(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ကားနှင့်တူယှဉ် လိုက်ဖို့ပြင်သည်

ကားနှင့်တူယှဉ် လိုက်ဖို့ပြင်သည်

အဲဒီ နေရာ က ကျွန်တော် တို့ ကျောက်ပန်း တောင်း ဘက်ကို မန္တလေး -ရန်ကုန် အမြန် လမ်း မ ကြီး ကနေ ဖြတ် ဆင်းပြီးတော့ သွား တဲ့ နားပေါ့ ။ ဒီ ဟာ ရေး လို့ အဲဒီ နား က ဖြတ်သွား လို့ လည်း မကြောက်ကြ နဲ့ ဦး ။ တစ်ဦးနှင့် တစ်ဦး ကံ က လည်း မတူ နိုင်ပါဘူး ။ ရန်ကုန် -မန္တလေး အမြန် လမ်း မ ကြီး ကေ န ဆင်းလိုက်ရင် ကျောက်ပန်း တောင်း ဘက်ကို သွား တဲ့ လမ်း အစ ပိုင်း မှာ ထမင်း ဆိုင် တွေရှိတယ် ဗျ ။ အဲဒါ နည်း နည်း ကျော်သွား ရင်း တိုး ဂိတ် ရှိတယ် ၊ အဲဒီ တိုးဂိတ် က နေ ဟို ဘက် ကို ဆက်သွားလျှင် (ကျောက်ပန်း တောင်းဘက် ) လမ်း မှာ က နည်းနည်းလူ ပြတ် တယ် ၊ အိမ် ယာ လည်းနည်းတယ် ၊ အနည်းဆုံး နာရီ ဝက်လောက်မောင်း မှ ပြန် ပြီးတော့ လူ နေ အိမ်ခြေ ကိုပြန် တွေ့ ရတယ် ။ ခု ဖြစ် ပျက် ခဲ့ တာ က တော့ လွန်ခဲ့ တဲ့ ခြောက်လပိုင်း လောက် က ကျွန်တော် မြန် မာ ပြည် ကို ခဏ ပြန်တော့ တွေ့ ကြုံခဲ့ ရ တာ လေး ပါ ။ မှတ် မှတ် ရ ရ ကျွန်တော် တို့ မြန် မာ ပြည် အလယ် ပိုင်း ဘုရားတွေ လှည့် ဖူးပြီးအပြန်ပေါ့ ။ အပြန် ဆို တာ ရန်ကုန် ကို တန်း ပြန် တာ မဟုတ်ဘူး ၊ မန္တလေး ကို အလျှင် ပြန်တယ် ။ ပြီး မှ ပြန် ပြီးတော့ ရန်ကုန်ကို ဆင်း တာ ပါ ။ အခု တော့ မန္တလေး ကို အပြန် ပေါ့ ။ အဲဒီရက်ပိုင်း က လေ ပြင်း တွေ တော် တော် လေး ကို တိုက်ပါတယ် ။ မှတ် မိ တဲ့လူတွေ မှတ်မိကြမှာပါ ။ ဒါနဲ့ ခု န က ပြော တဲ့ လမ်း အပိုင်းကို ကျွန်တော် တို့ ကား က ည ဘက် ဆယ် နာ ရီခွဲ လောက်မှာ ရောက်ပါတယ် ။ ကျောက်ပန်း တောင်း မှာ ထမင်းဝင်စား တာ က ည ကိုးနာရီ ခွဲ ကျော်နေပြီ ။ ထမင်း စား ပြီး ပြန် ထွက်မယ် လုပ် မှ ဘီး က ထပြီးတော့ ပေါက်ပါတယ် ။ ဒါနဲ့ နောက်တစ်ဘီး ကို လည်းပြီးတော့ ထပ်သွားတယ်။ အဲဒီ ဘီး ပါ ထပ်ပေါက်ပါတယ် ။ အဲဒီ အချိန်မှာ ဘယ် ကား ပြင် ဆိုင် ဘီးဖာဆိုင်မှမဖွင့် တော့ပါဘူး ။ ဒါနဲ့ကျွန်တော် တို့ လည်း ကြုံရာ ဆိုင်ကိုမေးပြီးတော့ မနည်း ကို အကူ အညီ တောင်းပြီးတော့ ဘီးဖာခိုင်းပြီး ပြန် ထွက်ခဲ့ ပါတယ် ။ ဒီ လောက်ဇာ တာ ကျ နေ တာ တော် တော် လေး ကို ကိုယ့် ဘာ သာ ကိုယ် မရိပ် မိခဲ့ပါဘူး ။ ဒီ လို နဲ့ ကား ဘီး နှစ်ခါဖာပြီးတော့ ဆက်ထွက်လာ ခဲ့ ပါတယ် ။ ခု န က ပြော တဲ လမ်း ပိုင်း နား ရောက်တော့ ည ၁၁ ထိုးပါတော့မယ် ။ အရှေ့ခန်း မှာ က ကား မောင်းတဲ့ အကို တစ်ယောက်ရယ်၊ ဦးလေး ရယ် ထိုင်ပါတယ် ။ အနောက်မှာ က ကျွန်တော်ရယ် ၊ နောက်ထပ်ဦးလေး တစ်ယောက်ရယ် ၊ သူ့မိန်း မ ရယ် ၊ နောက် အမ နှစ်ယောက်ရယ် ၊ ကလေး လေး သုံးယောက် ပါ ပါ တယ် ၊ အားလုံး ဆယ် ယောက် ပါတယ် ကလေး တွေ ပါတွက် ရင်ပေါ့ ။ ဒါနဲ့ ကား လမ်း ပေါ်ကို သစ်ပင် တွေ အမြစ် က ကျွတ်ပြီးတော့ ကျ နေ တာ တွေလည်း ရှောင်မောင်း ရ သလို၊လေကလည်း တော်တော်လေး ကိုပြင်းပါတယ် ။တစ်ခါ တစ်လေ ကား ပါ လေ ထဲ စီးပါသွားသလိုပါပဲ။ကား က Hiace ပါ ။ အဲဒီ အချိန် မှာ ရှေ့ လမ်း ပေါ် က နေ လူ နှစ်ယောက် လှမ်းပြီးတော့ တား ပါတယ် ၊ သူတို့ ကိုကြည့်ရ တာလည်း (နည်းနည်းစုတ်ပြတ် နေပါတယ် ) ။ လူ ကောင်းနဲ့လည်း မတူပါဘူ ။ ကျွန်တော် တို့ (အရိုးသားဆုံးဝန်ခံရရင်)မောင်းပြေး ခဲ့ပါတယ် ၊ ကားပေါ်မှာလည်း မိန်းမသားတွေ ပါလို့ပါ ။ လူ လည်း အပြည့်ပါ သူတို့ကို ထပ်ပြီးတော့ တင်ပေး စရာ နေ ရာ မပိုပါဘူး ။ ပြီးတော့ တစ်ယောက်တည်းလည်း မဟုတ် ၊ နှစ်ယောက် ဆိုတော့ လူ ကောင်းလားလူဆိုးလား ဝေခွဲမရလို့ပါ။ ထားပါတော့ ။ ဒါနဲ့ ကျွန်တော် တို့ ကား ဆက်မောင်း လာ ခဲ့ပါတယ် ။ကားပေါ်က လူ တွေအားလုံး အဲဒီ လူ နှစ်ယောက်ကို တွေ့ ခဲ့ပါတယ် ။ သူတို့ တွေ ကလမ်းလျှောက်နေရင်းလှမ်းတားတာပါ ။ ဘာ ဆိုင်ကယ် ၊ဘာ ကား မှ သူတို့ နားမှာ မရှိပါဘူး ။ ဆက်မောင်းလာရင်း နောက်ထပ်ငါး မိနစ်လောက်နေ တော့ နောက်ထပ်လူ နှစ်ယောက် ထပ်တားပြန်ပါတယ် ။ အမှုမဲ့အမှတ်မဲ့ နဲ့ပါ ၊အားလုံးက လေပြင်း တိုက်လို့ ဆိုင်ကယ်တွေ ပျက် တာ ၊ကားပျက်တာ ဖြစ်နေလို့ များ ကားလာ တားတာလား လို့ ထင်မိပါသေးတယ် ။ မဟုတ်ပါဘူး ၊ ခု န က တားတဲ့လူ နှစ်ယောက်ပါပဲ ။ အဲဒါ ကို စ ပြီးသတိထားမိတာ က ကားမောင်း တဲ့ အကို ကြီး နဲ့ ကျွန်တော် နဲ့ ပါ ။ နောက်တော့ ဦးလေး ပါ သတိထားမိ ပါတယ် ။ ဟို အကို ကြီး က တော့ လေပြင်း နေ တာ ကို တောင် မှ ကား က လမ်း ပေါ် ကနေ ဦး က ရွှေ့ ရွှေ့သွားတာ ကို ဂရု မစိုက်တော့ပါဘူး ။ ကီလို ခုနစ်ဆယ်လောက်ထိ တင်လာ ပါပြီ ။ သူ က ဘေး လူ တွေ ကြောက်မှာစိုးလို့ဘာ မှမပြောပေမယ့် မျက်နှာမှာအထင်းသားပေါ် နေ ပါတယ် ။ ကား မောင်းသမား က အရှိန်ထပ်မြှင့် တော့ ဦးလေး က အရှိန်လျှော့ခိုင်းပါတယ် ၊ အဲဒီ အကို ကြီး မလျှော့ပါဘူး ။ ဒါနဲ့ အချင်း ချင်း အော်ဟစ် ငေါက် ငမ်းပြီးတော့ ကား ကို ချက်ချင်းရပ်ခိုင်းလိုက်ပါတယ် ။ ဦးလေး က တက်မောင်းပါတယ် ၊ မှန် မှန်ပါပဲ ။ ဒါပေမယ့် တစ်ချက် တစ်ချက် မြန် မြန် သွားပါသေးတယ် ။ လီဗာ ကို နင်း နင်း လိုက်လို့ ပါ ။ ပုံမှန် မဟုတ်ပါဘူး ။ အဲဒီ အချိန်မှာကားပေါ် က အမျိုးသမီးတွေ လည်း ဘုရားစာတွေ ရွတ်ကုန်ပါပြီ ။ သူတို့လည်းပါးစပ် က ထုတ် မပြောပေမယ့် သဘောပေါက်ကြပါတယ် ။ကလေးတွေ က တော့ အိပ် ပျော်နေလို့ မသိကြပါဘူး ။ ဒါနဲ့ ည ၁၂ နာရီ မတ်တင်းမှာ အမြန် လမ်းပေါ် တက် မိပါတယ် ။ အဲဒီ နောက်ပိုင်းကို ဦးလေး ပဲ ဆက်မောင်းပါတယ် ။ မနက် သုံးနာ ရီ ခွဲ လောက်မှာ မန္တလေးကို ရောက်ပါတယ် ။ ပင်ပန်းတာ တွေ နဲ့ အိပ်ချင်ပေမယ့် အားလုံး မအိပ်သေးပါဘူး ။ ခြေ လက် ရေဆေးပြီးတော့ အမျိုးသမီးတွေ အခန်းထဲဝင်သွားမှ ဦးလေး ရော ဟို အကို ကြီး ပါ ပြော ပါတယ် ။ ငါတို့ကား ကို တား တဲ့ ကောင်တွေ လူတွေ မဟုတ်ဘူးဟ ။ သိလား ၊ ပထမတားတယ် ။ နောက် တစ်ခါတားတယ် ။ နောက် ငါ တို့ ကား လည်း မောင်းပြေး ရော နောက် ကနေ ပြေး လိုက် လာ တာ ။ မင်း တို့ တော့ မသိဘူး ၊ ငါ ကား ကီ လို ခုနစ်ဆယ် ရှစ်ဆယ်နဲ့မောင်းတာတောင်မှ မီ လာ တယ် ။ ငါလည်း ကြောက်တာနဲ့ အမြန် မောင်းတာ လို့ အကို ကြီး ကပြောပါတယ် ။ ဦးလေး က လည်း ငါ မောင်း တော့ ငါ ဘက်မှန် ထဲကနေ ပြေး လိုက် နေ တာ တွေ့ လို့ ဘုရားစာ ဆိုပြီးတော့ အရှိန်ကို တစ်ခါတစ်လေ သတိလက်လွတ် တင်တင် မိသေးတယ်လို့ ပြောပါတယ် ။ ဒါပေမယ့် အမြန်လမ်းပေါ် တက် တဲ့အချိန်မှာတော့ လိုက် မလာ တော့ဘူးလို့ ဆိုပါတယ် ။ ကျွန်တော် က တော့ လိုက် လာ တာ မတွေ့ ခဲ့ပေမယ့် နှစ်ခါတိတိ ကား တား တာ ကို တော့ သေသေချာချာကြီးတွေ့ခဲ့ ရပါတယ် ။ မြန် မာ လူ မျိုး ရုပ်တွေ ပါ ပဲ ။ ဘာ လို့ မကျွတ် မလွတ်လဲ တော့ ကျွန်တော် လည်း အဲဒီ နေ ရာ ကို ဖြတ်သွားဖြတ်လာ သာ လုပ်ခဲ့တဲ့အတွက် မသိခဲ့ပါဘူး ။ မြန် မာ ပြည် ပြန် တုန်း အမှတ် တရ လေးတစ်ခုပေါ့ ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။ (အောင်ဘာလေ )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |