(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ko Shwe And Ma Ngwe


မရွှေနဲ့မငွေ

ကိုဘမောင် မြို့တက်အလုပ်လုပ်တာ ၅ နှစ်ကျော်ကြာပြီးနောက် သူရဲ့မွေးရပ်မြေတောသို့ပြန်လာခဲ့သည် သူတို့နေသောရွှာသို့သွားလျှင် လမ်းမှာ ရွှာတစ်ခုဖြတ်ရသေးတယ် အဲ့ရွှာကနေ နောက်ထပ် နာရီဝက်လောက်သွားမှသာ သူတို့ရွှာသို့ရောက်လေသည်.အဲ့သူတို့အရှေ့က ရွှာတွင်မူ ကိုဘမောင်၏ ငယ်ရီးစား မရွှေ နဲ့ သူ့ညီမ မငွေ ဆိုတဲ့ ညီအစ်မနှစ်ယောက်နေထိုင်သည်..ကိုဘမောင် မရွှေတို့ရွှာရောက်တော့ ညနေ ၄ နာရီထိုးလေပြီ မရွှေတို့ရွှာသည် ထူးထူးဆန်းဆန်း တိတ်ဆိတ်နေသည်.မရွှေတို့ အိမ်ရှေ့လဲရောက်ကော ကိုဘမောင်က မရွှေ မရွှေလို့ခေါ်လိုက်ရာ အိမ်နောက်ဖေးမှ မရွှေတစ်ယောက်ထွက်လာလေသည်…မရွှေက ကိုဘမောင်လဲမြင်ကော အားရ၀မ်းသာ တော်ပြန်လာပြီလားတော့ တော်ကလဲသွားတာကြာလိုက်တာနော် တစ်ခေါက်တစ်လေ လေးတောင်ပြန်မလာဘူး ပြောရာ ကိုဘမောင်က ငါငွေသွားရှာတာက နင့်နဲ့လက်ထပ်မို့ပါ မရွှေရာ ငါအခုလိုချင်တဲ့ ငွေတွေရလာပြီနင်နဲ့ငါ အမြန်ဆုံးလက်ထပ်မယ်နော်ဟုတ်ပြောရာ မရွှေက အင်းပါ ညကျရင် အိမ်မှာ ထမင်းလာစားလေ ဟုပြောရာ ကိုဘမောင်က အေးအေး ငါလာခဲ့မယ် အခုငါပြန်လိုက်အုန်းမယ်လဲပြောကော မရွှေက အင်းအင်း ညကျရင် ဆက်ဆက်လာနော် ရှင်ကို ကျွန်မတို့ မျှော်နေမယ်ဆိုပြီးပြောသည်.အဲလိုနဲ့ကိုဘမောင် တစ်ယောက် သူ့ရွှာသို့ပြန်လာသည် အိမ်သို့ရောက်လျှင် အမေအဖေတို့နှင့်မြို့တက်အတွေ့အကြုံပြောပြ အမျိုးတွေတွေ့နဲ့ ညနေ ၆ ခွဲလောက်လဲကျကော ရေမိုးချိုးပြီး အပြင်ထွက်ရန် ပြင်သောအခါ ကိုဘမောင်အဖေက ဟဲ့သား ဘယ်သွားမို့တုန်းကွဲ့ ညကြီးမင်းကြီး ကိုဘမောင်က အော် ဟုတ်ကဲ့အဖေ ကျွန်တော်ကို မရွှေတို့ညီအစ်မထမင်းစားဖိတ်ထားလို့သွားစားမလို့ပါအဖေ အဲ့တွင် ကို့ဘမောင် အဖေကမျက်နှာနဲနဲပျက်သွားပြီး ဟဲ့သားရ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မရွှေတို့ရွှာမှာ ၀မ်းရောဂါကပ်ဆိုးကြီးဖြစ် လို့ တစ်ဝက်လောက်သေပြီး တစ်ဝက်လောက် ရွှာပြောင်းပြေးသွားတာဟ မင်းမရွှေနဲ့မငွေသတင်းလဲ အဲ့ထဲက မကြားရတော့တာ ဘယ်နှယ့်အခုမင်းနဲ့မှ လာတွေ့နေရတာလဲ ကိုဘမောင်က အာ အဖေကလဲ ကျွန်တော် မရွှေကို အရှင်လတ်လတ်ကြီးတွေ့ခဲ့တာအဖေရ မနောက်ပါနဲ့အဖေရာ ကျွန်တော်နောက်ကျနေလို့သွားတော့မယ်နော် ဆိုပြီး ခပ်မြန်မြန်ထွက်လာသည်..ကိုဘမောင်အဖေကတော့ တစ်ခုခုကိုစိုးရိမ်တဲ့ပုံစံနဲ့ ကျန်ခဲ့လေသည်…………… မရွှေတို့ရွှာရောက်တော့ တစ်ရွှာလုံးမှောင်မဲနေသည် အဲလိုနဲ့မရွှေတို့အိမ်ရောက်ကော ည ၇နာရီခွဲလောက် ရှိနေပြီ..မရွှေ ရေ မရွှေလို့ခေါ်သောအခါ မရွှေတစ်ယောက်ထွက်လာသည် မရွှေက နောက်ကျလိုက်တာရှင် လို့ပြောရာ ကိုဘမောင်က အဖေနဲ့စကားပြောနေလို့ မရွှေရ အဖေက နောက်နေတယ်လေ မရွှေတို့ ရွှာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ အဲ့တွင် မရွှေမျက်နှာတစ်ချက်ပျက်သွားသည် ကိုဘမောင်က ဆက်ပြီး မရွှေ မငွေတစ်ယောက်ကောမေးရာ မရွှေက အင်း မငွေ ရွှာထဲက ကုန်စုံဆိုင်ခဏသွားတယ်တော့လို့ပြန်ပြောသည် ရှင်ခဏနေအုန်းနော် ကျွန်မ ထမင်းဟင်ပြင်လိုက်အုန်းမယ်ဆိုပြီး မီးဖိုချောင်သို့ဝင်သွားသည် အဲ့တော့မှ ကိုဘမောင် အိမ်ထဲကို သေချာကြည့်ကြည့်ရာ အိမ်ကကာလအတန်ချာ ပစ်ထားသကဲ့သို့ ဖုန်အလူးလူးဖြစ်နေသည်ကိုသတိထားမိသည် ပြီးတော့ မရွှေတို့အိပ်ခန်းဘက်တွင်မူ ယင်တောင်တွေ တ၀ီဝီနဲ့ အုပ်စုလိုက်ပျံနေကြသည်ကိုလဲ ထပ်တွေ့ရာ ကိုဘမောင်က မရွှေ နင်တို့အိမ်မှာ ယင်ကောင်တွေများလှချည်လားဟုပြောတော့ မရွှေက ဟုတ်တယ် ကိုဘမောင်ရေ အိမ်မှာ ငခြောက်အစိုတွေလှမ်းထားလို့ပါဟုပြောသည် အဲ့ချိန်တွင် ကိုဘမောင် နားခေါင်းထဲသို့ ညှီစို့စို့နှင့် ပုပ်နေသောအနံတစ်ခုရသည် အဲ့ဒါနဲ့ကိုဘမောင်က မရွှေ ငါအပုပ်နံကြီးရနေသလိုပဲပြောရာ မရွှေက ဟုတ်တယ်တော်ရေ အိမ်အောက်မှာ ကြွက်သေထားလို့ဖြစ်မယ်ပြောသည် အဲ့ချိန်တွင် မရွှေတို့ အိမ်ခန်းထဲသို့သေချာကြည့်လိုက်ရာ လူခြေထောက်နှစ်ချောင်းထွက်နေသည်ကိုတွေ့လိုက်ရသည် အဲ့ခြေထောက်နားတစ်ဝိုက် ယင်တောင်တွေဝိုင်းနေသည်ကိုတွေ့သောအခါ ကိုဘမောင် က သွားလဲကြည့်လိုက်ကော အခန်းထဲတွင် တွေ့လိုက်ရသည်မှာ သူ့ရီးစားမရွှေနှင့်သူညီမ မငွေတို့ နှစ်ယောက်အလောင်းကြီးကိုတွေ့လိုက်ရသည် အလောင်းကြီးသည် ပုပ်ပွနေပြီး မျက်နှာများမှာ မရွှေ မငွေဟုထင်ရလောက်သာ ရှိတော့သည် အဲ့ချိန်တွေ အိမ်နောက်ဖေးမီးဖိုချောင်မှ မရွှေတစ်ယောက်ထွက်လာရာ ၀င်သွားတုန်းကနဲ့မတူတော့ပဲ မျက်နှာသည် အခုတွေ့နေရသော အလောင်းကောင်ကဲ့သို့ ဖြစ်နေသည် သူအနောက်တွင်မူ မငွေကိုထပ်တွေ့လိုက်ရသည် မငွေလဲထိုနည်းလည်ကောင်းပေ..ကိုဘမောင်သည် အဲ့ချိန်တွင် အိမ်ရှေ့ပေါက်သို့အမြန်ပြေးထွက်ရာ မရွှေတို့ညီအစ်မက ပြေးလိုက်လာရာ အိမ်အပြင်လဲရောက်ကော အိမ်တိုင်းနီးပါးမှ မျက်နှာများသည် ပုပ်ပွနေသောအလောင်းကောင်များကဲ့သို့မျက်နှာများနဲ့လူများထွက်လာပြီး ကိုဘမောင်နောက်သို့ လိုက်ဟေ့ လိုက်ဟဆိုပြီး အသံသြသြ ကြီးနဲ့ အကုန်လုံးပြေးလိုက်ရာ ကိုဘမောင်မှာ နောက်ကျခြေထောက်သစ္စာ ဖောက်ဟုသဘောထားပြီး အသက်လုလျှက်သူ့ရွှာသို့အလျှင်အမြန်ပြေးကာ မရွှေတို့ရွှာက အထွက်တစ်ဝက်လောက်တွင် သူတို့ရွှာဘက်က ကိုဘမောင် အဖေအပါအ၀င်လူများ မီးတုတ်များကိုင်လျှက် ပြေးလာသည်ကိုတွေ့လိုက်ရသည် နောက်သို့လှည့်ကြည့်ရာ ဘယ်သူမျှမရှိတော့ပေ အဲ့ချိန်မှ ကိုဘမောင်တစ်ယောက် စိတ်ချလက်ချကြောက်လန့်တကြားမေ့လဲသွားတော့လေသည်……………..ဖြစ်ရပ် မှန် မမှန်တော့မသိဘူး ငယ်ငယ်တုန်းက ကျွန်တော့်အဒေါ်အမြဲပြောပြတဲ့ဟာလေး ပြန်ဖောက်သည်ချတာပါ :) Admin-Ichika

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |