(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း


 ဆယ်တန်းအောင်ပြီးခါစပေါ့ဂျာ။ရန်ကုန်မှာနေရတာက အလုပ်မရှိအကိုင်မရှိနဲ့  သိပ်မပျော်ဘူးဂျာ။ ပျင်းစရာကြီး။သူများတွေလို လျှောက်မလည်တတ်တော့ လည်း..ခက်တယ်။ မေမြို့ မှာတုန်းကဆို နေ့ တိုင်း အလုပ်ရှိတယ်။မိုးလင်းတာနဲ့  ခြံထဲသွားတာပဲ။အလုပ်သမားတွေ အလုပ်လုပ်တာ လိုက်စစ်။အဲဒါတွေနဲ့ ပဲ တစ်နေကုန်ရော။ ညနေကျရင် ပိုက်ဆံရှင်းပေးပြီးတော့ ..အိမ်ပြန်ရေမိုးချိုး။ ဆိုင်ကယ်ယူ သူငယ်ချင်းတွေနဲ့ …လက်ဖက်ရည်ဆိုင်သွား။ ရှစ်နာရီလောက်ပြန်။ ရည်းစားရှိတုန်းကတော့ ပြန်ဝူး ဟီး :D ။ မရှိတော့ ပြန်တာပေါ့ဂျာ။ ပြီးရင် အိပ်။ ဒါပါပဲ။ ဒီလိုနဲ့ ပဲ နေ့ တွေ..နှစ်တွေ..ပြောင်းလာတာ။
အခုလိုကြီး ချက်ခြင်း အလုပ်မရှိအကိုင်မရှိဖြစ်တော့ …မနေတတ်တော့ ဝူးဗျို့ အဟုတ်။ ဒါပေ့ မယ်…အခုတော့ …ဘာမှမလုပ်ချင်တော့ ပါဘူး ဟီး :D ။ လူ့ သဘောပြောပါတယ်။ မိဘအိမ်မှာ အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဇိမ်ကျသွားတော့ …ငပျင်းကို ဖြစ်ရော :P ။ ထားပါတော့ …ဇာတ်လမ်းလေး ဆက်ပြောမယ်။ အဲဒီဆယ်တန်းအောင်ပြီးခါစတုန်းက အနော်ပျင်းနေတာနဲ့ …အမေ့ ကို မေမြို့ ခဏပြန်မယ်လို့ ဆိုပြီး… ပြန်သွားတာ။ဟိုရောက်တော့ … ကျွန်တော်သူငယ်ချင်းတွေက…ငါတို့ စီးပွားရေးလေးတစ်ခုလုပ်ရအောင်တဲ့ ။ ဘာစီးပွားရေးလဲဆိုတော့ …ရာသီပေါ် အသီးအနှံ စိုက်ချင်လို့ တဲ့ ။ ဘယ်မှာစိုက်မှာလဲဆိုတော့ …ရွာတစ်ရွာကို ပြောတယ်ခင်ဗျ။ တော်တော်လေးဝေးတယ်။တစ်ချို့ သိကောင်းသိမယ်ဂျာ။ ရွှေညောင်-ရပ်စောက် ကားလမ်းအတိုင်းသွားရင် လူရိုးတောင် ဆိုတာရှိတယ်ဂျ။အဲဒီတောင် ဟိုးဘက်ကို နှစ်တောင်ကျော်ရသေးတယ်။ဆိုင်ကယ်လမ်းပဲရှိတယ်။ ကားလမ်းမရှိတော့ ဘူး။ လူရိုးတောင် ဆိုတာ တောင်ကြီးသားတွေနဲ့  ရွှေညောင်-အင်းလေးသားတွေသိကြပါတယ်။ ပေါရိသာရမင်း လူသားစားပြီးတော့ …အရိုးတွေပေါ်လာရကနေပြီး တောင်ကြီးဖြစ်လာတယ်လို့ အဆိုရှိသဗျှ။ ဟုတ်မဟုတ်တော့ မသိဘူး :D ။ ကျွန်တော်လည်း ပျင်းနေတာနဲ့ အတော်ပဲ အလုပ်ရပြီဆိုပြီး အဲဒီသွားတာပေါ့ဂျာ။သူငယ်ချင်းနှစ်ယောက်ပါ။ သူငယ်ချင်းကောင်မလေးတစ်ယောက်တော့ ...(အလင်းလေ) ရှယ်ယာထည့် တယ်။သူမလိုက်နိုင်တော့ …ကျွန်တော်တို့ ပဲသွားလုပ်ရတယ်။ကျွန်တော်သူငယ်ချင်းနာမည်က “စိုင်းအောင်ခမ်း” ပါ။ သူက လူကိုကြည့် ရင် ပေစောင်းစောင်းနဲ့ မို့ … “ဇောင်းကြီး” လို့ နာမည်ပေးထားတာ။ ဒီလိုနဲ့ ကျွန်တော်တို့ သွားပြီးတော့  လယ်ယာလုပ်ကြတယ်ဆိုပါတော့ ဂျာ။ရွှေညောင်မှာက အမျိုးတွေရှိတော့ ။ သူတို့ ဆီဝင်ပြီးတော့ …နယ်မြေအခြေအနေလေး စုံစမ်းရတယ်။အနော် အဒေါ်က ကျွန်တော်တို့ အဲဒီကို သွားမယ်ဆိုတော့  “ဟဲ့ …ဇူး…နင်နဲ့ ဖြစ်ပါ့မလား..အဲဒီက နယ်မြေကြမ်းတယ်နော်” ဆိုပြီး တားနေသေးတာ။ ကျွန်တော်က.. “အာ…လုပ်ကြည့် တာပေါ့” ဆိုပြီးထွက်သွားတာ။ ဟိုရောက်တော့ … အဲဒီခြံက အဆင့်သင့်ရှိတယ်။ခက်တာက အလုပ်သမားတွေ မရဘူးဂျ။ တိုင်တော်တော်ပတ်သွားတယ်။ခြံကြီးက အကျယ်ကြီးဂျာ။အဲဒါကို အလုပ်သမားမရတော့ ဘယ်လိုလုပ် ကိုယ်တိုင်သွားလုပ်မတုန်း။ သေသွားမှာပေါ့နော့် …လေဒယ်။ အဟုတ်။ အဲဒီရွာသားတွေကလည်း ပအိုဝ့် တွေများတယ်။ပြီးတော့ သိပ်မရောဘူး…တစ်စိမ်းတွေကို။ကျွန်တော်တို့ ကလည်း..လူသစ်တွေ။ပြီးတော့ …နယ်မြေကလည်း…အစိမ်းဖြစ်နေတော့ ..လန့် တော့ လန့် တယ်ဂျ။အဲဒီမှာက ဥပဒေက သိပ်ရှိတာမဟုတ်ဘူးရယ်။ ကျွန်တော်တို့ ခြံက အားလုံးထဲမှာ နောက်ဆုံးခင်ဗျ။ရွာနဲ့ ..လေးမိုင်လောက်ဝေးသေးတယ်။စစခြင်းဂျာ။ ရွာရောက်တယ်။အဲဒီရွာမှာလည်း..ကုန်စုံဆိုင်တွေပေါတယ်။စိုက်ပျိုးရေး အဓိကထားတာဆိုတော့ …စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ပစ္စည်းများတယ်ခင်ဗျ။အဲဒီရွာကနေထွက်သွားရင်…လမ်းတစ်လျှောက် ရွာမရှိတော့ ဘူး။ခြံတွေပဲရှိတယ်။ ခြံကလည်း..တစ်ခြံနဲ့ တစ်ခြံတော်တော်လေးဝေးတယ်။လယ်မြေကလည်း..ကြီးကြတယ်လေ။အဲဒီလို တစ်ခြံပြီးတစ်ခြံ ဖြတ်လာရင်း..နဲ့ ..နောက်ဆုံးခြံက အနော်တို့ ခြံပဲ။ တောင်ကုန်းလေးပေါ်မှာပါ။အဲဓီတောင်ကုန်းကို ဆိုင်ကယ်နဲ့ ပတ်တတ်ရတယ်။အဲဒီတော့ မှ ခြံထဲရောက်တာ။ ကျွန်တော်တို့ စစသွားခြင်းတုန်းက သတိထားမိတာတစ်ခုရှိတယ်ခင်ဗျ။ရွာသားတွေက ကျွန်တော်တို့ ကို ကြည့် တဲ့ မျက်လုံးတွေ။တစ်စိမ်းဆို အလိုမရှိတဲ့ ပုံစံတွေ။ပြီးတော့ ….အနော်တို့ ခြံသွားတဲ့ နေရာလေးမှာ...ညောင်ပင်ကြီး အကြီးကြီး ရှိသဗျ။အရိပ်အာဝါသတော်တော်လေးကောင်းတယ်။ပြီးတော့ ..အဲဒီမှာ နတ်စင်လေးလည်းရှိတယ်။နတ်ရုပ်တစ်ခုလည်းတင်ထားတယ်ဂျာ။ဘယ်သူမှ အဲဒီနတ်စင်ကို အဖတ်လုပ်ပြီး သန့် စင်ပေးတာမရှိဘူး။အဲဒါကို ကျွန်တော်လည်း..သိပ်အာရုံ မစိုက်အားပါဘူး။ အထိကက လူရဖို့ မလား။အဲဒါ ရွာထဲဆင်းပြီး အပေါင်းအသင်းအရင် ရှာရတယ်။ဟုတ်တယ်လေ။ နယ်မြေသစ်ရောက်ရင်တော့  နယ်ခံတစ်ယောက်တော့ ပိုင်အောင်ပေါင်းရတာပဲ။အဲဒီတော့ မှာလည်း အဆင်ပြေတယ်။ ကျွန်တော့် ပုံစံကလည်း…ဆိုင်ကယ်တစ်စီးနဲ့ ..မြက်ဦးထုပ်က ဆောင်းထားသေးတယ်။ခါးမှာက ဓါးမြောင်။ကျောမှာက ရှမ်းဓါးလွယ်ထားတယ်…ဟီး။ ပြီးရော။ သိုင်းသမားပုံကို ပေါက်နေရော :D ခွိ။ အဲဒါအနော်အကျင့်ဂျ။ သိပ်ခေါင်တဲ့ ရွာတွေကို သွားရင် အဲဒီလိုပဲသွားတယ်။ဖုန်တွေနဲ့ လေ။သန့် သန့် ပြန့် ပြန့် ဝတ်ထားရင်လည်။ဖုံတတ်လို့ ဒီပုံပဲ ပြန်ရောက်မှာ။မထူးဘူးဆိုပြီး။ အဲဒီပုံအရင် ဖမ်းလိုက်တာ ဟီး :D ။ တတ်ချမ်း..ဖုံတွေ။ ဓါးကို ဆောင်ထားတာကတော့ …ကိုယ်ကိုယ်ကိုယ် ကာကွယ်တာပါ။အနော်တို့ မပြောနဲ့ …ပအိုဝ့်မတွေတောင်။ သူတို့ …တောင်းထဲမှာ ဓါးမ ပါတယ်။ တောထဲမှာဟေ့ …ပအိုဝ်မတစ်ယောက်တည်း..ဟဲဟဲ..တွေဘာတွေသွားမလုပ်နဲ့။ ဟုတ်က ခုတ်လွှတ်လိုက်လို့ …ပြတ်သွားမယ်။ :D လည်ပင်းပြောပါတယ်။ :P ရွာထဲရောက်တာနဲ့ ..လူတွေက ကိုယ်ကို ကြည့် ပြီး စပ်စုကြတယ်။အနော်ကတော့ …အပေါင်းအဖော်ရှာမလို့ လိုက်ကြည့် တာပဲ။တစ်ယောက်မှတွေ့ ဘူးဂျ။အားလုံးက မျက်နှာက ခပ်ထန်ထန်တွေဆိုတော့ …အနော်လည်း..သိပ်အရောမ၀င်ချင်တော့ ဘူး။ ဟုတ်တယ်လေ။သူတို့ မှ မခင်ချင်တာ။အနော်ကဘာလို့ သွားရောရမတုန်း။ နောက်ဆုံး…ကုန်စုံဆိုင်လေးဘာလေးမှာ…ပစ္စည်းဝယ်ရင်းနဲ့ …စုံစမ်းမယ်ဆိုပြီး…ဆိုင်တွေလိုက်ရှာတာ။ အဲဒီရွာမှာ အကြီးဆုံးဆိုင်တစ်ဆိုင်သွားတွေ့ တယ်။ ပစ္စည်းစုံတယ်ခင်ဗျ။ သူများဆိုင်တွေက ခလေးလေးတွေ လွှတ်ပြီးရောင်းလိုရောင်း။ကိုယ်က ဆိုင်ရှေ့ ရောက်နေပြီ….ဆိုင်ရှင်က ခဏဆိုပြီး ထွက်မလာလို မလာနဲ့ ။ တော်တော်စိတ်ညစ်သွားတယ်။ အယ်! နောက်ဆုံးတွေ့ တဲ့ ဆိုင်ကျတော့ ….အဲဒိလို မဟုတ်ဘူးဂျ။ နှစ်ထပ်တိုက်လေးနဲ့ ..အောက်မှာ သေသေချာချာကို ကိုရောင်းတာ။အဲဒါနဲ့ ဝင်သွားတယ်ဆိုပါတော့ ဂျာ။ ဆိုင်ရှင်ကျတော့ …ပအိုဝ်မလေးဂျ။ ချောတယ်။ မျက်နှာလေးက ကြည်ပြီး သန့် နေတာပဲ :D ။ အဟဲ။ သူချောပေ့ မယ်..လူက သိပ်စိတ်မ၀င်စားသေးပါဘူး။ကိုယ်ဘယ်ပစ္စည်းတွေလိုတာလဲဆိုတာ ခေါင်းထဲက စဉ်းစားနေတာ။ သူတို့ က အနော်ဝင်သွားတာနဲ့ သိသဗျှ။လူသစ်မှန်း။ ရွာကလည်း..ကျဉ်းတော့ …လူသစ်လာရင် သိတာသိပ်တော့ မဆန်းဘူးပေါ့ဂျာ။ အဲဒီကောင်မလေးကပဲ…စပြီး အကို ဘာလိုလဲ…ဘာယူမလို့ လဲပေါ့ဂျာ။သူပြောတာက မြန်မာလို ပြောတာမဟုတ်ဘူးနော်။ ပအိုဝ်လို ရောသွားတာ။ အနော်တောင်..ဟမ်.. ဆိုပြီးဖြစ်သွားတယ်။နောက်တော့ သူက ကျွန်တော် ပအိုဝ် စကားနားမလည်မှန်း သိတော့ မှ မြန်မာလို ပြောတာ။အဲဒါနဲ့ သူဆိုင်မှာဈေးတွေဘာတွေဝယ်ရင်း…။ အကိုတို့ …လူသစ်မလားတဲ့ ။အနော်က ဟုတ်ကဲ့ ပါလို့ ပြောတော့ ။ နောက်လိုတာရှိ…သူတို့ ဆိုင် လာဝယ်ဘာညာပေါ့ဂျာ။ အနော်က “ပစ္စည်းကတော့ …စုံပါတယ်လို့ …အခုလိုနေတာက လူလိုနေတာခင်ဗျ။ခြံထဲမှာဂျာ ဆင်းမဲ့ အလုပ်သမားမရှိလို့ ..၇ွာထဲခဏ ဆင်းလာတာ” ဆိုပြီးပြောလိုက်တယ်။ အဲဒီစကားကို ဒီအတိုင်းပြောလိုက်တာပါ။ အကူအညီတောင်းလိုတဲ့ သဘောလည်း မဟုတ်ဘူး။ မိတ်ဖြစ်ဆွေဖြစ်လောက်… ညည်းပြလိုက်တာ။ “ဟာ..ဟုတ်လား..အကို ဒါဆို ခဏလေး။ နန်းတို့ ကူညီနိုင်ပါတယ်” ဆိုပြီးတော့ … သူ့ အဖေကို ခေါ်ပေးတယ်။ သူအဖေကလည်း…မျက်နှာတည်တည်ကြီးနဲ့ ဂျာ။ နှုတ်ခမ်းမွှေး သသနဲ့ …ဆင်းလာပြီး။ ဒီစကားစပြောတယ်။ “လူလိုတယ်ဟုတ်…နင်ဘယ်လောက်ပေးနိုင်တုန်း..တစ်ယောက်ကို” ခပ်ပြတ်ပြတ်ပဲနော်။ အနော်က …. “ဦးလေးတို့ ဆီ ဘယ်ဈေးပေါက်တုန်း” ဆိုပြီး သူလေသံအတိုင်း..ပြန်လိုက်ပေးလိုက်တယ်။ဟီး။ သူပြတ်ကိုယ်ပြတ်ပေါ့ဂျာ။ “၁၅၀၀…ပေါက်တယ်။နေ့ စား။ အစောင့်ကတော့ ….သုံးထောင်ပေါက်တယ်” အဲဒီဈေးက ကျွန်တော် အထင်သိပ်မများဘူးခင်ဗျ။ဟုတ်တယ်လေ။ သူတို့ မှာ တစ်နေခြံထဲဆင်းပြီးတော့ ….၁၅၀၀ လောက်ကို အသေ..ရှာရတာ။အဲဒီတော့ …ကျွန်တော်က…ပေးနိုင်တယ်လို့ ပြောလိုက်တယ်။ လူက နှစ်ဆယ်လောက်လိုတာခင်ဗျ။ ဒီလိုနဲ့ …ဒီလူကြီး လုပ်ပေးရင်းနဲ့ …လူကိစ္စအဆင်ပြေသွားတယ်ဆိုပါတော့ ဂျာ။သာမန်ပြေတာမဟုတ်ပါဘူးဂျာ။ အလုပ်သမားတွေက အင်တင်တင်နဲ့ ..လုပ်နေလို့ ..ကျွန်တော် (၂၀၀၀) တိုးပေးလိုက်မှ လိုက်မယ်တွေဘာတွေဖြစ်သွားတာ။အနော်နဲ့ ဇောင်းကြီးတောင်…စကားများတယ်။နင်ပေးတာများတယ် ဆိုပြီး။ ဒါပေ့ မယ်..လိုအပ်နေလို့ လုပ်လိုက်ရတဲ့ ကိစ္စဆိုတော့ …သူလည်းမပြောသာတော့ …ပါးစပ်ပိတ်သွားတယ်။ နောက်ပိုင်း ကျွန်တော်ရွာထဲသွားရင်…အဲဒီကောင်မလေး ဆိုင်မှာနေနေတာများတယ်။ဝယ်စရာရှိတာလည်းဝယ်ပေါ့ဂျာ။ ငမ်းတာလည်းပါတာပေါ့နော်။ :D ။ အမှန်ကတော့ …တီးခေါက်ကြည့် နေတာပါ။ ရွာအကြောင်း..နယ်မြေအကြောင်းပေါ့။ မသိထားလို့ တော့မရဘူးဂျ။တစ်စိမ်းနယ်ဆိုတော့ …ကိုယ်ဘက် စမှားရင်မကောင်းတာတွေရှိတယ်။အဲဒီလိုနဲ့ ကောင်မလေးနဲ့ တော်တော်လေးခင်သွားတယ်။ ကောင်မလေးက ရှမ်းပအိုစ်ဂျ။ သူအဖေနဲ့ လည်း..စကားတော်တော်လေးပြောဖြစ်တယ်ဆိုပါတော့ ။သူအဖေကတော့ … “နင်တို့ ဟာ…ငယ်ငယ်လေးနဲ့ ..အလုပ်အရမ်းလုပ်တယ်ရော” ဆိုပြီး ခဏခဏပြောတယ်။ ဟုတ်လည်း…ဟုတ်တယ်ဂျ။ အနော်နားနေတာသိပ်မရှိဘူး။တစ်ခုမဟုတ်တစ်ခုတော့ လုပ်နေတာပဲ။ ခြံထဲမှာ…အိမ်ဆောက်တာတို့ ။ အလုပ်သမားတွေ လိုက်စစ်တာတို့ ဘာတို့ ။ ကျွန်တော်ပဲ။ ဇောင်းကြီးကတော့ …သာသာယာယာပဲ။ ကြိုးကုတင်လေးတစ်လုံး လုပ်ထားပြီး နိပ်နေတာ။ :D တစ်ခါတစ်လေဆို..အနော်အရမ်းဆဲတယ်..ဒီကောင်ကို။အဲဒီတော့ မှ…ဟိုလုပ်ဒီလုပ်..ပြီးရင် ပြန်နိပ်နေတာ။ သူငယ်ချင်းဆိုတော့ လည်း…ပြောမနေတော့ ပါဘူး။ဒီအတိုင်းလွှတ်ထားရတယ်။ တစ်နေ့ …အဲဒီကောင်မလေးက ကျွန်တော်ကို မေးလာတယ်ခင်ဗျ။ “အကိုဇူး…အဲဒီခြံထဲမှာနေတာ…သရဲတွေဘာတွေ မတွေ့ ဘူးလား” တဲ့ ။ကျွန်တော်တောင်ကြောင်သွားတယ်။ ဟ…လာပြန်ပီ..ဒီသရဲ ဆိုပြီးလေ။ “မတွေ့ မိပါဘူးလို့ ” ဆိုတော့  သူက “အော်” ဆိုပြီး ပြီးသွားတယ်။ကျွန်တော်က စပ်စုချင်နေတာနဲ့ ။ ဘာဖြစ်လို့ မေးတာလည်းဆိုပြီးတော့ …သူကို မေးတာဂျ။သူက အစက ငြင်းနေတာ။မဖြေချင်ဘူး။သူမဖြေချင်လေ အနော်ကအတင်းမေးလေနဲ့ ….နောက်ဆုံးမှ ပြောတာ။ “အဲဒီခြံ တအားကြမ်းတယ်ရော..ကိုဇူး။အရင် ပိုင်ရှင်တွေလက်ထက်ကဆို..ဒီအတိုင်းကို ပစ်ထားရတာ။သွားအိပ်တဲ့ သူ။ မနက်သေတာပဲ။သေရင်လည်း…မျက်လုံးပြူး မျက်ဆံပြူးနဲ …တစ်ခုခုကို အရမ်းကြောက်တဲ့ ပုံစံမျိုးနဲ့ သေတာ။တစ်ချို့ ကျတော့ လည်း..ညတွင်းခြင်း..ပြန်ပြေးလာတယ်။အရမ်းခြောက်တယ်ဆိုပြီးလေ။အဲဒါကြောင့်ပါ။အခု ကိုဇူးတို့ …နေနေတာဆိုတော့ …စိုးရိမ်းလို့ မေးမိတာပါ။ဘာမှမဖြစ်ဖူးဆိုလည်းကောင်းပါတယ်” ဆိုပြီးတော့  ပြောသွားတယ်။ အဲဒီတော့ မှ ကျွန်တော်လည်း သဘောပေါက်တယ်။ ဟုတ်တယ်ဂျ။ ခြံက..ကျွန်တော်ေ၇ာက်တုန်းက…ဖုန်းဆိုးတောကြီးကြနေတာပဲ။အပင်ကြီးတွေကလည်း..အုံအုံ ဆိုင်းဆိုင်းလေ။ အဲဒါတွေကို အကုန်ရှင်းပြီးတော့ မှ…. စပြီးတော့ …ဖရဲခင်း စိုက်တာ။အလုပ်သမားတွေက…အဲဒါကြောင့်လန့် တာထင်ပါတယ်။အဲဒီခြံကို စစ၀င်ကတည်းက စိတ်ထဲမှာတော့ မသန့် ဘူး။ဒါပေ့ မယ်…ဆက်လုပ်နေရတယ်။ ၀ယ်တာက၀ယ်ပြီးနေပြီလေ။ကိုယ်ကလည်း…အချောင်ဈေးဟ..ဆိုပြီး “မ” လိုက်မိတာ။ကိုယ်လက်ထဲရောက်မှ..အပုပ်ကြီးမှန်းသိတော့ …၇င်တော့ တော်တော်လေးခံသွားတယ်။ :D ဒါပေ့ မယ်…၀ယ်ပြီးသားဆိုတော့ ..ဆက်တော့ လုပ်ရမှာပဲဂျနော်။ဘယ်သူက ပိုက်ဆံအဆုံးခံနိုင်မလဲ။အားလုံးက စပြီးနေပီ။ကျွန်တော်နေနေတဲ့ အချိန်ကနေ အခုထိတော့ …ဘာမှခြောက်တယ်…လန့် တယ်…အသံမကြားရသေးဘူး။ ဇောင်းကြီးဆိုတဲ့ ကောင်ကလည်း…အလုပ်သာမလုပ်ချင်တာနော်..ဘုရားတော့ မှန်မှန်ရှီခိုးတယ်။အမျှဝေတယ်။သာဓုခေါ်တယ်။ပြီးမှ အိပ်တာ။ အနော်ကိုတော့ …သူက ဒိဌိ လို့ ခေါ်သဗျှ။ ဟုတ်တယ်။ အနော်က မရှိခိုးဘူး။မရှိခိုးနိုင်တော့ ဘူးဂျာ။လူကလည်း..တော်တော်လေးပင်ပန်းထားတာ တစ်နေကုန်။ အဲဒီတော့ အိပ်ချိန်ဆို…ထိုးအိပ်ပလိုက်တာပဲ။ ဒီကြားထဲမှာ…ကျွန်တော်လုပ်လိုက်တာလေးတစ်ခုရှိသေးတယ်ဂျ။အဲဒါဘာလဲဆိုတော့ …ကျွန်တော်တို့ ခြံအတတ်နားက ညောင်ပင်ကြီးအောက်မှာ…ကွပ်ပျစ်တစ်ခုထိုးထားလိုက်တာ။တစ်ချို့ က…တောထဲဝင်ပြီး ထင်းခွေတာတို့ သစ်မြစ်သစ်ဖုရှာတာတို့ ဆို…နားစ၇ာနေရာမရှိဘူးဂျ။အဲဒါနဲ့ …အဲဒီအရိပ်ကောင်းတဲ့ ..ညောင်ပင်ကြီးအောက်နားမှာ လုပ်ပေးလိုက်တာ။ ညောင်ပင်ကို ပတ်ပြီးတော့လေ။နတ်စင် ယိုင်နဲ့ နဲ့ လေးကိုလည်း..ပိုနေတဲ့ သစ်သားတွေနဲ့ သေသေချာချာလေး လုပ်ပေးလိုက်တယ်။ နတ်ရုပ်ကိုတော့ …ပြင်မနေတော့ ပါဘူး။ :D ။ ပြင်လည်း ဖုံတတ်မဲ့ တူတူ.. နေဟာ..ဒီအတိုင်း ဆိုပြီး တင်ပေးထားတာ။ပြီးတော့ ကျွန်တော်လုပ်တာတစ်ခုရှိတယ်ဂျ။အနော်က ကွမ်းအရမ်းစားတယ်။ တောင်ပေါ်ရောက်ရင်…တစ်ချိန်လုံးမပြတ်ဘူး ကွမ်းနဲ့ ပါးစပ်နဲ့ က။ အဲဒီတော့ … ကိုယ်..ရွာထဲသွားတာပဲဖြစ်ဖြစ်။ခြံထဲပြန်လာတာပဲ ဖြစ်ဖြစ်။ အဲဒီနတ်စင်ကို ၀င်ပြီး… “ဝေ့ …နတ် တင်စရာတော့ …ဒါပဲ ပါတယ်။ ဒါပဲ စားဟာ…မကြိုက်လည်းစား…ကြိုက်လည်းစား” ဆိုပြီး ကွမ်းယာတော့ သွားသွား..ကပ်ပေးတယ်။ဘာရယ်တော့ မဟုတ်ဘူးဂျာ။ ဒါပေ့ မယ်..နတ်စင်နဲ့ နတ်ရုပ်ရှိပြီး…ဆွမ်းတော်ကပ်တာတို့ ဘာတို့ မရှိတာကျတော့ …မပြည့် စုံဖူးထင်လို့ ။ ပြီးတော့ …လမ်းကလည်း ကြုံနေလို့ သွားသွားတင်လိုက်တာ။ လူတွေကလည်း..ရီတော့ ရီရတယ်ဂျ။ အဲဒီညောင်ပင်ကြီးနားမှာ ကျွန်တော်တို့ ….ကွပ်ပျစ်တွေရိုက်နေတုန်းကျတော့ … ဖြတ်သွားပြီး ကွက်ကြည့် ကွက်ကြည့် နဲ့ ။ ကွပ်ပျစ်လည်း…ပြီးသွားရော။ အစကတော့ …၀င်မထိုင်ရဲ ကြဘူး။တော်တော်များများက ဟိုအပင်ပုပုအောက်..ဒီအပင်ကျဲကျဲ အောက်သွားသွားထိုင်ပြီး နားကြတယ်။ ကျွန်တော်ကလည်း…အမြင်ကပ်လာတာနဲ့ ….ရေအိုးတစ်လုံး ထားပေးထားလိုက်တယ်။ရေထည့် ရတာတော့ လွယ်ပါတယ်။ ရေပုံးကို ဆိုင်ကယ်ပေါ်တင်လာပြီး။ ရေစစ်နဲ့ ဖြည့် ပေးလိုက်တယ်။ပြီးရင် ပြန်သယ်သွားတာ။ အဲဒီရေအိုးစင်လေးရောက်လာတော့ …ဘာလုပ်တယ်ထင်တုန်း။ရေလာသောက်တယ်။ပြီးတော့ …အပင်ပုပုတွေအောက်သွားပြန်ထိုင်တယ်။ တကယ်ဂျာ။ ဘယ်လို လူတွေမှန်းကို မသိဘူး။ သောက်မြင်ကတော်တော်ကို ကပ်တယ်။ သူတို့ က မထိုင်နေတော့ …ကျွန်တော်က အမောဖြေချင်လည်း..အဲဒီကွပ်ပျစ်မှာ သွားမထိုင်ရဲဘူး။ ဟုတ်တယ်လေဂျာ။လူကြီးသူမတွေက…နေပူထဲမှာ…ကျွန်တော်က အခန့် သား..အပင်ရိပ်ကြီးနဲ့ ..ကွပ်ပျစ်နဲ့ ။ လူကြားလို့ မှမကောင်း L ။သူတို့ တွေက ကျွန်တော်အဲဒီနားသွားရင် ကြည့် တယ်ခင်ဗျ အနော်ကို..။ သူတို့ အကြည့် လေးတွေက တစ်မျိုးပဲ။သိပ်တော့ အဓိပ္ပါယ်မဖေါ်တတ်ဘူး။ နောက်ဆုံး အကြံရပြီးတော့  ကျွန်တော်…ဆိုင်းဘုတ်တစ်ခုကို ရေးတယ်။ပြီးတော့ …အဲဒီနားမှာ…သွား ထောင်လိုက်တော့ မှ ကွပ်ပျစ်မှာ လူတွေလာထိုင်ပြီး နားကြတယ်ခင်ဗျ။ဆိုင်းဘုတ်မှာ…ဘာရေးထားတယ်ထင်တုန်း။ “ခွင့်မတောင်းပဲ ထိုင်နိုင်သည်” တဲ့ ခင်ဗျ။ အဲဒီတော့ မှ လူတွေဝင်လာတယ်။လေဒယ်။အဟုတ်။ ဒီလိုနဲ့ …နေလိုက်လာတာဂျာ။ သုံးပတ်ပြည့် တဲ့ နေ့ ပဲ။မှတ်မှတ်ရရလေ။ အဲဒီ သုံးပတ်ပြည့် တဲ့ ညမှာ။ ကျွန်တော်တို့ အရင်လိုပဲ အိပ်ကြတယ်ပေါ့ဂျာ။အဲဒီမှာ ခြံထဲက အော်သံတွေထွက်လာတာခင်ဗျ။ အစကတော့ …သေးသေးပဲအသံက..သိပ်မကြားရဘူး။နောက်တော့ အကျယ်ကြီးဖြစ်လာတယ်။ကျွန်တော်တို့ လည်း..လန့် နိုးလာတယ်။အဲဒါနဲ့ ဓါတ်မီးယူ၊ဓါးရှည်လွယ်ပြီး အပြင်ဘက်ထွက်ကြည့် ကြတာ။ အသံကြားရာဘက်ကိုပေါ့နော်။ သစ်ပင်တွေကလည်း အုံဆိုင်းနေတော့ …အမှောင်ကြီးပဲ။ လမိုက်ညဖြစ်တော့ ပိုဆိုးတယ်။ အသံကြားနေရတာက… ခြံစောင့်တဲ ဘက်ကဗျ။ အဲဒါနဲ့ ခပ်သုတ်သုတ်ထွက်လာရင်း…အစောင့်တဲ ရောက်လေ အသံက ပိုကျယ်လေ။ နီးလေးကျယ်လေပဲ။ အသံက ခြံစောင့်အသံ။တော်တော်လေးကို လန့် ပြီးအော်နေတာ။ကျွန်တော်လည်း..ဘာများဖြစ်နေလဲဆိုပြီးတော့ ….အတင်းပြေးသွားတာပဲ။ ဟိုရောက်တော့ …တဲထဲဝင်ပြီး ဓါတ်မီးနဲ့ ထိုးချလိုက်တာ။ ခြံစောင့်ဂျာ။ မြေကြီးမှာ လူးလိမ့် နေတယ်။ ဘာဖြစ်နေမှန်းကို မသိတာ။အဲဒါနဲ့  ကျွန်တော်က..၀င်ပြီး ပခုံးကို ကိုင်လိုက်တာ။ကျွန်တော်ကို ပိတ်တွန်းထဲ့ လိုက်တာများ။ တဲထောင့်က တိုင်နဲ့ … ခေါင်းနဲ့ ပစ်ဆောင့်သွားတယ်။ ဇောင်းကြီးကတော့ …တဲ ၀မှာရပ်နေရင်းလန့် နေတယ်။ချက်ခြင်းပဲ။ တစ်ခြား ခြံစောင့်တွေလည်းေ၇ာက်လာကြတယ်။ဒီလိုဂျ။အနော်တို့  ခြံက..လေးဘက်လေးလံမှာ..ခြံစောင့်ထားတယ်။ ကျွန်တော်တို့ နေတာက ခြံအလယ်မှာနေတာ။ အဲဒီတော့ ….အော်ခေါ်လိုက်ရင် ကြားနေရတယ်လေ။ တစ်ခုခုဆို..တန်းသိကြတာများတယ်။ကျွန်တော်ခြံထဲမှာပဲ လူခြောက်ယောက်ရှိတယ်ဆိုပါတော့ …အဲဒီတော့ ကျန်တဲ့ ခြံစောင့်တွေလည်း…အသံကြားတော့ ရောက်လာကြတယ်။ ဇောင်းကြီးရယ်..အခြားခြံစောင့်တွေရယ်က…အဲဒီ အရူးလို ဖြစ်နေတဲ့ …ခြံစောင့်ကို ၀ိုင်းချုပ်ကြတယ်။ဆောင့်ဆောင့်ပြီးတွန်းပစ်တာပဲ။အားကတော်တော်ကို ပြင်းတာ။ ဇောင်းကြီးကို ဆို ကိုက်လွှတ်လိုက်တာ။ ပခုံးမှာ..သေရာပါအမာရွှတ်ပါဖြစ်သွားတယ်။ ကျွန်တော်က..ကျွန်တော်ခေါင်းကို ကိုင်ကြည့် တော့ ..ပေါက်ပြီးတော့  သွေးထွက်နေပြီလေ။လူက သွေးမြင်ရင်မရဘူးဂျ။ ဒေါသထွက်တယ်။အသားနာသွားတာကိုး။ အဲဒါနဲ့ …အဲဒီခြံစောင့်ရဲ့ မေးရိုးကို ပြေးကန်တော့ တာပဲ။ :D တစ်ချက်ကန်တယ်။ခေါင်းလည်သွားတယ်။ ဆတ်ခနဲ ပြန်ကြည့် တယ်ဂျ အနော်ကိုလေ။ မျက်လုံးတွေက နီရဲတွတ်နေတာပဲ။ကျွန်တော်လည်း…စိတ်တိုတိုနဲ့ … “ ဘာကြည့် တာလဲ.” ဆိုပြီး လှိမ့် ပိတ်ကန်ပစ်လိုက်တာ။ လေးချက်မြောက်လောက်လည်းကျေ၇ာ…ခွေကျသွားတယ်။ အဲဒီတော့ မှ …. “အင်း..အင်း” ဆိုပြီး ညဉ်းသံနဲ့ …. “ကျွန်တော် ဘာဖြစ်သွားတာလဲ ဟင်” တဲ့ ။ ကျွန်တော်က ထကန်ဖို့ ပြင်နေပြီ။ အဲဒီအချိန်မှာလေ။ သူမေးတာလည်းကြားလိုက်ရော။ လူက တော်တော်လေး ဘာဖြစ်သွားမှန်းတောင်မသိဘူး။ ခုနပဲ …ဟိုလူကိုက် ဒီလူဆောင့်တွန်းနဲ့ ….အခုကျတော့ …ဘာဖြစ်သွားတာလဲ..ဆိုတော့ …ကျွန်တော်ဘာဖြေရမတုန်း။ဟင့်လေဒယ်။ အယ်..ဒါပေ့ မယ်..သူမေးတဲ့ အချိန်မှာ မျက်လုံးတွေက မရဲနေတာ့ ဘူး သိလား။သာမန်လိုမျိုးဖြစ်သွားနေပီ..အဲဒီအချိန်မှာ။ ကျွန်တော်နားထဲတော့ …ကြားယောင်လိုက်တယ်။ ဟို နန်းဆိုတဲ့ ကောင်မလေးပြောသံလေ။ “အကိုတို့ ခြံက တစ်အားကြမ်းတယ်ရော” ဆိုပြီးလေ။သရဲပူးမှန်းလည်း..အဲဒီတော့ မှ သိလိုက်တာ။ အဲဒါနဲ့ …ဇောင်းကြီးကို ...ဘုရားစင်ပေါ်ကရေယူခဲ့ ဆိုပြီးတော့ …. ယူခိုင်းပြီးတော့ …တိုက်လိုက်ရတယ်။ ပြီးတော့ …ခြံစောင့်အားလုံးကိုလည်း…ဒီနေ့ အလည်..တဲ ကိုလာအိပ်ဆိုပြီးပြောလိုက်တယ်။ ဘာလို့ လဲဆိုတော့ …အနော်လည်း ကြောက်တယ်ဂျ။ ဟီး အဟုတ်။ ခုန အဲဒီသွေးပူနေတုန်းမို့ ..အသေအလဲကစ်ထည့် လိုက်တာ။ အခုလိုမျိုးကြီး သွေးအေးနေတဲ့ အချိန်တော့ ကြောက်တယ်။ :D ဇောင်းကြီးနဲ့ ခြံစောင့်တွေ ရှေ့ မှာတော့ …လူက ခပ်တည်တည်ပေါ့ဂျာ။ ကိုယ်ကြောက်နေရင် သူတို့ ကနေစရာတောင်ရှိမှာမဟုတ်တော့ ဘူးလေ။ :D သရဲပူးခံရတဲ့ ..ခြံစောင့်က “ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။ တဲ ၀မှာလေ…” အဲဒီထဲ ပြောရသေးတယ်။ ကျွန်တော်က ပိတ်အော်ပလိုက်တယ်။ “နင့်အမေလင့် တဲဝ…ပါလား။သောက်ပါးစပ်ပိတ်။အလယ်တဲ လိုက်ခဲ့ ။မနက်မှပြော ဘာဖြစ်တယ်ဆိုတာ” ဆိုပြီး ဖြတ်ချလိုက်ရတယ်။ တကယ်လည်း..သူပြောလိုက်တာအရေးမကြီးဘူးဂျ။ကျန်တဲ့ သူတွေလန့် ကုန်မှာဆိုးလို့ ။အနော်လည်း ကြောက်တယ်။ မနက်ရောက်တော့ သူပြောတဲ့ ပုံစံက ပိုကြောက်ဖို့ ကောင်းတယ်။ :D ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။ တဲ ၀မှာလေ…မည်းမည်းကြီး" တဲ့ ခင်ဗျ။ :P ဖြစ်ပုံက…သူအသံကြားလို့ သွားအကြည့် မှာ…အဲဒီမည်းမည်းကြီးကို တဲဝမှာတွေ့ ပြီးကတည်းက ဘာမှမသိတော့ တာတဲ့ ။ နောက်တစ်ခုက သရဲပူးနေတုန်း…အနော်ကန်လိုက်တဲ့ …သုံးချက်လောက်က ဘာမှမဖြစ်ပေ့ မယ်။နောက်ဆုံးတစ်ချက်အကန်မှာ သရဲ မရှိတော့ ဘူးဂျ။အဲဒီတော့ …အနော် အားရပါးရ ကျုံးကန်ထည့် လိုက်တာ …သရဲ မဟုတ်ဘူး။လူဖြစ်နေတယ်လေ။ အဲဒီတော့ ဘယ်ခံနိုင်မတုန်း။ရောင်နေရော။ မနက်ကျတော့ …သူအဲဒီတစ်ခြမ်းရောင်ရောင်ကြီးနဲ့ …အလုပ်ဆင်းနေတယ်လေ။အဲဒါကျွန်တော်ခြံထဲအဆင်းတွေ့ တာ။ ပြီးတော့ …ကျွန်တော်ခေါင်းကလည်း ဖုနေတယ်။ဒီအတိုင်းအိပ်လိုက်တာကိုး။ အဲဒါနဲ့ …အဲဒီခြံစောင့်ကိုလည်း… “လာလာခင်ဗျားကို ဆေးခန်းပို့ ပေးမယ်” ဆိုပြီးတော့ …ကျွန်တော်ဆိုင်ကယ်နဲ့ …ခေါ်ထုတ်သွားရတယ်။ ရွာထဲကို ... ကျွန်တော်ဝင်လာကတည်းက ညက ကျွန်တော်တို့ ခြံထဲမှာ သရဲသောင်းကျန်းတယ်ဆိုတာ လူတိုင်းသိပြီးပြီ။ မြန်တယ်နော် သတင်းက။ အင်တာနက်တို့ …ဖုန်းတို့ သာမရှိတာ။ :D ။ ဒီလိုမျိုးကတော့ …လူတွေပါးစပ်တော်တော်လေး အလုပ်ဖြစ်တယ်။ ရွာထဲမှာ ကျွန်တော်က နန်းတို့ ဆိုင်ကို အရင်ဝင်တာဂျ။သူတို့ ဆီမှာမေးမို့ လေ။ဆေးခန်းဘယ်နားရှိမလဲလို့ ။ သူတို့ ကလည်း..သတင်းကြားတယ်။ရောက်ရောက်ခြင်းပဲ… “ကိုဇူး….အဆင်ပြေရဲ့ လား။ ညက သတင်းကြားတယ်။ဒီမနက်လိုက်လာမလို့ ပဲ။ ကိုဇူးတို့ ရောက်လာလို့ တော်သေးတယ်” ဆိုပြီး ဆီးပြောတာ။ကျွန်တော်က ရတယ်လို့ … ဆေးခန်းဘယ်နားရှိတုန်း…ဆိုတော့ ။ “ဒီရွာမှာ ဆေးခန်းမရှိဘူးလေ။ ဖြစ်ရင် ဆေးမြီးတိုတွေနဲ့ ပဲ ကုတာ” တဲ့ ။ တိန်! သေစမ်း။ ဆိုပြီးအနော်တောင် ဖြစ်သွားတယ်။ ရှင်းရှင်းပြောရရင်..အနော်ကန်တဲ့ အားကို အနော်သိတယ်ဂျ။ ဒီလူကို ဘယ်လိုမှ ဆေးမြီးတိုနဲ့ ကုပေးလို့ မဖြစ်ဘူး။တစ်ခုခုဖြစ်ရင် အမှုက ကိုယ်ဘက်ပတ်လာမှာ။အခုတောင်… သူဟာက…ညိုမည်းနေတာ။ပြီးတော့ ….နာတယ်ဆိုတာလည်း ပြောနေသေးတယ်လေ။ အဲဒါနဲ့ … “ဒါဆိုရင်တော့ …မြို့ ထဲပဲ သွားလိုက်တော့ မယ်” ဆိုပြီး…ဆိုင်ကယ် ကောက်အဆွဲ။ နန်းတို့ အဖေက… “ဝေ့ …ရှမ်းတစ်ဝက်၊ နင်ကငါတို့ ဆေးများ သောက်ထင်သေးလို့ ။ငါကုပေးမယ်။ မပျောက်ရင်..ငါခေါင်းလာဖြတ်” ဆိုပြီး ထအော်ပါလေေ၇ာ။ သူအော်သံက တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။တော်တော်တင်းနေတဲ့ ပုံစံ။ ရွာလာပြီး ဆေးခန်းမေးလို့ :D ။ ပြီးတော့ သူတို့ က အနော်ကို ရှမ်းတစ်ဝက်လို့ ခေါ်တယ်ဂျ။ကုလားနဲ့ ရှမ်းနဲ့ စပ်တယ်လေ.. အနော်က။အဲဒါကြောင့်…ရှမ်းတစ်ဝက်ပဲခေါ်တယ်။ ကျွန်တော်က ဖြစ်ပါ့မလားဆိုတဲ့ ပုံစံနဲ့ …နန်းကိုလှမ်းကြည့် တော့ … သူက ဖြစ်တယ်ဆိုတဲ့ ပုံစံလုပ်ပြတာကြောင့်… အဲဒီ ခြံစောင့်ကို အဖိုးကြီးလက်ထဲ..၀ ကွက်အပ်လိုက်ရတယ်။အဖိုးကြီးက ခြံစောင့်ကို ခေါ်သွားတယ်။ပြီးတော့  အဆီတစ်မျိုးနဲ့ အဲဒီမေးရိုးတစ်လျောက် ပွတ်တာ။ ဟိုခြံစောင့် မခံနိုင်ဘူး အသေအော်တာ။ အဲဒါ ရွာသားလေးငါးယောက်လောက်ကို ခေါ်ပြီးတော့ …သူကို ချုပ်။ပြီးတော့ …အဲဒီဟာလေးနဲ့ ..ပွတ်ပွတ်ပြီး။ ပုဆိုးစုတ်တွေနဲ့ …ပတ်ပေးထားလိုက်တယ်။ မေးရိုးကို သိုင်းပြီးလေ။ ကျွန်တော်ခေါင်းက အဖုကိုကျတော့ … နန်းက…ဆေးလိမ်းပြီး ကြက်ပူထိုးပေးနေတယ်ခင်ဗျ။ ဟီး :D မိုက်ထှာ။ အနော်က အငြိမ်ပဲ ဟဲ :D။ အနော်က မေးနေတာ.. “အဲဒီအဆီဘာခေါ်တုန်းဟင်” လို့ ဆိုပြီးလေ။ “တောင်ဆိတ်ဆီ” အဖိုးကြီးက လေသံမာမာနဲ့ ဝင်ဖြေတယ်။သူသမီး…အပြုအစုပေါ် ဇိမ်ကျနေတဲ့ အနော်ကို ။ ပေါက်နေတဲ့ လေသံ။လေသံက :D ခွိ။ အဲဒါနဲ့ …အနော်က “တောင်ဆိတ်ဆီတော့ မကြားဖူးဘူး။တောင်ဆိတ်လျှာတော့ သိတယ်” ဆိုပြီး သွားကွန့် မိတယ်။ အဲဒီမှာ အဖိုးကြီးက ထကြမ်းတာ။ “ဟ… ဒီမျိုးမစစ်ဟာလေ…နင်ကြည့် စမ်း…သောက်လုံးကန်းနေလား..ဟိုပုလင်းထဲမှာ တောင်ဆိတ်လျှာစိမ်ထားတာမမြင်ဘူးလား” ဆိုပြီး ဟောက်ပါလေရော။သူသမီးတောင် တွန့် သွားတယ်။ :D အနော်လည်း…သူသမီး..ကြက်ပူထိုးပေးနေတဲ့ နေရာက ထပြီးတော့ …သွားကြည့် တယ်။ ပြီးတော့ အဆီနည်းနည်းတောင်းလာခဲ့ တယ်။ခြံစောင့်ကတော့ …အလုပ်ပေးနားလိုက်တယ်။သူရွာထိအနော်ပဲလိုက်ပို့ တာ။ ပြီးတော့  သူအလုပ်မလုပ်ရတဲ့ ရက်မှာ သုံးဖို့ ငါးထောင်လောက်ပေးထားလိုက်တယ်။အလုပ်လုပ်မှ ပြန်ဖျက်ပေါ့နော်။ အဖိုးကြီးက ခြံစောင့်ကို သွားပို့ တော့ …ပြန်ရင် ၀င်ခဲ့ အုံးဆိုပြီးမှာတာဂျ။အဲဒါနဲ့ …ရွာထဲ ပြန်ရောက်တော့ …သူအိမ်ဝင်လိုက်တာပေါ့နော်။သူက ကျွန်တော်ကို ဘာပြောလဲဆိုတော့  “နင်သတိတော့ ထားကွယ်။အဲဒီနယ်မြေကကြမ်းတယ်။အဲဒီတော့ …အစစအရာရာ ဆင်ခြင် ဘုရားတရားမမေ့ နဲ့ ” လို့ ပြောတယ်ဂျ။ပြီးတော့ …. ပုရိတ်ကြိုးတွေလည်း ပေးလိုက်တယ်။ဒီလို ဆိုတော့ အဖိုးကြီးက သဘောကောင်းသားဂျနော်။ အဲဒါနဲ့ အပြန်ကျတော့ …၇ွာထိပ်မှာ အကြော်ဆိုင်တစ်ဆိုင်တွေ့ လို့  ၀င်စားနေတာ။ဇောင်းကြီးနဲ့ ခြံက အလုပ်သမားတွေအတွတ်လည်း ၀ယ်သွားရင်းပေါ့နော်။ကျွန်တော်က အကျင့်ရှိတယ်ဂျ။ ဘာပဲစားတာဖြစ်ဖြစ်။ တစ်ခုခုဆို အလုပ်သမားတွေ အတွတ်ရော။အကုန်လုံးအတွတ်ပေါ့နော်။ဝယ်သွားတတ်တယ်။ ပြီးရင် တူတူစားတာပဲ။ ခြံထဲမှာဆို..နေ့ လည်စာစားချိန်ဆို…အလုပ်သမားမို့ ဘာညာမခွဲဘူး။အသားဆိုအသား။အရွက်ဆို အရွက်ပေါ့ဂျာ။ တူတူကစ်လိုက်တာပဲ။တစ်ခုခုဝယ်လာပြီဆိုလည်း…အားလုံး ခွဲကျွေးလိုက်တာ။အဲဒီတော့  ခြံစောင့်ကအစ အလုပ်သမားအကုန်ချစ်တယ်ဂျ။အနော်ကို ငယ်သာငယ်တယ်။စိတ်ရင်းကောင်းတယ်ဆိုပြီးလေ။ အမှန်တော့ ကိုယ်ချင်းစာတာပါ။သူတို့ လည်း..ဒီဘ၀ကလာတာ။အနော်တို့ လည်း.. ခြံပိုင်ရှင်ဆိုပေ့ မယ်…ဘာမှထူးဖူး။ နေပူထဲချည်းလှိမ့် နေရတာ။ ခင်ဗျားနေကြည့် တစ်နေကုန် နေပူထဲ :D ။ရူးသွပ်သွားမယ်။ အဲဒီတော့ …သူတို့ ကို ထမင်းစားချိန်တစ်ခါ..ညနေ သုံးနာရီလောက်တစ်ခါ…နားခိုင်းတယ်။ :D ကော်ဖီတွေ ဘာတွေဆိုလည်း…အိုးကြီးနဲ့ ဖျော်။ တူတူကစ်ပဲ :D။ အဲဒါကတော့ …တစ်ပတ်တစ်ခါလောက်ပဲ လုပ်နိုင်တယ်။အဲဒီလောက်လေး လုပ်တာတောင်။ အလင်းက ဖုန်းထဲကနေ…ဆဲသေးတယ်။ “နင် အလှူသွားလုပ်တာလား…အလုပ်သွားလုပ်တာလား” ဆိုပြီးလေ။ အနော်လည်း ဆဲပေးလိုက်တယ်။ “သေလိုက်ပါလား….မသာမ..နင်လာလုပ်ကြည့် ” ဆိုပြီး :D ။ အဲဒီလိုနဲ့ အကြော်စားနေတုန်း။ရွာသွားတွေက ကျွန်တော်ကို တွေ့ တော့ ပြုံးပြကြတယ်ဂျ။ကျွန်တော်လည်း တော်တော်လေး အံသြသွားတယ်။ဘယ်နှယ့် အရင်က ရန်လိုတဲ့  အကြည့် တွေနဲ့ ..အခုကြတော့ …နှစ်လိုဖွယ်အပြုံးတွေလာလုပ်နေတယ်။ :D မာယာတွေလား…အမှန်အကန်တွေလား..အနော်သိပ်မစဉ်းစားချင်ဘူး။ ခေါင်းနောက်တယ်။ဒါပေ့ မယ်…သူတို့ စပြီး စကားလာပြောတော့ …အမှန်အကန်အပြုံးတွေဆိုတာ သိလိုက်ရပါတယ်။ သူတို့ အနော်ကို ခင်သွားတဲ့ အကြောင်းရင်းက ဒီလိုဂျ။ အနော် ညောင်ပင်ကြီး အောက်မှာ ကွပ်ပျစ်ကြီးထိုးထားတယ်ရော။အဲဒီ ကွပ်ပျစ်က သူတို့ အတွတ် တော်တော်လေးအဆင်ပြေတယ်ဂျ။သောက်ရေကလည်းရှိတယ်။အနည်မပါအောင် ရေစစ်နဲ့ ထည့် ထားတော့ သန့် တယ်။ သူတို့ တွေက..ဒီလိုပဲ သောက်ကြတာလေ။အဲဒီလိုတွေဘာတွေလုပ်ဝူး :D ။ အဲဒီကွပ်ပျစ်မှာ နားတိုင်း သူတို့ တော်တော်လေး ကျွန်တော် အကြောင်းပြောဖြစ်တယ်ဆိုပဲ။ နောက်တစ်ခုက….ပအိုဝ့် မတစ်ယောက်ဂျာ။ယောင်္ကျားက..တောင်ပေါ်မှာ အလုပ်သွားလုပ်တယ်။သူက ကိုယ်ဝန်နဲ့ ။ အဲဒါကို အိမ်မှာထင်းမရှိရင်…တစ်ယောက်ယောက်အကူအညီတောင်းပါလား မတောင်းဘူး။ တောထဲသွားပြီးတော့ … ထင်းခွေတယ်လေ။အငြိမ်မနေတာအဲဒါ။ အပြန်ကျတော့  ဗိုက်နာပြီး….သူအပေါင်းအဖော်တွေနဲ့ …အနော်ထိုးထားတဲ့ ကွပ်ပျစ်မှာ… မီယပ်သားဖွားခန်း ဖွင့်သွားတယ်။ :D တေရော။ အဲဒါတွေ ကို ရွာသားတွေက ပြောပြနေတယ်အနော်ကိုလေ။ အနော်က “အယ်! သွေးတွေကို ကျတော့  သူတို ဘယ်လိုရှင်းလိုက်လဲ” ဆိုတော့ …အကြော်သည် အန်တီကြီးက ၀င်ဖြေတယ်။ “မောင်ဇူး..သောက်ေ၇အိုးစင်က ဟာနဲ့  ဆေးလိုက်တယ်ပြောတယ်” တဲ့ ….သူက ပြောပြီး ရီနေသေးတယ်။ အနော်တော့ ..ဝေါ့ ..ဆိုပြီး အန်တော့ တာပဲ။အကြော်စားရင်းလေ။ တော်တော် ညစ်ပတ်တဲ့ လူတွေ L ။ အဲဒီရေကို အနော်သောက်နေတာကြာပြီ။ နာ့ ရေချမ်းစင်လေးကွ။ နာ့ ရေအိုးလေးကွ။ဆိုပြီး အသွားတစ်ခေါက် အပြန်တစ်ခေါက်ကို သောက်တာ။ L ခလေးမွေးတာက ရှစ်ရက်လောက်ရှီနေပြီလေ။အဲဒီတော့ …ရှစ်ရက်လုံးလုံးသောက်နေရတာပေါ့။ စဉ်းစားကြည့် ချမ်းပါဦးဂျာ။ အခုတောင် ခြံထဲမှာ သရဲကသောင်းကျန်းနေတာ။ အဲဒီရေသောက်မှတော့ ….ဘယ် ဘုန်းတန်ခိုးက လာရှိတော့ မတုန်း။ သရဲက ဒီတစ်ခါဆို..ရီပြပြီး..အနော် မေးရိုးရိုက်ချိုးတွားမှာ L ။ဟင့်..လေဒယ်။တကယ်ပဲ။ အနော်အန်တော့ …၇ွာသွားတွေကလည်း….ရီနေတာဂျ။အဲဒါနဲ့ …အနော်လည်းတင်းပြီး..ခင်ဗျားတို့ ရီမနေနဲ့ ။ဒီရက်ပိုင်း… ခင်ဗျားတို့ ရော သွားမသောက်ဘူးလား…အဲဒီရေ..ဆိုတော့ …မှ သူတို့ လည်း..သတိ၇ပြီး။တစ်ဝေါ့ ဝေါ့ ဖြစ်ကုန်တယ်။ သူဝေါ့…ကိုယ်ဝေါ့နဲ့ ….တစ်ရုတ်တွေကျနေတာပဲ ဂျာ အဟုတ်။အကြော်ဆိုင်လည်း..အဲဒီညနေက ပိတ်လိုက်ရတယ်။ :D ပတ်ပတ်လည် အံ့ဖတ်တွေ ပြည့် သွားလို့ လေ။ :P အဲဒီလိုနဲ့ ..ကျွန်တော်လည်း…ခြံထဲပြန်ပြန်ရောက်ရောက်ခြင်း။ သောက်ေ၇အိုးစင်ကို သွားပြီးတော့ …လှဲလိုက်ရတယ်။ ကျွန်တော်ခြံက အခုဆိုပျော်ဖို့ ကောင်းနေပြီဂျ သိလား။တောထဲသွားတဲ့ သူတွေက သူတို့ ခလေးတွေကို ကျွန်တော်ခြံထဲမှာထားထားခဲ့ တယ်။ဟိုမှာက မြွေပါးကင်းပါးလေ။အဲဒါကြောင့်ပါ။ခလေးတွေအတွတ် အနော်ကလည်း ဒန်းတွေတွေ စီးဖို့ လုပ်ထားပေးတယ်။သူတို့ တွေ ဆော့ ပေါ့ဂျာ။ အယ်…စိုက်ခင်းတွေ ဘက်တော့ သွားမဆော့ ခိုင်းဘူး။ တော်ကြာ အပင်တွေလိုက်နင်းလိုက်လို့ အကုန်ပျက်ကုန်မှာ။ ဇောင်းကြီးကလည်း…သူဟာသူ သာသာယာယာ ကြိုးကုတင်ပေါ်ကကို မဆင်းတာ။ခလေးတွေက အနော်ခြံကို ဘယ်လိုခေါ်တယ်ထင်တုန်း။ :D ကော်ကော်ဇူး ခြံတဲ့ :P ။ အစက တော့ …ဒီ ပအိုဝ့် တွေ ကိုကိုဇူး ဆိုတာကို စကားမပီပဲ ပြောတယ်ထင်တာ။ နောက်မှ မေးကြည့် တော့ ဟုတ်ဝူးဂျ။ :D ကော်ဖီ တိုက်တယ်လေ။အနော်က ခလေးတွေကို။ အဲဒါဘာလဲတဲ့ ခလေးတစ်ယောက်မေးတော့ ..ကော်ဖီ ဆိုတာကို သူက မခေါ်တတ်ဘူး။ အဲဒါနဲ့ ..ဇောင်းကြီးက နောက်ပြီး ကော်ကော် လို့ ပြောလိုက်တယ်။အဲဒီကစပြီးတော့ ကျွန်တော်နဲ့ ...ကော်ဖီကို တွဲမှတ်တော့ တာပါပဲ။ ခေါ်ရင်လည်း… ကော်ကော်ဇူး ဆိုပြီးတော့ ..ဘာကြီးမှန်းမသိဘူး။ နာမည်ကိုပျက်ရော။မခေါ်ပါနဲ့ ပြောလည်း ခဏပဲ။ :D အဲဒါနဲ့ …လွှတ်ထားပေးလိုက်ရတယ်။ ဒီလိုနဲ့ ဂျာ။တစ်နေ့ ….နေက တော်တော်ပူတယ်ခင်ဗျ။ခြံထဲမှာ အိပ်တော့ လည်း…ခလေးတွေက ဆူညံ ဆူညံနဲ့ မို့ ။ အဲဒါနဲ့ …အနော်လည်း ဆိုက်ကယ်ယူပြီးတော့ … ညောင်ပင်အောက်က ကွပ်ပျစ်မှာ သွားအိပ်နေလိုက်တယ်။ တော်တော်လေးမိုက်တယ်ဂျ။လေက တစ်ဖြည်းဖြည်းနဲ့ လေ။အပင်ရိပ်က အေးနေတော့ …အအိုက်သက်သာတယ်။ အိပ်နေတုန်းဂျာ။မှေးကနဲ ပဲ ရှိသေးတယ်။ လူတစ်ယောက် ဘေးမှာလာထိုင်နေတယ်။ကျွန်တော်သိတယ်။သူထိုင်နေတာ။ ဒါပေ့ မယ် ထမကြည့် ဖြစ်ဘူး။တစ်ယောက်ရှိတော့ …အစောင့်ရတာပေါ့ဆိုပြီးတော့ …ထပ်အိပ်နေတာ။ဟုတ်တယ်။ အနော်အိပ်သာအိပ်ရတာ..မြွေတော့ လန့် တယ်ဂျ။ဆင်းဆင်းလာတတ်တယ်။ အဲဒီကောင်တွေနဲ့ က အကျိုးသိပ်ပေးတာမဟုတ်ဘူး။အဲဒီလူကလည်း….တော်တော်နဲ့ မထသွားဘူး ထိုင်နေတာ..အနော်လည်းအိပ်ပျော်သွားတယ်။ နှိုးလာတော့ မရှိဘူးတော့ ဘူးဂျ။ သတိတော့ မထားမိပါဘူး။ ကိုယ်ဆိုင်ကယ်ကိုယ်ဆွဲပြီး ခြံထဲ ပြန်သွားလိုက်တာ။ အဲဒီနေ့ ညမှာ သရဲ သောင်းကျန်းသဗျှ။ဘယ်လိုစတာလဲဆိုတော့ …ညဘက်ကြီး။ ကျွန်တော်တို့ ..အိပ်နေတဲ့ တဲ ခေါင်မိုးပေါ်ကို ခဲတွေလား။သဲတွေလား မသိဘူ။ကျလာတာ။ဇောင်းကြီးက ဝေ့ ငဇူး ထကြည့် စမ်း။ခေါင်းမိုးပေါ်မှာဘာလဲ။ မသိဘူးတဲ့ ။ အနော်လည်း..သေသေချာချာလေးနားထောင်တယ်။ တစ်ခုခုနဲ့ ကို ခေါင်မိုးကို ထုနေတာ။ကျွန်တော် ဓါးဆွဲပြီးတော့ ။ အပြင်ထွက်လိုက်တော့ ….အသံမကြားရတော့ ဘူး။စိတ်ထဲက လူမှန်းမသိ။သရဲ မှန်းမသိတော့ ။ ပါးစပ်က အော်ပြောလိုက်တယ်။ “ဒါးနော်…တွေ့ လား။ ခုတ်ရင်ပြတ်တယ်။ နောက် မလုပ်နဲ့ ” ဆိုပြီးတော့ လေ။ အဲဒီအချိန်မှာဂျာ။ခြံထဲမှာရှိတဲ့ အပင်တိုင်းက လေမတိုက်ပဲ ယိမ်းတာ။ ပက်စက်တယ်။ အသေယိမ်းတာနော်။ အနော်လည်း ကြောင်သွားတယ်။ ဇောင်းကြီးက ဘေးမှာ။သူလည်း ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာလေ။ အဲဒီအချိန် လေတစ်ချက် ကျွန်တော်တို့ ကို လာတိုးတယ်။ မိတ်ဆွေတို့ ကြုံဖူးလား။ ကန်တော့ ပါရဲ့ ။တစ်ခါတစ်လေ အနော်တို့  အပေါ့(ဆီး) သွားရင် ကြက်သီးထတာလေ။ အဲဒီထက်နှစ်ဆပြင်းတယ်ဗျို့ ။ ခေါင်းတွေ ဘာတွေကြီးပြီး။ ဆံပင်တွေဘာတွေထောင်သွားတယ်။မတိုင်ပင်ထားပဲ နော်။နှစ်ယောက်လုံး တဲ ထဲ ကိုရောက်သွားတယ်။ တံခါးကို ဆွဲပိတ်ချလိုက်တယ်။ ဇောင်းကြီး မျက်နှာမှာ သွေးမရှိတော့ ဘူး။ ကျွန်တော်လည်း..လန့် နေတယ်။ဒါပေ့ မယ် မသာဇောင်းကြီးက အနော်ကိုကြည့် နေတယ်ဂျာ။အနော်မျက်နှာပျက်မပျက်ကို ကြည့် နေတာ။အနော်ပျက်ရင် သူနေစရာရှိမှာမဟုတ်ဘူး။ ချက်ခြင်း မေမြို့ ကောက်ပြန်သွားလိမ့် မယ်။ ဒီလိုခြောက်ပုံနဲ့ ။ ကျွန်တော်က.. “လေကလည်းကွာလို့ …အေးလိုက်တာ…နော်” လို့ ပြောမိပါတယ်။သူက အသံတုန်တုန်နဲ့  “နင့်မေလင့်..လေကြီးအေးနေတယ်သိလား…ပေါ်တင်ကြီး ခြောက်တာကြီးကို” ဆိုပြီး အသံက ထွက်မလာတော့ ဘူး။ အဲဒီအချိန်မှာ…တဲတံခါးကို ခဲနဲ ထုတာဂျ။ “ဂလောက် ဂလောက် ဂလောက်” ဆိုပြီးလေ။ အိ..အနော်ရူးချင်သွားတယ်။ တော်တော်ကိုလည်း..စိတ်ပျက်တယ်။ခဲတွေက တံခါးကို အဆက်မပြတ်ကျနေတဲ့ အဆုံး အနော်ဘာလုပ်လဲဆိုတော့ .. ဘုရားစင်သွားတယ်။အနော်ရွတ်နေကျဂါထာရှိတယ်။အဲဒါရွှတ်တယ်။ကိုးခေါက်။ ရှိခိုးတယ်။ ဆုတောင်းတယ်။ မမြင်၇တဲ့ သူအားလုံး..စောင့်ရှောက်ပါလို့ ။ ဆိုပြီးလေ။ ပြီးတော့ …ဓါးမှာ ပရိတ်ကြိုးချည်ပြီးတော့ …ပရိတ်ထုတ်ပါ။ယူသွားတယ်။ ဇောင်းကြီးကိုလည်း..ဆွဲပေးတယ်။ ဓါးကို ဘာလုပ်ရလဲဆိုတော့ …ဘုရားစင်ကရေနဲ့ လေ။လောင်းချလိုက်တယ်။ ဇောင်းကြီးဂျာ။ဘယ်လောက်ကြောက်လဲဆိုတော့ …အဲဒီအရည်တွေကို တစ်ကိုယ်လုံးလောင်းချပလိုက်တယ်။ ဒီလောက်ချမ်းနေတာကို။သူကြောက်ရင်လည်း ကြောက်လောက်ပါတယ်။ အဲဒါနဲ့ ..ဇောင်းကြီးကို မခေါ်တော့ ပဲ။တဲ ထဲမှာပဲနေနော် ဆိုပြီးတော့ …အပြင်ထွက်တယ်။ထူးဆန်းတာ။ အနော်အပြင်ထွက်လိုက်တာနဲ့ …ခဲနဲ့ ထုနေတဲ့ အသံပျောက်သွားတယ်။ပြီးရင်..လေတွေ ခုနလိုပဲ ကိုယ်ကိုယ်လာလာတိုးတယ်။ဟင့်…ပြောရင်းနဲ့ တောင် ကြက်သီးထတယ်။ L။ အနော်ဘာလုပ်လဲသိလား။ ဓါးကို ထောင်ပြီးတော့ …ယိမ်းနေတဲ့ သစ်ပင်တိုင်းကို လိုက်ခုတ်တာနော်။အသေခုတ်တာ။ ဒီအပင်ယိမ်းလို့ ….ခုတ်လိုက်ရင်။ခုတ်တဲ့ အပင် ယိမ်းတာငြိမ်သွားတယ်။ မပျော်လိုက်နဲ့ အုံးနော်။နောက်တစ်ပင်ထပ်ယိမ်းတယ်။ အဲဒီလို ယိမ်းတိုင်း လိုက်ခုတ်နေရင်..သရဲက ပျော်မှာပဲ။အနော်အမောဆို့ ပြီးသေမယ်ဆိုပြီးလေ။ အဲဒါဘယ်လိုလုပ်ရလဲဆိုတော့ …ခုတ်လိုက်တယ်။မယိမ်းတော့ ဘူးဆို ပုရိတ်ကြိုးချည်ပလိုက်တယ်။ ရှင်းရော။ အဲဒီလို လိုက်လုပ်တာဂျာ။ တစ်ခြံလုံးနှံ့ သွားတယ်။အမှောင်ကြီးထဲနော်။ လရောင်မှိန်ပျပျနဲ့ …ကြယ်ရောင်တွေအားကိုးပြီးလိုက်လုပ်ရတာ။လူကလည်းတော်တော်မောနေပြီ။ အရေးထဲ…အော်ရသေးတယ်။ နာ လက်ထဲ ဓါးပါတယ်နော်။လိုက်ခုတ်နေတာ…ခြံစောင့်တွေ မထွက်နဲ့ တဲ ထဲက…. ဆိုပြီးလေ။အဲဓီလို မအော်လို့  လူရယ်ဘာရယ်မခွဲခြားပဲ ခုတ်မိလိုက်လို့ ကတော့ လေ။ မတွေးရဲ ဘူး။ ငဇူး ငပိစားနေရမယ်။ L (ကြိုက်ဝူး အဲဒီငပိ နံတယ်) L ။ ။အဲဒီလိုအော်တာကြောင့်လည်း…ခြံစောင့်တွေက ထွက်မလာတာ။မဟုတ်ရင်သူတို့ က အသံကြားတယ်။ဘာဖြစ်တာလဲဆိုပြီးတော့  လာကြမှာ။အဲဒါဆိုရင်တော့  သေချာပီ ခုတ်မိဖို့ က။ အမှောင်ကြီးထဲ ဘာမှမမြင်ရဘူး။ အဲဒီလို ခုတ်လာရင်းနဲ့ …နောက်ဆုံးအပင်တစ်ပင်ကို ရောက်သွားတယ်ဂျာ။သိလား။အဲဒီအပင်တော်တော်ကြီးတယ်ဂျ။ ရေကသစ်ပင်လားမသိဘူး။အဲဒီအပင်အောက်မှာ…စမ်းချောင်းလေးရှိတယ်။အနော်တို့ ရေချိုးရင် အဲဒီမှာပဲချိုးတာ။ အဲဒီေ၇ကသစ်ပင်က အကြီးကြီးရယ်။ အဲဒီကောင်ကြီးတစ်ကောင်တည်းလုပ်နေတယ်။ကျန်တဲ့ ဟာတွေမလုပ်တော့ ဘူး။ အနော်လည်း…ဘာမှလုပ်စရာမရှိတော့ ဘူး။အဲဒီအပင်နားလည်း မသွားရဲဘူးဂျ။အပင်က အောက်ခြေရှုပ်တယ်။အမြစ်များတယ်။ကပ်သွားရင်..အဲဒီအပင်က နောက်ဆုံးလေ။ ခွေးကိုတောင်ဂျာ…ဂျောင်ပိတ်ရိုက်ရင်..ပြန်ကိုက်တာပဲ။အဲဒီ အပင်နောက်ဆုံးကျန်တာ..အနော်အရဲမကိုးသင့်ဘူးထင်တာပဲ။ အဲဒါနဲ့  သေသေချာချာကြည့် နေတာ။သူကလည်း…ကပ်လာရင် တီးတော့ မဲ့ အထာပဲ။အမြစ်တွေတောင် ကြွလာသလားမှတ်ရတယ်။ ကျွန်တော်လည်း…တော်တော်လေး ပင်ပန်းနေတာနဲ့ ။ စကားတစ်ခွန်းပြောပြီး ပြန်လှည့် ခဲ့ တယ်။ “နင်သက်သာသွားတယ်နော်။ငါ အဆုံးမချင်သေးဘူး။အဲဒီတော့ အေးဆေးနေ။မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ … အခု နာ အိပ်တော့ မယ်..ဘာမှ လာမနှောက်ယှက်နဲ့ … အေး..တစ်ခုခုဆို အဲဒီအပင်ကို သံတွေရိုက်ထည့် လိုက်မယ်။ ကြားလား” ဆိုပြီးအော်ပြောပလိုက်တာ။ အဲဒီအပင် သွက်သွက်ခါ သွားတာများဂျာ။အနော်တောင်…ပြန်ပြေးရင်ကောင်းမလားတွေးတယ်။ပြေးရင်တော့ သေမှာပဲ။အဲဒါက အာမခံတယ်။ အဲဒါကြောင့် စိတ်ကို ထိမ်းထားတာ။ တော်တော်လေးတော့ …လူက ပြိုချင်နေပြီ။ အဲဒီအပင်ကြီး သွက်သွက်ခါသွားတဲ့ သဘောက။ သဘောပေါက်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးဂျ။ သောက်ရမ်းပေါက်တယ်ဆိုတဲ့ အထာ ဖြစ်နိုင်တယ်။အနော်..ထင်တာပြောတာပါ။အဲဒါနဲ့ …နည်းနည်းတော့ ပြန်ချော့ ရတာပေါ့ဂျာ။ တော်ကြာအိပ်နေတုန်း အသေလာသတ်သွားမှာဆိုးလို့ ။ “လာပေါက်မနေနဲ့ ။ဒီည ကောင်းကောင်းအိပ်ရရင်..မနက် ပရိတ်ကြိုးတွေ အကုန်ဖြေပေးမယ်” ။ အဲဒီလို…ပြောလည်းပြောလိုက်ရော။လေတွေဘာတွေငြိမ်သွားပြီး အပင်က ၀ပ်စင်းသွားတာပဲ။ကိုယ်တောင်သနားတယ်။အဟုတ်။ အော် သရဲ ဘ၀နှယ် ဆိုးလိုက်တာ ဆိုပြီးလေ။ :D ဟီး။ အဲဒီလိုနဲ့ …တဲ ဆီကို ပြန်ဖို့ …လှည့် လည်းလှည့် လိုက်ရော….သောင်းကျန်းတော့ တာပဲ။ “၀ုန်း…ဒိုင်း” ဆိုပြီးလေ။အနော်လည်း လှည့် ကြည့် မနေတော့ ဘူး။ကြောက်တာတော်တော်လေးကြောက်နေပြီ။ ဒီအတိုင်းပဲ…နေဟယ်။ဆိုပြီး..ပစ်ထားခဲ့ တာ။ တဲ ထဲ ရောက်တော့ …လူက…အရမ်းလန့် နေတယ်။အနော်ပြောပါတယ်။ ဟုတ်တယ်လေ။ စိတ်လျှော့ လိုက်တာကိုး။ အထဲမှာ ဇောင်းကြီးက ဗုဒွမြတ်စွာဘုရားဆင်းတုကို ရင်ခွင်ပိုက်ပြီး ငုတ်တုတ်ထိုင်နေတယ်။အနော်လေ ပြေးကန်ချင်တာ။ ဘုရားကြီး ရင်ခွင်ပိုက်ထားလို့ ။ငရဲကြီးမှာဆိုးလို့ ။ အဟုတ်ဂျာ။ဘယ်နှယ့် …တကယ်သွားရင်ဆိုင်ရတာအနော်။သူကအထဲကနေပြီးတော့ လာကြောက်ပြနေတယ်။ L လေဒယ်။ အဲဒီညကတော့ ….အိပ်လိုက်ရပါတယ်…ကောင်းကောင်း။ မအိပ်လို့ လည်းမရဘူး။ မနက်အလုပ်တွေအများကြီး၇ယ်။ လာသတ်ရင်လည်း..သေလိုက်တော့ မယ်။ အဟုတ်စိတ်ညစ်တယ်။ ဒီခြံစုတ်နဲ့ ….နှစ်ပါးသွားကရတာလေ။ဘယ်လိုမှ မမြိုင်ဘူး။ဟင့် L ဒီလိုနဲ့ မိုးလင်းတော့ …ခြံစောင့်တွေက…လာပြောတယ်။အနော်နိုးသွားမှ လာပြောကြတာပါ။အနော်က အိပ်နေရင်လာနှိုးတာမကြိုက်ဘူး။သူတို့ သိတယ်။အနော်ကို သူတို့ က အိုက်ဇူး လို့ ခေါ်သဗျ။အမှန်တော့် ခြံစောင့်အားလုံးက သုံးဆယ်ကျော် လေးဆယ်ကျော်အရွယ်တွေပါ။အနော်က ဆယ်ရှစ်နှစ်။ ဒါပေ့ မယ်… သူတို့ က အနော်ကို…ဘယ်လိုခေါ်မလဲဂျာ။အလုပ်ရှင်ဆိုပြီးလေးလေးစားစားဆက်ဆံတယ်။အနော်ကလည်း..ရိုသေတယ်။ ကိုယ့်ဦးလေးတွေလို ကိုယ်ဆွေမျိုးတွေလိုလေ။ အလုပ်တစ်ခုလုပ်ရတာမလွယ်ဘူးဂျ။ဒီလိုပဲ ထိမ်းတတ်မှ မဟုတ်ရင် မလွယ်ဘူး။ အဲဒါကြောင့် လူကြီးတွေပဲခေါ်တယ်။ ရွယ်တူတွေဆို…မာနလေးက ရှိသေးတယ်…သူတို့ တွေကလေ။ပြောရင် မကြိုက်တာတို့ ဘာတို့ နဲ့ ။ကျွန်တော်နဲ့ သိပ်မကိုက်ဘူး။ အဲဒါနဲ့ ခြံစောင့်တွေက…လာပြောတယ်။ “ညက အိုက်ဇူး အော်သံကြားလို့ ထွက်ကြည့် မလို့ တဲ့ …သောင်ကျန်းနေတာသိတယ်တဲ့ ။ ဒါပေ့ မယ်..မထွက်နဲ့ လို့ အော်ထားလို့ ငြိမ်နေတာ” ဆိုပြီးလေ။ ဟုတ်တယ်လေ..ထွက်ရင်လည်းသေမှာ။အနော်က ခုတ်မှာပဲ ဘယ်သူလာလာ အဲဒီအချိန် အသိစိတ်က သိပ်ရှိတာ မဟုတ်ဘူး ကြောက်နေပြီလေ။ အဲဒီတော့ ခြံစောင့်တွေ အကြံဥာဏ်ပေးတယ်။ နတ်ကတော် ခေါ်မေးကြည့် ပါလားတဲ့ ။ “ဘာ…ဦးလေးရူးနေလား။ နတ် ကျွန်တော် အယုံအကြည် မရှိဘူး။နတ်ကတော်တွေကို” ဆိုပြီးတော့ အော်လွှတ်ပလိုက်တယ်။သူတို့ လည်း…ကျွန်တော် အယုံအကြည့် မရှိဘူးဆိုတော့ …မပြောတော့ ပါဘူး။ထွက်သွားတယ်။ အနော်က ဂတိတော့ တည်တယ်ဂျ။အိပ်ယာနိုးတာနဲ့  အပင်က ပရိတ်ကြိုးတွေ..အကုန်လိုက်ဖြုတ်တာပဲ။ဘယ်သူပဲ ဖြစ်ဖြစ်ဂျာ။လွတ်လွတ်လပ်လပ်နေချင်တဲ့ သူတွေချည်းပဲ။ သူတို့ လည်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့။အဲဒါကြောင့်ပါ။ အနောက်အယှက်ပေးမယ်ဆိုရင်တော့ …အသေချည်ပလိုက်မယ်။ အဟုတ်လုပ်မှာ..ဟင့် ညစ်နေပြီ။ အဲဒီအပင်တွေက ပရိတ်ကြိုးတွေ လိုက်ဖြုတ်နေတုန်း….ဇောင်းကြီးရောက်လာတယ်။ “ငဇူး….နတ်ကတော်..ခေါ်မေးရအောင်လေနော်။မေးကြည့် ချင်တယ်ကွာ..ဘာပဲဖြစ်ဖြစ်” ဆိုပြီးတော့ …လာပြောနေတယ်။သူမျက်နှာကြည့် တော့ လည်း….ဖြစ်နိုင်ရင် အခုထပြန်ချင်တဲ့ ရုပ်။ဇောင်းကြီး အကြောင်းအနော်ကောင်းကောင်းသိတယ်။ အခုအလုပ်တောင်…သူ စထားတဲ့ ဟာမို့ ။ သူများဟာသာဆို… ရော့ …ကိုယ်မြေကိုယ်ထိမ်း ဆိုပြီး ဒိုးသွားမှာ။ကျွန်တော် အစက ဘာမှ မပြောဘူး။ပရိတ်ကြိုးတွေပဲလိုက်ဖြုတ်နေတာ။ သူက တောက်လျှောက်လိုက်ပြောနေတာနဲ့ … “ဟရောင်…သောက်ခြောက်..နင် သိပ်ခေါ်သပဆို..ခေါ်ဟာ…အေးတစ်ခုပြောမယ်နော်…မဟုတ်တာတွေ လာပြောနေလို့ ကတော့ …ငါအဆိုးမဆိုနဲ့ နော်။နင်ငါ့အကြောင်းသိတယ်နော်” ဆိုတော့ … “အေးအေး” ဆိုပြီး သူပျော်သွားတယ်ဂျ။ပြီးတာနဲ့ …ပြေးထွက်သွားပြီး..နတ်ကတော်ရဖို့ ကိစ္စ သူစုံစမ်းတော့ တာပါပဲ။ အေးပေါ့ဂျာ။ လူဆိုတာကလည်း… ရေနစ်နေပြီဆို…. ကောက်ရိုးတစ်မျှင်တွေ့ တာနဲ့ ….ဆွဲချင်တာပဲနော့ …ဇောင်းကြီးလည်း…ရေ ဘယ်နှစ်ချင်ပါ့မလဲ။ ။ နေ့ လည်ကျတော့ …ဇောင်းကြီး နတ်ကတော်မေးဖို့ လုပ်တာအဆင်ပြေတယ်….ဆိုပြီး…လာပြောတယ်။ အနော်က သိပ်စိတ်မပါဘူး။ဒီလိုပဲ…တစ်ခုခုများ အဖြေထွက်လာမလားလို့ …လုပ်ကြည့် တာပါ။ သိပ်တော့ မယုံဘူး။ဇောင်းကြီးက ပြောနေသေးတယ်။ “အဇူး…နင် နတ်ကတော် လာရင်…ပြသနာမရှာနဲ့ နော်” ဆိုပြီးလေ။ သူသိတယ်လေ။အနော် မေမြို့ မှာတစ်ခါ…ပန်းခြံက… ဘာဖြစ်နေလဲ မသိဘူး။ ခဏခဏပျက်တာ။အဲဒါ အလုပ်သမားတွေက။နတ်မေးခိုင်းလို့ …ပင့်ပြီးမေးမိပါတယ်။အဲဒီနတ်က…ရောက်တာနဲ့ …အရက်ချည်း လိမ့် တောင်းတော့ တာပါပဲ။ပြီးတော့ …ခြံထဲမှာလည်း..လူတွေက တစ်ရုန်းရုန်းရယ်။ တကယ်မေးမဲ့ လူနဲ့ …စိတ်ဝင်စားလို့ လာတဲ့ သူထက်ဆိုရင်…အရက်သမားတွေက များနေတယ်။ကျွန်တော် ခြံထဲမှာ…အပိုလူတွေ တစ်ရုန်းရုန်းဆို သိပ်မကြီုက်ဘူး။ အဲဒါနဲ့ … နတ်ကို “ခင်ဗျားက ပြသနာလာရှင်းပေးတာလား…ပွဲလာခံနေတာလား” ဆိုပြီးမေးလိုက်တယ်။ အဲဒီနတ်က ဒီလိုစကားကြားတော့ ..လန့် ဖြန့် ပြီး ခဏထွက်သွားတယ်ထင်တယ်။ ကြောင်တောင်တောင်ဖြစ်သွားတယ်။လူတွေကလည်း..သူတို့ ကြည့် ကောင်းနေတုန်း..ကျွန်တော်က ထပြောတော့ … အနော်ကို သေသေချာချာလိုက်ကြည့် နေတယ်။ဟုတ်တယ်လေ။ ဒီမှာ သူများ စီးပွားရေးကျလို့ …စိတ်ညစ်နေပါတယ်ဆိုမှ….သူတို့ က…ပါတီ ပေးသလို လာကဲနေတော့ …ဘယ်သူက သည်းခံနိုင်မှာလဲဂျ။ နတ်က..အနော်ကို ဘာပြန်ပြောတယ်ထင်တုန်း….။ “နင်က လင်ကောင် မပေါ်တဲ့ ကောင်မရဲ့ သား…အဲဒါကြောင့် လာဒ်မရှိဘူး။ငါတို့ ကိုလည်း..အမြဲဘုကန့် လန့် တိုက်လို့  အခုလို လုပ်ထားတာ။အဲဒီတော့ …ငါတို့ ကို ရိုရိုသေသေနဲ့ ပြန်လည် ဆက်ဆံရင်…နင့်ဥယျာဉ်ခြံ…ရွှေသီးသွားမယ်” ဆိုပဲ။စကားလည်း..ဆုံးရော…နတ်ဝင်သည်လည်း…သူတို့  ပြင်ဆင်ထားတဲ့ …အုန်းပွဲတွေ..ငှက်ပျောပွဲတွေပေါ်ကို ရောက်သွားတယ်။ ကျွန်တော် စိတ်တိုပြီး ရင်ကို ပြေးနင်းလိုက်တာ။လူကတော်တော်ဝမ်းနည်းသွားတယ်ဂျာ။အဟုတ်။ ဘယ်နှယ့် …ဒီမှာ…မိဘတွေက..အဝေးရောက်နေလို့ ….ပြီးတော့ …ခလေးတစ်ယောက်ဟာ..ခလေးတစ်ယောက်နဲ့ မတန်နဲ့ အလုပ်တွေ။ပြသနာတွေနဲ့ …ကြုံနေရပါတယ်ဆိုမှ…ကိုယ်ချင်းမစာ မဟုတ်မမှန်တာလာပြောတယ်။ အဖေကြီး ငုတ်တုပ်ဂျာ။အမေကြီးလည်း…ငုတ်တုတ်ရှိပါတယ်။အနီးနားမှာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်ဗျာ…သောင်းကျန်းလိုက်တာ။နတ်ဝင်သည်နဲ့ …အပေါင်းအပါတွေ(အမူးသမား)တွေရောလေ။ပြေးတာ တန်းနေတာပဲ။မပြေးလို့ လည်းမရဘူး။ကျွန်တော်က ဓါးဆွဲနေပြီ။အဲဒီ နတ်ရုပ်တွေေ၇ာ….အကုန်ဂျာ။နတ်ဝတ်တန်ဆာတွေ အကုန်…စုပြုံပြီး မီးရှို့ ပလိုက်တယ်။ပြီးတော့ …အခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း ထိုင်ငိုနေလိုက်တယ်။ဟုတ်တယ်ဂျာ။သောက်ရမ်းဝမ်းနည်းတယ်။ အဲဒီနတ်ဝင်သည် ကလိမ်ကကျစ် ပြောတဲ့ စကားကို တော်တော်သည်းမခံနိုင်ဘူး။နောက်တော့ မှ….အလင်းတို့ အမေက …လာပြီးတော့ …ချော့ မှ ပြန်ထွက်လာတာ။သူတို့ ကျတော့ လည်း…ကိုယ်မိဘအစစ်တွေမဟုတ်ပေ့ မယ်။ ငယ်ငယ်ကတည်းက ကိုယ်ကိုထိမ်းလာတဲ့ သူတွေဆိုတော့ မိဘလိုနေရာမှာ ရောက်နေပြီလေ။အလင်းတို့ အဖေကလည်း…နောက်တစ်ခါ အဲဒီနတ်ဝင်သည်…ငါအိမ်ရှေ့ က ဖြတ်လို့ ကတော့ ….အသိပဲ ဆိုပြီး သွားကြိမ်းထားလိုက်တယ်။ အဲဒီကတည်းက…အလုပ်သမားတွေကလည်း…ကျွန်တော်ကို နတ်အကြောင်းမပြောတော့ ဘူး။ကျွန်တော်လည်း….နတ်လို့ စကားစတဲ့ သူမှန်သမျှ ပိတ်ပြောပစ်တာ။ယုံရင်…ကိုယ် အိမ်မှာကိုယ်ခေါ်မေးလို့ ။ဒီမှာလာမလုပ်နဲ့ ဆိုပြီးတော့ လေ။ အဲဒီလို ရာဇ၀င်လေးရှိထားတော့ …ဇောင်းကြီးက လန့် နေတာဗျ။ကျွန်တော်သောင်းကျန်းမှာဆိုးလို့ လေ။အဲဒီလိုနဲ့  ဇောင်းကြီးတို့ နတ်ပွဲလုပ်ဖို့  လူတွေဘာတွေသွားခေါ်တယ်ဆိုပါတော့ …ခလေးတွေကလည်း…နတ်ပွဲရှိတယ်ဟေ့ ဆိုတော့ ..ပျော်နေတယ်။ကျွန်တော်လည်း…အာရုံနောက်လာတာနဲ့ ….ညောင်ပင်ဆီကို ထွက်လာပြီး။ကွပ်ပျစ်ပေါ်သွားလှဲနေတာ။ နတ်စင်ကိုလည်း…သေသေချာချာကြည့် ပြီး…စိတ်ထဲက… “၀ူး….ဒီနတ်လည်း…တကယ်ရှိရဲ့ လား…မသိပါဘူးကွာ” ဆိုပြီးတွေးနေမိသေးတယ်။ဘာရယ်တော့ မဟုတ်ပါဘူး။ဒီလိုပဲတွေးမိတာ။အဲဒီလိုနဲ့ …ခဏလေးကြာတော့ …မှေးခနဲ ဖြစ်သွားတယ် ဆိုပါတော့ ဗျာ။အဲဒီအချိန်မှာ…ကျွန်တော်ခေါင်းရင်းမှာ…ဟိုတစ်ခါအိပ်သလိုပဲ လူတစ်ယောက်လာထိုင်နေပြန်ရော။လူက စိတ်ညစ်နေတဲ့ အချိန်ဆိုတော့ ဂျာ။အနားမှာ လူတစ်ယောက်ရှိနေရင်… ကိုယ့် ရဲ့ အပူသက်ပြင်းတွေက ချချင်တိုင်း ချလို့ မရဘူး။အဲဒါနဲ့ …ထပြီး ထိုင်လိုက်တယ်။ဘေးက လူကိုကြည့် လိုက်တော့ ။ သူပုံစံက တစ်မျိုးကြီးဗျ။ အ၀တ်အစားစတိုင်ပြောပါတယ်။တော်တော်လေး တော်ကျတယ်။အပေါ်အကျီမပါဘူးဂျာ။ရင်ဘတ်မှာ ထိုးကွင်းမင်ကြောင်တွေ အပြည့် …. “စ မ” အင်းတွေ ထင်တာပဲ။ထိုးထားတယ်။ အောက်ပိုင်းကျတော့ … ပုဆိုးကို ခါးတောင်းကျိုက်ထား သဗျ။ ပေါင်မှာလည်း..အဲဒီလိုပဲ ဆေးနီနဲ့ ထိုးထားတဲ့ အကွင်းတွေ(ထိုးကွင်းမင်ကြောင်)ပေါ့ဂျာ။ အဲဒီလိုတွေ အပြည့် ပဲ။ အဲဒါနဲ့ …သူကို ကျွန်တော်သေသေချာချာလေး ကြည့် မိတယ်။မျက်နှာကလေးထောင့်..ခပ်သန့် သန့် ပဲ။ဒါပေ့ မယ် ထန်တယ်။မျက်နှာက ခက်ထန်တယ်။ဆံပင်ကိုလည်း သျှောင်ထုံးထားသေးတယ်။အသားက နီစပ်စပ်ဂျ။ သူပုံကြည့် ပြီးတော့ ကျွန်တော် တော်တော်လေးရီချင်လာတယ်။ဘယ်နှယ့် ….ကုန်းဘောင်ခေတ်က သူတွေလည်း ဒီတောထဲ ရှိနေသေးပလားလို့  :D ။တော်တော်လေး…ဂျောင်ကျတဲ့ …နေရာ ငါရောက်နေတာပဲ ဆိုပြီးလေ။ သူက ကျွန်တော်ကို ပြန်ကြည့် တယ်ဗျ။ကျွန်တော်ကတော့ …သူနဲ့ အကြည့် ချင်းမဆုံချင်ပါဘူး။လူက ရီချင်နေတာဆိုတော့ ။ အဲဒီအချိန်မှာသူက ဘာပြောလဲဆိုတော့ … “ကွမ်းပါလား” တဲ့ ။ လေသံက အထက်စီးက နော်။လုံးဝ အထက်စီးက။ အနော်ကလည်း…ပေါက်သွားတယ်။သောက်ရေးမပါတာ။ကွမ်းတောင်းစားတာများ…လေသံက။ ဆိုပြီးလေ။ သူက ခပ်တည်တည်ပဲ။ အနော်လည်း ကွမ်းတစ်ယာ ထုပ်ပေးလိုက်တယ်။သူက ခပ်သွက်သွက်ပဲ ယူပြီးဝါးနေတာ။ ဒီလူ တော်တော်လေး ထူးဆန်းနေတယ်ဂျ။အနော် မျက်လုံးထဲမှာလေ။တွေ့ နေကျပုံစံတွေနဲ့ လည်း မတူဘူး။ပြီးတော့ … ရဲတင်းလွန်းတယ်။ကျွန်တော် ဘာများထင်နေလဲမသိဘူး။ဒီနယ်က လူတွေက ကျွန်တော်ကိုဆို သိနေပြီ။ တွေ့ ရင် နှုတ်ဆက်နေကျ။အပြုံးမျက်နှာတွေနဲ့ လေ။ ဒီဘဲ ကြမှ….ဘာစတိုင်မှန်းမသိဘူး။လန်းတော့ လန်းတယ်နော် ဟီး :D။ လူတော့ ရှိန်တယ်။အနော်တောင် ရှိန်တယ်။ ဟီး :D ။ သူကို ကျွန်တော်စကားမပြောဖြစ်ပါဘူး။ကိုယ် အပူတွေနဲ့ ကိုယ်ဆိုတော့ လေ။ ရှေ့ တည့် တည့် ငေးပြီး စဉ်းစားနေတာ။ သူလည်း ကွမ်းဝါးနေရင်းနဲ့ …ရှေ့ ကို တည့် တည့် ကြည့် နေတာ။ပြီးတော့ ခြေထောက်ကို တောင်..လွှဲနေသေးတယ်။ ခဏကြာတော့ …ကွမ်းတံတွေး…တစ်ချက်ထွေးပြီးတော့ …ရှေ့ တည့် တည့် ကြည့် လျက်ပဲ ကျွန်တော်ကို ပြောတယ်။ “စိတ်အရမ်း ညစ်နေတာလား” တဲ့ လေ။ကျွန်တော်တောင်ကြောင်သွားတယ်။ ဟ..ဒီလူ ဘယ်လို လုပ် သိနေတာလဲ ဆိုပြီး။ပြီးတော့ …သူက ဆက်ပြောတယ်။ “မပူနေပါနဲ့ ….နင် အဆင်ပြေသွားမှာပါ….နင်လုပ်နိုင်ပါတယ်” ဆိုပြီး သေသေချာချာကြီး ကျွန်တော်မျက်နှာကိုကြည့် ပြောတာ။ကျွန်တော်တော်တော်လေး…ဇဝေဇ၀ါဖြစ်သွားတယ်။ဒီလူ..ဘာလဲဟ…ဆိုတဲ့ အကြည့် နဲ့ ကျွန်တော် ကြည့် နေတာ..သူကိုလေ။ သူကတော့ ….ကျွန်တော်ကို ပြောစရာရှိတာ ပြောပြီးပြီး ဆိုတဲ့ အထာနဲ့ …ထလိုက်တယ်။ပြီးတော့ … ညောင်ပင် အနောက်ကို ၀င်သွားတယ်။ကျွန်တော်က သူကို လိုက်ကြည့် နေတာ။ ရှုပ်ထွေးတဲ့ အတွေးတွေနဲ့ လေ။ သူ ညောင်ပင်အနောက်ကို ၀င်သွားတာ…အပေါ့အပါး သွားတယ်ထင်တာပဲ။ အဲဒီမှာ… “ကိုဇူး..ဝေ့ ကိုဇူး” ဆိုတဲ့ အသံကို လမ်းမပေါ်က ကြားလိုက်လို့ …ကြည့် လိုက်တော့ ..နန်းဗျ။ သူတို့ လှည်းတွေနဲ့ ရောက်လာတယ်လေ။အနော်က…သူမြင်တော့ …ခုနလူကို မေ့ သွားတယ်။စိတ်ညစ်တာလည်း..နည်းနည်းပြေသွားတယ်ဂျ။ :D အဟီး။လူစိတ်ရယ်နော်…ပြောင်းလဲတာတော့ မြန်တယ်။ သူကလည်း…ကျွန်တော်ကို မြင်တာနဲ့ …ခုန်ဆင်းလာတာ။လှည်းပေါ်ကနေပြီးလေ။အဲဒါအနားရောက်တော့ …အနော်က “ဒီဘက် ဘာလာလုပ်တာလဲ” ဆိုတော့ …. “အယ်! ကိုဇူးတို့ ခြံထဲမှာ…နတ်မေးပွဲ လုပ်မယ်ဆို..အဲဒါကြောင့်လာတာလေ” ဆိုပြီး ပြန်ဖြေတယ်။ “ဟမ်! နတ်ပွဲ လုပ်တာ….ငါတို့ လုပ်တာလေ…အဲဒါ ရွာသားတွေက ဘာလို့ လာကြတာတုန်း” လို့ မေးတော့ …။ “အာ..ခက်ပြီ။ ကိုဇူးကလည်း….ဒါရွာဓလေ့ ဟာ။တစ်ခြံက အဲဒီလို နတ်မေးရင် လူတိုင်းလာဝိုင်းကူတယ်။သူတို့ လည်း… သူတို့ …မေးချင်တာ…တွေ မေးရင်းနဲ့ လေ” ဆိုပြီး ပြန်ဖြေသဗျှ။အဲဒီတော့ မှာ အနော်လည်း။ “ဟိုက်” ဆိုပြီး ဖြစ်သွားတယ်။ဟုတ်တယ်လေဂျာ။အနော် ထင်ထားတာက လူတစ်ယောက်နှစ်ယောက်လောက်လာမယ်။ ပြီးတော့ …ခြံထဲက အလုပ်သမားတွေနဲ့ ပေါ့နော်။မေးကြမယ်။အဲဒီလို ထင်ထားတာ။ အခုဟာက တစ်ရွာလုံးလာမေးတယ်ဆိုတော့ ….သိပ်တော့ မဟုတ်တော့ ဘူး။အဲဒါနဲ့ ….ထပ်မေးမိတာပါ…နန်းကိုလေ။ “နန်းတို့ နတ်က မှန်ရော မှန်ရဲ့ လားဟာ” ဆိုတော့ …. “သိပ်မှန်တာပေါ့….လူတိုင်းလိုလို အဲဒီလိုပဲ ခြံတစ်ခုခုဖစ်နေတယ်ဆို နတ်ပင့်မေးလိုက်…သူပြောတဲ့ အတိုင်း လုပ်ပေးလိုက် ကောင်းသွားရော” တဲ့ ။ “အယ်… လွယ်လိုက်တာနော် လို့  :D…. အဲဒီလို မှန်းသိရင် စောစောကတည်းက နတ်ကို အိမ်ခေါ်ထားပါတယ်” ဆိုပြီး ရွှဲ့ လိုက်မိတယ်။ဟုတ်တယ်လေဂျာ။နတ်လုပ်တိုင်း ရနေရင်တော့ ….ဟင်းဟင်း။ ငဇူးနတ်တွေနားပဲနေတော့ မယ်။ ဘာ ဥယျာဉ်ခြံမြေမှ မလုပ်တော့ ဘူး။ နန်းကတော့ … “ ဟွန့် …ဘုကန့် လန့် အကျင့်က အမြဲပဲနော်” ဆိုပြီး မျက်စောင်းထိုးပြီးထွက်သွားတယ်။ အနော် ပြသနာတော်တော်များများ ရင်ဆိုင်ဖူးပါတယ်ဂျာ။ခံနိုင်ရည် ရှိပါတယ်။ဒါပေ့ မယ်…သူမျက်စောင်းဒဏ်ကိုတော့ ခံနိုင်ရည် မရှိဘူးဂျ။ ရင်ဘတ်က တစ်ဒုတ်ဒုတ်နဲ့ ကျန်ခဲ့ တာ။ရင်ကို မောရော :D ။ ။ အဲဒါနဲ့ သူကို .. “ဝေ့ ..ဘယ်လဲ အဲဒါ” လို့ ပြောတော့ … “ခြံထဲလေ” တဲ့ ။ရှက်ရမ်းရမ်းပြီး လစ်သွားတာ။အဲဒါ။ ခြံထဲကို နေဒီလောက်ပူနေတာ။ပြီးတော့ …ကုန်းတတ်ကြီး။အနော်လည်း.. “နေ ဒီလောက်ပူနေတာကို…ဆိုင်ကယ်နဲ့ လိုက် ပို့ မယ်..ခဏ” ဆိုပြီး….ညောင်ပင်အနောက်ကို ၀င်သွားလိုက်တယ်။ အဲဒါ…ခုန ၀င်သွားတဲ့ လူကို သွားကြည့် တာ။မရှိဘူးဂျ။ဒီလူလေ…လုံးဝမရှိတော့ ဘူး။မိနစ်ပိုင်းလောက်ပဲ ကြာတာအနော်နဲ့ နန်းနဲ့ စကားပြောတာက။အဲဒါကို ဒီလူ မရှိတော့ တာ ဆိုတော့ …အနော်လည်း နည်းနည်းလန့် သွားတယ်။တစ်နေနေရာထွက်သွားရအောင်ကလည်း…အပင်တွေက ကျိုးတဲ့ ကျဲတဲ့ …ဆိုတော့ …မြင်ရမှာပဲလေနော်။ အခုဟာက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူးထင်တာပဲ။အနော်လည်း….ဒီလူ ကို မတွေ့ တော့ ….ညောင်ပင်ရှေ့ ပြန်လာပြီး။နတ်စင်ပေါ်ကို ကွမ်းတစ်ထုပ်တင်ခဲ့ လိုက်တယ်။ပြီးတော့ ….ဆိုင်ကယ်နဲ့ ….နန်းကို တင်ပြီး ခြံ ဘက်ကို မောင်းသွားလိုက်တယ်။ လမ်းမှာ နန်းကတောင်မေးနေသေးတယ်။ “ဘာသွားလုပ်တာလဲ ….ညောင်ပင်နောက်ကို” “အပေါ့တွားတာ ဟီး :D” ဆိုပြီးတော့ …ဖေါရှော လုပ်လိုက်ရတယ်။ စိတ်ထဲမှာတော့ မတင်မကျနဲ့ ။ ခြံထဲရောက်တော့ ….နတ်ပွဲလုပ်ဖို့ လူတွေက စနေကပြီဂျ။ အဲဒီမှာ လေးစားစရာကောင်းတာလေးတစ်ခုသွားတွေ့ ရတယ်။ ရွာသားတွေရဲ့ စိတ်ဓါတ်ပါ။ နတ်စင်လုပ်တာက အစ အကုန်ဗျာ၊ အုန်းပွဲ ငှက်ပျော်ပွဲတွေဘာတွေ အကုန်…သူတို့ ပဲ ဦးဆောင်ပြီး လုပ်ပေးတာ။ တစ်ယောက်တစ်လက်စီပေါ့ဂျာ။ တော်တော်လေးလည်းပျော်ဖို့ ကောင်းသလို လူလည်းစီတယ်။ အဲဒါနဲ့ ….နန်းကို မိန်းခလေးတွေ မုန့် လုပ်နေတဲ့ ဝိုင်းမှာ ထားပြီးတော့ ….ကျွန်တော် ဇောင်းကြီးဆီကို ထွက်လာတယ်။သူကတော့ …ဟိုစီမံ ဒီစီမံပေါ့ဂျာ။သူလုပ်ချင်တာကျတော့ ….အားကိုးရပါတယ်။သူကျွမ်းတယ်လေ။အဲဒါကျတော့ …..အနော်က ဘာမှမသိဘူး…နတ်ပွဲနဲ့ ပတ်သတ်ရင်။ ဒီလိုနဲ့ …တစ်ဖြည်းဖြည်း…လုပ်လာလိုက်တာ…ညနေသုံးနာရီလောက်မှာ…အားလုံးပြီးစီသွားသဗျှ။ ခြံဝနားမှာ အရိပ်ကောင်းတဲ့ အပင်ကြီးတွေရှိတယ်။အဲဒီနားမှ…တဲ တစ်လုံးထိုးထိုးတယ်။အကာတွေတော့ ပါဘူး။ လေးတိုင်စင် တဲပဲ။အဲဒီတဲ ထဲမှာ….နတ်ဝင်သည်က စည်းဝိုင်းဖြူလေးတစ်ခုကို ၀ိုင်းပြီး ထိုင်ရမှာ…သူနောက်မှာ အုန်းပွဲ၊ငှက်ပျောပွဲတွေ တင်ထားတဲ့ စင်တွေပဲရှိတယ်။ စင်တွေကတော့ ကြီးတယ်။ တစ်ရွှာလုံးက မေးမှာဆိုတော့ လေ။ နည်းနည်းများတယ်။ကိုယ်မေးချင်ရင် အုန်းပွဲ ငှက်ပျောပွဲဝယ်။ပြီးရင် စင်တစ်နေရာမှာ ကိုယ်နာမည်ထိုးပြီးတော့ …ထားခဲ့ ။ နတ်က…သွားမကြည့် ဘူးနော်။အစဉ်အလိုက်အော်သွားတာ။ဘယ်သူ ဘယ်သူ ဆိုတာကိုလေ။အဲဒီလို စွမ်းတယ်လို့ တော့ ပြောကြတာပဲ။ ဒီလိုနဲ့ ….အဲဒီနတ်စင်နားမှာ…တံမြက်စည်းတွေ ဘာတွေ သေသေချာချာလှဲကျင်းပြီးတော့ …လူတွေထိုင်ကြတယ်ဆိုပါတော့ ။နတ်ဝင်သည်ကလည်း ထိုင်နေတာပဲ။ နတ်ထိမ်းတစ်ယောက်ပဲ မတ်တပ်ရပ်ပြီး။ဘယ်သူကဘာမေးချင်တာလဲ…မေးချင်တာကို နတ်ကို “ပအိုဝ်” လို ပြန်ပြောရတယ်။ ဟိုက “ပအိုဝ်” လို ပြန်ဖြေတယ်။အဲဒါကို ဒီဘက်ကို မြန်မာလို ဘာသာပြန်ပေါ့ဂျာ။ဒီလိုသွားတယ်။သူတို့ လုပ်ပုံကိုင်ပုံက။ အဲဒီနတ်မေးပွဲကို ကျွန်တော် ဒီရောက်မှ မြင်ဖူးတာဂျ။အောက်ပြည် အောက်ရွာနဲ့ …အညာဒေသတွေမှာလို…ဆိုင်းတွေဘာတွေနဲ့ ကခုန်နေတာမဟုတ်ဘူး။အရက်လည်းမပါဘူး။အသားလည်းမပါဘူး။ ရိုးရာပွဲလေးတစ်ခုလို လုပ်ကြတာ။အနော်တော့ ကြိုက်တယ်။အဲဒီလိုလေးကိုလေ။ ဘာရယ်ညာရယ်တော့ မဟုတ်ဘူးဂျာ။ အဟုတ် ကြိုက်တယ်။ ခဏကြာတော့ …နန်းတို့ အဖေ ရောက်တယ်။သူစတိုင်အတိုင်းပေါ့..နှုတ်ခမ်းမွှေး သသ နဲ့ …. အထာက သန့် နေတာပဲ။နဖူးပေါ်မှာတော့ ….ဖုန်တွေတတ်နေတယ်။ဟီး :D ။ ။ သူက နတ်ထိမ်းတဲ့ ဂျ။ပြီးတော့ ….တိုင်းရင်းဆေးဆရာ ဆိုပဲ။သူများပြောလို့ သိတာပါဂျာ။အဖိုးကြီးကလည်း..ဒါလေးတောင်အနော်ကို မပြောဘူး။တကယ်ဆို…အနော်က သူသမီးနဲ့ ဘာလိုလိုညာလိုလိုဖြစ်နေတာဂျာ။ အဲဒီတော့ …ဘာလိုလိုညာလိုလိုဖြစ်လာမဲ့ ..အဖိုးကြီးက အနော်ကို အရင်ပြောသင့်တာပေါ့လို့ နော့် ဟီး။ (ကြားရင် လာသတ်မလားတောင် တိဝူး :P ) ။ ။ ဒီလိုနဲ့ …သုံးခွဲလောက်မှာ…စမေးဖြစ်တယ်ဆိုပါတော့ ဗျာ။ဓလေ့ ထုံးစံအရဆိုရင်…ခြံရှင်က နောက်ဆုံးမှမေးရတယ်။ဒါက တစ်ယောက်နဲ့ တစ်ယောက်ရိုသေသမှု ပြုတဲ့ သဘောဂျာ။ အဲဒီလိုနဲ့ ..နတ်ဝင်တယ်ဆိုပါတော့ ….နန်းတို့ အဖေက လူတွေကြားနဲ့ …နတ်ကြားမှာ…ရပ်ပြီး ဘာသာပြန်ပေးနေတယ်။ လက်အုပ်ခလေးချီပြီးလေ။တစ်ယောက်ပြီးတစ်ယောက်မေးကြတာဂျ။မှန်မှန်တော့ မသိဘူး။ တော်တော်လေးတော့ ယုံကြည် ကြတယ်။အဲဒီကလူတွေက။ဒီလိုနဲ့ …နောက်ဆုံးကျွန်တော်တို့ အလှည့် ရောက်တော့ …ခြောက်ခွဲနေပြီ။မှောင်တာကလည်း..မှောင်နေပြီလေ။လူတွေ အားလုံးက အဲဒီအထဲမှာ ထိုင်နေရတာ။ဒီနေ့ မှ ခြံကလည်း..မီးစက်တွေဘာတွေ နှိုးပြီးတော့ …မီးတွေ လိုက်သွယ်ထားပြီး ထွန်းပေးထားရတယ်။နတ်ပွဲပြီးရင် သူတို့ တွေက မုန့် တွေဘာတွေစားကြပြီးမှာ ပြန်ကြမှာ။ ဒီသဘောကကျတော့ …. “အားလုံးချစ်ချစ်ခင်ခင်နဲ့ ..နတ်မေးပွဲ ပြီးမြောက်၏” ဆိုတဲ့ သဘောဂျ။ ဒီလိုနဲ့ …အနော်တို့ အလှည့် ရောက်လာပါလေေ၇ာ။လူတိုင်းကလည်း စိတ်ဝင်စားတယ်။ အထိကဖြင့်ကျွန်တော်ကိုပေါ့နော်။ ဒီခြံထဲမှာ…ဒီလို နတ်မေးပွဲကျင်းပဖို့ မပြောနဲ့ ….နေတဲ့ လူတိုင်း…နှစ်ရက်တစ်ပိုင်းပဲခံတယ်။ပြန်ပြေးရင်ပြေးမပြေးရင် သေတာပဲ။ကျွန်တော်တို့ အလှည့် ကျတော့ ….ဒီလိုမဟုတ်ဘူး။သရဲခြောက်တာတောင်…ညဘက်ကို အပြင်ထွက်ပြီး ဓါးနဲ့ လိုက်တဲ့ ခလေး။ ဆိုပြီး ရွာထဲ နာမည်ကြီးနေတော့ …သူတို့ က ပွဲကြီးပွဲကောင်းဟေ့ ..ဆိုပြီး သိချင်နေကြတာ။ အမှန်တော့ …အကြောက်လွန်ပြီး လိုက်တာပါဂျာ။ဒါပါပဲ။သတ္တိသိပ်ရှိနေလို့ တော့ မဟုတ်ပါဘူး။ L ကျွန်တော်တို့ မေးတဲ့ အလှည့် မှာ ဇောင်းကြီးက ကျွန်တော်ကို ကြည့် နေတာ။အဲဒါနဲ့ ..နင်သွားလိုက် ဆိုတဲ့ အထာနဲ့ ။ ကျွန်တော်က မေးငေါ့ပြလိုက်တော့ မှ…သူရှေ့ ကို တတ်သွားတာ။မေးမဲ့ သူကေ၇ှ့ တိုးရတာကိုး။နတ်(နတ်ဝင်သည်)ပေါ့နော်။သူက ဇောင်းကြီးကို သေသေချာချာကြည့် နေတယ်။ပြီးတော့ …နန်းတို့ အဖေကို လှမ်းပြောတယ်။ ပအိုဝ်လိုလေ။ “သူ မဟုတ်ဘူး” တဲ့ ။ အဲဒါ အဖိုးကြီးက ကျွန်တော်ကို လှမ်းခေါ်တယ်။ကျွန်တော် ရှေ့ တတ်ရတာပေါ့။ နတ်ဝင်သည်က မိန်းမကြီးပါ။ဒါပေ့ မယ် သူမျက်လုံးတွေက တစ်လက်လက်နဲ့ အရောင်တောက်နေတာ။သူက ကျွန်တော်ကို သေသေချာချာစိုက်ကြည့် ပြီး…။ နတ် ။ ။“ဘာမေးချင်လဲ” တဲ့ (အဖိုးကြီးက ဘာသာပြန်ပေးတာပါ။တစ်ဆင့်လေ။တိုက်ရိုက်ပဲရေးလိုက်ပါတယ်။)။ အနော်။ ။ “ခြံထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးပြီးဆုံးချင်တယ်။အနှောင့်အယှက်ကင်းစွာနဲ့ အလုပ်လုပ်ခြင်ပါတယ်” နတ် ။ ။ “ဒါက အရင်ပိုင်ရှင် ဟောင်းရဲ့ ခြံပါ။သူက သူခြံကို လက်မလွှတ်ချင်ဘူး။သူဘက်ကဖြစ်စေချင်တဲ့ ဆန္ဒကတော့ . သင်တို့ ဖြစ်နိုင်ရင် ဒီခြံထဲက ထွက်သွားပါ”ဒီလိုကြီးလာပြောတယ်ဂျာ။ကျွန်တော် တော်တော်ကိုတင်းတယ်။စိတ်ထဲမှာလည်း ဒေါင်းကနဲ ဖြစ်သွားတာ။ဘယ်နှယ့်  ခြံထဲက ထွက်ပေးလိုက်ရင် ကျွန်တော်တို့ ရင်းနှီးထားတဲ့  မျိုးစေ့ ဖိုးတွေ တဲဖိုးတွေ အကုန်ဗျာ။ဘယ်သူကလာပေးမှာလဲ။ ပေးခဲ့ သည်တိုင်အောင်….ကျွန်တော်က ပြန်မှာမဟုတ်ဘူး။မရရအောင်လုပ်မှာ…အားလုံးအစပြုပြီးနေပြီ။ အဲဒါနဲ့ …ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။တစ်ခါတည်း အပြတ်ရှင်းမယ်ပေါ့နော်။ အနော်။ ။ “ကျွန်တော်ဘက်က လုံးဝနောက်မဆုတ်နိုင်ပါဘူး။အဲဒီအတွတ် ကျွန်တော်တို့ တို့ ဘာလုပ်သင့်လဲ ဆိုတာ အကြံဥာဏ်ပေးပါ။” နတ်။ ။ “ကောင်းပြီလေ။ဒါဆိုရင်တော့ ….ယခုလက်ရှိခြံပိုင်ရှင်နဲ့ ..ယခင်က ခြံပိုင်ရှင်ဟောင်းတို့ ဆက်ရှင်းရမှာမဲ့ ကိစ္စပေပဲ။ ဒါပေ့ မယ်…လူလေး….မင်းစဉ်းစားနိုင်ပါတယ်။ မင်း အသက်ပေးရဖို့ များတယ်။” ဒီစကားက ကျွန်တော်ကို တော်တော်လေး ထိတ်လန့် စေပါတယ်။တကယ်တမ်းပြောရရင် သေသွားနိုင်တယ်။ဒီလို ပြောသံကို အဖိုးကြီးဆီက ကြားတော့ …ရွာသူ/ရွာသားတွေ အကုန်လုံးက လန့် ကုန်တယ်။တိုးတိုး တိုးတိုးနဲ့  ပြောနေသံတွေ အများကြီးဖြစ်သွားတယ်။ပြီးတော့ …နန်းက ကျွန်တော် အနောက်မှာဆိုတော့ …ကျွန်တော်လက်မောင်းကို လှမ်းဆွဲလိုက်တယ်။အဲဒီစကား ကြားကြားခြင်းမှာလေ။သဘောက လျှော့ လိုက်ပါ ဆိုတဲ့ သဘော။နောက်ဆုတ်လိုက်ပါဆိုတဲ့ သဘောဂျ။ကျွန်တော်ကလည်း…ခေါင်းမာတယ်ဂျာ။တစ်ခုခုဆုံးဖြတ်ပြီးရင် အဲဒီဟာက အသေဖြစ်သွားေ၇ာ။အဲဒီလို လူမျိုး…ဆိုတော့ လည်း….၀ူး…ခက်တယ်ဂျာ။ ဒီနယ်ကို လာမိတာကိုက ကျွန်တော်အမှား။ ။ နတ်ကလည်း…သူ့ စကားကို သူပြောပြီးနောက် ကျွန်တော်ကို သေသေချာချာစိုက်ကြည့် နေတယ်။အဲဒီအချိန်မှာ…အဖိုးကြီးက နတ်ကို ပအိုဝ်လို ရောတယ်။နတ်ကလည်း…ခေါင်းငြိမ့် ပြီး အဖြေပြန်ပေးတယ်။ဘာတွေပြောနေမှန်းတော့ မသိဘူးဂျ။ ပြီးတာနဲ့ အဖိုးကြီးက ကျွန်တော်ကို တစ်ချက်လှမ်းခေါ်တယ်။ကျွန်တော်က သူဆီကို ထသွားလိုက်တော့ ….နား နားကို ကပ်ပြီးတော့ …ဘာပြောတယ်ထင်တုန်း။ ။ “ခြံပိုင်ရှင်နဲ့ တွေ့ မလားတဲ့ …..ဆန္ဒရှိလားတဲ့ ” ခြံပိုင်ရှင်ဆိုတာက…သေသွားပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ သူကို ပြောတာပါ။ကျွန်တော်လည်း..ကြက်သီးဖြန်းဖြန်းထသွားတယ်။ ဘယ်လိုတွေ့ ရမှာတုန်းဆိုတော့ …။ “တစ်ယောက်ယောက်ကိုယ်ထဲ ခဏ ၀င်ခိုင်းလိုက်မယ်လေ” တဲ့ ။ ကျွန်တော်လည်း..သဘောလို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ပြသနာက..မြန်မြန်နဲ့ …တိတိကျကျပြီးဆုံးသွားတာကို လိုချင်တာကိုး။မတင်မကျကြီးနဲ့ ဆိုနေရတာ သိပ်မမိုက်ဘူး။အလုပ်သမားတွေကို ထပ်နှောင့်ယှက်နေရင် ခက်မယ်။ အဲဒီလို လုပ်မယ်ဆိုတာကို သိနေတဲ့  ရွာသားတွေကတော့ …လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်တယ်။ပြေးမဲ့ သူက ပြေးဖို့ တောင် ပြင်နေပြီ။အဲဒီလိုတွေ။ အဲဒီအဖိုးကြီးက အားလုံးကို အော်ဟောက်ပြီးတော့ …လူတစ်ယောက်ကို ခေါ်တယ်။ယောင်္ကျားလေးပဲ။အားကောင်းမောင်းသန်ပဲ ဒီလူလည်း။အဲဒီလူနားမှာ အဖြူရောင် စည်းဝိုင်းတစ်ခုတားတယ်။ အဲဒါ နတ်လုပ်တာပါ။ပြီးတော့ …အပူးခံမဲ့ သူကို ၀င်ခိုင်းတယ်။ ကျွန်တော်က အဲဒီလူနဲ့ …နီးနေတယ်။ လက်တစ်လှမ်းပေါ့။ ကိုယ်က ပြောရမဲ့ သူဆိုတော့ လေ…မျက်နှာခြင်းဆိုင်(Face by Face) အနေအထားပေါ့ဂျာ။ထိုင်နေရတာ။ အဲဒီလူက မ၀င်ခင်ကတော့ ….ထိုင်နေတာ တင်ပလ္လင်ချိတ်ဂျ။ဝင်လည်း ၀င်လာရော….ဒူးထောက်ပြီး..ကျွန်တော်ဆီကို လက်လှမ်းတော့ တာပဲ။လည်ပင်းညှစ်ဖို့ လေ။ အဲဒါကို နတ်က…သူလက်ကို ရိုက်ချပလိုက်ရတယ်။ပြီးတော့ …ကျွန်တော်ကို လှမ်းကြည့် တယ်။ ပြောချင်တာပြောပေါ့နော်။(သရဲ နဲ့ ကျွန်တော်နဲ့ ပြောနေတဲ့ အချိန်မှာ…အဖိုးကြီးကပဲ ကြားက ဘာသာပြန်ပေးတာဂျ။ဟိုကလည်း ပအိုဝ် လိုပဲပြောတယ်) အနော်။ ။ “ခင်ဗျား ကျွန်တော်ကို ဘာပြောစရာရှိလဲ။” ၀င်ပူးခံရတဲ့ လူ။ ။ “မကျေနပ်ဘူး” အနော်။ ။ “ဘာကို မကျေနပ်တာလဲ ပြော” ၀င်ပူးခံရတဲ့ လူ။ ။ “ငါခြံထဲမှာ နေတာကို မကျေနပ်ဘူး” အနော်။ ။ “ခင်ဗျား မပိုင်တော့ ဘူးလေ” ၀င်ပူးခံရတဲ့ လူ။ ။ “လက်ရှိ ငါနေနေတယ်။မင်းငါ့တို့ မိသားစုကို ဓါးနဲ့ ခုတ်ထားတာ..အခုထိ အမာရွတ်တွေရှိတုန်း။ အဲဒါကြောင့်လုံးဝ မကျေနပ်နိုင်ဘူး။ဒီထဲမှာလည်း..ပေးမနေနိုင်ဘူး” အနော်။ ။ “ဟမ်…သစ်ပင်ကို ခုတ်တာပါ” ၀င်ပူးခံရတဲ့ လူ။ ။ “အဲဒီမှာ…ငါညီမနေတယ်” သေချင်တာပဲဂျာ။ကျွန်တော်လည်း…ဘယ်နှယ့် ….အစတစ်ခုလောက်ရှိမလားလို့ …ဆွဲထုတ်ကြည့် ပါတယ်။သပွတ်အူနဲ့ လာတိုးနေတယ်။အခု ဒီလူပြောပုံဆိုပုံအရဆို…သရဲက တစ်ကောင်တည်းမဟုတ်ဘူးပေါ့။တော်တော်စိတ်ညစ်သွားတယ်။ ဇောင်းကြီးဘက်ကို လှည့် ကြည့် တော့ ….ဇောင်းကြီးကလည်း….ပြန်ရင်ကောင်းမယ်ထင်တယ် ဆိုတဲ့ အထာ။ ဆုံးလည်း ဆုံးပါစေတော့ ကွာ..ဆိုတဲ့ မျက်နှာမျိုး။နောက်ဆုံး….. ၀င်ပူးခံရတဲ့ လူ။ ။ “ငါတို့ ဘက်က လုံးဝမကျေနပ်နိုင်ဘူး။ဒီတော့ ဆက်မနေပါနဲ့ ။ဒါ ငါတို့ မြေ” ဆိုပြီး ထွက်သွားတယ်။ နတ်ကလည်း… “နေမယ်။မနေဘူး ဆိုတာ လူလေး ဆုံးဖြတ်နိုင်တယ်။ဖြစ်လာတဲ့ အကြောင်းတရား တွေကို လူလေးပဲ ခံစားရမှာ” ဆိုပြီး နိဂုံးချုပ်သွားတယ်။ ပြီးတော့ ထွက်သွားတယ်။ လူက ဟက်ကော့ ကြီးဗျာ။ရွာသားတွေကလည်း…သူတို့ ကိစ္စတွေတော့ အဆင်ပြေပါရဲ့ …ဒါပေ့ မယ် ကျွန်တော်ကိစ္စအဆင်မပြေတော့ …စိတ်မကောင်းကြဘူး။သူတို့ ရဲ့ မျက်ဝန်းတွေထဲမှာ တွေ့ နေရတာတော့ .. “စိတ်လျှော့ လိုက်ပါ” ဆိုတဲ့ အထာတွေ။ နတ်မေးပွဲ ပြီးသွားတော့ ….စားကြသောက်ကြပေါ့ဂျာ။ အဲဒီလို စားသောက်နေတဲ့ အချိန်မှာ…နန်းကအနော်ဘေးမှာရှိနေခဲ့ တယ်ဗျ။သူဘာမှတော့ မပြောဘူး။တော်တော်လေးနှတ်ဆိတ်နေတယ်။အဖိုးကြီးကလည်း…တစ်ခုခုကို တော်တော်လေးတွေးနေတာ။ခဏကြာတော့ ….ဇောင်းကြီးက ကျွန်တော့် နားကို ရေးကြီးသုတ်ပြာနဲ့ ရောက်လာတယ်။ ပြီးတော့ …. “ငဇူး..ကွိုင်တော့ တတ်ပြီ။ ခြံစောင့်တွေ ညမအိပ်တော့ ဘူး…လုပ်နေတယ်။ဘယ်လိုရှင်းမလဲ” တဲ့ ။ ကျွန်တော် အဲဒါကို သတိထားမိပါတယ်။ဒီပြသနာတတ်လာမယ်ဆိုတာလေ။မိတ်ဆွေတို့ ရော နေမလား။ဟိုက ကြိမ်းသွားတာကြီးကို…နေတဲ့ သူ တစ်ခုခုဖြစ်မှာပဲ။အဲဒီတော့ ….ကျွန်တော်က… “သူတို့ ကို ခေါ်လိုက်ပါ” ဆိုပြီးတော့ ပြောလိုက်တယ်။ သူတို့ လည်းရောက်လာရော..အကုန်ပြန်ခိုင်းလိုက်တယ်။ ဇောင်းကြီးက… “ငါတို့ က ဘယ်မှာနေရမှာလဲဟင်” တဲ့ ။ သူဒီမှာမအိပ်ရဲတော့ ဘူးထင်ပါတယ်။ ကျွန်တော်လည်း…အဲဒါပဲ စဉ်းစားနေတာပါ။အနော်လည်း..ကြောက်ပါတယ်။လူတိုင်းလည်း…ဒီအခြေအနေကြီးမှာ နေရဲ မယ်မထင်ပါဘူး။ကျွန်တော်တို့ အခက်အခဲကို ကူညီလိုက်တာကတော့ ….နန်းတို့ သားအဖပါပဲ။ နန်းကပဲ ၀င်ပြောတာပါ။ သူတို့ ဆီမှာ အိပ်ပါဆိုပြီးလေ။အဖိုးကြီးကလည်း လက်ခံတယ်။ အဲဒီညကတော့ ….ခြံကြီးတစ်ခုလုံးကို ပစ်ပြီး လူတွေ တိုင်းအလွတ်ကို ရုန်းသွားတော့ တာပါပဲဂျာ။ အဲဒီညက နန်းတို့ အိမ်မှာ အိပ်ရင်းနဲ့ …ကျွန်တော်တွေးနေတာ…ဒီပြသနာကို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ လေ။ ငါတော့ ...ဒီလာတာကိုက မှားတာပါ ဆိုပြီး စိတ်ညစ်လိုက်တာဗျာ။ အဟုတ်။ မိုးသာလင်းသွားတယ်။ အဖြေကတော့ …ထွက်မလာခဲ့ ပါဘူး။ ဒီလိုနဲ့ မိုးလင်းတော့ ….နန်းက ထပြီး ထမင်းအိုးတည်နေတယ်ဂျ။သူတို့ ဆီမှာ လေးနာရီလောက်ဆို..ထပြီလေ။ ငါးနာရီလောက်ဆို..အလုပ်ဂွင်ထဲ ရောက်ကုန်ပြီ။အဲဒီလို။ကျွန်တော်နဲ့ …ဇောင်းကြီးလည်း…လေးခွဲလောက်ကျ ထပြီးတော့  သူတို့ အိမ်မှာပဲ မနက်စာတွေဘာတွေ…စားလိုက်ရတယ်။ပြီးတော့ …ခြံထဲသွားခါနီး…နန်းက လှမ်းပြောတယ်။ “ကိုဇူး…သတိ၊၀ိရိယနဲ့ အလုပ်လုပ်နော်” “ဟမ်” သူ မှာလိုက်မှ ပဲဂျာ။လူက ခြံထဲကို မသွားရဲတော့ ဘူးဖြစ်သွားတယ်။သူကတော့ …ဘာရယ်ညာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ပြောလိုက်တာ။ဒါပေ့ မယ် ကျွန်တော်က ကြောက်နေတာဂျ။ဒါပေ့ မယ်..အင်းလို့ ပြောခဲ့ လိုက်တယ်။ သူက ဘာဆက်ပြောသတုန်း ဆိုတော့ ….“အပြန် မိုးမချုပ်စေနဲ့ ဝေ့ …အိမ်မှာ ထမင်းကြိုချက်ထားမယ်” ဆိုပြီးလေ။ အဲဒီတော့ မှ အနော်လည်း စဉ်းစားမိတာ။ ဟ…ဒီခလေးမကလည်း..ကိုယ်ခြံထဲကိုယ်ပြန်တာကို သူက အိမ်ပြန်လာအိပ်လို့ ပြောနေတော့ ။မသိရင်ပဲ…သူအိမ်က အနော်အိမ်လိုလို ဘာလိုလိုနဲ့ ။ဇောင်းကြီးတောင် ပြုံးစိပြုံးစိ လုပ်နေသေးတာ။ အမှန်တကယ်လည်း…ကျွန်တော်တို့ ညအိပ်လို့ ရမယ်မထင်။ အဲဒီအကြောင်းကြီးခေါင်းထဲ ၀င်လာရင်ဗျာ။လူက အော်တို လေးနေတာ။စိတ်တွေလည်း တတ်တတ်ကြွကြွကို မရှိတော့ ဘူး။ အဲဒါသူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်လေးနှစ်စီးနဲ့ ရွာထဲ ပတ်ပြီးတော့ ….အလုပ်သမားတွေကို လိုက်ခေါ်ရတယ်။ အလုပ်သမားတွေ ၇ွာထဲကနေ ခြံထဲကို လမ်းလျှောက်မှာလေ။လေးမိုင်ဆိုတော့ တစ်နာရီလောက်လျှောက်။သူတို့  ရောက်တဲ့ အချိန် ရောင်နီလာပြီ။အနော်တို့ က ဆိုင်ကယ်နဲ့ ဆိုတော့ ..ဖလွတ်ဆိုပြီးရောက်သွားမှာ။အဲဒီအချိန်က မှောင်မည်းနေတုန်း။ အဟီး :D။ အဲဒါကြောင့် အလုပ်မရှိအလုပ်ရှာပြီး ရွာထဲ ပတ်နေတာ။နောက်တော့ ..တစ်စီးမှာ အလုပ်သမားနှစ်ယောက်လောက်စီ တင်ပြီးတော့ …ခြံဆီကို ထွက်လာလိုက်တယ်။ အဲဒီလို သွားနေရင်းဗျာ..သိလား။ ကျွန်တော်တော် ခြံ အတတ်နားက ညောင်ပင်ရော။ အဲဒီမှာ…လူတစ်ယောက်ထိုင်နေတယ်ဂျ။ကျွန်တော်သေသေချာချာမြင်တယ်။ ဆိုင်ကယ်မီးနဲ့ ဆိုတော့ ။ အဲဒါ..ကျွန်တော် အနောက်မှာ ပါတဲ့ လူနှစ်ယောက်ကို “ဒီလူကွာ..မကြောက်ဖူးလား မသိဘူး။ရောင်နီတောင်မလာသေးဘူး။ဒီမှာလာထိုင်နေတယ်” ဆိုပြီးလေ။ ကျွန်တော်ထင်တာက အလုပ်သမားတစ်ယောက်ယောက်…ခြံထဲ..မ၀င်ရဲ လို့ .ဒီကနေလူစောင့်နေတယ်ပေါ့။ အနောက်ကနှစ်ယောက်က ဘာပြန်ပြောလဲသိလား။ “ဟမ် ဘယ်သူလဲတဲ့ …တွေ့ ပါဖူး” တဲ့ ။ ကျွန်တော်ကလည်း..ဆက်ပြောမနေတော့ ဘူး။ ခြံထဲကို ဆိုင်ကယ်ရောက်တော့ …သူတို့ တွေကို ချပေးပြီ။ ဇောင်းကြီးနဲ့ ထားခဲ့ လိုက်တယ်။ ပြီးတော့ ပြန်ထွက်ခဲ့ တယ်။ အဲဒီညောင်ပင်ဆီကိုလေ။ ခုနလူရှိသေးသဗျှ။ အဲဒါအနော်လည်း ဘယ်သူလည်း သိရအောင် ဆိုင်ကယ်ကို ကွပ်ပျစ်ဆီကို ဦးတည်ပြီးတော့ …ရှေ့ မီးနဲ့ မျက်နှာကို ပိတ်ထိုးလိုက်တာ။လန့် သွားတာပဲဂျာ။ ဘယ်သူလဲ သိလား? ဟိုကုန်းဘောင်ခေတ်က လူဂျ။စောစောစီးစီး။ကျက်သရေမရှိလိုက်တာဂျာ။သူ ပုံစံမြင်ရတာ။အင်္ကျီလည်း မ၀တ်ထားဘူး။ အရင်အတိုင်းပဲ။လေကတိုက်နေတာဂျာ။အနော်တို့ တောင်..အနွေးထည်တွေဘာတွေ ၀တ်ပြီးတော့ ..လာရတာ။သူက မချမ်းသလိုလို ဘာလိုလိုနဲ့ ။ အဲဒီအချိန်မှာ..သူက အနော်ကို အော်တယ်ဂျ။ “ဟေ့ ကောင်…မီးပိတ်ဟ။ ဘယ်နှယ့် …အခွက်တည့် တည့် ကို လာထိုးသတုန်း” သူစကားပြောတာကြီးက တစ်မျိုးကြီးနော်။ဟီး အထာတော့ ကျထှာ။အနော်က ဘာဖြစ်လဲမသိပါဘူး။သူ့ ကို ခင်တယ်ဂျ။ ခင်တယ်ဆိုတာထက်ဗျာ…စိတ်ဝင်စားတာ ပိုတယ်။ဘယ်လိုလူလဲမသိဘူးဆိုပြီးလေ။ အဲဒါနဲ့ …မီးပိတ်ပြီး..သူနဲ့ စကားသွားပြောနေတယ်ဆိုပါတော့ ဂျာ။ “ခင်ဗျားနဲ့ တွေ့ ရတာဂျာ…စောစောစီးစီးကျက်သရေမရှိလိုက်တာ။မချမ်းဘူးလားဂျ။ဘယ်နှယ့် …ပုံတုန်းကြီး :D” ဒီလိုနဲ့ …ဒီလူနားမှာ ကျွန်တော် သွားထိုင်တယ်ဆိုပါတော့ ။နွေးတယ်ဂျ။ ဒီလူကိုယ်က တော်တော်လေးနွေးတယ်။ သူက ခပ်တည်တည်နဲ့ ဂျ။အနော်ကို… ဆေးလိပ်ပါလားတဲ့ ။ လေသံက။လေသံက အရင်အတိုင်းပဲ။ အထက်စီးက။ကျွန်တော်ကလည်း..သောက်မြင်ကပ်တာနဲ့ ။ “ပါဝူးဂျာ။ ဘယ်နှယ့် …လူကိုတွေ့ တိုင်း ကွမ်းယာတောင်းလိုက်…ဆေးလိပ်တောင်းလိုက်နဲ့ …တောင်းရင်လည်း ပေးချင်အောင်ပြော..အထက်စီးက လာလာမပြောနဲ့ ” ပြောပလိုက်တယ်။ ဒီဘဲက ရီတာဗျာ။အဟုတ်။ ပြီးတော့  ဘာပြောသလဲဆိုရင်.. “နင့် အိတ်ကပ်ထဲမှာ..ဖက်ကြမ်းပါပါတယ်ကွယ်။ တို့ များ သိသပေါ့” ဆိုပဲ။ ဟိုက်! ဟုတ်တယ်ဂျ။အနော် ဆီမှာပါတယ်။ဒီဘဲဘယ်လို သိလဲမသိဘူး။အဲဒါနဲ့ ကျွန်တော်လည်း..ဖက်ကြမ်းထုတ်ပေးပြီးတော့ …မီးညှိပေးလိုက်တယ်။သူတစ်လိပ်ကိုယ်တစ်လိပ်ပေါ့။ သူနဲ့ က ခဏလေးနဲ့ တော်တော်ခင်သွားတယ်ဂျ။အနော်က သူကို စချင်တာနဲ့ ..ကျွန်တော် ဂျာကင်ကို ချွတ်ပြီးတော့ .. “၀တ်ထားပါဂျာ။ ခင်ဗျား…ဗလက ခပ်ကြီးကြီးရယ်။ အဆုတ်တွေ ဘာတွေ အေးသွားပါအုံးမယ်။ဟားဟ” ဆိုပြီး အတင်းဝတ်ပေးတာ။သူက ယားတယ်ဆိုပြီး အ၀င်မခံဘူးဂျ။အဲဒါ…သူနဲ့ ဆော့ သလိုဖြစ်နေတာပေါ့ဂျာ။ အဲဒါနဲ့ …တော်တော်လေးကြာပြီးတော့ …သူလည်း ပြုံးလိုက်ရယ်လိုက်ဖြစ်လာတယ်။ အံ့ သြဖို့ ကောင်းတာက..သူနဲ့ ကျွန်တော်နဲ့ အချိန်တိုလေးအတွင်းမှာ တော်တော်လေးရင်းနှီးသွားတယ်ဗျ။သိလား။ သူနဲ့ ဆော့ နေတုန်းဂျာ။ သရဲ ကိစ္စ နဲ့ ခြံကိစ္စတွေ ဘာတွေ ကျွန်တော်မေ့ နေတာ။ အဟုတ်။ သူကို စချင်တာပဲသိတယ်။ သူ ဆီက ထွက်လာတဲ့ အသံကြီးတွေက ဘယ်လိုကြီးတွေလဲသိဝူးဂျ။ သူကိုယ် သူဆို “တို့ များ” ဆိုပြီးပြောတယ်။ “ဘာတုန်း” ဆိုရင် “ဘာသတုန်း” ဒီလိုကြီးတွေ။ခွိ …ဂွကျထှာ :D အထာနော်။ အထာ။ အဲဒါသူကို…ကျွန်တော်က…. “ခင်ဗျားနော်..စကားပြောရင်… တို့ များ တို့ များ လို့ မပြောနဲ့ ဂျ။” “ဘာဖြစ်လို့ သတုန်း” တဲ့ သူက။ “အဲဒါ အခြောက်တွေ မှ ပြောတာဂျ။တို့ ညားလေ တို့ ညားလေ ဟားဟ” ဆိုပြီး ကျွန်တော် ဟားတာ။ “အခြောက်ဆိုတာ ဘာတုန်း” “တိန်” အနော် ကြောင်သွားတယ်။ ဟားနေတဲ့ အရသာလေးတောင် ဘယ်ပျောက်သွားမှန်းမသိဘူး။ အခြောက်ကို မသိတဲ့ လူတော့ မရှိလောက်ပါဝူးနော်။ခင်ဗျားတို့ လည်း စဉ်းစားကြည့် ပါ။ ကျွန်တော် တောင်ရှမ်းရော၊မြောက်ရှမ်းဘက်ကရော..ချောင်ကျပါပေ့  ဆိုတဲ့ ရွာတွေကို ရောက်ဖူးတယ်။ “အခြောက်” ဆိုတဲ့ စကားလုံးကို မသိတဲ့  လူတစ်ယောက်မှ မတွေ့ ဘူးဖူး။ ဒီလူက ဘယ်လိုလူမှန်း မသိဘူး။ ကြောင်တောင်တောင်နဲ့ …အခြောက်တောင် သိဘူး။အဲဒါအနော်က နည်းနည်းလေး ချဉ်လာတာနဲ့ ။ “ဒါလေးတောင် သိဝူးလာဂျာ။အဲဒါ…ယောင်္ကျားကနေ မိန်းမစိတ်ပေါက်နေတဲ့ သူကို ခေါ်တယ်။အခြောက်ဆိုပြီး” လို့ လည်းပြောရော…လိုက်ထုတော့ တာပါပဲဗျို့ ။ တကယ်လိုက်ထုတာနော်။ အဟုတ်ထုတာ။သူလက်သီးကြီးနဲ့ နည်းတာမဟုတ်ဘူး။လက်သီးတစ်လုံးတစ်လုံးကို။သူက ဗလလည်းခပ်တောင့်တောင့်။လူကောင်ကလည်း.အနော်တို့ ထက် ခေါင်းတစ်လုံးလောက်မြင့်တာ။မတ်တပ်ရပ်တော့ မှ သိတယ်။ :D သူကကျွန်တော်ကို ဒီလိုမေးပြီးလိုက်တာဂျ။ “နင့်က ငါ့ကို ဘာထင်တုန်း/ဘာထင်တုန်း” ဆိုပြီးလေ။ အနော်က သူကို “အေး…အခြောက်ပဲ ထင်တယ်။အခြောက်ပဲ ထင်တယ်” ဆိုပြီး ပြေးတာ ဟီး :D။ အနော်က သူကို စပြီး ဆိုင်ကယ်ကို ပတ်ပြေးနေတာ။ ပါးစပ်ကလည်း…စနေသေးတယ်။ “အခြောက်ကြီး ။ ဗလကြီးနဲ့ အခြောက်ကြီး ” ဆိုပြီးလေ။ ပေါက်တာဂျာ။အဲဒီလူ တော်တော်လေးကို တင်းနေတာအနော်ကို။ အဲဒီအချိန်မှာဂျာ။ ဇောင်းကြီးက ဆိုင်ကယ်နဲ့ …ဆင်းလာပြီး ကျွန်တော်ကိုလာခေါ်တယ်။သူက ကျွန်တော် အော်ပြီးရီနေသံကြားလို့ …ထွက်လာကြည့် တာ “တစ်ယောက်တည်း…ဘာတွေ အော်ကြီ ဟစ်ကျယ်လုပ်နေတာတုန်းဟ။ ရီလှချည်လား” ဆိုပြီး အနားရောက်လာတယ်။ကျွန်တော်က ဇောင်းကြီးကို ခုန လူထူးလူဆန်းကို ပြမလို့ …ဒီဘက်လှည့် လိုက်တော့ ။ ပိတ်နေတဲ့ ပါးစပ်က ဟ သွားတယ်။ဟမ် ဆိုပြီးလေ။ အဲဒီမတာကြီး မရှိတော့ ဘူး။ ဘယ်ပျောက်သွားလဲ မသိဘူး။အဲဒါနဲ့ …ညောင်ပင်တစ်ပတ်ပတ်လိုက်တာလည်းမရှိတော့ ဘူး။သောက်ရမ်းမြန်တယ်။ ဘယ်ကို ဒိုးသွားလိုက်လဲ ကို မသိတာ။ ဇောင်းကြီးက ကျွန်တော်ကြည့် တဲ့ ဘက်ကို လိုက်ကြည့် လိုက်။ ကျွန်တော်ကိုကြည့် လိုက်နဲ့ ..ဖြစ်နေတယ်။ ကျွန်တော်ကလည်း..နည်းနည်းလေးတော့  အူကြောင်ကြောင်ဖြစ်တွားတယ်။ခုနပဲ ဆော့ နေသေးတယ်ဂျာ။အခုမရှိတော့ ဘူးဆိုတော့ L ။ “ညက သေသေချာချာရော အိပ်ရဲ့ လား” အဲဒါ ခြံထဲပြန်သွားတော့ ..လမ်းမှာ..မေးနေတာဇောင်းကြီးက အနော်ကိုလေ။ ကျွန်တော်က “ဟ..မအိပ်လို့ …ငါက ဘာလုပ်နေရမှာလဲ…မင်းကတစ်မျီုး” ဆိုပြီး ပိတ်ဟောက်လိုက်တယ်။ဟုတ်တယ်။ ဒီမှာ လူက…ခုန ဘဲကြီးက ဘယ်ပျောက်သွားမှန်းမသိလို့ ဘူနေရတဲ့ အထဲ…သူက မအိပ်လို့ ဂေါက်နေသလိုလို ဘာလိုလိုနဲ့ လာပြောနေတယ်။ ဒီလိုနဲ့  ရောင်နီလာတော့ …အလုပ်သမားတွေလည်း..စုံနေပြီလေ။အဲဒါ အားလုံးကို ခြံထဲမှာ ပေါင်းမြတ်တွေလိုက်ရှင်းခိုင်းထားပြီး။ ကျွန်တော်က…ကျွန်တော့ တို့ အလယ်တဲ ကို ရေမြောင်းဖေါက်ကို လမ်းကြောင်းလိုက်ကြည့် နေတယ်။ဟုတ်တယ်ဂျ။အလယ်တဲမှာရေမရှိဘူး။ချိုးချင်ရင်...ရေကသစ်ပင်ကြီးအောက်မှာ သွားသွား..ချိုးရတယ်။ အဲဒီမှာ ရေထွက်လေးရှိတယ်လေ။ရေထွက်ဆိုတာ သိလားမသိဘူး။ဒီလိုပဲဂျာ….သဘာဝ အရ ကျောက်သားတွေကနေ…ရေတွေ ထွက်နေတာ။ ရေပူနဲ့ ရေအေးဆိုပြီးနှစ်မျိုးရှိတယ်။ရေပူကတော့ ….ရောဂါသည်တွေ စိမ်ရင် ရောဂါပျောက်တယ်။ရေအေးကတော့ သာမန်လိုပါပဲ။ အဲဒီရေထွက်မှာ…ယောင်္ကျားလေးတွေလည်း သွားသွားချိုးနေတာ ဆိုတော့ …မိန်းခလေး(အလုပ်သမလေး)တွေ ချိုးရင် အဆင်မပြေဘူး။ ပြီးတော့ ….ကျွဲတွေနွားတွေက အဲဒီရေထွက်မှာ သွားသောက်မဲ့ အစား ဒီဘက်ကို မြောင်းလေးသွယ်ပြီး ကန့် လိုက်ရင် အဆင်ပြေမယ်ထင်လို့ ။ကျွန်တော်က ရေကို ဘယ်လို သယ်ရမလဲဆိုတာလိုက်ကြည့် နေတာ။ အဲဒါတွေကို စီစဉ်ပြီးသွားတော့ ….ခြံစောင့်တွေကို တူးထားလို့ …ပြောလိုက်တယ်။အချိန်ကလည်း ၁၂ လောက်ဖြစ်နေပြီဆိုတော့  နေ့ လည်စာတွေဘာတွေစားပြီး…နှပ်နေတာပေါ့နော်။နေကလည်း…နေ့ လည်ကျတော့ ပူတယ်ဂျ။ တစ်ခုထူးဆန်းတာ ဒီနေ့ ခလေးတွေ အသံမကြားရတာ။တစ်မျိုးကြီးပဲ။အရင်ကဆို ကြက်တွေရော။ဝက်တွေရော။ခွေးတွေရော။ ခလေးတွေရော ဆူညံနေတာလေ။ ဒီနေ့ မှ အားလုံးက တိတ်ဆိတ်နေတယ်။ အဲဒါနဲ့ ကျွန်တော်က ခြံစောင့်တွေကို “တိတ်ဆိတ်လှချည်လား ဦးလေး။ ခလေးတွေ အသံမကြားရတော့ တစ်မျိုးပဲနော်” လို့ စကားစလိုက်တာ။ “အင်း ဟုတ်တယ်။ အိုက်ဇူး။ ဒီခြံကို ဖြတ်ပြီးတော့ မှ တောထဲ ၀င်ရမှာဆိုတော့ ကွယ်။သူတို့ တွေ ကြောက်ပြီးမလာတာလည်းဖြစ်နိုင်တယ်။အဲဒီတော့ ခလေးတွေကိုလည်း မလွှတ်တော့ ဘူးပေါ့” “အော်!” ဆိုပြီး ကျွန်တော်လည်း…တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ဟုတ်တယ်ဗျာ။ ရွာထဲက တစ်ချို့ လူတွေက ဒီတော ဒီတောင်ကို အမှီသဟဲ ပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေရတာဂျ။ အခုလိုချည်း ဖြစ်နေတယ်ဆိုတော့ …တော်တော်လေး သူတို့ အဆင်မပြေဖြစ်မှာ။ အဲဒါ ဒီသရဲ စုတ်ကြောင့်။ သေပြီးနေ သွားပါလား။လွတ်လွတ်ကျွတ်ကျွတ် မသွားဘူး။ လူတွေကို ဒုက္ခလိုက်ပေးနေတယ်။တွေးရင်းနဲ့  ဒေါသက တော်တော်လေးထွက်လာတာ။ စိတ်ထဲမှာလည်း…ဆုံးဖြတ်ချက်ချထားတယ်။တွေ့ မယ်လို့ ..။ အမြစ်ပြတ်အောင် လုပ်ပစ်မယ်ဆိုပြီးလေ။ ပြောမဲ့ သာ ပြောတာပါ။ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ နည်းလမ်းကို မတွေ့ သေးဘူး။ခဏနေတော့ ..အလုပ်သမားတွေအားလုံးက ကျွန်တော်ကို လာပြောတယ်။ ဒီနေ့ …သုံးနာရီ ခွဲလောက် အလုပ်သိမ်းခွင့်ပြုပါဆိုပြီးလေ…ဟုတ်ပါတယ်။ လေးနာရီလောက်ဆို မှောင်လာပြီလေ။ တော၇ိပ်တောင်ရိပ်နဲ့ ..မြူဆိုင်းပြီးတော့ ။ကျွန်တော်လည်း…ခွင့်ပြုလိုက်တယ်။ဇောင်းကြီးကလည်း..စောစောပြန်ချင်တယ်။ မှောင်အောင်မနေချင်ဘူး။ လှဲပြီးနေနေရတာ ပျင်းလာတာနဲ့ …ကျွန်တော် ခြံအစပ်နားကို လမ်းလျှောက်လာတယ်။ဘာရယ်တော့ မဟုတ်ဘူး။စိတ်ပြေလက်ပျောက်ပါ။ ဘာလုပ်ရမလဲ ဆိုတောတွေ တွေးရင်းလျှောက်လာတာ။ ခြံအစပ်ရောက်တော့ .. ဟိုးအဝေးကြီးက တောင်တန်းကြီးတွေကို ကြည့် နေရင်း…ညောင်ပင်ဆီကို မျက်စိကစားလိုက်တာ။ အယ်…မတာကြီး ရောက်နေတယ်ဂျ။ သူရောက်နေတယ်။ညောင်ပင်ရှေ့ မှာ မတ်တပ်ကြီး ရပ်ပြီး ကျွန်တော်ကို ကြည့် နေတာ။ ကျွန်တော်ကလည်း…သူကို တွေ့ တော့ …ပျော်သွားတယ်။သွား စ မလို့ လေ။ :D သူနဲ့ က ခပ်တည်တည်နေစရာမလိုဘူးဂျ။မိုက်တယ်။ ဟုတ်တယ် အနော်ဒီရွာကို စရောက်ကတည်းက ရုပ်တည်နဲံနေတာများတယ်။အဲဒီတော့ ဟာသတွေဘာတွေ သိပ်မပြောဖြစ်ဘူး။ကျွန်တော်ကလည်း..ဘယ်သူကမှ ရီစရာလာမပြောဘူး။တည်လွန်းအားကြီးတော့  ရှိန်တာလည်း ပါပါတယ်။အဲဒီတော့ ပျင်းတယ်ဗျ။ ဒီလူနဲ့ ကျတော့ ..ပျော်ရတယ်လေ။အဲဒါနဲ့ ….တဲ ထဲဝင်ပြီး ချောကလက် တစ်ထုပ်ယူတယ်။ပြီးတော့  ဆိုင်ကယ်ပေါ်တတ်ပြီးတော့ …သူဆီထွက်လာလိုက်တယ်။ ချောကလက်ယူတာက သူကို စချင်လို့ ဂျ။အခြောက်ဆိုတာတောင် ဘာမှန်းမသိတာ။ချောကလက်ဆို ဘယ်လိုနေမလဲ မသိလို့ ။ သူက ကျွန်တော်လာတာ မြင်တော့ …ပြုံးပြတယ်ဂျ။သူအပြုံးကတော်တော်ချိုတယ်နော်။အခုမှ တွေ့ ဖူးတာ။ အသက်လည်း…၂၅ ပတ်ဝန်းကျင်လောက်ရှိမယ်ဗျ။အရင်လိုပဲ ဒီပုဆိုး ခါးတောင်းကျိုက်နဲ့  အပေါ်ဗလာနဲ့  :D ။ အဲဒါ ညောင်ပင်နားရောက်တော့ ….ဆိုင်ကယ်ရပ်ပြီး သူဆီသွားတယ်။ “မနက်က ဘယ်ပျောက်သွားတာတုန်း။ခင်ဗျားဗျာ…သွားရင်လည်း ပြောသွား မယဉ်ကျေးလိုက်တာ” အဲဒီလို ပြောတော့ …သူက ရီနေတာဗျ။ အနော်က သူကို ကွမ်းကျွေးမို့ ပဲ။ဒါပေ့ မယ် ကွမ်းယာထုတ်ကို ဖြေပြီး။ တစ်ယာကို နတ်စင်က နတ်ရုပ်ကို တင်လိုက်တယ်။ ပါးစပ်ကလည်း သိတယ်မလား…ပြောနေကြအတိုင်း။ “ဝေ့ ..နတ်ရေ…ကွမ်းယာပဲ ပါတယ်။ကြိုက်ကြိုက်မကြိုက် ဒါပဲ စားဟာ” ဆိုပြီးလေ။ အဲဒီမှာ သူက ခွက်ထိုးခွက်လန် ရီတော့ တာပါပဲဂျာ။ ဘာအဓိပ္ပါယ်နဲ့ ရီလဲတော့ ..မသိဘူး။ကျွန်တော်ကို ရွဲ့ တာတော့  သေချာတယ်။ဘယ်နဲ့ ကြည့် ရဆိုးတယ်ဂျာ။လူကောင်ကြီးက အကြီးကြီးရယ်။ ခလေးလို လာရီနေတယ်။ :D သောက်မြင်ကို ကပ်ရော။ “ဟေ့ လူ။မရီနဲ့ ဂျာ..ဒါနောက် စရာမလိုဘူးဂျ။နတ်ဆိုတာလေးစားရတယ်။” ဟုတ်မဟုတ်တော့ မသိပါဘူး။သူကြောက်မလားလို့ ဖြဲခြောက်ကြည့် တာ။ မတာကြီးက ကြောက်ဝူးဂျ။ပိုတောင်ကျယ်သွားတယ်။ သူရီသံကလေ။ အနော်ဘာလုပ်လဲ ဆိုတော့ …ချောကလက်တစ်ခုကို ဖြေပြီးတော့ …သူပါးစပ်ထဲကို ပြေးပြီး ထိုးထည့် ပေးလိုက်တယ်။ “ရီ အုံး ရီအုံး” ဆိုပြီးလေ။ ဟီး :D အဲဒါ ဒီဘဲ ချက်ခြင်းပဲနော်။ “ဖလူး ဖလွတ်” လုပ်ပြီးတော့ ထွေးထုတ်ပစ်တာ။ ပြီးတော့ ..ဘာတွေတုန်း တဲ့ အဲဒါ။ အနော်က ချောကလက် ဆိုတော့ …သူက ဘာပြောလဲ သိလား?။ “ချိုတော်မူတယ်” တဲ့ ..ဟားဟ :D ။ “ဘာချိုတော်မူတာတုန်း…ခင်ဗျားက ပြောလိုက်ရင် သောက်ဆန်း..နန်းတွင်းစကားတွေ ဘာတွေနဲ့ လာသေးတယ်။ သာအေးက” ဆိုပြီး အနော်က ပြောရော။ “သာအေးက ဘယ်သူတုန်း” တဲ့ သူက။သူမေးတာချည်း ဖြေနေရတော့ ..အမြင်ကပ်တာနဲ့ ။ “ခင်ဗျား အမေလင့်လေ” ဆိုပြီး ပြောထည့် လိုက်တာ။ လိုက်ထုပြန်ရောဗျို့ ။ ဒီတစ်ခေါက်တော့ …အနော်မိသွားပါတယ်။ မိလည်း မိရော ကျောကုန်းကို ထုတာ “တစ်ဖုန်းဖုန်း” ပဲ။ ဘာဖြစ်လို့ လဲတော့ သိဝူးဂျ။ နာဝူး။ အဲဒါနှစ်ယောက်လုံး ဖုန်တွေထဲ လူးနေတာနော်။ :D နပန်းလုံးပြီးလေ။အဲဒါနဲ့ ..အနော်က မောလာတော့ ။ “တော်တော့ ဂျာ။အနော် မောနေပြီ” ဆိုပြီး ပြောမှ ရပ်တယ်။ ပြီးတော့ ရေအိုးစင်က ရေသောက်ပြီးတော့ ။ ကွပ်ပျစ်ပေါ်မှာ…သွားထိုင်ကြတယ်ဂျ။သူက ပြောတယ်။ “နင် မနောဖြူ တယ်။ကွပ်ပျစ်တည်တယ်။ရေအိုးတည်တယ်” တဲ့ ။ ဟမ်! ဘာကြီးတုန်းလို့ …သူစကားက အဆန်း။ :D အမှန်တော့ …စိတ်ဓါတ်ကောင်းတယ်။ကွပ်ပျစ်ဆောက်တယ်။ရေအိုးစင်လည်းလုပ်ပေးတယ်ပြောတာပါ။ဒီလူ စကားပြောပုံကဘယ်လိုမှန်းတိဝူး။ ပြီးတော့ သူက သူ့ ဘ၀ကို ကျေနပ်နဲ့ ရုပ်နဲ့ ….လေကြီးကို တစ်ဝရှူပြီးတော့ … “တို့ များ…ဒီလိုမနေရတာကြာပေါ့” ဆိုပဲ။အနော်ကလည်း…. “ဟုတ်တယ်ဂျ။အနော်လည်း..ဒီရောက်ကတည်းက စလိုက်နောက်လိုက် နေတာဆိုလို့ ခင်ဗျားပဲရှိတယ်” ဆိုပြီးပြောလိုက်တယ်။ အဲဓီလို ပြောတော့ သူက ပြုံးပြီးကြည့် တယ်ဗျ။ပြီးတော့ ကွမ်းတောင်းစားတယ်။ကျွန်တော်က အထုတ်လိုက်ပေးထားလိုက်တယ်။ဆေးလိပ်လည်း လိုရင်ယူထားဆိုပြီးလေ။ ပြီးတော့  “ခြံထဲသွားလိုက် အုံးမယ်ဂျာ..အလုပ်သမားတွေ ဒီနေ့ စောစောပြန်မယ်ပြောတယ်…ငွေပေးရအုံးမယ်” လို့ ဆိုပြီး ဆိုင်ကယ်ပေါ်တတ်အခွ။သူပြောလိုက်တဲ့ စကားကြောင့် ပြန်ဆင်းလာရတယ်။ “နင် ခြံ အဆင်မပြေဘူးဟုတ်။အဆင်ပြေချင်လား?” ဒီစကားဗျ။ အနော်အတွတ်တော့ ရွှေပဲ။ အဟုတ်။ အဲဒါနဲ့  “ဘယ်လို၊ဘယ်လို..ခင်ဗျား ဘာပြောတာ။အဆင်ပြေချင်လားဟုတ်လား?” လို့ မေးပြီး သူ့ အနားပြန်ရောက်သွားတယ်။ သူက “အေး…ဟုတ်တယ်။နင် တို့ များကို ကူညီတာ များလို့ …ပြန်ပြီးကူညီပေးမယ်။ယုံတယ်ဆိုရင်ပေါ့” တဲ့ ။ အမှန်ဆိုရင်တော့ …သူကို မယုံသင့်ဘူးခင်ဗျ။ဒါပေ့ မယ်…တစ်မျိုးကြီးပဲဂျာ။သူစကားကို ယုံသင့်တယ်လို့ ။ကျွန်တော်နှလုံးသားက ပြောနေတာ။အဲဒီလိုကြီး ခံစားနေရတယ်။ပြီးတော့ …ဒီလူပြောတဲ့ အချိန်မှာ သူမျက်ဝန်းတွေက အရောင်တစ်လက်လက်နဲ့ …ဟို နတ်ဝင်သည် ကြီး နတ်ဝင်နေသလိုလို ဖြစ်နေတာ။အဲဒါကြောင့်။ “ဟုတ်….ယုံတယ်။ ကျွန်တော်ဘာလုပ်၇မလဲ ဒီအခက်အခဲတွေ လွတ်မြောက်အောင်”လို့ မေးတော့ …သူက စပြောတော့ တာပဲ။ “နင်လုပ်ရမှာက နှစ်ချက်ရှိတယ်။ဒီနေ့  ညနေနည်းနည်းမှောင်စပျိုးလာတာနဲ့ …နွားရိုင်းသွင်းချိန်အမှီ..ခြံထဲက ရေကသစ်ပင်ကိုသွား…အဲဒီကနေ ၀ဲဘက်…သုံးပေအကွာလောက်ကို တောက်လျှောက်တူးသွား။ ထွက်လာတဲ့ ဟာတွေကို အကုန်မီးရှို့ ပစ်လိုက်။တူးတဲ့ အခါမှာ အလျား လေးပေလောက်ထိပဲ တူး။ အဲဒီထက်မပိုစေနဲ့ ။မီးရှို့ တဲ့ အခါမှာလည်း..နွားရိုင်းသွင်းချိန်မကျော်စေနဲ့ နော်။အန္တရာယ်ကြီးတော်မူမယ်” တဲ့ ။ ထူးထူးဆန်းဆန်း။သူပြောတဲ့ အထဲမှာ… ၀ဲ ဘက်တွေရော ဘာတွေရော အလျားတွေရော။ ရှုပ်နေတာ။ဒါပေ့ မယ် သေသေချာချာလေးတော့ သိတယ်။မှတ်မိတယ်ပေါ့နော်။ဒီလူက ဗီန္ဒောဆရာလား ဘာလားတော့ မသိဘူး။ဒါပေ့ မယ် ကျွန်တော်သူကို ယုံတယ်။ “နံပါတ် (၂ ) အချက်ကရော ဘာလဲဂျ” ဆိုပြီးတစ်ခါတည်းမေးလိုက်တာ။ သူက အဲဒီအချိန်မှာ…နတ်စင်ကို လှမ်းကြည့်  တယ်ဗျ။ပြီးတော့  လက်ညိုးထိုးပြီး။ “အဲဒီနတ်ရုပ် နင့်ကို ကယ်လိမ့် မယ်။သူ့ အပေါ် နင်ကျေးဇူးရှိတယ်။အဲဒါကြောင့် သူကူညီလိမ့် မယ်။ နင် အခုပြန်တာနဲ့ ယူသွား။ ပြီးရင်…နင်ရဲ့  ခြံ အလယ်ဗဟိုချက်မမှာ….သူကို ထောင်ထားလိုက်။မနက်သူမျက်နှာမူတဲ့ နေရာတွေကို တူးတော့ …တွေ့ ရှိတဲ့ အရာမှန် သမျှမီးရှို့ ပစ်ပါ။ တစ်ခုရှိတာက ရှို့ နေတဲ့ အချိန်မှာ အဲဒါကို အဲဒီနေရာကို ပရိတ်ကြိုးတွေ တားထား။ပြီးရင် ပတ်ပတ်လည်က ရှိသမျှလူတွေကို သံဗုဒ္ဓေ ရွတ်ခိုင်းထားပါ” အဲဒီစကားတွေကို ပြောနေတဲ့ အချိန်မှာ အဲဒီလူရဲ့ …မျက်လုံးတွေဟာ ဘယ်လို လက်နေမှန်းမသိဘူးဂျာ။ အဟုတ်။ကျွန်တော်လည်း သူစကား ဆုံးတာနဲ့ … “ခင်ဗျားပြောတဲ့ အတိုင်း လုပ်လို့ အဆင်ပြေရင် ခင်ဗျား ဖြစ်ချင်တာ ဖြစ်စေရမယ်။အိုခေ။ ကျွန်တော်လုပ်ပေးမယ်ဗျာ ဘာပဲ ပြောပြော ကျေးဇူးတင်ပါတယ်” လို့ ပြောပြီးတာနဲ့ …နတ်ရုပ်ကို သွားယူတယ်။တော်တော်လေးနေတာဂျ။ရွေ့ တောင်မရွေ့ ဘူး။ နတ်ရုပ်က ကြည့် တော့ သာ သေးသေးလေးလိုလို ဘာလိုလိုနဲ့ …အရင်ကလည်း မ ပါတယ်။မလေးပါဘူး။ အခုမှ တနင့်တပိုးကြီးကို ဖြစ်နေတာ။ အဲဒါနဲ့ အဲဒီလူပါဝိုင်းမပေးပြီးတော့ ။ ဆိုင်ကယ်ပေါ်တင်ပေးတယ်။ ပြီးတော့ ကျွန်တော် ဆိုင်ကယ်ကို ခွပြီး နတ်ရုပ်ကို အရှေ့ မှာထားလိုက်တယ်။ ပြီးတော့ …မောင်းထွက်ခါနီးမှာ....အဲဒီလူက ကျွန်တော်လက်မောင်းကို ဆုပ်ပြီးတော့ … “သတိတော့ ထား၊မှား သွားရင်…နင့် အသက် အန္တရာယ်ရှိတယ်။ နင်ငယ်သေးတယ်” ဆိုပြီးတော့ …မှာနေတာ။ ကျွန်တော်လည်း…အင်း ဆိုပြီး ခေါင်းငြိမ့် ပြလိုက်ပြီးတော့ …ခြံဆီကို မောင်းသွားလိုက်တယ်။ ခြံထဲရောက်တော့ ….ဇောင်းကြီး အပါအ၀င် အလုပ်သမားတွေရော။ ခြံစောင့်တွေရောက ကျွန်တော်ကိုကြည့် နေတာ။ ၀ိုင်းပြီးတော့ လေ။ ပြီးတော့ …နတ်ရုပ်ကြီးလည်း..မလာတယ်ဆိုတော့ …။ ဇောင်းကြီးက တစ်ခုခုပြော ဖို့ ဟန်ပြင်တယ်။ ဒါပေ့ မယ်…အနော်က ….စကားဖြတ်ပြီးတော့ …။ “နာရီ ဘယ်နှစ်နာရီ ရှိနေပြီလဲ” ဆိုတော့ … “သုံးခွဲနေပြီ” တဲ့ …။ပြီးတော့ …သူစကား ဆက်ပြောမို့ လုပ်နေတာ။ ကျွန်တော်က သုံးခွဲဗျာ။ဒီနေ့ အပြီးလုပ်ရမှာဆိုတော့  အချိန်ကမရတာနဲ့ ။ “ကဲ …အားလုံး အရေးကြီးတယ်။ ဒီ အရုပ်ကို ၀ိုင်းမပြီတော့ …. ခြံ အလယ်ကွက်တိလောက်မှာ သွားချကြမယ်။ပြီးရင် ဆက်လုပ်စရာတွေရှိသေးတယ်…မြန်မြန်လုပ်ကြမယ်” ဆိုပြီးပြောလိုက်တယ်။အားလုံးက ကျွန်တော် ပုံစံရေးကြီးသုတ်ဖြာဆိုတော့ …သူတို့ လည်း လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ ဇောင်းကြီးက… “ဟ နင့်အရုပ်သေးသေးလေးကို အားလုံးဝိုင်းမရမတဲ့ လား” ဆိုပြီး လာပြောနေတယ်။ဟုတ်ပါတယ် အရုပ်ကလည်း တစ်တောင်လောက်ပဲရှိတာပါ။ကျွန်တော်.. “အေး..လာ “မ” ကြည့် ” ဆိုပြီးတော့ …သူကို ပေး မ လိုက်တာ။လှုပ်တောင်မလှုပ်ဖူး။အဲဒီတော့ မှ အလုပ်သမားတွေလည်း။ “အာ…ထူးဆန်းတယ်နော်..ကိုဇူး” ဆိုပြီး အရုပ်ကို ၀ိုင်းမပေးတာ။ဘယ်နှစ်ယောက်တောင် မ ရတယ်ထင်တုန်းခင်ဗျ။ ယောင်္ကျား အားကောင်းမောင်းသန်…ဆယ်ယောက်ကျော်တယ်။ အနော်တော့ ပါဝူး :D ။ အဲဒီအရုပ်ကို ကြိုးတွေနဲ့ သိုင်း တုတ်နစ်ခုနဲ့ …ခြံလယ်ကို ယူသွားရတာ။ အဟုတ်။ အံ့ ရော။ မကြုံဖူးတာ။တော်တော်များများလည်း…အံ့ သြနေတယ်။ အဲဒါနဲ့  ခြံအလယ်ရောက်တော့ …အရုပ်ကို သေသေချာချာ နေရာချပေါ့ဂျာ။ ပြီးတာနဲ့ …လူတွေစုပြီးတော့ ….ေ၇ကသစ်ပင်ကို သွားတယ်။ ၀ဲဘက်သုံးပေအကွာကနေ လေးပေကို ရေတွတ်ပြီးတော့ …တူးခိုင်းတာ။ အားလုံးကလည်း..ပြန်မေးချင်ပေ့ မယ် ကျွန်တော်က လောကြီးနေတာကြောင့် မမေးပဲ ခိုင်းသမျှချည်းပဲ လှိမ့် လုပ်နေတာ။ တော်တော်လေးနက်နက်ရောက်တော့ ..ဘာတွေ ထွက်လာလဲသိလား။ ဆံပင်တွေ။ မှန်တွေ။ မိန်းမ၀တ် အ၀တ်အစားတွေ။ ယောင်္ကျားဝတ် တောင်ရှည်ပုဆိုးတွေ။ တစ်ချို့ ဟာတွေဆိုရင် အထဲမှာ အရိုးတွေ။ ဒီလိုဂျာ။ တောင်ရှည်ပုဆိုး ပိုးပုဆိုးနော်။ ပတ်ထားတာ အဲဒါက လူအရိုးကို။ အဲဒီလိုတွေ နည်းတာမဟုတ်ဘူး။ထွက်လာတာ။ အဲဒီအချိန်မှာ ငွေရောင် မှန်လေးတစ်ချပ်ထွက်လာတယ်ဗျ။ အဲဒါကို ဇောင်းကြီးက “ငါခဏကြည့် ပါရစေ” ဆိုတာနဲ့ ပေးထားမိလိုက်တယ်။ အားလုံးပေါ့နော်။ တူးပြီးတာနဲ့ … ထင်းတွေ စီပြီး ရရှိသမျှ ပစ္စည်းအားလုံးကို အဲဒီအပေါ် ပစ်တင်ပြီး မီးရှို့ တာ။ အလုပ်သမားတွေကလည်း မီးရှို့ တာကို သေသေချာချာလေး ကြည့် နေတယ်။ ကျွန်တော်တို့ လည်း ကြည့် နေတယ်။ အငွေ့ တွေက တစ်မျိုးပဲ မီးလောင်ရာကနေတတ်လာတဲ့ အငွေ့ တွေလေ။ လူပုံလိုလို ။ မျက်နှာလိုလို တွေဘာတွေဖြစ်ပြီး လေထဲမှာ အငွေ့ ပျံကုန်တာ။ မှောင်တာကလည်း..မှောင်စပြုလာပြီလေ။ အားလုံး ပြီးတော့ ..ဝေ့ ဘယ်နှစ်နာရီလောက်ရှိလဲ ဆိုတော့ ။ ငါးနာရီထိုးနေပြီတဲ့ ။ မီးတောက်ကလည်း…အရှိန်တော်တော်လေး။ ကောင်းနေတာ။ ပြာဖစ်နေတဲ့ အထိတော့ စောင့်စရာမလိုပါဘူး။ အမှီဆိုတော့ လေ။ အလုပ်သမာတွေ အားလုံးကို ပြန်တော့ လို့  ပြောလိုက်တယ်။ ပိုက်ဆံကို လာယူလို့  နန်းတို့ အိမ်မှာ။ အဲဒီလိုတွေ မှာခဲ့ လိုက်တယ်။ အလုပ်သမာတွေက ပြာဖြစ်တဲ့ အထိကြည့် ချင်သေးတယ်။ ဒါပေ့ မယ်…မှောင်လာရင် သူတို့ အန္တရာယ်ဖြစ်မှာဆိုးလို့ ကျွန်တော် အမြန်ပြန်လွှတ်လိုက်တာ။ ခြံစောင့်တွေကိုလည်း အကုန်ပြန်ခိုင်းတာ ဒီည တစ်ယောက်မှ ဒီမှာမနေနဲ့ လို့။ သူတို့ က အရေးကြီးမှန်းတော့ သိတယ်။ ဒါပေ့ မယ် ကျွန်တော်ဘာတွေလုပ်နေလဲ သူတို့ နားမလည်ဘူးလေ။ အားလုံးပြန်ပြီဆိုတာနဲ့ နောက်ဆုံးမှာ ကျွန်တော်ရယ်။ ဇောင်းကြီးရယ် ပြန်လာတာ။ ပြန်လာရင်ဗျာ လမ်းတစ်ဝက်မှာ စိတ်က တစ်မျိုးဖြစ်နေတာနဲ့  ဇောင်းကြီး နင်ဟို ငွေရောင်မှန်လေး ထည့် လိုက်လားလို့ မေးလိုက်မိတယ်။ အဲဒီတော့ မှ မသာက “အာ မထည့် ရသေးဘူးဟ အဲဒီမှန် ငါအိတ်ထဲ ပါလာတယ်။ ငါ့ အိတ်ထဲ ပါလာတယ်” ။ အဲဒါနဲ့ ကျွန်တော်လည်း သူကို ဘာမှပြောမနေတော့ ဘူး။ အချိန်လှမ်းမေးလိုက်တာ။ ဘယ်နှစ်နာရီလဲဆိုတော့  “၅:၁၅” တဲ့ ။ “မှီလောက်သေးတယ်။ ငါကိုပေး အဲဒီမှန် မီးပုံထဲ သွားထည့် မလို့ ” ။ သူ မှန်ထုတ်ပေးတာနဲ့ ။ သူ့ မျက်နှာကို လေးချက်လောက် ဆင့်ထိုးပလိုက်တယ်။ပါးစပ်ကလည်း အသေဆဲပေါ့ဂျာ။သောက်သုံးမကျတာ ဘာညာပေါ့။ ဟုတ်တယ်စိတ်တိုလာလို့ ပါ။ တိတိကျကျလုပ်ရမဲ့ ဟာကို။ သူက သူ့ အမှားဆိုတော့  ဘာမှမပြောဘူးဂျ။ ထိုးပြီးမှ စိတ်မကောင်းဘူးတော့ ဖြစ်ပါတယ်။ ဒါပေ့ မယ် အချိန်က အရေးကြီးနေတာကြောင့်…ချက်ခြင်းဆိုင်ကယ်ကို ပြန်လှည့် ရတယ်။ သူကိုလည်း..အော်ပြောခဲ့ တယ်။ “နန်းဆီရောက်အောင်သွား။ ငါပြန်လာခဲ့ မယ်။ ပြန်မလာလည်း မလိုက်လာကြနဲ့ နော်။ မနက်မှလာခဲ့ ” ဆိုပြီးလေ။ ပြီးတာနဲ့ ခြံထဲကို ယူတာ တစ်မုန်း။ဆိုင်ကယ်က ဖုန်တွေ ကြားထဲမှာ မြားတစ်စင်းလို ၀ှီ ခေါ်နေတယ်။ ခြံထဲရောက်တော့ …တော်တော်လေးမှောင်နေပြီခင်ဗျ။ မီးတောက်ကို တော့ မြင်ရသေးတယ်။ဒါပေ့ မယ် ငါးနာရီက ခွဲတော မှာ။ အဲဒီတော့ ..မီးပုံမြင်တဲ့ နေရာထိ ဆိုင်ကယ်ကို တရကြမ်းမောင်းချသွားတာ။ အနားလည်းရောက်ရော မီးပုံထဲကို အဲဒီမှန်ကို ပစ်ထည့် လိုက်တဲ့ အချိန်မှာ…ရေကသစ်ပင်ကြီး ရှိတဲ့ ဘက်ကနေပြီးတော့ … “၀ူး” ဆိုပြီးတော့ အသံတွေနဲ့ အတူတူ။ အမည်းလို အ၇ိပ်လိုလို အရာတွေ အများကြီး စုပြုံထွက်လာတာ။ ကျွန်တော်လည်း စဉ်းစားမနေတော့ ဘူး။ လုပ်စရာရှိတာက လုပ်ပြီးပြီးလေ။ ဆိုင်ကယ်ကို တစ်ခါတည်း ယူတာ တစ်မုန်း။ ခြံထိပ်က စည်းရိုးကို ဘယ်လိုဘယ်လို ဆိုင်ကယ်နဲ့ ခုန်သွားလဲဆိုတာတော့ ကျွန်တော်လည်းမပြောတတ်တော့ ဘူး။ ၀င်တုန်းကလည်း ခုန်ပြီး ၀င်သွားတယ်ထင်တယ်။ ကျွန်တော်ဆိုင်ကယ်က ထရက်ကာလေ။ အဲဒီတော့  အခုန်အတွတ်အသားပေးတာများတာကိုး။ ခြံစည်းရိုးကို ကျော်လွန်သွားပြီးတဲ့ နောက်မှာ ခြံစည်းရိုးကို လာဆောင့်တဲ့ အသံကြီးတစ်ခုကိုကြားလိုက်ရတယ်။ အကျယ်ကြီးပဲဂျာ။ ဒိန်း ကနဲ နေတာပဲ။ ပြီးတော့ .. “မ ကျေ နပ် ဘူး။ နင် x x x x ” ဒီလို အသံတွေ လိုက်လာတာ။ သေသေချာချာတော့ မသဲကွဲဘူး။အသံတွေက လုံးနေတာ။ ကျွန်တော် အဲဒါနဲ့  တောင်ကုန်းကို ဆိုင်ကယ်နဲ့ ပြေးဆင်းတာ။ အသိသာကြီးဗျာ မှောင်နေတာကတော့  နက်နေတာပဲ။ ဘာမှကို မမြင်ရတာ။ ဒါပေ့ မယ် ဆိုင်ကယ်ရှေ့ မီးက အားကောင်းတယ်။ လမ်းကို မြင်နေရတယ်။အဲဒါကို ခဲ တစ်လုံးဗျာ။ တော်တော်ကို ကြီးတယ်။ အလွတ်ကြီး လမ်းဘေးမှ သူဘာသာသူ နေနေတာ။ ကျွန်တော် ဆိုင်ကယ်က သူနားလည်း ရောက်ရော…ခြေထိုးခံလိုက်သလိုမျိုးလေ။ ရှေ့ ဘီး တည့် တည့် ကို လှိမ့် ဝင်လာတာဗျာ။ ကျွန်တော် အဲဒါကို အရှင်းကြီး မြင်လိုက်တာ။ ဘယ်သူမှလည်း မတွန်းလိုက်ဘူးနော်။ သူဘာသာကို လှိမ့် ဝင်လာတာ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဟာကြီး။ အဲဒါနဲ့ ..ရှောင်ဖို့  လက်ကိုင်ကို ဘေးကို ယိမ်းလိုက်တဲ့ အချိန်နဲ့  အဲဒီခဲလုံးဝင်လာတဲ့ အချိန်နဲ့ ကွက်တိကျသွားတယ်။ ထိမထိတော့ မသိလိုက်ဘူး။ ကျွန်တော် ဆိုင်ကယ် ဘရိတ်ကို ညှစ်ချလိုက်တာ။ ဘီးစောင်းချိန်မှာ…ခဲလုံးကြီးကြီးက ခံလိုက်တာ ဆိုတော့  ဆိုင်ကယ်က လေပေါ်မှာတင် ဘယ်နှစ်ပတ်လည်ထွက်သွားလဲ ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ မြေပေါ်ပြန်ကျတဲ့ အချိန်မှာ ဆိုင်ကယ်က တစ်နေရာ ကျွန်တော်က တစ်နေရာပဲ။ အောင့်တာဗျာ။ ဘယ်ဘက်နံရိုးတွေဘက်က ပြီးတော့  လက်တစ်ချောင်းကလည်း ဘယ်လိုမှ လှုပ်လို့ ကို မရဘူး။ သေချင်တယ်။ အဲဒါကျန်တဲ့ လက်တစ်ဖက်နဲ့  ခေါင်းကို စမ်းတော့  ခေါင်းတော့ မထိဘူး။ လူက မျက်လုံးတွေ ပြာလာပြီးတော့  သတိက လစ်တစ်ချက် မလစ်တစ်ချက်ဖြစ်နေတာ။ အဲဒီအချိန်မှာ တောင်ကုန်းပေါ်က လူတစ်ယောက်ဆင်းလာတယ်။ ခြံထဲကနေ ထွက်လာတာနော်။ တစ်ဖြည်းဖြည်းနဲ့ အနားလောက်လာတော့  ဟို ကုန်းဘောင်ခေတ်ကလူ။ သူက ကျွန်တော်ကို ပြုံးပြပြီးတော့  မျက်နှာကို လက်နဲ့ အုပ်လိုက်တယ်။ မှောင်အတိကျသွားတာပဲ။ ကျွန်တော် သတိရလာတော့  နန်းတို့ အိမ်ထဲရောက်နေပြီဗျ။ ကျွန်တော်လည်း သတိရရခြင်း နန်းမျက်နှာနဲ့ ဇောင်းကြီးမျက်နှာကို မြင်ရတာပဲ။ ဘယ်အချိနှ်ရှိပြီလဲ လို့ မေးလိုက်တယ်။ ဇောင်းကြီးက “ရှစ်ခွဲ” တဲ့ ။ကျွန်တော်က နန်းကို “နန်း….နင် အပြင်ခဏသွားဟာ ငါဇောင်းကြီးကို ပြောစရာရှိတယ်။ အဘ(နန်းတို့ အဖေ) ကို ငါဆီလွှတ်လိုက်” နန်းက ငိုနေတာဂျ။ အဲဒါ မျက်ရည်သုတ်ပြီး လစ်သွားတယ်။ ခဏနေတော့ အဘေ၇ာက်လာတာနဲ့ ကျွန်တော်က။ “အဘ။ အခု ဇောင်းကြီးနဲ့ ရွာသွားတစ်ချို့  ခေါ်ပြီး ခြံထဲသွား။ အဲဒီမှာ အရုပ်မျက်နှာမူနေတဲ့ ဘက် ခြံထောင့်စွန်းကို တူး။ ပေါ်လာတဲ့ အရာမှန် သမျှကို မီးရှို့ ပါ။ မီးရှို့ တဲ့ အခါမှာ ပရိတ်ကြိုးတွေကို အဲဒီမီးပုံကို တား။ ပြီးရင်လူတွေအကုန်လုံးကို သံဗုဒ္ဓေ ရွှတ်ခိုင်းပါ။ အားလုံး ပြီးမြောက်အောင် တစ်ချက်လောက် လုပ်ပေးစေချင်ပါတယ် အဘ။ အဲဒါတွေ ပြီးရင်တော့  ပွဲသိမ်းပါပြီ” ဆိုပြီး မှာလိုက်ရတယ်။ အဖိုးကြီးကလည်း “အေးပါ။ လူလေးရယ်” ဆိုပြီး ဇောင်းကြီးနဲ့ ခြံထဲကို ထွက်သွားသဗျ။ အိမ်ထဲမှာ နန်းရယ် ကျွန်တော်ရယ်ပဲကျန်ခဲ့ တာ။ နန်းက သက်သာလားမေးနေတာ ကျွန်တော်ကိုလေ။ ကျွန်တော်ရှင်းရှင်းပြောရရင် တော်တော်ကို မသက်သာဘူး။ ဘယ်ဘက်နံရိုးက လုပ်တိုင်းအောင့်နေတာ။ ဒီဘက်လက်ကလည်း..ပခုံးနဲ့ လက်မောင်းနဲ့  ချိတ်ထားတဲ့ နေရာက အရိုးက ဂေါထွက်သွားတယ်။ အားပြင်းတယ်ထင်တယ်။ဆိုင်ကယ်မှောက်တော့..မြေပေါ်မှာ လိမ့် သွားသေးတာလေ။အဲဒီဘက်လက်က လှုပ်လို့ ကို မရဘူး။ ကောင်းတဲ့ လက်နဲ့ လည်း နံရိုးတွေလိုက်စမ်းတော့ ညီတဲ့ နေရာ ညီတယ်။မညီတဲ့ နေရာ မညီဘူး။ အောင့်အောင့်နေတာ။ ဒါပေ့ မယ် နန်းမေးတော့  အဆင်ပြေပါတယ်ပဲ ပြောလိုက်တယ်။ ပါးရိုးတွေလည်း နာနေတယ်။ဆန်ပြုသောက်ဖို့ ဟ တိုင်းနာတာ။ ဒီလိုနဲ့ ကျွန်တော် အိပ်ယာပေါ်မှာမှေးနေရင်းနဲ့ အိပ်ပျော်သွားတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်ရောက်သွားတာ ခြံရှေ့ က ညောင်ပင်ကြီး။ အဲဒီအပင်အောင်မှာ ဟိုကုန်းဘောင်ခေတ်က လူကရပ်နေတယ်။ပြီးတော့ သူကမေးတယ်ဗျ။ “နင် သက်သာလား” တဲ့ ။ “ဘယ်လို လုပ်သက်သာ မတုန်းခင်ဗျား။ မမြင်ဘူးလား။ ဒီမှာ အထဲကဟာတွေ ဘာဖြစ်ကုန်မှန်းမသိဘူး။လက်တွေဘာတွေသုံးလို့ မရရင်တော့ သောက်ကျိုးနည်းမှာဂျ သိလား ဟင့်” အနော်လည်း အဲဒီလိုပဲ ပြောပစ်လိုက်တယ်။ဟုတ်တယ်ဂျ။ လူကတော်တော်လေးဖြစ်ထားတာဆိုတော့ လေ။ “နင်ပျောက်ချင်လား အဲဒီ ဒဏ်ရာတွေ” သူကမေးတာ။ရုပ်က ပြူံးဖြီးဖြီးနဲ့ မတာကြီးကလေ။မသိရင်ပဲ သူမှ မကူညီပေးရင် မပျောက်တော့ မယ် ပုံနဲ့ ။ “ပျောက်ချင်တာပေါ့ဂျာ။ ခင်ဗျားကလည်း ဘယ်လိုပြောလိုက်တာလဲဂျ။ ရှယ်ပျောက်ချင်တာပေါ့။” “ ကောင်းပီ။ အဲဒါဆို ည သန်းခေါင်ယံလောက် ဒီညောင်ပင်ရှေ့ လာခဲ့ ။ ရေခွက်ထဲမှာ ရှိတဲ့ ဟာကို ယူသွား။နောက်ပြန်လှည့် မကြည့် နဲ့ ။တစ်ယောက်တည်းလာနော်။အိမ်ရောက်ရင် သွေးသာလိမ်းတော့ ” တဲ့ ။ သောက်ရေးမပါတာက အဲဒီလိုလာပြောတာ။လူက ဒီလောက် စုတ်ပြတ်နေတာကို ဘယ်လိုလုပ်ထနိုင်မှာလဲဂျာ။အဲဒီလူ အတည်ပေါက်နဲ့ လာနောက်နေတယ်။အဲဒါနဲ့  “ခင်ဗျား မတွေ့ ဘူးလား။ ဒီမှာ လူက ထတောင် မနိုင်ဘူး။ ဘာတွေလာပြောနေတာလဲ ဒီညောင်ပင်ရှေ့ လာဖို့ ။ချီးပဲ ခင်ဗျားကို ဟင့်” ဆိုပြီး အနော် စိတ်ပေါက်ပေါက်နဲ့ အော်ပလိုက်တယ်။သူကလည်း စိတ်ကြီးတယ်ဗျ။ချက်ခြင်းကြီး မျက်နှာတည်သွားတယ်။ “ပျောက်ချင် လာယူ မပျောက်ချင်ရင် လာမယူနဲ့ ” ဆိုပြီး ပြန်ဟောက်တယ်။ ကိုယ့် မှာဗျာ မျက်နှာငယ်လိုက်တာ။အဟုတ်။ အဲဒါနဲ့  စကားလမ်းကြောင်း လွှဲချင်တာနဲ့ ။ “ခြံက ဘယ်လိုလဲ အဆင်ပြေသွားပြီလား။ တော်တော်ဆိုးတယ်နော်။ အနော်နောက်က လိုက်တဲ့ ဟာတွေ ဘာတွေမှန်းတိဝူးဂျ။ မိ၇င်တော့ မလွယ်ဘူး။ ဒါနဲ့ နေပါအုံး ခင်ဗျားက ဘာလို့ တောင်ကုန်းပေါ်က ဆင်းလာရတာလဲ။ အဲဒါပြော။ အဲဒီခြံကို နှောက်ယှက်နေတာ ခင်ဗျားလား။ ခင်ဗျား ဆင်းလာလို့ မေးတာ” ကျွန်တော်ကလည်း အခုမှ သေသေချာချာမေးရတာဂျ။ ဒီဘဲက အမြဲတမ်း မလည်ရှုပ်လာလုပ်နေတာဆိုတော့ လေ။ အဲဒီလိုလည်းမေးလိုက်ရော မျက်ထောင့်နီကြီးနဲ ကျွန်တော်ကို လှမ်းကြည့် ပါလေရော။ “တယ် … ဒီ ငမိုက်သား ငါလုပ်ထဲ့ လိုက်ရ” ဆိုပြီး လက်ကြီး မြောက်လိုက်တာ လှံကြီးပါလာတယ်ဗျ။လက်ထဲမှာလေ။ အနော်တောင် လန့် သွားတယ်။အဲဒါနဲ့  ချက်ခြင်း ထအော်ရတာ။ “အာ မလုပ်နဲ့ မလုပ်နဲ့ အကောင်းမေးတာ။ ခင်ဗျားဆင်းလာတာကိုးဂျ။ ခင်ဗျား ဆင်းလာလို့ မေးမိတာပါ။မဟုတ်တာသိပါတယ်။ ခင်ဗျားကို စိုးရိမ်လို့ မေးနေတာ မလုပ်ပါနဲ့ ဂျ။အကောင်းမေးတာပါ” ဆိုပြီး အကြောက်အကန်ငြင်းမှ သူ လက်က လှံကို ၇ုပ်သွားတာ။ မဟုတ်ရင် ပစ်ထည့် လိုက်မဲ့ ပုံဂျ။ “ဘာပဲ ပြောပြော နင့်ကို ငါကယ်လိုက်ရတာ ငါဝမ်းသာတယ်။ ငါမလာရင်တော့ နင်သေတာ ကြာပေါ့။ နင်နဲ့ ငါနဲ့ ကြားမှာရှီတဲ့ ကျေးဇူးတွေလည်း ကျေပြီ” တဲ့ ။ အဲဒါ ဘာပြောတာမှန်းမသိပါဘူးဗျာ။ အမှန်တကယ်ဆိုရင်တော့  သူက ကျွန်တော် အပေါ်ကျေးဇူးရှိတာ။သူလာလို့ ကျွန်တော်က အားရှိသွားတာလေ။ သူက ဆက်ပြောတယ်။ “နင် ငါ့ကို အားလုံးအဆင်ပြေရင် လိုချင်တာလုပ်ပေးမယ်လို့ ပြောတယ်နော်။”တဲ့  “ ဟုတ်တယ်လေ။ ဘာလိုချင်လဲ ပြော။မဖြစ်နိုင်တာတော့ မတောင်းနဲ့ ပေါ့ဂျာ ဟဲ ဟဲ” အနော်က မေးတော့ ။ သူက ပြုံးပြီးပြောတာဗျ။ “ငါ နင်ခြံထဲမှာ နေချင်တယ်။လမ်းဘေးက ဘ၀တွေကို စိတ်ကုန်နေပြီ” တဲ့ ။ “ခြံထဲနေချင်တာများဗျာ ခွင့်တောင်းစရာလိုသေးလား။ ၀င်နေ ခင်ဗျားက ကျွန်တော်ကျေးဇူးရှင်။ နေ ခွင့်ပြုတယ်။ ပြီးတော့ ခင်ဗျားရှိတော့ ကျွန်တော်ပျော်တယ်ဗျ။အဟုတ်” ဆိုပြီး ကျွန်တော်ရင်ထဲရှိတဲ့ အတိုင်းပြောချလိုက်တယ်။ သူက ကျွန်တော်ကို ပြောတယ်။ “နင် လာခေါ်ရမှာ ငါလာနေလို့ မရဘူး။ အဲဒီတော့ နင် ဂတိတည်မယ်ဆိုရင် နင်ဒဏ်ရာတွေ ပျောက်တဲ့ နေ့ မှာ။ ဆေးတော့ လာယူနော် မသာလေး။ ဒဏ်ရာတွေ ပျောက်တာနဲ့  ဒီညောင်ပင်မှာ ရှိတဲ့ နတ်ရုပ်ကို နင်ကိုယ်တိုင် အမွှေးနံသာတွေဘာတွေ ထွန်းပြီးတော့ …နင် ခြံထဲရွေ့ ပေး။ နတ်စင်နဲ့ ထားပါ။နေ့ တိုင်း အမွှေးတိုင်ထွန်းပါ။ ပြီးရင် ဘုန်းကြီး ငါးပါး ပင့်ပြီးတော့ တစ်ခြံလုံး ပရိတ်ရွှတ်ပေးပါ။” ဆိုပြီး ပျောက်သွားတယ်ဗျ။ ကျွန်တော်က “ဟေ့ လူ အာ…ဟေ့ လူ” လို့ ခေါ်ပြီး လိုက်ရှာနေတုန်းမှာ။ နန်းက ကျွန်တော်ကို လာနှိုးတာ။အဲဒီတော့ မှ ကျွန်တော်လည်း အိမ်မက်မှန်းသိတယ်။ အကို ဘာတွေယောင်နေတာလဲတဲ့ ။ ဘာမှမဟုတ်ဘူး အိမ်မက်မက်တာလို့ ။ နေ့ လည် လောက်ကျတော့ ဇောင်းကြီးနဲ့  နန်းတို့ အဖေ နဲ့ ရောက်လာတယ်။ ရွာသွားတွေလည်း ပါလာတယ်။ သူတို့ အတွေ့ အကြုံတွေကို ဖေါက်သည်ချတာ။ နန်းတို့ အဖေက…စပြောတယ်။ “ ဝေ့ …ရှမ်းတ၀က်။ နင့် အရုပ်က အားကြီး ထူးဆန်းတယ်ရော။ ငါတို့ သွားတော့ သူ မျက်နှာလှည့် တဲ့ ဘက် ခြံထောင့်ကို တူးတာ။ အရိုးစုတွေ နည်းတာ မဟုတ်ဘူး။ထွက်လာတယ်ဝေ့ ။ အဲဒါနဲ့ အဲဒီအရိုးစုတွေကို တူးလို့ ကုန်တော့  ငါတို့ မီးရှို့ ဖို့ ပုံတုန်းရှိသေးတယ်။ အဲဒီအရုပ်က နောက်တစ်နေရာကို မျက်နှာမူနေပြန်ေ၇ာ။ အဲဒါနဲ့ အဲဒီနေရာ ခြံထောင့်ကို ဆက်တူးတော့ ။ အဲဒီလိုပဲ ထွက်လာပြန်ေ၇ာ အရိုးစုတွေ။ အကုန်လုံးစုပြီး မီးရှို့ ဖို့ လုပ်နေတုန်းရှိပြန်သေး။နောက်တစ်နေရာကို မျက်နှာမူပြန်ရောဟ။ငါတို့ မှာ မူးနောက်သွားတာပဲ။ အဲဒီနဲ့ အဲဒီနေရာကိုတူးပြန်တော့ လည်း…ထွက်လာပြန်ရော အရိုးစုတွေ နည်းတာမှမဟုတ်တာ။ ဘယ်သူတွေသေလို့ ဘယ်သူတွေက သတ်သွားမှန်း လည်း မသိ။ဘာမှန်းမသိ။ နင့်ခြံက အဲဒါတွေကြောင့်ဆိုးနေတာထင်ပ။ အားလုံး ပုံလည်း ပြီးရော နတ်ရုပ်ကို တစ်ချက်သွားကြည့် ရသေးတယ်။ သူလုံးဝ မလှည့် တော့ တာ သေချာတော့ မှ။ အကုန်လုံး ပရိတ်ကြိုးတန်းပြီး မီးပုံရှို့ ပေးလိုက်တယ်။နင်ပြောသလို ဂါထာလည်း ရွတ်ရင်းလေ။ ထူးတော့ ထူးဆန်းတယ်။ တစ်ချို့ အရိုးတွေဆို သူဘာသာသူ မီးပုံပေါ်ကနေ ခုန် ခုန် ထွက်လာတာ။ ပုရိတ်ကြိုးနားရောက်ရင် ငြိမ်သွားရော။ မီးက ပြန်ပြီးတော့ ဆွဲခေါ်သွားပြန်ရော…အားလုံး ပြာဖြစ်တဲ့ အထိ စောင့်ခဲ့ ရတယ်။ အခုတော့ အဲဒီပြာတွေ အကုန်လုံး။ မြစ်ထဲ မျှောဖို့ ပေးလိုက်ပြီ။ ခြံလည်း သန့် သွားတယ်ထင်ပါတယ်။ အရုပ်တော့  အရင်နေရာ ပြန်ထားခဲ့ တယ်။ ညောင်ပင်မှာလေ” ဆိုပြီးတော့ သူတွေ့ ကြုံခဲ့ ပုံကို မမောတမ်းရှင်းပြတာ။ ပြီးတော့ မှ ရေနွေးကြမ်း သောက်တာ။ အဲဒိတော့ မှာ ဇောင်းကြီးကလည်း… “နင့်ကို ငါမရှင်းလို့ မေးပါဦးမယ်။ အဲဒါလို လုပ်ရမယ်ဆိုတာ နင်ဘယ်လိုသိလာတာလဲ။” ဆိုပြီးတော့ လေ။ အဖိုးကြီးရော ရွာသားတွေရာ စိတ်ဝင်စားသွားတယ်။ အနော်နားပြုံတိုးလာတယ်။ ကျွန်တော်က ခေါင်းအုံးကို အပေါ်နည်းနည်းတင်ပြီးတော့ ထူပေးခိုင်းတယ်။သူတို့ က ထူပေးတယ်။ပြီတော့ နံရံခံထားတဲ့ ခေါင်းအုံးပေါ်မှီချလိုက်တယ်။ ပြီးတော့ မှ ကျွန်တော် နဲ့  ကုန်းဘောင်ခေတ်က လူပုံစံ လူနဲ့ အကြောင်းပြောပြလိုက်ရတယ်။ ပြောပြောပြီးခြင်း နန်းတို့ အဖေက သူရေနွေးကြမ်းသောက်နေတာ သီးသွားတယ်။ပြီးတော့ …. အနော်ကိုမေးတော့ တာ။ “ဗလတောင့်တောင့်နဲ့ ဟုတ်။ မတ်တပ်ရပ်ရင် အရပ်ကြီးက ခပ်မြင့်မြင့် လေ။ လူထွားထွားကြီးလေ။ဟုတ်လား..ရှမ်းတစ်ဝက်” ဆိုပြီး မျက်လုံးပြူး မျက်ဆံပြုးနဲ့ လာမေးတာ။ အနော်က “ဟုတ်တယ်လေ။ အဲဒါ အဘ သိလို့ လား” ဆိုတော့ ။ “အေး..အဲဒါတောင်ပိုင်” တဲံ။ “တိန် ဘာတောင်ပိုင်တုန်း သိဝူး” ဆိုတော့ မှ။ သူက ရာဇ၀င်ခင်းတာ။ ဒီတော ဒီတောင်မှာ သူနေရာနဲ့ သူ အပိုင်းစားကြတဲ့ နတ်မင်းတွေရှိတယ်။ကျွန်တော်တွေ့ တာက တောင်ပိုင် ဒီနားအနီးအနားက တောင်တွေကို သူက အုပ်စိုးရတာ။ ဒီလိုပေါ့ဂျာ။ နတ်တွေအကြောင်းလိုက်ပြောတာ။အနော်နဲ့ နပန်းသတ်တယ် ဆိုတော့  …ရွာသွားတွေကလည်း အံသြသင့်။ သူတို့ မပြောနဲ့ အနော်တောင် အခုမှ သောက်ကျိုးနဲ့ လေခြင်းဆိုပြီး ဖြစ်တာ။ အဲဒီကြောင့် ဒီဘဲ စကားပြောသံက ရှေးခေတ်ကလိုလို ဘာလိုလိုနဲ့ ။ နန်းတို့ ကလည်း အံ့သြ။ “ဒါဆို အဲဒီအရုပ်က တောင်ပိုင် အရုပ်ပေါ့နော် အဘ” လို့ မေးလိုက်တယ်။အဖိုးကြီးက “အေး ဟုတ်တယ်။ နင်တော်တော်လေး ကံကောင်းတာပဲ။အဲဒီလိုမျိုး နင့်ကို သွားပြီး စဖို့ နပန်းလုံးဖို့ မပြောနဲ့ ။ ဒီဘက်ခြမ်းကလူတွေက တောင်ပိုင်ဟေ့ ဆိုနေစရာမရှိဘူး။ အမှားလည်း မလုပ်ရဲဘူး။ သူနယ်ထဲမှာ။နင်နဲ့ ကျမှာ ဘယ်လိုဖြစ်လို့  ဒီလောက်ဖြစ်သွားလည်းတော့ ငါလည်းမသိ” ဆိုပြီးပြောတယ်။ ကျွန်တော်လည်း အဲဒီတော့ မှ အခြောက်ကြီးလို့ စခဲ့ တာတွေ။ သူကို ဟောက်ခဲ့ တာတွေ ပြန်တွေးမိပြီး လန့် လာတာ။ သူစိတ်တိုတဲ့ အချိန်မှာ လှံဆွဲထုတ်တာကလည်း ဘယ်က ဘယ်လိုရောက်လာလဲမသိဘူးနော်။တော်တော်မြန်တာ။ ဒီလိုနဲ့ ပဲ အဲဒီရွာမှာ အဲဒီနေ့ ကတော့  ငဇူးအကြောင်း ပြောမဆုံးပေါင် တောင်သုံးတောင်ပေါ့ဂျာ။ ညေ၇ာက်လာတယ်ဆိုပါတော့။ ကျွန်တော်မထနိုင်ဘူး။ဆိုင်ကယ်စီးဖို့ နေနေသာသာ။ ပြီးတော့ လူငယ်တွေက အနော်နားကို လာလာမေးကြလို့ ။ နန်းတို့ အဖေက ဟန့် ထားရတယ်။ အနော်ကတော့ ဘေးမှာ နန်းရှိနေရ ရပြီလေ။ ဟဲ ဟဲ :D ။ ပြီးတော့ ရွာက ပအိုဝ်မလေးတွေကလည်း အနော်ကို အထူးအဆန်းလို လာကြည့် တယ်။ :D စန်းတွေ လွှတ်ပွင့်တာ။ထိမ်းလို့ တောင်မရဘူး။ အနော်က ကိုယ်ကသာ မလုပ်နိုင်တာဂျ။ ပအိုဝ် မလေးတွေကျတော့  ငမ်းတယ်။ :D အဟီး။ ဘာရယ်ညာရယ်တော့ တော့ မဟုတ်ပါဘူး။ အားရှိအောင်ပါ။ အားရှီမှာလည်း ညဘက်သွားယူရမှာလေ။ ဟိုညောင်ပင်မှာ။ ဘာလဲတော့ မသိဘူး။ ရေခွက်ထဲမှာဆိုတော့ သွားတော့ ယူရမှာ။ ဒါကလည်းသေချာလားမသိ။ မသေချာလား မသိ။ ပြီးတော့ အိမ်မက်ကြီးဟာ။ အနော်သိပ်တော့ မယုံချင်ဘူးဂျ။ အဲဒါကြောင့် ယူဖြစ်ဖို့ မယူဖြစ်ဖို့ ကမသေချာဘူး။ အခုတောင် မလှုပ်နိုင်ဘူး။ အဲဒီနားမှာပဲ နံရံလေးမှီပြီးတော့ ။ ပအိုဝ်မလေးတွေ ငမ်းဟမ်းဟမ်း :P ။ ခွိခွိ ဇိမ်ပဲ။ နန်းက မကြိုက်ဘူးဂျ။အဲဒီလို အနော်ကြည့် တာကို အဲဒါလာလာပြီးတော့  ပြောတယ်။ သွားမကြည့် နဲ့လေ။အယ်။ ဘာညာနဲ့  :D အနော်က သူကို စသလိုလို ဘာလိုလိုနဲ့  အသေကြည့် ဟိ။ မိတယ်။ :D ဒီလိုနဲ့ ဒီညကတော့ အပျော်တွေစုံတဲ့ ညပေါ့ဂျာ။ ဇောင်းကြီးကလည်း ပအိုဝ်မတွေနဲ့ ဇိမ်ကျနေတယ်။ ရွာသားတွေကလည်း အဲဒီခြံကြီး ပြီးသွားရင် စိုက်ခင်းတွေဖြစ်မှာ။ အဲဒီမှာက မြေသြဇာ ကောင်းတယ်။ ရေကလည်း ရေထွက်ရှိနေတော့ အဆင်ပြေတယ်။ ဘာညာပေါ့ဂျာ။ ပြောနေကြတာ။ ဆယ်နာရီ ခွဲလောက်ကျတော့  အားလုံးက ပြန်သွားကြပါပြီ။ ကျွန်တော်ရယ် ဇောင်းကြီးရယ် နန်းရယ်ပဲ ကျန်တာ။ နန်းတို့ အဖေကတော့ အိပ်ပြီ။ နန်းက ကျွန်တော်ကို ရန်ကုန်အကြောင်းမေးနေလို့  သူကို ပြောပြရတယ်။ မမိုက်ဘူး။ နေပူတယ်။ မလာနဲ့ နော် :D တွေဘာတွေ။ လျှောက် စ ပြီးပြောနေတာ။ အနော်ပျော်နေတာလည်း ပါတယ်ဗျ။ အနော်တို့ ခြံထဲမှာ ဘာမှမရှိတော့ ဘူး ဆိုပြီးလေ။ အိမ်ရှေ့ က နေရာလေးမှာတော့  ရွာထဲက လူတွေ စိုက်ခင်းအကြောင်းဘာအကြောင်းနဲ့ မအိပ်ကြသေးဘူး။ အနော်အတွတ် ဆေးကြိုနေတာလည်းပါတယ်။ လိမ်းဖို့ လေ။ ဒီလိုနဲ့ စကားပြောနေတုန်း ကျွန်တော်နားထဲကို တိုးတိုးလေး ပြောသံတစ်ခု ၀င်လာတယ်ဗျ။ “မလာသေးဘူးလား။ ညသန်းခေါင်းကျော်သွားရင် ရှိမှာမဟုတ်တော့ ဘူးနော်။” ဒီလိုမျိုးလေ။ တိုးတိုးလေးပြောတာ။ နာရီကြည့် လိုက်တော့ ၁၁ လောက်ဖြစ်နေပြီလေ။ အဲဒါ တွေတွေဝေေ၀နဲ့  ဆက်ပြီး စကားပြောနေတာ။ ၁၁ ခွဲသွားတယ်။ အဲဒီအချိန်မှာ တော့ အသိသာကြီးဗျာ။ ဟို ကုန်းဘောင်ခတ်က လူရဲ့ အသံ။ ကျွန်တော်နားထဲကို ၀င်လာတာ။ “လာယူခိုင်းနေတယ်” ဆိုပြီးလေ။ အကျယ်ကြီးပဲ။ ကျွန်တော်မလေးမစားလုပ်လို့ လည်း စိတ်တိုနေတယ်ထင်ပ။ အဲဒါနဲ့ ..ကျွန်တော်က တိုးတိုးလေးပဲ ညဉ်းလိုက်တာပါ။ ထလို့ တောင်ရ ပါ့မလားမသိတဲ့ ဟာကို ဆိုပြီးလေ။ “ထကြည့် ပါဦးဟ မသာရ” ဆိုပြီး နားထဲ ပြန်ဝင်လာတယ်။ အသံက။ အဲဒီအချိန်မှ နန်းက “ကိုဇူး ဘာတွေပြောနေတာလဲ” တဲ့ ။ သူကို လက်ကာပြလိုက်တယ်။ ပြီးတော့ ထကြည့် လိုက်တာ။ အောင်မြတ်လေး.. ရတယ်ခင်ဗျ။အဟုတ်။ အရိုးငေါနေပါတယ်ဆိုတဲ့ လက်ကလည်း သိသိသာသာကြီး လွှဲလို့ ရသွားတယ်။ အဲဒါနဲ့ ချက်ခြင်းပြေးဆင်းပြီး ဆိုင်ကယ်သော့ ယူ။ စက်ဖွင့်ပြီး လစ်တာဗျာ။ မြန်ချက်။ လိုက်ဆွဲတဲ့ လူတွေတောင် မမှီဘူး။ ကျွန်တော် ဆိုင်ကယ်ကို ညောင်ပင်ရှေ့ ရောက်တော့ ….ရေအိုးနား အထိသွားလိုက်တယ်။လကလည်း သာနေတယ်လေ။ လရောင်နဲ့ ရေအိုးပေါ်မှာ ရေခွက်လေးက ပက်လက်လေးဗျ။ သိလား။ ရေခွက်ကို မှောက်မထားဘူး။ အဲဒီထဲကို လက်နိုက်လိုက်တော့ … ရှည်ရှည်လေး။ အဖုအထစ်တွေနဲ့  သစ်သားလို လုံးလုံးလေးတစ်ခုကို စမ်းမိတယ်။ အဲဒါကို ယူလိုက်တာနဲ့ ။ တောထဲက “ဝေါ….ဝေါ” ဆိုတဲ အသုံးတွေ ကြားရတော့ တာပါပဲ။ ရိုးနေပြီ။ ငဇူးတို့ က ဒီလောက်ကတော့ …မနေ့ ကလည်း သေပြေးရှင်ပြေးပြေးပြီးပြီလေ။ ဒုတိယံမိလောက်ကတော့  အေးဆေး။ အဲဒါနဲ့  ဆိုင်ကယ်ကို သုတ်ခနဲ့ လှည့် ပြီး။ ရွာထဲအထိ လစ်ခဲ့ တော့ တာပါပဲ။ အိမ်ရောက်တော့ ….နန်းတော့ အဖေက ကြောင်ကြည့် နေတယ်။ခုနပဲ မထနိုင်ဘူး ဆိုပြီးတော့ …အခုကျတော့ လည်း သွက်လိုက်တာ ဆိုပြီးလေ။ ကျွန်တော်လက်ထဲမှာတော့ အဲဒါလေးကို သေသေချာချာဆုပ်ထားတာ။ ပြီးတော့ အိပ်ယာဆီကို သွားပြီ လှဲလိုက်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။ နာတာ ပြောပါတယ်။ ပြန်နာလာတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်လဲတော့ မသိပါ။ တော်တော်လေး ပြန်နာလာတာ။ အဲဒီညက ဒီလိုပဲ အိပ်လိုက်တယ်ဆိုပါတော့ ဗျာ။ မနက်မိုးလင်းတော့  လူကတော်တော်လေး သက်သာလာတယ်။ နံရိုးတွေက ပတ္တလားအတိုင်း ပြန်ပြီးတော့ အစီအစဉ်တစ်ကျလေး ဖြစ်နေတယ်။နောက်ပြီးတော့  အရိုးငေါနေတဲ့ နေရာကလည်း ပုံမှန်အတိုင်းဖြစ်နေတယ်။ ဒါပေ့ မယ် နာတုန်းခင်ဗျ။ နန်းတို့ အဖေကို ကျွန်တော်က မနက်ကျတော့  အဲဒါလေးသွေးပေးပါ ပြီးရင် လိမ်းပေးပါ ဆိုပြီးပေးလိုက်တာ။ အဖိုးကြီးက အဲဒီဟာ ဘာတုန်းတဲ့ ။ သိဝူးလို့ ညက တောင်ပိုင်ကြီး ပေးသွားတာ။အဲဒါသွားယူတာ လို့ ရှင်းပြလိုက်ရတယ်။ သစ်မြစ်လေးလိုပဲ အပေါ်ကထိပ်တုံးတုံးနဲ့  အောက်နှစ်ခွနဲ့ ။ :D မြွေလျှာနဲ့ တောင် တူသေး။ အဲဒါလေးနဲ့ သွေးလိမ်းတာ ဘယ်လောက်လဲဗျာ။ သုံးရက်လားပဲ လိမ်းရ ရတယ်။ ကောင်းသွားတယ်။ ဒဏ်ရာပျောက်ပျောက်ခြင်းပဲ ခြံထဲကို တောင်ပိုင် နတ်ရုပ်ကို ရွေ့ တယ်။ အမွှေးတိုင်တွေဘာတွေထွန်းပြီးလေ။ ပြီးတော့  သူအတွတ် နတ်စင်တစ်ခုကို ရေထွက်ရှိတဲ့  ရေကသစ်ပင်ကြီး အောက်မှာ မှာ သေသေချာချာလေးကို ဆောက်ပေးထားတာ။ မနက်တိုင်း သွားပြီး အမွှေးတိုင်တွေဘာတွေနဲ့ ပူဇော်ပေးတယ်။ ဆွမ်းကွမ်းကတော့  ကွမ်းယာနဲ့  ဖက်ကြမ်းပဲ ။ကျန်တာမဆက်ဘူး။ :D ပြီးတော့  အဲဒီခြံထဲမှာ ကျွန်တော် ဘုန်းကြီးငါးပါးပင့်ပြီးတော့ တောင်ပိုင်နာမည်နဲ့ အမျှဝေတယ်။ “တောင်ပိုင် နတ်မင်းကြီး”ပေါ့နော်။ အဲဒီလိုဝေတယ်။ ပရိတ်ရွတ်တယ်။ တော်တော်များများ လုပ်ပြီးတဲ့ နောက်မှာတော့ တော်တော်လေး သာသာယာယာပြန်ဖြစ်သွားပါတယ်။ အရင်လိုပဲ ခလေးတွေလည်း ကျွန်တော်ခြံထဲမှာ လာဆော့ တယ်။လူတွေကလည်း တောထဲကို သွားကြတယ်။ကျွန်တော် လုပ်ထားပေးတဲ့ ကွပ်ပျစ်မှာလည်း အနားယူကြတယ်။ ကျွန်တော် ထားပေးတဲ့  ရေအိုးစင်က ရေလေးနဲ့ အမောဖြေကြတယ်။ခြံစောင့်တွေကလည်း အရင်လို ပြန်လာပြီးတော့  ညစောင့်အလုပ်ကို လုပ်ကြတယ်။ ကျွန်တော်တို့ လည်း ခြံထဲမှာပဲ ပြန်နေတယ်။ နန်းကတော့  သူညနေအားတိုင်း ခြံထဲလာတယ်။အခုနောက်ပိုင်း ကျွန်တော်ပျင်းရင် ဘယ်မှာ အိပ်လဲသိလား။ တောင်ပိုင်နတ်စင်ရှိတဲ့  ရေထွက်က ရေကသစ် ပင်ကြီးဘေးမှာ သစ်ပင်နှစ်ပင်ကို ပုခက်လုပ်ထားပြီး အိပ်တယ်။တစ်ခါတစ်လေ ဆိုလည်း ညဘက်ကြီး သွားအိပ်နေတာပဲ။ အဲဒီနေရာလေးက ကျွန်တော် အတွတ်တော်တော်လုံခြုံစိတ်ချရတဲ့ နေရာဗျ။ အေးချမ်းတယ်။ ရေထွက်က ရေကျသံလေး နားထောင်ပြီး အိပ်ရတာ။အရိပ်အာဝါသကလည်းကောင်း ဟီး :D ဇိမ်ပဲ။ တစ်နေ့ ပေါ့ဂျာ။ အလင်းလာလည်တယ်။ ခြံထဲကို အဲဒါနဲ့ …ကျွန်တော်တို့ က သူလာတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ။ ဆီထမင်းထိုးစားကြတယ်။ကော်ဖီနဲ့ ဆီထမင်းနဲ့ လေ။ အဲဒါ အလင်း တော်တော်ကြိုက်တဲ့ အရာ။ကျွန်တော်လည်း ကြိုက်တယ်။ နှမ်းထောင်းတွေဘာတွေနဲ့ သေသေချာချာလေး လုပ်ရတာ။ စားလို့ အရမ်းကောင်းတယ်။ လုပ်တာက ညနေပိုင်းလောက်ဆိုတော့  ည ခုနှစ်နာရီလောက်မှ ပြီးတယ်။ တော်တော်များများလည်း ပြန်ကုန်ပြီလေ။ နန်းကို တော့ ခေါ်ထားတာ ဆိုတော့ သူက ရှိနေတယ်။ ခြံစောင့်တွေကိုလည်း ကျွေးဖို့ အလည်တဲ ကိုခေါ်ထားတာဆိုတော့ ခြံထဲမှာ ဘယ်သူမှ ရှီမနေဘူး။ အဲဒါနဲ့ စားတော့ မယ်ဆိုပြီးတော့  အားလုံးဝိုင်းထိုင်လိုက်တဲ့ အချိန်။ “ဒုန်း” တဲခေါင်မိုးကို ခဲနဲ ထုသံဗျ။ အဲဒါနဲ့ အားလုံးက တွန့် သွားတယ်။ကျွန်တော်လည်း တွန့် သွားတယ်။ အပြင်ထွက်ကြည့် တော့ လည်း ဘယ်သူမှ မရှိတေနေဘူး။ ပြန်စားမယ်လို့ တော့ ပြန်ထုတယ်။ အယ်။ ဒီတစ်ခါတော့  ကျွန်တော်သဘောပေါက်သွားတယ်။ “နန်း ဦးဖယ်ထားတာ ရှိလား” ဆိုတော့ … “မရှိဘူး” တဲ့ ….။ အဲဒါနဲ့ ဘယ်သူမှလည်း မစားရသေးဘူးဆိုတော့ … “ဦး” လေး ပြန်ဖယ်ပြီးတော့  ရေကသစ်ပင်ဆီကို သွားလိုက်တယ်။ နတ်စင်က အဝေးက ကြည့် လိုက်ရင် တစ်ယောက်ယောက် ဆေးလိပ်သောက်နေတာကျနေတာပဲ။ မီးက “ရဲကနဲ” “ရဲကနဲ” ။ အနီးနားရောက်သွားတော့ ဘယ်သူမှ မရှိနေဘူး။ အဲဒါနဲ့ နတ်ရုပ်ကို သေသေချာချာကြည့် ပြီးတော့ ။ “ဦးဖယ်လာတာနော်။ ကြိုက်တတ်မှန်းမှ မသိလို့ ပါဂျာ။ ကော်ဖီနဲ့ ဆီထမင်း ဆက်သပါတယ်။စားတော်မူ” ဆိုပြီးတော့ ကပ်လိုက်ရတယ်။ ပြီးတော့ ပြန်အလှည့် မှာ…။ ။


 ကုန်းဘောင်ခေတ်က လူအသံနဲ့  “ကော်ကော် ငါ မကြိုက်ဘူးကွ” တဲ့ ။ ။ ပြီးပါပြီ။

 ငဇူး

မှတ်ချက်။ ။

သောက်ကျိုးနဲ့ မနည်းပြီးအောင် ရေးလိုက်ရတယ်။ အမြင်လေးတွေ ဝေဖန်ပေးကြဦးနော်။

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |