(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

အဲဒီအိမ်… လူမနေဖူး

အဲဒီအိမ်… လူမနေဖူး

 အနော် အခု တွေ့ ခဲ့ ဖူးတဲ့ တစ်ခန်းရပ် သရဲတစ္ဆေများအကြောင်းကို ရေးလိုက်ပါတယ်။ ဒါလေးတွေက ထူးလည်း ထူးဆန်းမယ်။ ဗဟုသုတလည်း ရမယ် ထင်ပါတယ်။ ပြီးတော့ ဒီပိုစ်ကို အနော် ပြောပြတာချည်း သက်သက် မဟုတ်ပဲနဲ့ ဆွေးနွေးတဲ့ ပုံစံလေး ဖြစ်စေချင်ပါတယ်။ ဖြစ်ပုံက ဒီလိုရယ်ပါ။ အနော် ဦးလေးတစ်ယောက် လွန်ခဲ့ တဲ့ သုံးလ လောက်ကဆုံးသွားတယ်။ သူ့ ဆုံးသွားတော့ … သူနေတဲ့ အိမ်ကြီးထဲမှာ သူ့ အမေရယ်၊ သူ့ သမီးလေးရယ် ကျန်ခဲ့ တယ်ဗျာ။ အဲဒီအိမ်မှာကလည်း သုံးယောက်တည်းနေကြတာရယ်။ ယောင်္ကျားသားဆိုလို ဒီဦးလေးတစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ ဦးလေးဆုံးရတာကလည်း အရက်ကြောင့် ဆုံးသွားရတာ။ သူက အရက်အရမ်းကြိုက်တယ်။ ဒီတော့ … သူ့ သမီးနဲ့ သူ့ တူမက သူ့ အသုဘမှာ “အဖေက အရက်ကြိုက်တတ်တယ်” ဆိုပြီး အလောင်းကောင်ရဲ့ ပါးစပ်ထဲကို ၀ီစကီ လေးပတ်ပြား တစ်ပြားစီ လောင်းထည့် လိုက်ကြတယ်။ အမှန်တော့ အဲဒါ မလုပ်သင့်တဲ့ အချက်ပါ။ အသုဘတွေဘာတွေ ချပြီးသွားတော့ … အဲဒီအိမ်ကြီးထဲမှာ … မိန်းမသား နှစ်ယောက်တည်း မနေရဲကြတာနဲ့ ..အိမ်ကို တံခါးပိတ်ပြီး ဒီဖြင့်အိမ်တစ်အိမ်မှာ ညတိုင်းသွား အိပ်ကြသဗျ။ အဲဒီအချက်ဟာလည်း မှားယွင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ အဲဒီလို နေ့ စဉ်ရက်ဆက်သွားအိပ်ကြတော့ … နောက်ပိုင်း အိမ်ကြီးက လူမရှိသလို ဖြစ်လာတယ်။ ဒါပေ့ မယ် နောက်ပိုင်း အဲဒီအိမ်ထဲမှာ လူမရှိပေ့ မယ်လည်း “တောက်” ခေါက်သံတွေ၊ ပစ္စည်းကျကွဲသံတွေကို တစ်ခြားအခန်းက လူတွေက ကြားနေရတယ်။ ဒီတော့ … အိမ်ပိုင်ရှင်တွေကို လာပြောကြတယ်။ အဲဒီတော့ … အိမ်ပိုင်ရှင်တွေက ပိုကြောက်သွားပြီး အဲဒီအိမ်ကြီးကို အမြဲတမ်း သော့ ခတ်ထားလိုက်ကြပါယောလား။ အဲဒီနောက်ပိုင်းမှာ အဲဒီတိုက်ခန်းက သရဲခြောက်တယ်ဆိုပြီး ဘယ်သူမှ မနေရဲကြတော့ ဘူး။ ပြီးတော့ ရောင်းမယ်ကြံတော့ လည်း ဘယ်သူမှ မ၀ယ်ရဲကြတော့ ဘူး။ ဒီလိုလေးတွေ ဖြစ်သွားတယ်။ အထက်ပါ အဖြစ်အပျက်ကို ဆုံးသွားသူ ဦးလေးရဲ့ အမ၊ အနော် အဒေါ်က အနော်ကို လာပြောတယ်။ အဲဒီအမျိုးတွေနဲ့ ကအနော်နဲ့ တော်တော်လေး ဝေးတယ်။ အဆက်အဆံလည်း သိပ်မရှိတော့ … အဲဒီလိုဖြစ်တယ်ဆိုတာ အဒေါ်လာပြောပြမှ အနော်လည်း သိတာ။ အနော်မေးတယ်။ “အစောင့်ခေါ်မအိပ်ဘူးလား? ယောင်္ကျားသား တစ်ယောက်ယောက်ပေါ့” ဆိုတော့ ။ အဒေါ်က ပြန်ပြောတယ်။ သူ့ တို့ အိမ်က တစိမ်းဝင်တာ မကြိုက်ကြဘူးတဲ့ လေ။ အဲဒါကြောင့် အစောင့်ခေါ်မအိပ်တာပါတဲ့ ။ ပြီးတော့ အခြားတိုက်ခန်းတွေလည်း ရှိနေတော့ … ဒီတိုက်ခန်းကို ပစ်ပြီး တစ်ခြားဆီမှာသွားအိပ်ကြတာတဲ့ ။ ကိုယ်လည်း အဲဒီအချိန်က ဘယ်လိုမှ မကူညီနိုင်တဲ့ အခြေအနေမို့  အဒေါ်ဖြစ်သူကို အကြံတော့ ပေးလိုက်တယ်။ “ဘုန်းကြီးလေး ဘာလေး ပင့်ပြီး တရားနာကြည့် ပေါ့၊ ပြီးတာနဲ့ အိမ်ကို ရေဆေးချလိုက်ပေါ့” ဆိုပြီးလေ။ အမှန်က တရားနာလည်း ၀ိဥာဉ်က သာဓု မခေါ်ရင် မကျွတ်ဘူးဗျ။ ဥပမာဗျာ။ ။ (ဒါက အနော် အထင်ပါ) အိမ်တစ်အိမ်မှာ အသုဘဖြစ်တယ်ဆိုရင် အဲဒီအိမ်က အရင်အတိုင်းလူနေပေးရတယ်။ ၀ိဥာဉ်ကလည်း အရင်အတိုင်းနေနေတာ။ သူ့ သမီးတွေကို သူ့ ခေါ်မယ်။ သူ့ အမေတွေကို သူခေါ်မယ်။ သူသေသွားတယ်ဆိုတာ သူမသိသေးဘူး။ သူ ခေါ်လို့ မရဘူး။ သူ ကိုင်တွယ်ထိတွေ့ လို့ မရတော့ ဘူးဆိုမှ သူက လူဘ၀နဲ့ သူ ကင်းကွာသွားတယ်ဆိုတာ သိသွားတာ။ ဒီတော့ မှ သူရဲ့ လွတ်မြောက်ရာ လမ်းကို သူရှာလို့ ရမှာ။ အခုဟာက လူတွေကလည်း အရင်အတိုင်းမနေဘူး။ နဂိုကတည်းကမှ တိုက်ခန်းက လူသုံးယောက်နဲ့ ပျင်းခြောက်ခြောက်ရယ်။ အခုလိုဖြစ်သွားလို့ တစ်ယောက်မှ မနေတော့ … ၀ိဥာဉ်တစ်ကောင်တည်း ကျန်ခဲ့ တယ်။ အဲဒီတော့ …သူက နဂိုလုပ်နေကြအတိုင်း လုပ်နေမှာပဲ။ သူ့ ကို သတင်းမပေးပဲ ညတိုင်းလူတွေပျောက်သွားတယ်ဆိုတော့ … သူ ကိုယ်သူ သေသွားတယ်ဆိုတာ မသိသေးတာလည်း ဖြစ်နိုင်တယ်။ သမီးလုပ်သူကလည်း သေတဲ့ အချိန်မှာ ၀ီစကီထပ်လောင်းပေးလိုက်တယ်ဆိုတော့  အမူးမပြေသေးတာလည်း ဖစ်နိုင်တာပေါ့ဗျာ ။ အဲဒီလိုနေနေတာက ပြသနာမဟုတ်ဝူး။ ၀ိဥာဉ်ဆိုတဲ့ အမျိုးမှာလည်း စစခြင်းတော့ … ဘာကိုမှ ထိတွေ့ ကိုင်တွယ်လို့ မရသေးပေ့ မယ်။ နောက်ပိုင်းမှာ ထိတွေ့ ကိုင်တွယ်လို့ ရလာတယ်။ သူတို့ မှာလည်း လူလိုပဲ စိတ် ဆိုတာရှိတယ်။ အဲဒီစိတ်က ဖန်ခွက်တစ်ခုကို ကိုင်ချင်တယ်။ အစပိုင်းမှာ မရပေ့ မယ် …. ထပ်ခါ တစ်လဲလဲ ကြိုးစားလာတဲ့ အခါမှာ ရသွားတယ်။ အဲဒီလို ရသွားပြီဆိုရင်တော့ … ဒီသရဲ မလွယ်တော့ ဘူး မှတ်ပေလော့ :D ။ ဒီတော့ … ဒါလေးက ဒီလိုရှိတယ်ဆိုပါတော့ ဗျာ။ အပေါ်က အဖြစ်အပျက်တွေကတော့ … အဒေါ်လာပြောပြတဲ့ ကိစ္စတွေပေါ့ဗျာ။ အနော်လည်း ဘာမှ မကူညီနိုင်ပါဝူး။ အဲဒါနဲ့ ပတ်သတ်ပြီး အတွေ့ အကြုံလေးတစ်ခုတော့ …. အဒေါ်ကို ပြန်ပြောပြလိုက်မိတယ်။ အဲဒီလိုမျိုး အဖြစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ နယ်မှာ အနော် မိုးတွင်းတုန်းက ရာဘာစိုက်နေတုန်း ကာလပေါ့ဗျာ။ အနော် ဦးလေးအိမ်မှာ အနော်တည်းတယ်။ သူ့ တို့ အိမ်က ကျောက်ကုန်းပေါ်မှာ။ ဦးလေး အိမ် မျက်စောင်းထိုးမှာ အိမ်တစ်အိမ်ရှိတယ်။ အဲဒီအိမ်က သောက်ရမ်းထူးဆန်းတယ်။ လူမနေ၀ူး။ လူမရှိဘူးနော်။ ဒါပေ့ မယ် အဲဒီ ခြံတံခါးက ပွင့်ချင် ပွင့်နေတယ်။ ပိတ်ချင် ပိတ်နေမယ်။ ပြီးတော့ … အိမ်ထဲက မီးတွေဟာလည်း ပွင့်ချင် ပွင့်နေမယ်။ ပိတ်ချင်ပိတ်နေမယ်။ ဒီလိုလေးတွေ ရှိတယ်။ တစ်လမ်းလုံးကလည်း အဲဒီအိမ်မှာ သရဲ ရှိတယ်ဆိုတာ သိကြတယ်။ အနော် ညီအကိုတွေကလည်း အနော်ကို ပြောပြကြတယ်။ အဲဒီအိမ်မှာ သရဲရှိတယ်ဆိုပြီးတော့ ပေါ့။ ပြီးတော့ … နယ်ဆိုတော့ လူတွေက ကိုးနာရီလောက်ဆို ဘယ်သူမှ မရှိကြတော့ ဘူး။ အနော်က အင်တာနက်လည်း သွားသုံးတတ်တယ်ဆိုတော့ … ၁၁ နာရီ၊ ၁၂ နာရီလောက်မှ အိမ်ပြန်တတ်တယ်။ အပြန်တစ်လမ်းလုံးကတော့  ပြသနာမရှိပေ့ မယ်… ကိုယ့် နေတဲ့ လမ်းထဲ ၀င်လာပြီဆို ပြသနာက ရှိလာပြီဗျ။ အဲဒီလမ်းက ညဆို မှောင်မည်းနေတာများ တစ်ယောက်နဲ့ တစ်ယောက်တောင် မမြင်ရဘူးရယ်။ အနော်က ဆိုင်ကယ်မီးကြီး ဇွတ်ထိုးပြီး အသေမောင်းဝင်ရတယ်။ အဲဒီအိမ်ရှေ့ ရောက်ရင် လှည့် တောင် မကြည့် ဝူးရယ်၊ ကြောက်လို့  ။ ပြီးတော့ … ကိုယ့် အိမ်ရှေ့ ရောက်ရင်လည်း အသေအော်တတ်တယ်။ အိမ်ထဲကလူတွေကို.. ခြံတံခါးမြန်မြန်လာဖွင့်ပေးဖို့ လေ။ အဲဒီအိမ်နဲ့ ကိုယ်ဆိုင်ကယ် ဖင်နဲ့ က ကပ်နေတာများ မြင်လို့ တောင် မကောင်းဝူး ၊ ဒါကြောင့် အော်ရတာ။ ပြီးတော့ … ခြောက်လပိုင်းဆိုတာက မိုးအသေရွာတဲ့ လတွေလေဗျာ။ အဲဒီမိုးရွာတဲ့ ညတွေမှာ အနော်တို့ အေးအေးချမ်းချမ်းအိပ်ရတယ်။ အယ်… မိုးမရွာပဲ လသာတဲ့ ညတွေဆို တလမ်းလုံးမအိပ်ရပါဘူးဗျာ။ အဲဒီအိမ်က သရဲမက လမ်းများထွက်လျှောက်သလား မှတ်ရတယ်။ တစ်လမ်းလုံးခွေးတွေ အူတာ မြင်မကောင်းဘူး။ ပြီးတော့ ဦးလေးအိမ်မှာ ခွေးတစ်ကောင်ရှိတယ်။ နာမည်က “အာနိုး” တဲ့ ။ အင်မတန် လူခင်တဲ့ ခွေးပါ။ တစ်နေ့ ပေါ့ဗျာ။ ဒီခွေးက ည ၂ နာရီလောက်မှာ အဲဒီအိမ်ဘက်ကို မျက်နှာလည့် ပြီး ဟောင်တာ မြင်မကောင်းဘူး။ ပြီးတော့ သူ့ ရဲ့ ဟောင်သံကလည်း လူတွေ့ လို့ ဟောင်တဲ့ အသံနဲ့ မတူဘူးဗျာ။ သိသာတယ်။ တစ်ခုခုကိုတော့  သူသဲကြီးမဲကြီးဟောင်နေတယ်။ အဲဒါနဲ့ ကျွန်တော် ညီတွေက ထွက်ကြည့် ပြီး ဘာမှလည်း မတွေ့ တော့ ပြန်ဝင်လာကြတယ်ပေါ့။ အိမ်ကလူတွေ ထွက်သွားရင် ခွေးဟောင်သံက ငြိမ်သွားတယ်။ အယ်! လူတွေ ပြန်ဝင်ပြီး အိပ်ကြရင် ပြန်ဟောင်ပါယောလား။ အဲဒါ ညီလေးတွေက တင်းပြီး လေးခွတွေနဲ့ ဝိုင်းထုပလိုက်ကြတယ်။ အဲဒီအိမ်ကြီးထဲကိုလေ။ အဲဒီညက နည်းနည်း အေးချမ်းသွားတယ်။ အဲဒီလို ဖြစ်ပျက်နေတုန်းကလည်း အနော်က ရန်ကုန်မှာ ခြံကိစ္စနဲ့ ပိုက်ဆံလာယူနေတာ။ အနော် မသိလိုက်ဘူး။ အနော် ပြန်တော့ … အမတွေရော၊ ညီတွေကရော ပြောပြကြတယ်။ “ငါတို့ ဟယ်၊ လေး၊ ငါးရက် မအိပ်ရဘူး” အဲဒီအိမ် ဒုက္ခပေးတာ။ အနော် ညီတွေက မကြောက်တတ်တော့ … နောက်နေကြတယ်။ “သရဲမက အားနိုးကိုများ ကြိုက်နေသလား မသိဘူး” တဲ့ လေ။ အားနိုးဆိုတဲ့ ခွေးကလည်း အဲဒီတစ်ညလုံး မအိပ်ရဘူး။ အသေဟောင်ရတာလေ။ အဲဒါနောက်နေ့ တွေလည်း ထပ်ဟောင်ရတော့ … စိတ်ညစ်သွားတယ်ထင်ပါတယ်။ အိမ်ကိုတောင် ပြန်လာမအိပ်တော့ ဘူး။ သုံးလေးရက် ပျောက်သွားတယ် ။ ဒီလိုနဲ့ အနော် ရှိနေတဲ့ ရက်တွေ မှာ ထူးထူးခြားခြား အဲဒီအိမ်နဲ့ ပတ်သတ်လို့ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ အနော်လည်း ညဘက် အင်တာနက်ဆိုင်သွားတာ လျှော့ ထားတယ်။ ဦးလေးအိမ်ကို အားနာလို့ ပါ။ ကိုယ်က အချိန်မတော်ကြီး ပြန်လာတော့ … သူတို့ တွေ အိပ်လို့ ကောင်းနေတုန်း … တံခါးထဖွင့်ရ၊ ဘာလုပ်ရနဲ့ … အလုပ်ရှုပ်မှာဆိုးလို့ ။ အဲဒါကြောင့် ညဆို ကိုးနာရီ အိမ်အရောက်ပြန်တယ်။ ပြီးရင် မောင်နှမတွေနဲ့ … ရုပ်ရှင်ခွေတွေ ထိုင်ကြည့် ဖြစ်တယ်။ ဒီလိုနဲ့ တစ်ညမှာပေါ့ဗျာ။ အားလုံး အိပ်ကုန်ပြီ။ အနော်နဲ့ အနော်ညီနဲ့ နှစ်ယောက်တည်း ရုပ်ရှင်ကြည့် ရင်းနဲ့ အချိန်က ည ၁ နာရီလောက် ဖြစ်နေပြီ။ အဲဒီအချိန်မှာ အိမ်အောက်က အားနိုးက ထဟောင်ပါယောလား။ အစက အနော်က လူတွေ့ လို့ ဟောင်နေတယ်ထင်နေတာ။ ဒါပေ့ မယ် ခွေးဟောင်သံက တစ်ချက်ခြင်း တိတိကျကျထွက်လာနေတာဗျာ။ သူ တစ်ခုခုတွေ့ လို့ ဟောင်နေတာ။ အဲဒါနဲ့ အနော်က အနော့် ညီကို မျက်စပစ်ပြတော့ … သူက အနော်ကို ရီပြီးပြောတယ်။ “သရဲမ၊ သရဲမ၊ အာနိုးကို လာပြီး Q နေပြီ” တဲ့ လေ။ ။ အဲဒါ အစက အနော်တို့ လည်း … ဒီအတိုင်း ရုပ်ရှင် ဆက်ကြည့် နေလိုက်တယ်။ ဒါပေ့ မယ် တစ်ဖြည်းဖြည်းနဲ့ … အောင်သံတွေက ပို ဆိုးလာတယ်ဗျာ။ ခွေးကလည်း မရပ်တော့ ဘူး ဟောင်တာ။ ပြီးတော့ တစ်အိမ်လုံးလည်း နိုးကုန်ပြီ။ အဲဒါ အနော်တို့ … ထွက်ပြီး ကြည့် ကြတယ်။ အဲဒီခြံကိုပဲ အားနိုးက မျက်နှာမူပြီး ဟောင်နေတာ။ ခြံထဲမှာလည်း ဘာအရိပ်အယောင်မှ မတွေ့ ဘူး။ ပြီးတော့ … အဲဒီခြံနဲ့ ဘေးခြင်းကပ်၊ အနော်တို့ နဲ့ မျက်နှာခြင်းဆိုင် အိမ်တွေကလည်း နိုးလာကြတယ်။ သူတို့ ကလည်း ထကြည့် ကြတယ်ဗျာ။ ပြီးတော့ အနော်တို့ ဆီကို လှမ်းပြောတယ်။ “ဟဲ့ ၊ ငဇူး … သရဲမက နည်းနည်း နင်တို့ အိမ်က ခွေးက များများ နော်၊ ဒီမှာ အိပ်လို့ ကို မရဘူး၊ နင့်တို့ ခွေး၊ နုင်တို့ ထိမ်းအုံး” တဲ့ လေ။ အနော်တို့ လည်း ဘာပြောသာမလဲ၊ ကိုယ့် ခွေးက ဟောင်နေတာဆိုတော့ … အာနိုး ကို ဟောက်ငမ်းပြီး တိတ်အောင် လုပ်လိုက်ရတယ်။ အာနိုးဆိုတဲ့ ကောင်ကလည်း သူ့ အနားမှာ သခင်တွေ ရှိတော့ .. မဟောင်ပေ့ မယ်။ အနော်တို့ အပေါ်ကို ပြန်တတ်ပြီး အိပ်ဖို့ လုပ်ခါနီး ထပ်ဟောင်ပြန်တယ်။ ဒီတစ်ခေါက်မှာ တစ်လမ်းလုံးက ခွေးတွေက ဟောင်ကြတယ်ဗျာ။ အဲဒီအိမ်ကို မျက်နှာမူပြီးတော့ လေ။ အဲဒီမှာ တစ်လမ်းလုံး နိုးသွားကြတယ်။ လူတွေကလည်း စိတ်ညစ်နေကြပြီ။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဆိုတော့ လေ။ တော်တော်လေး ပေါက်ကွဲနေကြတယ်။ ဒီတစ်ခါတော့ … အနော်က တစ်ခါတည်း လေးဂွပါယူပြီး အပြင်ထွက်သွားတာ။ ညီအကိုတွေကလည်း လေးယောက်လောက်ဆိုတော့ .. အဲဒီအိမ်ထဲကို လေးဂွမိုးတွေ ကြဲတာမြင်မကောင်းဘူး ;D ။ အနော်တို့ ပစ်တော့ … ဘေးအိမ်က လူတွေကပါ ၀ိုင်းကစ်ကြတာ။ အဲဒီလို ပတ်ပတ်လည် ခဲမိုးကြဲလိုက်မှ အဲဒီသရဲက ငြိမ်တော်မူတယ်။ အဲဒီလိုကြဲနေတုန်းမှာ အဲဒီခြံထဲမှာ အဖြူရိပ်လိုလို၊ မီးခိုးရောင် ရှီတ်လိုလို အရာတစ်ခုက ပတ်ပြေးနေတာဗျ။ အဲဒီအရိပ်က ခြံထဲက သစ်ပင်တွေအောက် ရောက်သွားလိုက်၊ ခြံစည်းရိုးနားရောက်သွားလိုက်နဲ့ ဖြစ်နေတာ။ နောက်ဆုံးတော့ … အိမ်ထဲကို ပြေးဝင်သွားတယ်။ အနော်တို့ ကအဲဓီအရိပ်ကိုချည်း လှမ်းပစ်ကြတာ။ အဲဒီလို ပစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ …. အခြေအနေလေးက သိသိသာသာ ငြိမ်းချမ်းသွားတယ်။ အားနိုးလည်း မဟောင်တော့ ဘူး။ လမ်းထဲက ခွေးတွေလည်း မဟောင်တော့ ဘူးရယ်။ အနော်တို့ လည်း အေးအေးဆေးဆေး အိပ်လို့ ရသွားတယ်။ ဒါပေ့ မယ် မနက်မိုးလင်းတော့ … အဲဒီအိမ်ပိုင်ရှင်တွေရောက်လာကြတယ်။ သူတို့ အိမ်ခြံထဲမှာ ခဲတွေချည်းပဲကိုး။ အဲဒါ “ဖေတွေ၊ မောင်တွေ” နဲ့ ပတ်ဝန်းကျင်အိမ်တွေကို ကိုင်တုတ်တာ မြင်မကောင်းဘူး။ သူတို့ အိမ်ကို ခဲနဲ့ ထုလို့ ဆိုပြီးလေ။ နောက်မှ ပြန်သိရတာက…. အဲဒီအိမ်ဇာတ်လမ်းက ဒီလိုဗျ။ အဲဒီအိမ်မှာ အခုလက်ရှိ ရှိနေတဲ့ သရဲမက လူဘ၀တုန်းက မီးနေသည်ဗျာ။ သူ့ ရဲ့ ခလေးကို မွေးပြီး မီးတွင်းထဲမှာပဲ ဆုံးတာ။ ဆုံးဆုံးပြီးခြင်းမှာ အဲဒီအိမ်ကလူတွေက ပြောင်းသွားကြတယ်။ အဲဒီနောက်ပိုင်း အဲဒီအိမ်ထဲမှာ ဒီခလေးအမေရဲ့ ဝိဥာဉ်က ကျန်ခဲ့ တော့ တာပါပဲ။ ပြီးတော့ ဒီအိမ်ကို အငှားချတယ်။ ဒါပေ့ မယ် နေတဲ့ သူတွေက သရဲခြောက်တယ်ဆိုပြီး ပြောင်းပြောင်းပြေးကြသဗျ။ အခုလည်း အနော်တို့  ခဲနဲ့ ဝိုင်းထုတာ….. ဒီသရဲကို တော်တော်လေး ထိတယ်လို့ ပြောတယ်။ အဲဒီသရဲက သူ့ ညီမတွေ၊ အမတွေကို အိမ်မက်သွားပေးတယ်တဲ့ လေ။ “နာ့ ကို ခဲနဲ့ ဝိုင်းထုကြတယ်။ အခု ငါ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ” ဆိုပြီးလေ။ အဲဒါကြောင့် သူ့ အမျိုးတွေက မအေတွေ၊ နှမတွေနဲ့ လာတုတ်တာ။ ။ အနော်တို့ လည်း ကြားပါတယ်။ ဒီဆော်ကြီးတွေ အော်ဆဲနေတာ။ သို့ ပေ့ မယ် ညက သူတို့ မွေးထားသလို ဖြစ်နေတဲ့ သရဲကို ခဲနဲ့ ထုထားရလို့ ပင်ပန်းနေပြီဆိုတော့ ဗျာ။ ဆက်အိပ်နေလိုက်ပါတယ် ။ အားရှိအောင်။ နောက်ည ထပ်သောင်းကျန်းရင် ထပ်ထုဖို့ လေ။ အားရှိဖို့ လိုတယ် မလား ။ အဲဒီနောက်ပိုင်း သရဲမလည်း အရင်လို သိပ်မသောင်းကျန်းရဲတော့ ပါဘူးဗျာ။ ဒါပေ့ မယ်… အဲဒီခြံတံခါးတွေကတော့ အရင်လိုပဲ ဖွင့်တုန်း၊ ပိတ်တုန်း။ ဘယ်သူမှလည်း မဖွင့်ဘူးဗျာ။ အနော်သေသေချာချာ စောင့်ကြည့် နေဖူးတယ်။ အဲဒီလိုပဲ။ သူဘာသာ သူပိတ်၊ သူ ဘာသာ သူ ဖွင့်ပဲ။ အိမ်ထဲက မီးတွေလည်း ဒီလိုပဲ။ ပွင့်ချင် ပွင့်နေတယ်။ ပိတ်ချင် ပိတ်နေတယ်။ ဒါပေ့ မယ် အဲဒီအိမ်ထဲမှာ လူမရှိဖူးဆိုတာကလည်း အသေအချာပါပဲဗျာ။ ဒီတော့ … အဲဒီဇာတ်လမ်းလေးကို အနော် အဒေါ်ကို ပြောပြမိတယ်။ သူ့ ကိုလည်း နည်းနည်းတော့ ကျပ်ပေးလိုက်တယ်။ သူ့ မောင်ကိုလည်း အခုလို ဆက်ပြီး အိမ်ကြီးထဲမှာ တစ်ယောက်တည်း ပစ်ထားမယ်ဆိုရင် …. နယ်က သရဲ ထက်ပိုဆိုးကုန်မယ်နော်။ ဘာညာပေါ့ဗျာ။ အဲဒီမှာ အဒေါ်လည်း…. သူ့ မောင်ကျွတ်ဖို့ လွှတ်ဖို့ အရေးကို အစွမ်းကုန်ကြိုးစားမယ်၊ ဒီလိုချည်းတော့ … အဖြစ်မခံနိုင်ဘူးဆိုပြီး ပြန်သွားလေရဲ့ ။

 ပြီး၏ ငဇူး

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |