(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Pe` Pyote Thal Ma Htar

" ပဲပြုတ်သည် မထား "

 ဟုတ်ကဲ့..ကျွန်မ ပဲပြုတ်ရောင်းပါတယ်...မနက်ဝေလီဝေလင်းသူများတွေအိပ်လို့ကောင်းချိန်ဆို...ကျွန်မ မီးဖိုဖို...ပဲပြုတ်...အရောင်းထွက်ရပါတယ်...တနေ့ရှာမှ တနေ့စားရတဲ့ဘ၀မို့...လူအများကြောက်ပါတယ်ဆိုတဲ့ နာနာဘာဝတွေကို မြင်ခဲ့တွေ့ ခဲ့ရလည်း...ဇွဲမာန်တင်းပြီး နောက်နေ့..နောက်နေ့တွေမှာ ရောင်းရတာပါပဲ...ကျွန်မနာမည် မထားတော့မဟုတ်ပါဘူး... ရန်ကုန်ရွှေမြို့တော်ကြီးရဲ့ လုပ်ငန်းခွင်ဝင်တော့မယ်သူတွေ၊ မိသားစုတွေအတွက်..ကျွန်မအခန်းကဏ္ဍကလည်း ချန်ထားလို့မရဘူးလေ..နော့...ပဲပြုတ်ရောင်းရင်း ကျွန်မကြုံတွေခဲ့ရတာလေးတွေကို ကြောက်ကြောက်နဲ့ပဲပြန်ပြောပြပါ့မယ်ရှင်.... ပထမဦးဆုံးကြုံတွေ့ ခဲ့ရတာက....အများပြော..ဘုရားဟောထဲမှာပဲ ကြားခဲ့ဖူးတဲ့..ပြိတ္တာဆိုတဲ့သူ...ကျွန်မ အဲ့နေ့က မလင်းတလင်းအချိန်လေးမှာ ရောင်းဖို့ရပ်ကွက်ထဲကို မရောက်ခင် အိမ်ကနေ အမြဲလျှောက်နေကြလမ်းအတိုင်း တိတ်ဆိတ်စွာကျွန်မလျှောက်လာခဲ့ပါတယ်...ကြားထဲမှာ အမှိုက်ပုံကြီးတပုံရှိတယ်...အတော်ကိုကြီးမားတဲ့ ကိုယ်ခန္တာနဲ့ လူတဦးအသွင်ပေါ့လေ..သူအမှိုက်ပုံထဲကနေ ရှာဖွေလိုက်..ပါးစပ်ထဲထည့်စားလိုက်...ပြန်ကုန်းကောက်လိုက်..ပါးစပ်ထဲပြန်ထည့်လိုက်နဲ့..အတော့်ကိုကြာပါတယ်...ကျွန်မလည်း အခြေအနေမဲ့လူ စားစရာရှာဖွေစားနေတယ်လို့ပဲထင်ပြီး..အမှတ်တမဲ့ပဲ ကြည့်နေမိပါတယ်...ထိုသူ့ကြည့်ရတာမှာလည်း တော်တော်ကိုပင်ပန်းနေတဲ့ပုံပါ..ဒီအစာလေးပါးစပ်ထဲ ထည့်နေရတာကို...နီးကပ်လာလေလေ...ပြူးကျယ်သောမျက်လုံးကြီးတွေ..ဗလာနတ္တိကိုယ်ခန္တာ...ထမင်းစေ့တောင် တစေ့ချင်းအတော်ထည့်ရမည့်..ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲကို..သူ့လက်ကြီးနှစ်ဖက်ထဲမှ စားကျွင်းစားကျန်အပုပ်အသိုးများကို အတင်းကာရော ဆာလောင်နေသည့်ပုံစံဖြင့် ထည့်လိုက်..ပြုတ်ကျသွားလိုက်..ပြန်ကောက်ထည့်လိုက်ဖြင့်ကို...ထိတ်လန့်ကြောက်ရွံဖွယ်ရာ မြင်လိုက်ရပါသည်။ ဝေးဝေးအမြန်ပြေးပြီး ခြေကုန်သုတ်လာခဲ့တာတောင်မှ..သူ့ခမျှာ အစားပါးစပ်ထဲဝင်ရေးကို ဆက်ကြိုးစားရှာနေတုန်း..... နောက်တဦးက...ကျွန်မကြည့်လေ ကြည့်လေ..သူ့အရပ်က မိုးပေါ်ပိုပို ရှည်သွားလေ...ကြည့်လေရှည်လေ..ကြည့်ရှည်ကြီး...သူ့ကိုတော့ ဘယ်လိုခေါ်သည်မသိ..ပြိတ္တာမျိုးပေပဲလား..ပထမတော့ အလုံးအဖန်လူလောက်ပါပဲ..ရှေ့တည့်တည့်လာရပ်နေတော့..ဘာရယ်မဟုတ်ကြည့်လိုက်မိရာက..သူက ခြောက်တာပဲဖြစ်မည်...ဘာရမလည်း..ထိုအခေါက်လည်း ကျွန်မ လှည့်ပြေးရတာပင်....အောင်မလေး...သရဲ..သရဲပေါ့..ခေါင်းပေါ်က ပဲပြုတ်တောင်းကိုတော့အပါသယ်ရသည်...ဒါကျွန်မဘ၀.... ကားလမ်းပေါ်မှာမှ လှဲအိပ်နေတက်သော..သရဲမျိုးလည်းရှိသေးသည်...သူက ကားလမ်းပေါ်မှာအိပ်နေသည်ကို..လူအမှတ်နှင့် ကားတိုက်သေမည်စိုးသောကြောင့်..သွားရောက်နှိုးရာမှ...လူမဟုတ်..အပြားလိုက် အချပ်လိုက်ကြီး ..မျက်နှာကြီးကလည်း ပြောင်ချောကြီးနှင့်...ထိုထိုသော ပရလောကသား.... တနေ့သားလည်း...ကျော်ဖြတ်နေကြသစ်ပင်ပေါ်မှ..ဇောက်ထိုးကြီးဆင်းပြလာကာ...ပိုလီယိုလိုလို...လေးဘက်ထောက်ကြီး ဇောက်ထိုးကြီး ဆင်းချလာသော...သူမ..ထုံးစံအတိုင်း ဆံပင်ရှည်ကြီးကလည်းအောက်စိုက်ကြီး...ကျွန်မဒီတခါလည်း ထွက်ပြေးရတာပါပဲ..ပဲပြုတ်တောင်..မအော်နိုင်တော့... တချို့ရက်များဆို..နောက်ကခြေသံတရှပ်ရှပ်ပေးကာလိုက်လာ...မှိန်ပြပြအလင်းတိုင်တွေအောက်မှာ အရိပ်လည်းမမြင်ရ..သူက ကျွန်မ ရပ်လိုက်လျှင်ရပ်သည်..ကျွန်မသွားလျှင်ခြေသံပေးကာလိုက်လာပြန်သည်..နာနာဘာဝနောကျေနေသောကျွန်မ လှည့်မကြည့်..ခပ်သုတ်သုတ်သာလှမ်းသည်..ပဲပြုတ်ရောင်းနေပေမယ့်..မီးရောင်အောက်မှာတော့ ကျွန်မအရိပ်ထွက်လျှင် မြင်ရပြီး...နောက်မှခြေသံရှင်အရိပ်မမြင်ရသည်ကိုတော့..လူမဟုတ်ဘူးဆိုတာ ဘ၀အသိနဲ့သိပါတယ်...ဒီတော့လည်း ခြေကုန်သုတ်ရတော့တာပေါ့လေ... ထိုသူတို့နှင့်ကြုံတိုင်းခံစားခဲ့ရတာက...ဇောချွေးများထွက်လာခြင်း..ဆောင်းတွင်းအေးချိန်လည်းပါ...လူက သတိမကပ်သလိုလို..တယောက်ယောက်ရဲ့စေခိုင်းမှုနဲ့ကြည့်မိသလိုလို...လူကထုံပေပေကြီးနှင့်...ဘုရားစာရွတ်ဖို့လည်း စိတ်ကူးမရ..သတိဝင်လာချိန်ပြေးခဲ့ရသည်ချည်းပင်...တော်သေးသည်...ယနေ့အချိန် ခေတ်စနစ်တွေပြောင်းပြီး ကျွန်မခလေးတွေလည်း လူနေမှုအဆင့်မြင့်လာကာ ကျွန်မ ပဲပြုတ်တောင်းလေးအနားရချိန်..ကျွန်မ ထိုနေရာလေးတွေကို ရောက်လေတိုင်း...အလွမ်းပြေ သားကြီးမောင်းသောကားပေါ်မှ...ထိုင်ကာ မြင်မြင်သမျှ...ထပ်ခါထပ်ခါ..အမေ သရဲခြောက်ခံခဲ့ရတဲ့နေရာတွေလေလို့...အရင်ကတော့ နယ်မြေကြမ်းတာပေါ့လေ..ခုတော့လည်း သူတို့မဟုတ်သလိုပါပဲ... ကျေးဇူးအများကြီးတင်ပါသည်။ ( သိုက်နန်းရှင် )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |