(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Bride Of Mg Moe


တစ်ခါက မောင်မိုးရဲ့သတို့သမီး

Credit to http://bloggermgmoe.multiply.com/journal?&=&page_start=20

 ဒီလိုဗျ။ အဖြစ်အပျက်က။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်၊ ဒီအချိန်မျိုးမှာ ကျွန်တော်ဟာ ရခိုင်ကမ်းရိုးတန်း အနောက်ဘက်မှာရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲ က ကျွန်းတစ်ကျွန်းမှာ စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ ရောက်ရှိနေခဲ့ပါတယ်။ စစ်တွေမြို့နဲ့ ၄ နာရီလောက်သဘောင်္ စီးရပါတယ်။ ကျွန်းဆိုလို့ စိမ်းလန်းစိုပြေနေတဲ့ ကျွန်းကြီးကြီးတစ်ခုလို့တော့မထင်လိုက်ပါနဲ့။ ကျွန်းဆိုတဲ့ ကုန်းမြေ တစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်းပုံသဏ္တာန်က စက်ဝိုင်းပုံစံမကျတကျဆိုပါစို့။ ကျွန်းဟိုဘက်ထိပ်နဲ့ ဒီဘက် ထိပ်အကွာအဝေးက ကိုက် ၂၅၀ လောက်ပဲရှိလိမ့်မယ်။ ကျွန်းက သဲမြေကျွန်းဆိုတော့ အုန်းပင်ကလွဲပြီးဘာအပင် မှ မရှိပါဘူး။ နောက်ပြီး အဲဒီသဲတွေက သဲအရှင်ဖြစ်ပါတယ်။ ဆိုလိုတာက လေတိုက်တဲ့ ဦးတည်ရာကိုလိုက်ပြီး ကျွန်းရဲ့ပုံသဏ္တာန်ကပြောင်းလဲနေတာပါ။ အနောက်လေတိုက်ရင် ကျွန်းရဲ့အနောက်ဘက်က သဲတွေက အရှေ့ ဘက်ကို အစုလိုက်အပြုံလိုက်ရွေ့သွားတာမျိုးပါ။ ကျွန်းက နိုင်ငံတကာရေလက်ကြားနဲ့နီးတဲ့အပြင် မြောက်ဘက် မှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် အုန်းကျွန်းနဲ့လည်းနီးပါတယ်။ အဲဒီမှာတော့ အမေရိကန်ရေတပ်စခန်းရှိပါတယ်။ အဲဒီကျွန်းရဲ့အလယ်တည့်တည့်မှာ အင်္ဂလိပ်ခေတ်ကတည်းကဆောက်လုပ်ထားတဲ့ ဧရာမမီးပြတိုက်ကြီး တစ်ခုရှိ ပါတယ်။ ဘယ်လို အုတ်မြစ်ချပြီးတည်ဆောက်သွားလဲတော့ မသိပါဘူး။ ကျွန်တော်ထင်တာတော့ ဖောင်ဒေးရှင်း ချနိုင်ဖို့ ဟိုး..ပင်လယ် အောက်ခြေထိတူးထားတယ်ထင်တယ်။ ကျွန်းပေါ်မှာ နတ်ကွန်းသေးသေး လေးတစ်ခုရှိပါ သေးတယ်။ ကျွန်းပေါ်ကို အသစ်ရောက်လာတဲ့ တပ်ခွဲတိုင်း အဲဒီနတ်ကွန်းမှာ ကန်တော့ပွဲနဲ့ အပ်ရပါတယ်။ နတ်က ဘာနတ်မှန်းမသိပါဘူး။ ရခိုင်အခေါ် အဘောင်ရှင်မ (အဘွား) လို့ပဲခေါ်ကြပါတယ်။ အစဉ်အဆက် အဘောင်ရှင်မဆိုတော့ လက်ခံထားရတာပါပဲ။ အဲဒီကျွန်းသေးသေးလေးပေါ်မှာပဲ ခြေလျင်တပ်ခွဲတစ်ခွဲ၊ အမြောက် တပ်စုတစ်စု၊ မီးပြတိုက်အတွက် ပြည်တွင်းရေကြောင်းက အရပ်သား ၃ ဦးရှိပါတယ်။ မီးပြတိုက်က ဒီဇယ်အင်ဂျင်နဲ့လည်တာပါ။ တစ်ခါတစ်လေမှာ ရေတပ်က သဘောင်္တွေတစ်ထောက်နားရာ စခန်းလည်းဖြစ် ပါတယ်။ အနီးပတ်ဝန်းကျင်မှာ ကျွန်းမရှိတာကြောင့်တစ်ကြောင်း ၊ ကျွန်တော်တို့နေတဲ့ ကျွန်းဟာသဲမြေဖြစ်နေတာ ကြောင့်တစ် ကြောင်း တို့ကြောင့် ပင်လယ်လိပ်တွေရဲ့ သားဖွား စခန်းအဖြစ် စတည်း ချရာနေရာလည်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အဆောက်အဦးဆိုလို့ ၄ လုံးလောက်ပဲရှိတာပါ။ အဲဒီမှာ ကျွန်တော်နေတဲ့ အခန်းက ရေဒါအခန်းဖြစ် ပါတယ်။ အခန်းတံခါးက နှစ်ချပ်ပိတ်တံခါးဖြစ်ပါတယ်။ ည ဘက်ဆိုရင် ပင်လယ်ထဲကလေတွေ တအားတိုက်လို့ ကျွန်တော်က တံခါး ပိတ်ပြီး အိပ်လေ့ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဘယ် လောက်ပဲတံခါးပိတ်ပိတ်၊ ချက် ထိုးထား.. ထိုးထား။ တံခါးက အလိုလို ပွင့်သွားပါတယ်။ ပြန်ပိတ်လည်းခဏပါပဲ။ တံခါးဖွင့်ပြီး အိပ်ပျော် သွားရင်လည်း အိပ်မက်ထဲမှာ အင်မတန်လှပတဲ့ အင်္ဂလိပ်မတစ်ယောက် ဂါဝန်ဖြူကြီးဝတ်ပြီး အခန်းထဲကို ၀င်လာ ပါတယ်။ ပြီး တော့ အိပ်မက်ထဲမှာ အဲဒီမိန်းမနဲ့ ကျွန်တော်နဲ့ ဟိုဒင်းအ၀ှာပြုကြပါတယ်။ အိပ်ယာကလန့်နိုးလာတော့ ကျွန် တော့် နှလုံးသားတွေ တဒိတ်ဒိတ်ခုန်နေသေးတယ်။ ဒါဟာ ဆေး ကျမ်းအလိုအရ အိပ်မက်ထဲမှာ သုက်လွှတ်တာပဲဆိုပြီး ကိုယ့်စိတ်ကိုယ်နှစ်သိမ့်ပါတယ်။ ကိုယ်က အရာရှိဆိုတော့ ကျန်တဲ့သူတွေကိုလည်း ပြောပြဖို့တော်တော် ခက်ပါ တယ်။ နောက်တစ်ခုက နေ့လည်နေ့ခင်း ထမင်းစားပြီး တစ်ရေးတစ်မောအိပ်တော့လည်း ဒီအတိုင်းပါပဲ။ ပိုပြီး တောင် ဆိုးလာပါသေးတယ်။ အိပ်မက်ထဲကနတ်သမီးနဲ့ ပိုပြီးရင်းနှီးလာလို့ထင်ပါရဲ့။ အ၀ှာပြုတဲ့အနေအထား တွေက မြန်မာ့ရိုးရာအဆင့်ကနေ အနောက်တိုင်းဆန်ဆန် ဖြစ်လာပါပြီ။ ကိစ္စ၀ိစ္စပြီးတာနဲ့ ဒင်းလည်းပျောက်၊ ကျွန်တော်လည်းလန့်နိုး။ ဒီလိုနဲ့ နေ့နေ့ညညဖြစ်နေတော့ ကျွန်တော် မသင်္ကာတော့ဘူး။ အဲဒါနဲ့ တပ်ခွဲအရာခံ ဗိုလ်ကို ခေါ်ပြီး စကားနည်းနည်းတောက်ကြည့်လိုက်ပါတယ်။ ဒီတော့မှ ကိုယ့်ဆရာပြောတာက အရင်တုန်းက ဒီမီးပြတိုက်ကြီးကိုဆောက်တော့ ဆောက်လို့မရဘူးဆိုတဲ့ အ ကြောင်းကိုပြောပြပါတယ်။ ဒါကြောင့် ပိုင်ရာဆိုင်ရာတွေကို ယစ်ပူဇော်ပြီးမှ ဆောက်လို့ ရတယ်ဆိုတဲ့ အကြောင်း၊ ယစ်ပူဇော်တာက မီးပြတိုက်ကြီးအတွက် ဖောင်ဒေးရှင်းတူးထားတဲ့ ကျင်းထဲကို အင်္ဂလိပ်လူမျိုး အမျိုးသမီးတစ် ယောက်ကို အရှင်လတ်လတ်မြေမြှပ်ပြီးမှ အပေါ်က မီးပြတိုက်ဆောက်လို့ရတဲ့အကြောင်း ကို ရှင်းပြပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးက တစ်ကျွန်းလုံးကို လှည့်လည်သွားလာနေတဲ့အတွက်ကြောင့် အခန်း တံခါးတွေကို အမြဲဖွင့်ပေးထားရကြောင်းပြောပါတယ်။ အဲဒီတော့မှ ကျွန်တော့်မှာ "အော်..."ဆိုပြီး အာလုတ်သံကြီးနဲ့ အသိအ မှတ်ပြုလိုက်ရပါတယ်။ တစ်ဆက်တည်း ကျွန်တော်ဖြစ်နေတဲ့ကိစ္စကိုမေးကြည့်တော့ ဆရာကြီးက လက်ခံပါ တယ်။ ဒီကိစ္စက အရင်အရာရှိအဆက်ဆက်ကြုံရတဲ့အကြောင်း၊ အရာရှိတွေနေတဲ့ ရေဒါအခန်းထဲမှာ အိပ်သူ တိုင်း ထိုသို့အမြဲကြုံရကြောင်းပြောလေသည်။ ဆရာကြီးက ကြောက်စရာမလိုပေမဲ့ နေ့စဉ်ဒီလိုဖြစ်နေရင်ကျန်းမာ ရေးထိခိုက်နိုင်လို့ ကျွန်တော့်ကို တစ်ခြားတစ်နေရာမှာ အိပ်ဖို့အကြံပေးပါတယ်။ ကျွန်တော်ကတော့ အင်းမလုပ်၊ အဲမလုပ်ဘာမှပြန်မပြောတော့ဘဲ "မေးကြည့်တာပါဗျာ" လို့သာ စကားလွှဲချထားခဲ့တယ်။ ဘုရားတရားရှိခိုးပြီး အမျှဝေလည်း မရပါဘူး။ ခုနကလို ကိစ္စမျိုးတွေက ဆက်ဖြစ်နေတုန်းပါ။ ညဘက်အိပ်မပျော် လို့ လေညှင်းထွက်ခံတဲ့အခါတိုင်းလည်း မီးပြတိုက်အပေါက်ဝက အဖြူရောင်ငွေ့ငွေ့အမျှင်တန်းတွေကို အမြဲမြင် ရပါတယ်။ သို့သော် ခြောက်လှန့်တာမျိုးမဟုတ်လို့ ကြက်သီးထတာတို့၊ သွေးလေချောက်ချားတာတို့ လုံးဝမဖြစ် ပါဘူး။ တကယ် Romantic ဆန်ပါတယ်။ အဲဒီအငွေ့တွေကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ မိန်းမောသာယာနေ သလိုခံစားနေရပါတယ်။ သူဝင်ထွက်နေတဲ့ တံခါးအ၀တွေမှာ ကန့်လန့်ဖြတ်အိပ်မိရင်လည်း သူက ချီမပြီးရွေ့ ပေးထားပါတယ်။ သဘောကတော့ ယောကျာ်းကို မိန်းမကခြေနဲ့မကျော်တဲ့သဘောပါပဲ။ နောက်ပိုင်း ကျွန်တော် သံသယရှိလာတာက နတ်ကွန်းမှာနေတဲ့ အဘောင်ရှင်မဆိုတာ သူများဖြစ်နေမလားဆိုပြီး အားတုံ့အားနာဖြစ်ရ ပါသေးတယ်။ ဟဲ..ဟဲ။ ဒါပေမဲ့ ကျွန်တော်နေ့တိုင်း၊ ညတိုင်း (၉ လတိတိ) ရေဒါအခန်းမှာပဲအိပ်ခဲ့ပါတယ်။ အဲဒီမှာ က ရေဒါတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လက်နက်တိုက်သော့တွေထားတာဖြစ်လို့ မတော်တဆ ပျက်စီးဆုံးရှုံး သွားရင် ပြဿနာတက်မှာစိုးလို့ပါ။ တစ်ခြားဘာအကြောင်းမှ မရှိပါဘူး။ ပရိတ်သတ်ကြီးလည်း ကျွန်တော့် ကျန်း မာရေးကိုစိုးရိမ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ တစ်နေ့တစ်နေ့ ကျွန်တော်သောက်တဲ့ လိပ်ဥတွေက အလုံး ၂၀ အထက်မှာပဲရှိလို့ပါ။ မောင်မိုးက ကျန်းမာရေးကို ငယ်ငယ်ကတည်းက ဂရုစိုက်ပါတယ်။ နောက်ထပ် ဒီကျွန်း မှာ ဂမ္ဘီရဆန်တဲ့ အဖြစ်မျိုးတွေတော်တော်ကြုံရပါတယ်။ သို့သော်လည်း ကန့်သတ်ဘောင်ထဲမှာ ပါနေတာ ကြောင့် ဒါလေးကိုပဲ ဝေမျှလိုက်ရပါတယ်။ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |