"ဧည့်ဝတ်ကယ် ကျေပွန်လွန်းပေသမို့......... "
နေရာက စစ်ကိုင်းတိုင်း၊ ကသာ (ကမ်းသာ မြို့) ရဲ့ အရှေ့ဘက် ကမ်း ၊ (ဧရာဝတီ မြစ်တစ်ဖက်ကမ်း ပါ ) ။ အဲဒီ နေ ရာ မှာ ကနီ ဆိုတဲ့ ရွာလေး တစ်ရွာ ရှိတယ် ၊
ဖြစ်ခဲ့ တာ က တော့ နှစ်ငါး ဆယ်လောက်ရှိပြီ လို့ ပြော ပါတယ် ။ ကျွန်တော့် အဘွား (အမေ ရဲ့ အမေ )တွေ့ ခဲ့ ရ တာ ကို ကျွန်တော့်  အမေ က ပြန် ပြော ပြ တာ ပါ ။
အဲဒီ ကနီ ဘက်ကို ဒီ ဘက် ကမ်းက လူ တွေ က ဖရဲစိုက် ၊ ပြောင်းစိုက်ဖို့ အတွက် နဲ့ ၊ အဲဒီ ဘက် အခြမ်းက လူ တွေ စိုက်ထားတာ တွေ ကို ကောက်ဖို့ (ဝယ်ဖို့) အတွက်ကို သွားပါတယ် ။ အဲဒီ ခေတ် က သမ္ဗာန် ပဲရှိပါသေးတယ် ၊ စက်လှေ ကိုလူ တိုင်း မစီး နိုင်သေးပါဘူး၊ ရှားလည်း ရှားတယ်လို့ ပြောပါတယ် ။
တစ်နေ့ တော့ အဘွား လုပ်သူက ကနီ ဘက်အခြမ်း မှာ ကုန်သွားပြီးတော့ ကောက်ပါတယ် ။ လူ ကိုယ်တိုင်သွားတာက တော့ ပစ္စည်း ကြည့်ပြီး ငွေ ချေဖို့ပါ ။ ကျန်တဲ့ ကုန် တွေ ကေ တာ့ သူ့ ဘာ သာ သူ နောက်မှ တစ်ခြား လှေတွေ နဲ့ ပို့ လိုက်မှာဖြစ်ပါတယ် ။ ဒါနဲ့ အဘွား က သူ ကောက်နေ ကျ အခင်း က ဖရဲ တို့ ၊ နောက် ပြီးတော့ တစ်ခြား အသီးအနှံ တွေ လည်း ကောက် ဖို့ သွားပါတယ် ။ သူ ကိုယ်တိုင်မသွားဖြစ်တာ လည်း တစ်လ လောက်ရှိပြီ လို့ ဆိုပါတယ် ။ ကြားထဲ မှာလည်း ဟို ဘက်ကမ်း သည် ဘက်ကမ်း ဆိုပေမယ့် သိပ်ပြီးတော့ သွားသွား လာ လာ လည်း မရှိဘူး လို့ ဆိုပါတယ် ။ ဟို အရင် ခေတ် က ဆိုတော့ လည်း လှေနဲ့သွား ရ တာ အန္တရာယ် များ ပါသေးတယ် ။ ဒီနေ့ ညနေ စောင်း လောက်ကိုသွားရင် အဲဒီမှာ တစ်ည အိပ်ပြီးတော့ နောက်တစ်ရက် မနက် မှ ဒီ ဘက် ကမ်း ကိုပြန် လာ တာ များပါတယ် ။
ဒါနဲ့ အဘွား လည်း သူ ကောက်ေ နတဲ့ အိမ်ကို သွား ပါတယ် ၊၊ အဲဒီ မှာ က အပျိုကြီး ညီ အမ နှစ်ယောက် ရှိပါတယ် ။ လယ် ရှင် သူဌေး တွေ ပေါ့ လေ ။ အဘွား သွား တော့ ကသာဘက်ကမ်းကနေ ညနေ သုံးနာရီလောက်ပါ ၊ ဟို ဘက် ကမ်း ကို ရောက်တော့ လေး နာ ရီ ကျော်ကျော်ပဲ ရှိပါသေးတယ်တဲ့ ။ အဲဒီ အိမ်ကလည်းမြစ် ဆိပ်က နေ တက်ပြီးတော့ ဆယ် မိနစ်လောက် အထဲကို လျှောက် ရ ပါသေးတယ် တဲ့ ။ ဒါ တောင် အဲဒီ ဘက် ကမ်း က ကမ်း နဲ့ အနီးဆုံး အိမ်ပါ တဲ့ ။ ရွာ အပြင် ဘက် ကို ရောက်ပါတယ် ၊ သူတို့ အခင်းတွေ ကို သူခိုးခိုးမှာစိုးလို့ ရွာ အပြင် ဘက် ခပ်လှမ်း လှမ်း မှာ နေ တာ ပါ ၊ ရွာ ဆို ပေမယ့် လည်း တစ်အိမ်နဲ့ တစ်အိမ် က လည်း တစ်ခေါ်လောက်ဝေး ပါ တယ် ။
အဘွားလည်း သွား နေ ကျ ဆိုတော့ အဲဒီ အိမ် ပေါ် ကို ပြော ပြော ဆိုဆိုနဲ့ခေါ် ရင်း တက်သွားတယ် ။
သူ ရောက်သွားတော့ အကြီး မ အပျိုကြီး တစ်ယောက်ပဲ တွေ့ တယ် တဲ့ ။ သူ့ကိုလည်းစကား လည်း သိပ် မပြော ဘူး တဲ့ ။ ဒါ နဲ့ အငယ် မ ရော လို့ မေး တော့ ရွာ ထဲ က အိမ် မှာ လို့ ပြော သတဲ့ ။ ပြီးတော့ ရှိ တဲ့ ဟင်း တော့ ခူး ခပ် ကျွေးတယ်တဲ့ ။ ဒါနဲ့ အဘွားလည်း သူတို့ ညီ အမ နှစ်ယောက် ရန် ဖြစ် စိတ် ကောက် နေ ပြီးတော့ မခေါ် မပြော ဖြစ်လို့ များ လားလို့ တွေး မိတယ် တဲ့ ။ အရောင်း အဝယ် ကိစ္စ တွေ ကို ကလည်း အငယ် မ နဲ့ ပဲ ပြောတာ ဆိုတာ ဆိုတော့ မနက်ဖြန် မှ ပဲ ရွာ ထဲ လိုက်သွား ပြီးတော့ ဖြစ်ဖြစ် ၊ အငယ် မ ပြန် လာ လျှင်ပဲ ဖြစ်ဖြစ် ပြော တော့မယ် ၊ ဒီနေ့ တော့ ပင်ပန်း လို့ အိပ် လိုက်ဦးမယ် ဆိုပြီးတော့ အဲဒီ အိမ်မှာပဲ အိပ် လိုက်ပါတယ် တဲ့ ။
ဒါ နဲ့ နောက်နေ့  မနက်ရောက်တော့ အကြီး မ ကြီးကို မတွေ့ ပါ ဘူး တဲ့ ။ အပျိုကြီး အမ ကြီး များ ဘယ် ကိုထွက်သွား သလဲ ဆိုပြီးတော့ သူလည်း ရွာ ထဲ လိုက်ဝင် လာ တာပေါ့ ။ ဒါနဲ့ အခြား ရွာ သားလေး တွေ တွေ့ တော့ သူတည်း တဲ့အိမ် က ညီ အမ ကိုတွေ့ မိလား လို့ မေး တာပေါ့ ။ ဒါနဲ့ ရွာ သား လည်း အမ ကြီး တွေ့ ချင်ရင် ရွာ ဘုန်း ကြီး ကျောင်း ကို လိုက်သွား ချေလို့ ပြော တယ်တဲ့ ။ ကျွန်တော် တို့လည်းသွား ကူ မှာ ပါ လို့ ပြော တယ်တဲ့ ။ ဒါနဲ့ အဘွားလည်း ဘာ များ ဖြစ်လို့ ပါ လဲ ဆိုပြီးတော့ ဘုန်း ကြီး ကျောင်း ကို လိုက်သွားတော့ မှ အငယ် မ အပျိုကြီး နဲ့ တွေ့ တယ်တဲ့ ။ ဒါနဲ့ ငါ့ မှာမနေ့ ည က နင့် အမ ကြီး ပဲ အိမ်မှာ တွေ့ လို့ ၊ နင့် ကိုလိုက်ရှာနေ တာ ၊ ဖရဲ ခင်း ကို ဘယ် ဈေး နဲ့ဖြတ် မှာ လဲ ဘာ ညာမေး တော့ ၊ ဟို အပျိုကြီး အငယ် မ က အောင် မလေး ဘုရား တပြီးတော့ ဘုန်း ကြီး ကျောင်း မှာ တစ် ခါ သတိလစ်သွားပြန် တယ် တဲ့။ ပြီးတော့ မှ ဒီနေ့ ရက်လည် တရား နာ ပါ ပေါ့ ။ အိမ် မှာလည်း သူတစ်ယောက်တည်းမို့ လို့ မအိပ်ရဲလို့ ရွာ ထဲ လာ အိပ်နေတာပါပေါ့ ။ သူ့ အမ ကြီးဆုံး တာ တစ်ပတ် ပြည့်ပြီ ဆိုတဲ့ အကြောင်းအဘွား ကိုပြန် ပြော ပြ တယ် တဲ့ ။
ဒီတော့ မှ အဘွားလည်း ဒါ ဆိုငါ့ ကိုည တုန်း က စောင်တွေ အိပ်ယာခင်းတွေ ထုတ် ပေး ၊ ထမင်း တောင်ကျွေး လိုက်သေးတယ့် နင့် အမ က လူ မဟုတ်ဘူး လား ဆိုပြီးတော့ မေး တယ်တဲ့ ။ ဘုန်း ကြီး ကျောင်းက နေ အပြန် ဒီ ဘက် ကမ်း ကသာ ထိ ကို လူ သုံးယောက်ငှားပြီးတော့ အဘွားလည်း ပြန် လာ ခဲ့တယ် တဲ့ ။ ဒီ ဘက် ကမ်းရောက်တော့ အဘွားလည်း ဖျား တာသုံးရက် လောက် ရှိတယ်။ :D
ဧည့် ဝတ် ကျေပြွန် တဲ့ အဲဒီ ကနီ ဘက် ရွာ က အပျိုကြီး အကြောင်းကို အဘွား က သူ့ သမီး ကျွန်တော် တို့အမေ ကို ပြော ပြ တာ ကို ပြန်ဖောက်သည် ချတာ ပါ ခင် ဗျား။ ဖြစ်ခဲ့ တာ တော့ နှစ်ငါး ဆယ် ကျော်လောက်ရှိပြီ လို့ ပြောပါတယ် ။
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အကြောင်းအရာတွေကို ဖောက်သည်ချပေးတဲ့ ကို Aung Berlay ကို အထူး အထူး ကျေးဇူးတင်ကြောင်းပါခင်ဗျ...။
အပျိုကြီးများအိမ်တွင် ညမအိပ်ချင်သူ
(အက်ဒမင်-ရွာတော်ရှင်)