(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ကြံနှုတ်ပါတယ် မြေဖုတ်ကလိုက်သတဲ့

ကြံနှုတ်ပါတယ် မြေဖုတ်ကလိုက်သတဲ့

 ကျွန်တော်နေထိုင်သည့် နေရာနှင့် သင်္ချိုင်း(ကျွန်တော်တို့ မြို့မှာ ခေါ်တာတော့ ကြက်ပေါင်ခြံ)နဲ့က နီးနီးလေးဖြစ်သည်။ ကိုက်အနည်းငယ် ခြေလျင်လျှောက်လိုက်သည်နှင့် ကြက်ပေါင်ခြံ အ၀င်ဝကို မြင်နေရသည်။ ကျွန်တော်ဆိုသည်က လည်း ကိုယ့်ဒေသမဟုတ်သော်ငြားလည်း နေလာခဲ့သည်မှာ ကြာလာခဲ့သည်မို့ အမှုမဲ့အမှတ်မဲ့ပင် နေလာခဲ့သည်။ အနီးပါတ်ဝန်းကျင်ရှိ လူ(အသုဘ) မှန်သမျှ ကျွန်တော်လိုက်ပို့ပေးနေကြဖြစ်သည်။ အဲ့ဒီ ကြက်ပေါင်ခြံ အ၀င်ဝ ကနေ ကိုက် ၂၀၀ လောက်ဆိုရင် သုသာန်ပြင်ကို မြင်နေရပေမည်။ အုတ်ဂူ ဖွေးဖွေးများနှင့် မြေပုံ အများအပြားကို တွေ့မြင် နေရသည်။ အဲ့ဒီအနောက်ဘက်ပိုင်းမှာတော့ ကုန်းမြင့်နေရာများနှင့် ကြံခင်းစိုက်ပျိုးထားတတ်ကြသည်။(ရာသီအချိန်ဆိုရင် စိုက်ပျိုးထားကြသည်။) ကျွန်တော်တို့ သူငယ်ချင်းတစ်စုက တော့ အမြဲတမ်းလိုလို ညပိုင်းလောက်ဆို အဖွဲ့ကြနေတတ်သည်။ သောက်ကြစားကြနှင့်အ ပျော်ကြီးပျော်ပြီးမှ ညမိုးစုပ်စုပ်ချုပ် မှ အိမ်ကို ပြန်ကြလေ့ရှိသည်။ နီးနီးလေးမို့ ဆိုင်ကယ်နှင့် မပြန်ကြဘဲ လမ်းလျှောက်ပြီးပြန်ကြတာများသည်။ အဲ့ဒီစုဝေးနေတတ်တဲ့ ခေါက်ဆွဲဆိုင်က ကြက်ပေါင်ခြံရှေ့ကဖြတ်ပြီ နည်းနည်းဆက်သွားလိုက်ရင် ဆိုင်ကိုရောက်သည်။ အဲပြောဖို့မေ့နေတယ်...အဲ့ဒီကြက်ပေါင်ခြံဆိုတာကလည်း မြို့ထဲကို သွားတဲ့ အဝေးပြေးလမ်းပေါ်မှာဘဲ ရှိတာ..ကျွန်တော်တို့ နေတဲ့ ရွာက မြို့ပြင်ဆိုတော့ မြို့ထဲဝင်တဲ့ ဂိတ်နဲ့ ကြက်ပေါင်ခြံနဲ့က နီးနီးလေး..ဒါကြောင့်ကျွန်တော်တို့နေတဲ့ နေရာက ကားလမ်းမဘေးမှာလို့ ပြောလို့ရတယ်.. ဒီလိုနဲ့ တစ်နေ့ ဘယ်လိုစိတ်ကူးပေါက်ပြီး စကားကြောရှည်မိသည်မသိဘူး..အဲ့ဒီကောင်တွေနဲ့ သင်္ချိုင်းရဲ့အနောက်ဘက်ခြမ်းကုန်းမြင့်ပေါ်က ကြံကို သွားခိုးကြမယ်ဆိုပြီး စကားစရာကနေသွားကြတာ..လူကလည်းခပ်ကောင်းကောင်းနဲ့ယိုင်ထိုးယိုင်းထိုး ဟိုလူကကို ဆွဲထူလိုက် ဒီလူကိုဆွဲထူလိုက်နဲ့ သွားကြတာ အုတ်ဂူတွေပေါ်ကလည်းဖြတ်လျှောက် မြေပုံပေါ်တွေမှာလည်း တက်နင်းပြီးသွားကြတာ..ကြံခင်းဘက်ရှိတဲ့ အခြမ်းဘက်ကိုရောက်ပါလေရော...လူတွေကိုကြည့်လိုက်လည်း...မှုန်ဝါးဝါး ညပိုင်းကလည်းဖြစ်ဆိုတော့ သွားလာလိုက်တာ ကျွန်တော်ဆို တစ်ကိုယ်လုံး ရွှံအလူးလူးနဲ့ ကန်သင်းရိုးတို့ ဘာတို့ပေါ်က သွားတာ ကျွန်တော်က မကျွမ်းကျင်တော့ ခဏခဏ ဗွက်မှာ လူးနေရတယ်လေ..ဒီလိုနဲ့ ရသလောက် တစ်ယောက်တစ်ချောင်းနှစ်ချောင်းလောက် ထမ်းပြီးပြန်လာခဲ့ကြတယ်..ပြန်တဲ့လမ်းကလည်း..အလာတုန်းကအတိုင်းဘဲ ကြံချောင်းတွေကလည်းပါတော့ လဲလိုက်ပြန်ထလိုက်နဲ့ ခေါက်ဆွဲဆိုင်ကို ပြန်ရောက်လာပါလေရော... ပြန်ရောက်ကြတော့မှ ကျွန်တော်တို့လည်း လူစုခွဲပြီးအိမ်ပြန်သွားကြတာပေါ့..ကျွန်တော်လည်း အိမ်ကို လမ်းလျှောက်ပြန်တာ အဲ့ဒီကြက်ပေါင်ခြံအရှေ့ကဘဲ ဖြတ်ပြန်ရတာ..လမ်းကြားထဲရောက်တဲ့အထိက မထူးခြားသေးဘူး..အိမ်ရှေ့ရောက်တော့ ကျွန်တော့အမေကို ပြန်ရောက်ကြောင်းပြောပြီး ခြံအနောက်ဘက်ပိုင်းက ရေဘုံဘိုင်မှာ ခြေလက်ဆေး ကိုယ်လက်သုတ်သင်ပြီး အိမ်အနောက်ဘက်တံခါးမကြီးကနေ အိမ်ထဲကိုဝင်ပြီး ညစာအတွက် အမေပြင်ပေးထားတဲ့ ထမင်းဝိုင်းမှာထိုင်ခါမှ ရှိသေး ခြံတံခါးဝကို ကျော်တက်ပြီး ခုန်ချလိုက်တဲ့ အသံနဲ့ ပေ၅၀လောက်ရှိတဲ့ ခြံအနောက်ဘက်ခြမ်းကို ခြေလှမ်းသုံးလှမ်းဘဲလှမ်းလာတဲ့ အသံရယ် ပြီးတော့ အနောက်ဘက်တံခါးမကြီးကို သုံးချက်ရိုက်လိုက်တဲ့အသံက ကျွန်တော်နဲ့ ကျွန်တော့အမေ တော်တော်လေး တုန်လှုပ်သွားတယ်..ကျွန်တော်ဆို နားထင်ကြောတွေ တင်းသွားတယ်..နောက်မှကြောင်အမနေဘဲ အပေါ်ပြေးတက် ဓါးဆွဲပြီး ဘယ်သူလည်းလို့မေးတာ ပြန်မဖြေဘူး..အဲ့ဒီမှာ အမေကလည်း ကျွန်တော့ကို တိတ်တိတ်နေဖို့ အချက်ပြတာနဲ့ အမေနဲ့ကျွန်တော် ပြူတင်းပေါက် ကနေ ချောင်းကြည့်တော့ အိမ်ရှေ့ ခြံတံခါးက အရာတောင်မပျက်ဘူး.....ဒီလိုနဲ့ ခဏစောင့်ကြည့်ပြီး တံခါးမကြီးကို ဖွင့် လက်နှပ်ဓါတ်မီးနဲ့ ရှာတာ ဘာမှမတွေ့ရတော့ဘူး..ဒီလိုနဲ့မှ အမေက ကျွန်တော့ကို ဘယ်ကပြန်လာတာလည်းလို့မေးတော့မှ ကြက်ပေါင်ခြံက ပြန်လာတာပြောတော့မှ အမေက ထုပါလေရောလား.....အိမ်အောက်မှာ ထားတဲ့ ကြံချောင်းတွေကိုလည်း ပြလိုက်တယ်..အဲ့ဒီညကတော့ ဘာမှထပ်မဖြစ်ဘဲနဲ့ ပြီးသွားတယ်..မနက်ရောက်တော့မှ လမ်းထဲမှာ အသက်ကြီးတဲ့ လူကြီးသူမကို မေးကြည့်တော့မှ မြေဖုတ်ဘီလူး လိုက်လာတာလို့ပြောတယ်..ခြေရင်းအိမ်က အဒေါ်ကလည်း ညက ကျွန်တော်ပြန်လာတာ ခြေသံက အရင်ခြေသံနဲ့မတူဘူးဆိုပြီးစဉ်းစားနေတာတဲ့ အနောက်က ခြေသံတစ်ခုကိုပါထပ်ကြားနေရတယ်လို့ပြောတယ်..နောက်ပိုင်းကျွန်တော်လည်း..မသိတဲ့အရာကို မသိသလိုဘဲ နေလိုက်တော့မယ်လို့ စဉ်းစားရင်း...... မှတ်ချက်။ ။ အမှန်က သင်္ချိုင်းကို ညပိုင်းသွားရဲလားဆိုတဲ့ အနေအထားကနေဖြစ်လာခဲ့တာပါ။ ကြံပင်ကို လိုချင်လို့သွားကြတာမဟုတ်ပါ။ ဖိုရမ်ကို မရမကဖြစ်ညစ်ဝင်ပြီးသကာလ ကြန့်ကြာနေသော ပို့စ်ကို တင်ပေးလိုက်ပါတယ်.. စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ မန်ဘာ ကို Nay Zaw Htet ကိုလဲ ကျိန်းစူးတိန်ပါလယ်နော့..။ စာကိုတော့ ပြန်ပြီး တည်းဖြတ်ချိန်မရှိတော့လို့ စာနဲ့ စကားတွဲနေတဲ့အတိုင်းပဲ တင်ပေးလိုက်ပါတယ်..

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |