမှ ထွက်သွားတယ်။ အဲ့နေ့က သင်တန်းချိန်ပြီးလို့ ဒီအတိုင်း သူငယ်ချင်းတွေ အာလပ သလာပ ပြောနေတဲ့အချိန်မှာ ဘယ်လိုကနေ ဘယ်လို သိုက် အကြောင်းတွေ ဘာတွေရောက်သွားမှန်းမသိဘူး အဲ့ချိန်မှာ ဖြူဖြူ့ အမေက စိတ်ထဲ တစ်ခုခု ထင့်ခနဲဖြစ်သွားတယ် အဲ့ဒါနဲ့ အိမ်ကို ဖုန်းဆက်လိုက်တယ် အိမ်ဖော်ကောင်မလေးက ဖုန်းလဲ ကိုင်ကော အသံက တော်တော်တုန်နေတယ် အဲ့ဒါနဲ့ အဲ့အန်တီက ဟဲ့ ဘာဖြစ်နေတာလဲ ဆိုတော့ အိမ်ဖော်ကောင်မလေးက အန်တီ မကြီးဖြူဖြူ ကားတိုက်ခံလိုက်ရလို့ အခု ဆေးရုံတင်ထားရတယ် လဲဆိုကော သူ့အမေလဲ ချက်ခြင်းဆေးရုံကို လိုက်သွားတာပေါ့။ ထူးဆန်းတာတစ်ခုကပေါ့နော် အဲ့အန်တီ သင်တန်းသွားပြီး သိပ်မကြာခင်မှာပဲ ဖြူဖြူက သူ့ကောင်လေးနဲ့ အပြင်မှာ မုန့်သွားစားကြတယ် အဲ့မှာ ကားတိုက်ခံရတယ် ကားက နှစ်ယောက်လုံးကို ၀င်တိုက်သွားတာ ဒါပေမယ့် ကောင်လေးက ဘာမှမဖြစ်ဘူး ဖြူဖြူကတော့ တော်တော်ကို အခြေအနေဆိုးသွားတယ်။ ဖြူဖြူ့အဖေကလဲ ရာထူးကြီးတယ်ဆိုတော့ ဆေးရုံအုပ်တွေက အစ ဖြူဖြူ့ကို သေချာဂရုစိုက်ရတာပေါ့ဗျာ။ ထူးဆန်းတာတွေက အများကြီးပဲဖြစ်နေတယ်။ ဖြူဖြူကတော့ သတိမေ့နေတယ် သူ့အမေ ဆေးရုံစောင့်နေရင် တချက်တချက် အနံပြင်းပြင်း မွှေးမွှေး တွေ ရတယ်။ ပြီးတော့ ဆရာဝန်ကြီးတွေက အော်ပရေးရှင်းလုပ်မယ် လုပ်လိုက်ရင် ဖြူဖြူ့ရဲ့ Pressure က ထိုးထိုးကျသွားတယ်။ အဲ့ဒါနဲ့ မလုပ်ဖြစ် နောက်တစ်ခေါက် လုပ်မယ် လုပ်လိုက်ရင် Pressure တွေက ထိုးထိုးကျ အဲ့လို ဖြစ်နေတယ်။ အဲ့ဒါနဲ့ ဒါဆိုရင်လဲ ဒီမှာ မလုပ်ဘူး နိုင်ငံခြားမှာ သွားကုမယ်လုပ်လိုက်ရင်လဲ အဲ့လို Pressure တွေက ကျကျသွားလို့ ဘာမှ မလုပ်ပဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာပေါ့ဗျာ။ သိပ်မကြာလိုက်ဘူး ၁ ပတ်လောက်နေတော့ ဖြူဖြူ ဆုံးသွားတယ်။ သူ့မိဘတွေလဲ ရင်ထုမနာပေါ့။ ရက်လည်တွေ ဘာတွေလဲ ပြီးကော သူ့အမေက သူ့သမီး စာကြည့်စားပွဲလေးမှာ ထိုင်နေတုန်း စာကြည့်စားပွဲရဲ့ အံဆွဲလေးထဲကနေ ဒိုင်ယာရီ စာအုပ်တစ်အုပ်ထွက်လာတယ်။ အဲ့ထဲမှာ ဖြူဖြူက ရေးထားတယ် သူ့ကောင်လေးကို အရမ်းချစ်တယ်။ သူ့ကောင်လေးနဲ့ လက်ထပ်ဖို့တောင် သူပိုက်ဆံ စုထားတယ်။ မတော်လို့ သူတစ်ခုခုဖြစ်သွားခဲ့ရင် သူ့ဗီဒိုနဲ့ ဒုတိယထပ်မှာ ပိုက်ဆံ ဘယ်လောက် ဘယ်လောက်ရှိတယ်ပေါ့ အဲ့ဒါကို သူ့ကောင်လေးကို ပေးပေးပါဆိုပြီး မှာသွားတယ်။ပြီးတော့ မေမေ့ကိုလဲ အရမ်းချစ်တယ်ပေါ့ သူ့ကို ဆူတာတွေရှိပေမယ့် သူကတော့ မေမေ့ကို ဘယ်တော့မှ အချစ်မပြယ်ပါဘူး စသဖြင့်ပေါ့။နောက်ဆုံးစာမျက်နှာမှာကတော့ ကားမတိုက်ခံရခင် ၁ ရက်အလိုက Date မှာကြတော့ သူ့ကို လာခေါ်နေပြီ သူလိုက်သွားရတော့မယ်။ ဆိုပြီး ရေးထားခဲ့တယ်။ အဲ့ဒိုင်ယာရီကို ဖတ်ပြီး သူ့အမေဆို ငိုလိုက်တာဗျာ…အဲ့တော့မှ သူ့အမေလဲ ဗေဒင်တွေ ဘာတွေ လိုက်မေးကြည့်တော့ တော်တော်မှန်တဲ့ ဘုန်းကြီးတစ်ပါးဆီ ကိုရောက်သွားတော့ အဲ့ဘုန်းဘုန်းက အဲ့အန်တီတောင် ဘာမှမပြောရသေးဘူး အဲ့အန်တီ ကိုကြည့်ပြီးတော့ နင်ဆီက နင့်သမီးကို သူ့ကို ပြန်ခေါ်သွားတယ်။ နင့်သမီးသေရတာ နင့်အပြစ်လဲပါတယ်။ နင့်ကို ကြိုပြီး နမိတ်တွေပေးတယ် အဲ့တုန်းက နင် သိုက်ကြိုးဖြတ်မယ်ဆိုရင် နင့်သမီး သေရမှာ မဟုတ်ဘူး။ အခုတော့ လွန်သွားပါပြီ။ တရားနဲ့သာ ဖြေပါတော့ ဆိုပြီးပြောလိုက်တယ်။ သူ့ကောင်လေးလဲ ဖြူဖြူဆုံးပြီးကတည်းက နိုင်ငံခြားထွက်သွားတာ ပြန်ကို မလာတော့ဘူးကြားတယ်။ တစ်ကယ် ဖြစ်ရပ်မှန်လေးပါ ဖြူဖြူ့ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက ကျွန်တော့်ကို စာသင်ပေးတဲ့ ဂိုက်အမကြီးကိုပြောပြတာပါ။ ဂိုက်အမကြီးက ကျွန်တော့်ကိုပြန်ပြောပြတာပါ။ လောကမှာ ရှင်ကွဲ ကွဲရတယ့် အရသာထက် သေကွဲ ကွဲရတာ ပိုခံစားရခက်တယ်ထင်တယ် စာ ဖတ်ရတာ ကမောက်ကမ ဖြစ်နေရင် ဆော်ရီးဗျာ။ အခု ခေါင်းတော်တော် နောက်နေတယ် အဲ့ကြားထဲက စာရိုက်ပေးလိုက်တာမို့ပါ။ (အက်ဒမင်-တစ်ပွဲစား)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |