(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ရွာရှင်မ ရဲ့ ယောက်ျား

ရွာရှင်မ ရဲ့ ယောက်ျား

(ပ ရ လော က သား မှ လူ သား ကို လက် ထပ် ယူ ချင် သည် ဆို သော ဇာတ်လမ်း ဆန်းဆန်းတစ်ပုဒ်) (ကျွန်တော် အစက တည်းက ပြော ပါ တယ်... .. တစ်ချို့ သရဲ မ တွေ ဟာ ဆိုး ကို ဆိုး ပါ တယ် လို့ ) ရခိုင်ပြည်မှာတော့ ရွာတော်ရှင် အဘိုး ဆိုညောင်းထား...မလိုဘူး...လူရာမ၀င်နတ်ရာမ၀င်ဘူး....။ အင်္ဂလန် အဆက်တွေလားတော့မသိဘူး... သူတို့ ဆီမှာက ရွာရှင်မက စတားဘဲ...။ ဘာဘဲဖြစ်ဖြစ် ရွာအရှင်မ က၊ အခရာ...အဓိက.။ အားလုံးက ရွာရှင်မဆို အသေ ကြောက်တာ...။ လှေမှောက်လဲ ရွာရှင်မ၊ ရေနစ်လဲ ရွာရှင်မ၊ ငါးမရလဲ ရွာရှင်မ၊ ဓါးထိုးလဲ ရွာရှင်မ ၊ဇာတ်က မီးစက်ပျက်တာလဲ ရွာရှင်မ...။ မင်းသမီးလေးဗိုက်အောင့်တာလဲ ရွာရှင်မ ...။ ရွာတစ်ရွာမှာ ရွာရှင်မ တစ်ပါးရှိတယ်...ရွာအ၀င်တိုင်းမှာ ရွာရှင်မ သစ်ပင်နဲ့ ရွာရှင်မနန်းရှိတယ်...။ ရွာတစ်ရွာရဲ့ ရပ်ရေးရွာရေးကို ဆုံးဖြတ်နိုင်တာက ရွာရှင်မဘဲ...ရွာလူကြီး..ကောင်စီိလူကြီး.လား...သွား မြောင်းထဲကို။ အဲဒီလောက်ပွဲပြီးမီးသေတဲ့ ရွာရှင်မက တစ်နေ့ ကြွလာပြီး....အထူးအဆန်းပြောလာတယ်...။ ဒီတစ်ရွာလုံး ကပ်ဘေးမကြုံ အသေဆိုးနဲ့ မကြုံချင်ရင် ရွာတောင်ပိုင်းက လူကြီး( နာမည်မေ့) နဲ့ ရွာရှင်မ ပင်တိုင်ကြွသူနဲ့ လက်ထပ်မှ ရမယ်တဲ့..။ ရွာရှင်မ စကားအတိုင်း ရွာက လူကြီးသူမတွေ သွားပြောတာပေါ့....။ ဟိုက လက်မခံဘူး...အဓိပ္ပါယ် မရှိဘူး...ဘာညာပေါ့။ ဟိုလူကြိးက မုဆိုးဖို...ရွာစွန်မှာ ခြံစိုက်ပြီး အေးဆေးနေတာ။ ၁ခေါက်မရ ၂ခေါက်မရ၊ ၃ခေါက်ညှိမရတော့ ရွာရှင်မက တစ်ရွာလုံးကို သတ်တော့မယ် ကြိမ်းဝါးရောဗျာ...။ တစ်ရွာလုံး ပြဿနာတက် ပြီ...ရွာအရှင်မစကားနားမထောင်တဲ့  ဟိုလူကြီးကို ရွာကမောင်းထုတ်မယ်လုပ်ရော....။ ဟိုကလဲ သူ့ ဘာသာ နေလာတာ အခြေကျနေမှ ဒီလိုပြောလာတော့ စိတ်တိုတာပေါ့။ လက်မခံနိုင်ဘူး ပြောတော့ တစ်ခါတည်း မောင်းထုတ်မယ်လုပ်တာ...သူလဲ ခဏစဉ်းစားပြီး မှ ရွာရှင်မကို လက်ထပ်ပါမယ် လို့ ကတိပေးတော့တာ...။ ရွာရှင်မ ၀င်တဲ့ သူရော ရွာသားတေါရော ပျော်လိုက်ကြတာပေါ့ဗျာ...။ သူတို့ အပျော် ၃ရက်တောင်မခံပါဘူး....။ ၂ရက်မြောက်ပြီး မိုးလင်းတော့ ရွာထိပ်က ရွာရှင်မ ပိုင်တဲ့ သစ်ပင် အကြီးကြီး မရှိတော့ဘူး....ကိုင်းဖျားကိုင်းနားမပြောနဲ့  အမြစ်တောင်မကျန်ဘူး....။ ဟိုလူကြီး ထင်းအဖြစ်ခုတ်ပြီး တပ်တောင်မြို့ က ထင်းဒိုင်မှာ သွားသွင်းလိုက်တာ..။ နောက်မှ ရွာသားတွေ စုံစမ်းတော့ အကြောင်းစုံသိပြီး ရွာလူကြီးနဲ့ ရွာသားတွေ ဓါးတွေ၊တုတ်တွေ လှံတွေနဲ့ ရွာရှင်မ ယောင်္ကျားဆီ သွားတာပေါ့..။ သတင်းအတိအကျရတဲ့ အတိုင်း ဘာလို့ လုပ်လဲ မေးတော့...နှီးဖြာ နေရာကနေ အေးဆေးဘဲ ပြန်မေးပါတယ်... “ ငါနဲ့ ရွာရှင်မက ဘာလဲ” “ ဦးလေးက ရွာရှင်မလင်...” “ အေး....ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီးဘဲ...ငါ့မိန်းမ ပိုင်တဲ့ အပင် ငါခုတ်တာ ဘာလုပ်ချင်လဲ..ငါ့ မိန်းမနဲ့ တိုင်ပင်ပြီး ငါလုပ်တာ... မယုံရင် ဒီမှာ ထိုင်နေတဲ့ ငါ့ မိန်းမကို ပင့်ခိုင်းပြီး ကြွလာရင် မေးကြည့်....ကောင်မ ရီးတီးယားတား မလုပ်နဲ့ နော်... ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီး” တဲ့ ..။ ရွာရှင်မ လဲ မျက်လုံးလေးကလယ်ကလယ်နဲ့ ။ ရွာသားတွေလဲ တစ်ခွန်းမှ မဟ ရဲတော့ဘူး... နို့ ..ရွာရှင်မက တုတ်တုတ်မှ မလှုပ်တာ..။ ကဲ.....သူက ကျနော့်ထက်တောင် ရွတ်ပါတယ်ဆို...။ သြော်...မေ့လို့ ...အရှင်မနေတာက ကျောက်ဖြူမြို့ နဲ့ တပ်တောင်မြို့ ကြားက ရွာ...။ Credit to- Thitnetsue

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |