(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

SSC ဆေးရုံ မှာ တွေ့ ခဲ့တဲ့ ရုပ်အဆင်း ပြေပြစ် တဲ့သရဲ မ လေး အ ကြောင်း

SSC ဆေးရုံ မှာ တွေ့ ခဲ့တဲ့ ရုပ်အဆင်း ပြေပြစ် တဲ့သရဲ မ လေး အ ကြောင်း

 2004 .december သတိုး ကို မွေးဖို့  ssc ဆေးရုံ 5th floor မှာ အခန်းရပါတယ်..နဂို ဓာတ်ခံ ကြောက် တတ်သူမို့  ဆေးရုံ မှာ စောင့်အိပ် ပေးတာ အ ဖေ ..အ မေ ..အမျိုးသားရယ်ဆိုတော့ ၃ယောက် ပေါ့..ဆေးရုံ နေတဲ့ ပထမရက်တွေ မှာ အေးအေးဆေးဆေး ပါဘဲ..နောက် ဆုံး ည မှာ night duty ကျတဲ့ nurse နဲ့  စကား တွေပြော နေတာ ညဥ့် နက်တဲ့အထိဘဲ..သူ့ ကို ကိုယ်က သ ဘောကျ... တယ် ..ဆေးရုံက ဆင်းတ...ာနဲ့  အိမ် လိုက်ပြီး က လေး ထိန်း ပေးဘို့  ဘာညာ ပြော နေ တာ ..သူကလဲ သ ဘောတူ တယ် ..လိုက် ထိန်းပေးမယ် ပေါ့ ..ပြောရင်း ပြော ရင်း တော် တော် ညဥ့် နက် သွားတယ်..လူနာစောင့် ၃ယောက်လုံး က အိပ်ပျော်နေကြပြီ ..အဲဒီမှာ ကိုယ် တွေလဲ အိပ်တော့မယ် ဆိုပြီး စကား ပြော ရပ်လိုက် တယ်..ဆေးရုံကုတင် တ ယောက်အိပ် က ဘေးမှာ ထိန်းတဲ့ သံတန်းလေး ပါတယ် ကိုယ်က ကုတင် အလယ် တဲတဲ့မှာ နေရာယူ အိပ် လိုက်တယ်..ခ ဏ နေ တော့ သိပ်မကြာပါဘူး စိတ်က အလိုလို သိနေ တယ် ငါ ကုတင် စွန်းကို ရောက် နေပြီ ထိန်းတဲ့ သံတန်းနား ရောက် နေပါလား အလယ်ကို ပြန်တိုး လိုက် အုန်း မယ် ဆိုပြီး ဗိုက် ကလည်း ခွဲ ထား တာ ဆိုတော့ ဖြည်း ဖြည်း ချင်း ခေါင်း ကို ငဲ့ ပြီး စောင်း ကြည့် လိုက်ပါတယ်..ကြည့် လိုက်တော့ ကိုယ့်ဘေးမှာ အမျိုးသမီး တ ယောက် ပက်လက်လန် အိပ်နေတာကို တွေ့ ရတယ် သူက ပန်း ရောင် တီရှပ် အင်္ကျီလေး ဝတ် ထားတယ်..သူ့  အသားအရည် ဟာ fair ဖြစ်တယ် ဆံပင် ရှည် တယ် ..အသက်အား ဖြင့် ၃၀ ဝန်းကျင် ပေါ့ ..မျက်စိမှိတ်ထားတယ် အဲဒီမှာ ကိုယ်က ကြက်သေ သေသွား ပြီး ဗြုန်းဆို အသံနက်ကြီးနဲ့  ထ အော် ပြီး ငို တော့တာဘဲ ..အားလုံး နိုးလာကြပြီး ဘာ ဖြစ်တာလဲ ဘာဖြစ်တာ လဲ ဆိုပြီး အနား လာပြီးဝိုင်း မေးတော့တာဘဲ ...ဘာ မှ ကို မ ပြော နိုင် ဘူး ကြောက် တယ် ..ကြောက် တယ် ဆိုတာလဲ ပြောနေ တော့တာ... nurse က အားလုံးကို လှမ်းပြော လိုက်တယ် "သူက မီးနေသည် ဆိုတော့ သွေးလန့် တာပါ " တဲ့ မပူနဲ့  ..ကိုယ်က အသံထွက် ရမှာကို ကြောက် နေ တော့ တာ..nurse က ဆက်ပြီးပြော လိုက်တယ် ကျွန်မ တို့  နှစ် ယောက် ခုလေးတင် ဘဲ စ အိပ်ကြတာ ပါ ..ဘယ်လို ဖြစ်ပါလိမ့် တဲ့...nurse ရဲ့  ပေါင် ပေါ် ကို ကျွန်မ ခြေ ထောက် တင် ..ခေါင်:ကို တော့ အမျိုးသား က ကိုင်ပေး ထားပြီး ဘုရားစာ ရွတ် ပေး နေ ပါတယ်... အဲဒီည က လုံးဝအိပ် မရ တော့ဘူး ... မိုး လင်း တဲ့ အထိ သူတို့  နှစ် ယောက် က ကိုင် ပေး ထား ရတာ ...လွှတ်တာ နဲ့  အော် တော့ တာဘဲ... မနက် ရောက် တော့ ဆက် မ နေ ချင် တော့ ဘူး အမြန် ဆင်းမယ် ..ဆရာဝန် ကို အ ကြောင်း ကြား လိုက် တော့ ဆိုပြီး ပြန် လာ ကြပါတယ်... night duty nurse လေး အိမ် ရောက် လာ တော့ ကိုယ် က မ အောင့် နိုင် ဘူး..သူ့ ကို မေး လိုက် တယ်..အဲဒီ အခန်း လောလော လတ်လတ် လူ သေတာ ရှိဖူးလား လို့ .. မ ချောက အဲဒီလို မေးမှ ပြောတယ် ဟုတ်ပ က လေး မွေးပြီး သွေး လွန် လို့  ဆုံးသွားတာ ဗိုလ် တ ယောက် ရဲ့  မိန်းမ တဲ့ ..ဘုရား ဘုရား ..သနား လဲသနား တယ် ကြောက် တာလဲ ကြောက် အိမ် ရောက် တဲ့ထိ .. ဘယ်မှ မသွားရဲ မလာရဲ ကို ဖြစ် သွားတာ ပြန် တွေး ကြည့် တော့ ...သူက မျက်စိ မှိတ်နေ လို့  သာ ပေါ့ ငါ ကြည့် မိတဲ့ အချိန်များ မျက်စိ ဖွင့် ကြည့် နေ မယ် ဆို ရင် ငါ သွေးပျက်ပြီး ရူး သွား လောက် ပြီ ..မျက်စိ မှိတ်နေတဲ့ အတွက် သူ့ ကို ကြောက် တဲ့ ကြား က ကျေး ဇူးတင် လိုက် သေးတယ် .. ... ဆေးရုံသွားရင် မ ကြောက် ကြနဲ့ နော် အမှန်တော့ သူက သူ့ နေရာလို သတ်မှတ်ပြီး နေ နေတာ လို့ ကျွန်မထင် ပါတယ်..ကိုယ်တွေလည်း ဆင်းမယ့်နောက် ဆုံးရက် ဖြစ်နေတယ်လေ ..

 Credit to-Hsu Mo Nandar(ပေတအသံ)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |