(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

စိတ်၏စေရာ

စိတ်၏စေရာ

သရဲအကြောင်းမဟုတ်ပေမယ့်လည်း အမှတ်တရအဖြစ်ရေးချင်လို့ပါ...ကျွန်မရဲ့ သူငယ်ချင်းလည်းဖြစ် မောင်လေးလိုဆိုလည်းဟုတ်...ကျွန်မရဲ့လူနာတယောက်အကြောင်းပါ... ကျွန်မချစ်သူနဲ့တသင်းတည်းကန်တဲ့အတွက် ချစ်သူမိတ်ဆက်ပေးလို့ခင်ခဲ့ရတာ လွန်ခဲ့တဲ့ တနှစ်လောက်ကပါ...ဘောလုံးအားကစားသမား ကင်ဆာရောဂါကြောင့် ခြေထောက်ဖြတ်ရမယ်ဆိုတဲ့အနေအထားကို မဖြတ်ပဲကုလို့ရမယ်လို့ထင်ခဲ့တဲ့ သူငယ်ချင်း..ခြေထောက်တဖက်နဲ့အသက်ကိုလောင်းကြေးလုပ်သွားတာကို ဆေးပညာဗဟုသုတမရှိဘူးလို့ ကျွန်မ အပြစ်မတင်ရက်ခဲ့ပါဘူး... ခြေထောက်အရိုးကျိုးတာကနေ..ယိုးဒယားမှာသွားဆက်...ပြန်လာပြီးသေချာမနားပဲ ထရိန်နင် ပြင်းပြင်းထန်ထန်ပြန်လုပ်..ပြန်ကစား..ထော့နင်းထော့နင်းကနေ ကင်ဆာအသွင်ကိုကူးပြောင်းပြီး...အထူးကုဆေးခန်းဆေးရုံမှသည်...ဆေးသွင်းရတဲ့အနေအထားထိရောက်လာတဲ့အချိန်မှာ ကျွန်မ ပြုစုရပါတယ်... စားလို့သောက်လို့ရနေသေးတဲ့အချိန်..အားပေးနှစ်သိမ့်..ဆေးထည့်..လိုအပ်တာတွေ ချက်ပြုတ်ပေး..ခံတွင်းတွေ့ စရာလေးတွေ..အပေါင်းအသင်းတွေနဲ့အားပေး..ဒီလိုတွေလုပ်လာရကနေ အစာမ၀င်တော့တဲ့အနေအထားအထိ...ကိုယ်တွင်းကလီစာတွေအထိ ကင်ဆာရောဂါပြန့်နှံ့လာတဲ့အချိန်..ဘာမှစားလို့မ၀င်တော့တဲ့အချိန် အခိုက်အတန့်လေးမှာပဲ...ကျွန်မ မခံစားနိုင်တော့တဲ့အတွက်..ကျွန်မလည်း အသေးစားခွဲစိတ်မှုတခုပြုလုပ်လိုက်ရတဲ့အတွက်...တကယ့်ကိုတပတ်..ဆယ်ရက်လောက်လေးပါ... အဲ့နေ့ကိုကျွန်မ မမေ့ပါဘူး...ကျွန်မ အိပ်ယာထဲမှာ အိပ်နေတဲ့အချိန်ပါ...သူရောက်လာခဲ့တယ်..လည်ကတုံးလေးနဲ့..." အမ ကျွန်တော် မနာတော့ဘူးသိလား..ကျွန်တော်နေကောင်းသွားပြီ..အမနေရက်တယ်ဗျာ ကျွန်တော့်ကိုလာမကြည့်ဘူး..ကျွန်တော်အခုလွပ်လပ်သွားပြီဗျသိလားးးးးး" ....ကျွန်မ ဗြုန်းခနဲ လန့်နိုးလာပါတယ်..ဒီကောင်လေး ငါ့ကို သတိများရနေသလားပေါ့..ကားလေးနဲ့ခဏလောက်တော့သွားကြည့်မှပါပေါ့... ကျွန်မ နေမကောင်းတဲ့အတွက် ဖုန်းကို ညီမလေးတယောက်ကိုပေးကိုင်ထားပါတယ်..ကောင်မလေးက သင်တန်းကပြန်လာတော့ ကျွန်မလည်းအောက်ထပ်ဆင်းပြီး လူမမာသွားကြည့်ဖို့ သူသောက်လို့ရတဲ့ အရာလေးဝယ်ပြီးပြန်လာတဲ့အချိန်..." အမရေ အမသူငယ်ချင်းဘောလုံးသမားဆိုတာ ဆုံးသွားလို့ အမကို အသည်းအသန် သူ့အကိုက မနက်က ဖုန်းဆက်တယ်တဲ့..." ကျွန်မလေ ခေါင်းပတ်ချာလည်သွားပါတယ်...ဖုန်းကောကိုပြန်စစ်ကြည့်တော့ ကျွန်မ အိပ်မက်မက်တဲ့အချိန်နဲ့သိပ်မကွာပါဘူး...ကျွန်မ သူ့အတွက်ဝယ်ထားတဲ့အထုပ်လေးကိုင်ပြီး ချုံးပွဲချငိုမိပါတယ်..သူ့အကို ကိုလည်း ဖုန်းဆက်ပါတယ်..သူ့အကိုက အမရယ် ပစ်ထားရက်လိုက်တာတဲ့...ကျွန်မလေ..." မဟုတ်ရပါဘူး..အမ မခံစားနိုင်လို့ပါ ..အမ တစိမ်းလူနာတွေကြည့်ပေးရတာထက်..ကိုယ့်မောင်လေးလိုဖြစ်နေတော့ အမဘယ်လိုမှ သူအစားမစားနိုင်တော့တာကို မမြင်ရက်လို့ပါ..အမလည်းနေမကောင်းနေလို့ပါ" လို့ပြောခဲ့ပါတယ် ကျွန်မ တကယ်ကို နေမကောင်းတဲ့ကြားထဲက သူ့အလောင်းမြေကျတဲ့ရက်မှာ အိမ်မှာသက်ပျောက်တရားကျွန်မသွားခဲ့ပါတယ် ထူးခြားတာတခုက ယင်ကောင်ကြီးတကောင်ပါ...ဖယ်ထုတ်လည်း မသွားတာပါ..ဒီလိုပဲ မဟုတ်လောက်ပါဘူးပဲ ကျွန်မထင်ခဲ့ပါတယ်...သချိုင်းကိုနောက်ဆုံးခရီးအနေနဲ့ ကျွန်မ အလောင်းပြင်တဲ့ဆီကို ရောက်ခဲ့ပါတယ်...သူက သူ့ညီမအငယ်ဆုံးလေးကိုသိပ်ချစ်တာ...အားလုံးပြင်ဆင်ပြီး ဆွေမျိုးတွေရောက်လာတဲ့အချိန်မှာ..ဒါတွေဟာတကယ်ရှိသလားမရှိသလား ကျွန်မ မသိပါဘူး..သူ့အမျိုးအဆွေ အမျိုးသမီးတယောက် တဆတ်ဆတ်တုန်ရီပြီး ပြောချင်တာတွေပြောပါတော့တယ်..ကျွန်မလည်း ဟုတ်သော်ရှိမဟုတ်သော်ရှိ..အမျှပေးဝေပါတယ် သာဓုခေါ်ပါ..လို့ သာဓုအတင်းခေါ်ခိုင်းရပါတယ်...ကျွန်မ အဲ့အချိန်ထိ မယုံပါဘူး..တစုံတယောက်ဝင်ပူးတယ်ဆိုတာ... ကျွန်မ မယုံတဲ့အတွက်လေ...မျက်လုံးစုံမှိတ်ပြီးပြောနေတဲ့ အဲ့အမကြီးကိုလေ..ငါဘယ်သူလည်းသိလား...ပြောဇမ်းလို့ပြောတော့" ဟဟဟ...သိတာပေါ့ ဆရာမလေတဲ့..ငါ့သူငယ်ချင်းဆရာမတဲ့..တခြားကားနဲ့လိုက်ရင် သူနာလို့ အမကားနဲ့လိုက်လာတာတဲ့..အမကားမောင်းတဲ့ကားသမားက နှေးလို့ မနည်းမောင်းခိုင်းရတယ်တဲ့..ပြီးတော့လက်ကလေးကိုမြှောက်မြှောက်ပြီး နာလိုက်တာ အမရယ် အပ်လေ..အပ်တွေနဲ့ထိုးတာလေ..အရမ်းနာတာ..ကျွန်တော်လိုက်လာတာ မရရအောင်တဲ့..မောလိုက်တာအမရယ်တဲ့...ကျွန်တော့်ညီမလေးကိုစောင့်ရှောက်ပါ..ကျွန်တော်သူ့ကိုစိတ်မချဘူး"...တကယ့်ကို ကျွန်မ သူငယ်ချင်း လေယူလေသိမ်း အပြောအဆိုအမူအယာပါ...သူမြှောက်ပြတဲ့လက်ကလည်း တကယ်ကို အပ်ပေါင်းများစွာခဏခဏ သွေးမလိုက်လို့ ထိုးလိုက် ထုတ်လိုက်လုပ်ရတဲ့ ဘယ်လက်လေးပါ..ကျွန်မလည်းလေ..စိတ်ကိုမနည်းထိန်းပြီး "အေးပါ ငါတို့နင့်ညီမလေးကို စောင့်ရှောက်မှာပါ ဘာမှ အားမငယ်နဲ့နော်..သာဓုခေါ်ပါ..အမအကောင်းဆုံးနောက်ဆုံးခရီးကိုလုပ်ပေးမယ်နော်လို့ သာဓုခေါ်ပါနော်လို့".... သူဆက်ပြောတာတခုက ကျွန်မ မျက်ရည်ကို လုံးဝမဆည်နိုင်တော့ပါဘူး...." အမ ကျွန်တော့်ကိုပစ်ထားတယ်နော်..လာတောင်မကြည့်ဘူး..ကျွန်တော်အမအိမ်လာတယ်သိလားတဲ့...အမကို ၀မ်းသာစေချင်လို့..ကျွန်တော် ဘောလုံးလည်းကန်လို့ရပြီ..လုံးဝလွပ်လပ်သွားပြီ...သိလားတဲ့...အခုလည်းကျွန်တော် သွားရတော့မှာ.." ဆိုပြီး တဟီးဟီး ငိုပါတော့တယ်....ကျွန်မ ဘ၀မှာ လူသားတွေရဲ့နောက်ဆုံးခရီးတွေကို လိုက်ပို့ဖူးပါတယ်...ဒီလိုမျိုးမကြုံဖူးပါဘူး...ဒါဟာ အမှန်ဖြစ်စေ..လွဲနေသည်ဖြစ်စေ..သူကျွန်မကိုလာနှုတ်ဆက်တာရယ်..ကျွန်မတို့အနားမှာရှိနေတာရယ်တခုကတော့အမှန်တရားပါ... တကယ်တော့ ခန္ဓာသေဆုံးပြီး စိတ်ဝိဥာန်နဲ့ သွားလာနေတဲ့သူတွေအများကြီးပါ...သေဆုံးချိန် စိတ်ကလေးတခုပဲအရေးကြီးတာပါ...( Oct 1 ရက်နေ့တွင်ဆုံးသွားသော ချစ်သူငယ်ချင်း မိဘနဲ့မိသားစုကို ပြုစုလုပ်ကျွေးခဲ့တဲ့သူ ကောင်းရာသုဂတိလားပါစေ။) One of Admins

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |