(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

သံဃာဆောင် မောင်မလာချင်တော့ပြီ

သံဃာဆောင် မောင်မလာချင်တော့ပြီ 

ကျနော်ကြုံဖူးတာလေး တခုလောက် ပြောပြပါရစေ။ ကျတော်တို့ ကျောင်းကနေ trip ထွက်ရပါတယ်။ ယောက်ျားလေး ခုနစ်ယောက် မိန်းကလေး ရှစ်ယောက် တဖွဲ့ ပါ။ သွားရတာကတော့ နတ်မောက် ဆိုတဲ့ ဒေသလေးပါ ( ဗိုလ်ချုပ် မွေးရပ်မြေ )။ဟိုရောက်တော့ မြို့ နယ်မှုးက နေရာချပေးတော့ မိန်းကလေးတွေက ဆေးရုံအတွင်းဘက်မှာ နေရာရပီး ကျတော်တို့ ယောက်ျားလေးတွေကိုတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့  သံဃာဆောင်မှာ နေရာချပေးပါတယ်။ အဲဒီအဆောင်က လူနာမထားတာလည်းကြာပီ၊ ဒီအတိုင်းပိတ်ထားတာတဲ့။ အဲဒီအဆောင်မှာ ခုတင်က ၄လုံးရှိတယ်။ အခန်းက တော့ ၃ ခန်း နဲ့ အလယ်မှာ ဘုရားစင် ပါရှိပါတယ်။ ခုတင်ပေါ်မှာတော့ အရင်လူနာဟောင်းတွေ အသုံးပြုထားခဲ့တဲ့ မွေ့ ယာနဲ့ အဲဒီအပေါ်မှာ သွေးစ အချို့ ကို တွေ့ ပါတယ် ။ ကျနော်နဲ့ အကို ၁ယောက်က အဲဒီ မွေ့ ယာတွေကို အကုန်ယူပီးတော့ အခန်းတစ်ခန်းထဲမှာ ထည့်ထားလိုက်ပါတယ်။ ခုတင်က ၄ လေးလုံးရှိပေမဲ့ ကျန်တဲ့ သူတွေက အဲဒီခုတင်ပေါ်မှာ မအိပ်ရဲတာကြောင့် ကျန်အခန်းထဲမှာ ၅ယောက် စုပီးတော့ အိပ်ကြပါတယ်။ ကျနော်နဲ့ အကိုတစ်ယောက်သာ အဲဒီခုတင်တွေပေါ်မှာ အိပ်ကြပါတယ်။အဲဒီဆေးရုံမှာ ကြုံတွေ့ ခဲ့ရတာကတော့ ဘာဖြစ်တယ်လို့ ပြောရမည်မှန်း မသိပါ။ အခုထိလည်း ကျနော်မရှင်းသေးပါ။ ဆက်ဖတ်ကြည့်ပီးတော့သာ သူငယ်ချင်းတို့ ပြောပြပေးကြပါဦးနော်။။။။။။ Day 1 ကျနော် ခရီးပန်းတာကြောင့်ရော နယ်မြေသစ်ရောက်လို့ စူးစမ်းချင်တာရောကြောင့် ကျနော်နဲ့ တခန်းတဲအတူနေတဲ့ အကိုနဲ့ ဘီယာဆိုင်ရှာပုံတော်ဖွင့်ဖို့ ထွက်ခဲ့ကြပါတယ် ( သောက်ချင်ရင် သောက်ချင်တယ်မပြောဖူး ဟီးး ) ။ ဘီယာဆိုင်မရှိဖူးခင်ဗျ၊ တစ်မြို့ လုံးကို နှံအောင်ရှာတာတောင် မတွေ့ လို့ နောက်ဆုံး စားသောက်ဆိုင်လေး တစ်ဆိုင်မှာဘဲ အရက်သောက်ဖြစ်ခဲ့ကြတယ်။ အပြန်တော့ ရေချိန်တော်တော်လေး ကိုက်နေပီဗျ။ ဒီလိုနဲ့ အခန်းထဲ ၀င်အိပ်လိုက်တာ တမ်းပီးတော့ အိပ်ပျော်သွားတာပေါ့။ ခဏနေတော့ ကျနော် လန့် နိုးလာတယ်။ တယောက်ယောက်က ကြည့်နေသလိုခံစားရလို့ ခေါင်းထောင်ပီးတော့ ကြည့်လိုက်တော့ အခန်းဝမှာ လူစိမ်းတစ်ယောက် မတ်တတ်ရပ်နေတယ်။ လူစိမ်းမှ လူစိမ်းစစ်စစ်၊ ဘာလို့ လူစိမ်းလို့ ပြောလည်းဆိုတော့ သူ့ အ၀တ်အစားအားလုံးက အစိမ်းရောင် ဖြစ်နေလို့ ပါ။ ကျနော် သေချာ ထက်ကြည့်မိတယ် ( အိပ်ချင်နေတာရော မူးနေတာရောကြောင့် မသဲကွဲပါ)။ ကောင်မလေး တစ်ယောက်ပဲ ( သူ့ ကိုယ်လုံးကိုပေါက်နဲ့ သူ့ ဆံပင်တွေ ရှည်နေလို့ ပါ) သူ့ မျက်နာကို သေချာထက်ကြည့်သေးတယ် ကောင်းကောင်းမမြင်ရဖူး ဒါပေမဲ့ သူ့ မျက်လုံးတွေကတော့ အစိမ်းရောင်ဆိုတာ သေချာတယ်။ ကျနော် နည်းနည်း ဖြုံသွားတယ် မျက်စိလည်း နည်းနည်း ပြူးသွားတာပေါ့လေ။ သူ့ မျက်နာကို သေခြာမြင်ချင်လို့ မျက်စိ ကို ပွတ်ပီးထက်ကြည့်လိုက်တော့ မရှိတော့ဖူး။ ကျနော်လည်း အော် ငါမူးကြောင်ကြောင်နဲ့ မြင်ချင်တာ မြင်တာနေမှာပါလို့ တွေးပီးတော့ ပြန်အိပ်လိုက်တော့တယ် ( အခုထိလည်း အဲလိုပဲ ထင်မိတုန်းပါ )။ နောက်တစ်နေ့ တော့ ကျတော် ဒီအကြောင်းကို သူငယ်ချင်းတွေကို မပြော ပြမိခဲ့ဖူး အရေးမကြီးဖူးထင်လို့ ပါ။ Day 2 ကျနော်တို့ အဖွဲ့ ကို မီးသတ်ဋ္ဌာန ထမင်းကြွေးဖိတ်ထားလို့ သွားဖို့ ပြင်နေကြတာပေါ့။ ရေးချိုးခန်းနဲ့ အိမ်သာကလည်း ကျတော်တို့ အဆောင်မှာ တွဲရက်ပါတော့ အဆင်ပြေတာပေါ့။ ရေတယောက်တလှည့်ချိုးပီးတော့ နောက်ဆုံးတစ်ယောက်ချိုးနေချိန်မှာ ကျနော်တို့ က ပီးပီးသားဆိုတော့ သူ့ ကို မစောင့်တော့ဖူး အရှေ့ က လက်ဖေ့၇ည်ဆိုင်မှာ ထိုင်စောင့်မယ်လို့ ပြောပီးတော့ သူ့ ကို တံခါးသော့ပေးပီး သော့ခတ်ထားခဲ့လိုက်တယ်။ သိပ်မကြာပါဖူး လက်ဖေ့ရည်ဆိုင်ကို သူပြေးပီးတော့ လာတယ်။ ရေချိုးပုဆိုးကြီးနဲ့  ပီးတော့ ချွေးစီးတွေလည်း စို့ လို့ ။ ကျနော်တို့ က ဘာဖြစ်လာတာလည်းလို့ မေးတော့ သူတော်တော်နဲ့ ပြန်မဖြေနိုင်သေးဖူး။ အရမ်းမောဟိုက်နေတယ်။ သူ့ ကို ရေလေးတိုတ်ပီး ခဏနေမှ သူစကား ပြောနိုင်တော့တယ်။ ပထမဆုံးစပြောတဲ့ စကားကတော့ အရင်းမရှိအဖျားမရှိနဲ့ စဆဲတော့တာပဲ။ ကျနော်တော့အားလုံး ကြောင်သွားတာပေါ့။ ပီးမှသူက ထက်ပြောတယ် မင်းတို့ အဲလိုမနောက်ကျပါနဲ့ တဲ့ ငါက သူရဲကြောက်တတ်တယ်တဲ့ ။ ပိုဆိုးကုန်တာပေါ့ ဘယ်သူမှ ဘာနားလည်ရမှန်းမသိဖြစ်ကုန်တော့တာပေါ့။ ဘာဖြစ်လာတာလည်းဆိုတာ အေးအေးဆေးဆေး ပြောပြပါဟ ဆိုတော့မှ သူကပြောပြတယ်။ သူရေချိုးနေတုန်း အပြင်မှာ ခြေသံလိုလိုကြားတယ်တဲ့ ။ ပီးတော့ သူ့ ရေချိုးခန်း တံခါးကို လာခေါက်တယ်တဲ့ ။ သူက ဘယ်သူလည်းလို့ မေးတော့ ပြန်မဖြေဖူးတဲ့ ။ ကျနော်တို့ သူ့ ကို လာစတယ်မှတ်နေတာပေါ့လေ။ အဲဒါနဲ့ ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဖူးတဲ့။ အဲဒါနဲ့ သူရေဆက်ချိုးတယ်။ စပ်ပြာတိုတ်မလို့ ကြည့်လိုက်တော့ စပ်ပြာမရှိဖူး၊ ရေခွက်ကလည်း ဘောင်ပေါ်က ပြုတ်ကျပီးတော့ ရေကန်ထဲမှာ နစ်သွားတယ်တဲ့ ။ သူလည်း စပ်ပြာ အခန်းထဲမှာ သွားယူပီးမှ ရေခွက်ကို ပြန်ကောက်တော့မယ် ဆိုပီးတော့ အခန်းထဲကို စပ်ပြာ သွားယူတယ် ကျနော့်အိတ်ထဲမှာ တွေ့ လို့ ယူပီးတော့ ရေချိုးခန်းထဲပြန်ဝင်တော့ ရေခွက်က ရေပေါ်မှာ ပြန်ပေါ်နေတယ်တဲ့။ သူလည်းကြောက်လို့ ထွက်ပြေးလာတာပါလို့ ရှင်းပြတယ်။ ကျနော်တို့ အားလုံး စဉ်းစားရကြပ်သွားတာပေါ့။ တဖွဲ့ လုံးက လူတွေကလည်း လက်ဖေ့ရည်ဆိုင်မှာ အကုန်လုံးထိုင်နေတာ ဘယ်သူမှ ထမသွားဖူး ပီးတော့ သွားပီးတော့စရအောင်လည်း အဆောင်နဲ့ လက်ဖေ့ရည်ဆိုင်ကလည်း တော်တော် လှမ်းတယ်၊ သူ့ ကိုဘယ်သူမှ ဒီလောက်အပင်ပန်းခံပီးတော့ သွားမစတာကတော့ သေချာတယ်။ နောက်တမျိုးစဉ်းစားကြည့်တာကတော့ အပြင်လူတစ်ယောက်ယောက် ဒါမှမဟုတ် သူခိုးလား ? ဒါလည်း သိပ်တော့မဖြစ်နိုင်သေးဖူး ကျနော်တို့ သံဃာဆောင်က ပြတင်းပေါက်တွေက အကုန် သုံတိုင်တွေနဲ့ ကာထားတာ ပီးတော့ အဝင်ပေါက်ကလည်း တစ်ခုတည်းရှိပီးတော့ တံခါးကို ကျနော်တို့ ကိုယ်တိုင်သော့ခတ်ပီး သော့ကို ရေချိုးနေတဲ့ကောင်ကို ပေးထားခဲ့တာလေ၊ ဘာမှလည်း အပျောက်အဆုံးမရှိဖူး။ နောက်ပီး ကျနော် ရေချိုးခန်းက ထွက်တော့ စပ်ပြာကို သေချာထားခဲ့ပါတယ်၊ စိတ်ထဲမှာတောင် ဟိုကောင် စပ်ပြာမပါဖူး ထားခဲ့ဦးမှလို့ မှတ်မှတ်ရရ ထားခဲ့တယ်ဆိုတာကိုတော့ သူ့ ကို မပြောဖြစ်လိုက်ပါဘူး (သူကြောက်မှာဆိုးလို့ )။ ဒီလိုနဲ့ ကျနော်တို့ အဖွဲ့ ထမင်းစားထွက်ခဲ့ပါတော့တယ်။ Day 3 ကျနော်တို့ စီကို အဖွဲ့ ထဲက မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်က မန်းလေးက လိုက်လာပီးတော့ လာလယ်ပါတယ်။ ပွင့်ဖြူ က သူ့ ဇာတိဆိုတော့ သူ့ အိမ်ကို အလယ်လာရင်း ကျနော်တို့ စီကို ဝင်လာတာပါ။ အဲဒီညက သူက ဂိုဒေါင်ခန်း ( ကျနော်တို့ ခုတင်ပေါ်က မွေ့ ယာတွေ ထားထားတဲ့အခန်း ) မှာ အိပ်မယ်ဆိုပီးတော့ သွားအိပ်ပါတယ်။ ကျနော်လည်းသူပျင်းနေမှာဆိုးလို့ သူ့ အခန်းကို ဘီယာပုလင်းဝယ်ပီးတော့ သူနဲ့ ဖဲထိုင်ဆော့နေပါတယ်။ ခဏနေတော့သူက အရမ်းအိပ်ချင်နေလို့ အိပ်နင့်ပီဆိုပီးအိပ်သွားပါတယ်။ ကျနော်လည်း ခဏလောက်ဖဲဆော့ပီးတော့ ကိုယ့်ခုတင်ကိုပြန်လာပါပီး အိပ်ပါတယ်။ မိုးလင်းတော့ သူကျနော့်ကိုလာနိုးပီးတော့ မင်းဘယ်တုန်းက ခုတင်ပေါ်ပြန်သွားတာလည်းဟ ဆိုပီးမေးပါတယ်။ ကျနော်လည်း ဒီလိုပဲရိုးရိုးဖြေလိုက်တာပေါ့ မင်းအိပ်သွားပီး ငါလည်း နောက်တစ်ပွဲဆော့ပီးတာနဲ့ ပြန်လာအိပ်နေတာလို့ ။ သူကြောင်သွားတယ် ပီးတော့ ပြောတယ် ဟာ မဟုတ်ပါဖူးကွာ ငါညက တရေးနိုးတုန်းကကြည့်တော့လည်း မင်းဘေးမှာ ရှိပါတယ်။ နောက်တခါနိုးပီးတော့ သေးထပေါက်လို့ ပြန်လာတုန်းကလည်း မင်းရှိပါတယ်ကွ လို့ ပြောတယ်။ ကျနော်က ဟာ မဟုတ်ရပါဖူးကွာ ငါကိုယ့်ခုတင်မှာ ကိုယ်အိပ်နေတာပါလို့ ဇွတ်ပြန်ပြောရတာပေါ့။ နတ်မောက်မြို့ လေးက မီးကို အလှည့်ကျရတာပါ။ ဆေးရုံဆိုပေမဲ့ မီးပျက်ပါတယ်။ ဆေးရုံက မီးစက်ကို ည ၁၁ နာရီ လောက်မှာ ပိတ်လေ့ရှိပါတယ်။ အဲဒီလိုညမျိုးဆိုရင်တော့ ညတော်တို့ ဖယောင်းတိုင်ထွန်းရတာပေါ့။ အဲဒီညက လည်း မီးမလာတဲ့ညမို့ လို့ သူကျနော်မှန်း ဘယ်လိုသိသလည်းလို့ သိချင်တာနဲ့ မေးကြည့်လိုက်တော့ ဟ ငါ့ဘေးမှာ အိပ်နေတဲ့ သူက ဂတုန်း နဲ့ လေ လို့ပြန်ဖြေပါတယ်။ ( ကျတော်တို့ အဖွဲ့ က ဗိုလ်ချူပ်ဇာတိကိုသွားမယ်ဆိုတော့ ကျနော်အပါအ၀င် ယောက်ကျားလေး ၅ယောက်က ဂတုန်း ဆံပင်ပေါက် ညှပ်လာကျတာလေ) ။။ ကျနော်မဟုတ်ကြောင်းသူ့ ကို သေခြာရှင်းပြပီးတော့ ကျန်တဲ့ သူတွေ လည်း အခန်းထဲက ထွက်လာကျပါတယ်။ သူ တို့ ကို မေးကြည့်တော့လည်း သူတို့ မဟုတ်ဖူးလို့ အားလုံးက ပြန်ပြောကြတယ်။ အားလုံး ကိုယ်အိပ်နေကြနေရာအိပ်ပီးတော့ အဲဒီနေရာက ပဲ ထလာကြတာပါ။ လာလယ်တဲ့ သူငယ်ချင်းက သဘောပေါက်သလို မျက်နှာမျိုးနဲ့ ဘာမှ ထက်မပြောတော့ဖူး ။ (သူက ခဏခဏ သရဲ အခြောက်ခံရသူမို့ ပါ။ နောက်ကြုံမှ သူအခြောက်ခံရတဲ့ အကြောင်းပြောပြမယ်နော် )။ Day 4 ဒီနေ့ ကျနော်တို့ ယောက်ကျားလေးတွေရော မိန်းကလေးတွေရော အားလုံးစုံနေပါတယ်။ သံဃာဆောင်မှာ နောက် သွားရမဲ့ ရွာခရီးစဉ်အတွတ် တိုင်ပင်နေတာပါ။ ညကလည်း ၁၁နာရီတောင် ကျော်သွားပါပီ။ လာလယ်တဲ့ သီငယ်ချင်းကတော့ ဖယောင်းတိုင်လေးကိုယူပီး အဆောင်ရှေ့ မှာ ဂစ်တာတီးနေပါတယ်။ ကျနော်တို့ အဆောင်ရှေ့ မှာ အလွန် ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါတယ် ( ဘာပင်မှန်းတော့မသိဖူး )။ အဲဒီသစ်ပင်ကြီးက အလွန်ကြီးပီး အဆောင် တစ်ခုလုံးကို လွှမ်းထားပါတယ်။ နေ့ ခင်းတောင်မှ ကျနော်တို့ အဆောင်ကို နေမထိုးပါဖူး။ ကျနော်တို့ ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ စကားပြောကောင်းနေကြတာပေါ့လေ။ ခဏနေတော့ လာလယ်တဲ့ သူငယ်ချင်းက ကျနော့်ဘေးနားကို လာထိုင်တယ်။ပီးတော့ သူနဲ့ ခဏလောက် လိုက်ခဲ့ပေးဖို့ ပြောတယ်။ကျနော်လည်း ဘာဖြစ်မှန်းမသိတော့ ချက်ချင်းတော့ ထမလိုက်သွားလိုက်မိဖူး။ တအောင့်နေမှ ကျနော် သူ့ ကို ဘာလည်းလို့ မေးကြည့်မိတယ်။ သူက ပြောပြတယ် ငါအရှေ့ မှာ ဂစ်တာထိုင်တီးနေတုန်း သစ်ပင်ပေါ်က ဆေးထိုးအပ်တွေနဲ့ လှမ်းပေါက်တယ်တဲ့ ။ အစကတော့ အသီးကြွေတာမှတ်နေတာ ပီးတော့မှ ခဏခဏ အပေါက်ခံရတော့ အပေါ်ကို ဖယောင်းတိုင်မြှောက်ပီး ကြည့်လိုက်တော့ ဘာကောင်ကြီးမှန်းလည်းမသိဖူး ဇောက်ထိုးကြီး အောက်ကို တဖြေးဖြေးဆင်းလာတာတွေ့ လို့ အထဲကို ပြန်ပြေးဝင်လာပီး မင်းကို လာခေါ်တာတဲ့ ။။ ကျနော်လည်း ဓါတ်မီးယူပီးတော့ အပြင်ကို ထွက်လိုက်လာတာပေါ့။ သူ့ ထိုင်နေတဲ့ နေရာ မလှမ်းမကန်းမှာ ဆေးထိုးအပ်တွေကို တွေ့ ရတယ်။ သစ်ပင်ပေါ်ကို ဓါတ်မီးနဲ့ ထိုးကြည့်တော့ ဘာမှ မတွေ့ ရဘူး။ သူကပြောတယ် ငါပြန်တော့မယ်တဲ့ ။ နေပါဦးမိုးလည်း ဒီလောက်ချုပ်နေတာကို မနက်ကျမှ ပြန်ပါလို့ ပြောတာ မရတော့ဘူး။ သူမအိပ်တော့ဖူးလို့ တစ်ခွန်းတည်းပြောပီးတော့ အထုတ်တွေ ကိုဝင်ယူတယ်။ ကျန်တဲ့ သူတွေကလည်း ဘာဖြစ်တာလည်း မေးတော့ အကျိုးအကြောင်းပြောပြလိုက်တယ်။ ယောက်ကျားလေးတွေက မျက်နှာတွေ ပျက်နေပီ။ မိန်းကလေးတွေကတော့ ဘာလည်း မသိတော့ ဘာမှ မပြောကျဖူး။ ဒါနဲ့ ကျနော် သူ့ ကို ပြန်လို့ ရအောင် စီစဉ်ပေးလိုက်ရတော့တာပေါ့။ Day 5 ကျနော်တို့ အဖွဲ့ ရွာဖက်ကို ဆင်းရတော့မယ်ဆိုတော့ ဒီနေ့ အားလုံး စောစော အိပ်ယာ ၀င်ဖြစ်ကျတယ်။ ရထားက မနက် ၆နာရီ စီးရမှာလေ။ ဒီလိုနဲ့ ည ၂နာရီလောက်ကျတော့ ကျနော့်ကို ဘေးခုတင်မှာ အတူအိပ်တဲ့ အကိုက လာနိုးတယ်။ ညီလေးထထတဲ့ ငလျှင်လှုပ်နေတာလားမသိဖူးဆိုပီးတော့။ ကျနော်ထကြည့်လိုက်တော့ ဘာမှ မဖြစ်ပါဖူး။ ငလျှင်လည်းမလုပ်ပါဖူး။ ဒါနဲ့အကိုစိတ်ထင်လို့ နေမှာပါလို့ ပြောပီး ပြန်အိပ်လိုက်တယ်။ အိပ်တောင် မပျော်သေးဖူး ထက်နိုးတယ်။ သူအိပ်လိုက်တိုင်း ခုတင်ကြီးက လှုပ်နေတယ်တဲ့ ။ ပီးတော့ ဟိုဘက်အခန်းမှာ အိပ်နေတဲ့ သူတွေလည်း ထလာကြတယ်။ သူတို့ လည်း အိပ်မရဖူးတဲ့။ အိပ်လိုက်ရင် ဖျာဆွဲတယ် စောင်ဆွဲတယ်တဲ့။ ဘယ်သူကဆွဲတာလည်းလို့ မေးတော့ မသိဖူးတဲ့ ။မွှေးနီကပြောတယ် (ရေချိုးခန်းထဲက ကြောက်အားလှန့် အားနဲ့ ပြေးလာတဲ့ သူ) ငါတို့ ဘူတာကို သွားကျရအောင် ငါမနေရဲ တော့ဖူးတဲ့။ ကျနော်လည်း နာရီကြည့်လိုက်တော့ ၄နာရီလောက်ပဲရှိသေးတယ် စောနေသေးတယ်လေ။ ပြန်အိပ်လိုက်ပါဦး ပီးမှ သွားတာပေါ့ ငါတို့ ကို လိုက်ပို့ မဲ့ မြင်းလှည်းလည်းမလာသေးဖူးလို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ အားလုံးက သွားချင်နေကျပီလို့ ပဲ ပြောနေတော့ ကျနော်လည်း မအိပ်ရတဲ့အတူတူ သွားကျတာပေါ့ဆိုပီး မိန်းကလေးတွေကို သွားနိုးတယ် ပီးတော့ မြင်းလှည်းသမားကိုလည်း သွားခေါ်ရတော့တာပေါ့။ ဘူတာသွားတဲ့ခရီးကလည်း ဆိုးပ။ မှောင်မိုက်နေတဲ့ ညမှာ မုန်းချောင်းကို ဓါတ်မီးတွေနဲ့  ခြေလျှင်ဖြတ်ပီးတော့ ဘူတာကို လမ်းလျှောက်ရတာ။ ဘူတာရောက်တော့ ရထားမလာသေးတာနဲ့ ထိုင်စောင့်ရတာပေါ့။ မွှေးနီက သူသောက်မှ ဖြစ်မယ် ဆိုပီ ကျနော့်ကိုဇွတ်ခေါ်လို့  သွားသောက်လိုက်ရသေးတယ်။ မှတ်မှတ်ရရ နေထွက်လာတာကိုကြည့်ပီး အရက်သောက်တာ ပထမဦးဆုံးပဲ ( ဆိုးပဗျာ… မယုံရင်သောက်ကြည့် ) The day at village ရွာမှာ လုပ်စရာရှိတာတွေလုပ်ပီးတော့ တည်းခိုမဲ့နေရာ ပြန်လာကြတာပေါ့။ အဲဒီအိမ်မှာ nurse ၂ဦးက ကျနော်တို့ အတွတ် ထမင်း၊ဟင်း လာချက်ပြုတ်ပေးတယ်ဗျ။ ကျနော်လည်း သူတို့ နဲ့ စကားပြောကြည့်တာပေါ့ ( ချောတာကိုး နာစ်မလေးတွေက ဟိဟိ မြို့ ဆေးရုံက ဟာတွေနဲ့ များ တခြားစီ)။ သူတို့ နတ်မောက်ဆေးရုံမှာ training ဆင်းခဲ့ရကြောင်းနဲ့ ကျနော်တို့ နေရ ထိုင်ရတာ အဆင်ပြေလားလို့ မေးတယ်။ သူတို့ တုန်းက အဲဒီမှာ သူရဲ အခြောက်ခံရတယ်လို့ ပြောတယ်။ကျနော်လည်း စိတ်ဝင်စားလို့ မေးကြည့်တော့ အဲဒီမှာ မိန်းကလေးတစ်ယောက် က သူ့ ချစ်သူနဲ့ အဆင်မပြေလို့ ကိုယ့်ကိုကို သတ်သေလာတာ မသေပဲ ဆေးရုံရောက်ပီး ကုနေတုန်း ကျိုးဆွဲချ သေသွားတယ်လို့ ပြောတယ်။ ထက်မေးမလို့ ပဲ ဒါပေမဲ့ ရွာလူကြီးရောက်လာတာနဲ့ စကားစ ပြတ်သွားတယ်။ မျက်စိထဲမှာလည်း အစိမ်းရောင်နဲ့ ကောင်မလေးကို မြင်ရောင်မိလိုက်တယ်….. The day before the last day ကြားထဲမှာ ဖြစ်တာတွေကတော့ သိပ်မပြောတော့ဖူးနော်။ သူငယ်ချင်းတွေကတော့ တမျိုးမဟုတ်တမျိုးအခြောက်ခံရတယ်လို့ ပြောတယ်။ စာများနေရင် ဖတ်ရတဲ့သူပျင်းနေမှာစိုးလို့ ( အမှန်တော့လက်ညောင်းလို့ )။ ဒီလိုနဲ့ သက်ြန်ရက်နီးလာလို့ ကျနော်တို့ အဖွဲ့ လည်း ပြန်ရတော့မယ်။ အမှန်တော့ နောက်တစ်ပတ် ထက်နေရဦးမှာကို ကျနော်တို့ အဖွဲ့ က မနေချင်ကျတော့လို့ ပြန်ဖို့ စီစဉ်တာပါ။ ဒီအဆောင်မှာ မနေရဲ ကျတော့ဖူးလေ။ အားလုံးလည်း အထုတ်အပိုးတွေ ပြင်ဆင်နေကျလို့ ပီးနေပေမဲ့ ကျနော်က ကျနော်ဝသီအတိုင်း အပျင်းထူးနေတာ။ အ၀တ်အစားတွေကိုလည်း ပြန်ခေါက်ပီးသိမ်း ရဦးမှာ တိုတိုစာစာတွေကို လည်း အိတ်ထဲထည့်ရဦးမှာ။ ပျင်းပျင်းရှိတာနဲ့ အ၀တ်တွေအားလုံးကို ခုတင်ပေါ်မှာ အကုန် လုံးပြစ်တင်ထားပီးတော့ သူငယ်ချင်းတွေ အခန်းထဲကိုလာပီး ဖဲထိုင်ရိုက်နေလိုက်တယ်။ ဒီလိုနဲ့ နေ့ ခင်းဘက်လောက်ရောက်လာတော့ မဖြစ်သေးပါဖူး ဆိုပီးတော့ အ၀တ်တွေ သိမ်းဖို့ ကိုယ့်ခုတင်ကိုပြန်လာလိုက်တော့ ကျနော့်အ၀တ်တွေ တစ်ထည်မှ မရှိတော့ဖူးခင်ဗျ။။ ကျနော် မျက်လုံးပြူးသွားတာပေါ့။ ပီးတော့ အ၀တ်အိတ် ကို ကြည့်လိုက်တော့ နံရံမှာ ထောင်ထားတယ်။ ဇစ်ကလည်း ပိတ်ထားတယ်။ ကျနော်ထားသွားတုန်းက ဇစ်ဖွင့်လျှက်ပါ။ ဒါနဲ့ ကျနော် အ၀တ်အိတ်ကို ဖွင့်ကြည့်လိုက်တော့ ကျနော့်အ၀တ်အစားတွေအားလုံး သပ်သပ်ရပ်ရပ်ခေါက်ထားပီး ကျကျနန စီထည့်ထားတယ်။ ကျနော် ကြောင်သွားတယ်။ ရုတ်တရက် ဘာမှလည်း စဉ်းစားလို့ မရတော့ဖူး။ ဟိုဘက်ခန်းကိုပြန်ကူးသွားပီးတော့ ကျနော့်အ၀တ်တွေ ဘယ်သူခေါက်ပီး သိမ်းပေးထားတာလည်းမေးကြည့်တယ်။ အားလုံးက ရီတာပေါ့။ ယောက်ကျားအချင်းချင်း ဘယ်သူက အားအားယားယား အလုပ်ရှတ်ခံပီး မင်းအ၀တ်တွေခေါက်ပေးရမှာလည်း ပီးတော့အားလုံးက ဖဲဝိုင်းမှာ ထလည်း သေးပေါက်ရုံခဏလေးပဲထကြတာ။ ၀ိုင်းကကောင်းနေတော့ သေးတောင် မြန်မြန်ပေါက်ကျတဲ့သူတွေကြီးပဲလေ။ ပီးတော့ အ၀င်တံခါးကိုလည်း ပိတ်ထားတယ် အပြင်လူဝင်လာစရာကိုမရှိတာကြီး။။ ကျနော် တော်တော်လေး တင်းသွားတယ်။ တောက်ခေါက်လိုက်ပီးတော့ တွေ့ ကြသေးတာပေါ့ သူရဲရာ……………………………………………………. The last day ညရောက်တော့ ကျနော် အရက်ပုလင်း တစ်လုံးယူလာတယ်။ အမြည်းအပြည့်အစုံနဲ့ ဘုရားခန်းနဲ့ မလှမ်းမကန်းမှာ နေရာယူလိုက်တယ်။(မိန်းကလေးတွေကပြောကျလို့  ကျနော်တို့တွေ ဘုရားစင်ရှိတာတောင် သောင်းကျန်းလွန်းလို့ အခြောက်ခံရတယ်ပြောလို့ )။ ဖယောင်းတိုင်တွေလည်း ဘေးပတ်ပတ်လည်မှာ ထွန်းထားလိုက်တယ် ( ခဏနေမီးပျက်တော့မှာကိုး)။ ဘယ်သူမှ အရက်သောက်ဖို့ ထွက်မလာကျဖူး။ အချို့ က ပုတီးစိတ်နေကျတယ်။ အချို့ က ဘုရားစာမရလို့ အခုမှ ၀ယ်လာတဲ့ ဘုရားစာအုပ်ကို အလွတ်ကြက်နေတယ်။ တစ်ယောက်ကတော့ ဖဲထုတ်နဲ့  ဗေဒင်တွတ်နေတယ်။ကျနော်နဲ့ တစ်ခန်းတဲနေတဲ့ အကိုကတော့ ခဏထွက်လာပီးတော့ ဘာလုပ်မို့ လည်းလို့ မေးတယ်။ ကျနော်ကတော့ ရိုးရိုးလေးပဲ ပြန်ဖြေလိုက်ပါတယ် စိန်ခေါ်မလို့ ။သူက ဘာမှ ပြန်မပြောပါဖူး သူ့ အခန်းထဲသူပြန်ဝင်သွားပါတယ်။ ဒီလိုနဲ့ ကျနော် တစ်ယောက်တည်း ထိုင်သောက်လိုက် တောင်ပြောမြောက်ပြောလိုက် ၊ ဇရှိရင် ထွက်ခဲ့လို့ ပြောလိုက်၊ နစ်သစ်ရောက်တော့မှာ လာနှုတ်ဆက်ပါဦးလို့ ပြောလိုက်နဲ့  နောက်တော့ တော်တော် မူးသွားလို့ သိပ်တော့မမှတ်မိတော့ဖူး ( သူငယ်ချင်းတွေ ပြန်ပြောတာကတော့ တော်တော် ကျမ်းတယ်ဆိုပဲ ဟိ)။ နောက်ဆုံး ကြောက်တဲ့သူတွေကလည်း ကြောက်လာကြတော့ ကျနော့်ကို ချော့မော့ပီး အိပ်ဖို့ ဇွတ်ခေါ်တာတော့ မှတ်မိလိုက်တယ်။ အဲနေ့ ညက ကျနော်တို့ တဖွဲ့ လုံး တစ်ခန်းထဲမှာပဲ စုအိပ်ဖြစ်ကျတယ်။ ဒီလိုနဲ့ ညတော်တော်မိုးချုပ်တော့ ( ဘယ်အချိန်လည်း မသိတော့ပါ ) ကျနော်နဲ့ တစ်ခန်းထဲနေတဲ့ အကိုက ကျနော့်ကို နိုးတယ်။ ကျနော်လည်း အိပ်ချင်မူးတူး ( အမူးကလည်း မပြေသေးဖူး) နဲ့ ထပီးတော့ ဘာလည်းလို့ မေးတော့ သူက ဘာမှ မဟုတ်ဖူးတဲ့ ။ လာ ငါ့တို့ အခန်းငါတို့ ပြန်အိပ်ကျဇို့ ဆိုပီးတော့ အတင်း ဆွဲခေါ်သွားတယ်။ ကျနော်လည်း အူလည်လည်နဲ့ ပါသွားတာပေါ့လေ။ အခန်းထဲရောက်တော့ ကျနော့်ကို အ၀တ်အစားတွေ ပေးတယ် မင်းအ၀တ်လည်းလိုက်ဦးတဲ့ ။ ကျနော်လည်း ဘာလို့ လည်းလို့ မေးတော့ မင်းတစ်ကိုယ်လုံး စိုနေတယ်တဲ့ ၊ ငါလည်းစိုနေတယ်တဲ့ ။ ကျနော်ကိုယ့်ကိုကိုပြန်စမ်းကြည့်တော့ ဟုတ်တယ် ရေချိုးထားသလိုကို စိုနေတာ။ မူးမူးနဲ့ များ သေးပေါက်မိသလားလို့ နမ်းကြည့်တော့လည်း ဘာနံ့ မှ မရဖူး။ ကျနော်လုပ်နေပုံကို ဘေးကကြည့်ပီးတော့ သူကပြောတယ် ရေတွေပါတဲ့။ ဘယ်ကရောက်လာလည်း မေးမလို့ ရှိသေး ဟိုအခန်းထဲကကောင်တွေဘာ နိုးလာကျတယ် ၊ သူတို့ အားလုံးလည်း ရွှဲရွှဲစိုလို့ ။ ကျနော်တို့ လည်း ဟိုဘက်အခန်းကို ကူးသွားလိုက်ပီး အားလုံးမျက်နာချင်းဆိုင်လိုက်ကျတယ်။ ဘယ်သူမှ ဒီရေတွေ ဘယ်က ရောက်လာမှန်း မပြောတတ်ကျဖူး။ မျက်လုံးတွေထဲမှာတော့ တခုခုကို နားလည်နေကျသလိုမျိုး ကျနော့်ကို ၀ိုင်းကြည့်နေကျတယ်။ အဲဒီအချိန်မှာပဲ ရေချိုးခန်းထဲက ရေဖွင့်သံကို အားလုံးကြားလိုက်ကျတယ်။ ရေတွေမှ တဝေါဝေါကို မည်လို့ ညအချိန် ချောက်ချားစရာကြီး။ ကျနော်က ရေချိုးခန်းထဲ ရေမပိတ်မိခဲ့လို့ အခုချိန်မှ ရေပြန်လာတာနေမှာလို့ အားပေးလိုက်ပီး ပြန်သွားပိတ်ဖို့ ဓါတ်မီးကို ယူလိုက်တဲ့အချိန်မှာတော့ သူရဲအလွန်ကြောက်သူ မွှေးနီက အခန်းတံခါးစီပြေးပီးတော့ သော့ချထားလိုက်တယ်။ ပီးတော့ ဒီအခန်းထဲက ဘယ်သူမှ လည်း မထွက်ရသလို ဘယ်သူမှလည်း မ၀င်ရဖူးလို့ ဒေါသသံကြီးနဲ့ ပြောပါလေရောဗျာ။ ကျနော်ကလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြရတော့တာပေါ့။ ရေတွေ လျှံနေရင် နောက်နေ့  ဆေးရုံအုပ်နဲ့ ကွိုင်တတ်မယ်ဆိုတာကိုလေ။ ကျန်တဲ့ သူတွေကတော့ ဘာမှ ၀င်မပြောကျဖူး မွှေးနီကိုရော ကျနော့်ကိုရော။ သူ့ ဟာသူ ပုတီးစိတ်တဲ့သူက ပုတီးပြန်စိတ်နေတယ် ။ နောက်ဆုံးတော့ မွှေးနီ တံခါးကို ဖွင့်ပေးဖို့ သဘောတူလိုက်တယ် ဒါပေမဲ့ ပြန်မ၀င်ရဖူးတဲ့။ ကျနော်ကလည်း ကောင်းပီ ရေပိတ်ပီးရင် ကိုယ့်အခန်းကို ပြန်အိပ်ပမယ်လို့ ပြောမှ တံခါးဖွင့်ပေးတယ်။ ကျနော်နဲ့ အတူနေတဲ့ အကိုကတော့ စိတ်မချလို့ လားမသိဖူး ကျနော့်ကို တစ်ယောက်တည်းမလွှတ်ဖူး သူကော လိုက်ခဲ့မယ်ဆိုပီးတော့ ဓါတ်မီးယူပီးလိုက်လာတယ်။ ကျနော်တို့ နစ်ယောက် ရေချိုးတံခါးနားလည်းရောက်ရော ရေသံက ချက်ချင်းတိတ်သွားတယ်။ ရေချိုးခန်းထဲဝင်ကြည့်တော့လည်း ပကတိ တိတ်ဆိပ်လို့ ။ ရေတောင် လှုပ်မနေဖူး။ တစ်ယောက်မျက်နာတစ်ယောက် ကြည့်ပီးတော့ ကျနော်တို့ ကိုယ့်အခန်းကို ပြန်လာကြတယ်။ အခန်းဝရောက်တော့ ရေတွေ တဝေါဝေါ ပြန်ကျပါလေရော။ ပီးတော့ အခန်းမျက်နှာကြပ်ပေါ်မှာ တ၀ုန်းဝုန်းနဲ့ ဖြတ်ပြေးသံတွေ ဆူညံသွားတယ်။ ဟိုဘက်ခန်းက ပိတ်ထားတဲ့ တံခါးကြီးကလည်း သူ့ အလိုလို ၀ုန်းဆိုပီး ဆောင့်ကန်လိုက်သလို ပွင့်ထွက်သွားတယ်။ အထဲမှာ ဟိုကောင်တွေ ငုတ်တုတ်ထိုင်လျှက်သားနဲ့ ပွင့်သွားတဲ့ တံခါးအပြင်ဘက်က ကျနော်တို့ ၂ယောက်ကို ကြောင်ပီးတော့ ကြည့်နေကြတယ်။ ပုတီးစိပ်တဲ့သူကလည်း မစိတ်နိုင်တော့ပဲ ထပီးတော့ ကျနော်တို့ ရပ်နေတဲ့ နေရာကို ပြေးလာတယ်။ ကျန်တဲ့သူတွေကလည်း အသိဝင်လာပီး ကျနော်တို့ စီကို ပြေးလာတယ်။ ပီးတော့ မွှေးနီက သူဘယ်လိုမှ မနေနိုင်တော့ဘာဘူးလို့ သွေးပျက်နေတဲ့အသံကြီးနဲ့ ပြောပီး နံရံကို လက်သီးတွေနဲ့ ဆက်တိုတ်ထိုးနေပါလေရော။မနည်းဝိုင်းဆွဲလိုက်ရတယ် ( သူက သူရဲသာကြောက်တာ လူကြီးက ကျနော်တို့ ၃ဆလောက်ရှိတယ် ပီးတော့ လူမိုက် :P ) ။ ငြိမ်သက်နေတဲ့ လေတွေကလည်း ရုတ်ချည်း တအား တရကြမ်း တဝေါဝေါမည်ဟိန်းသံကြီးနဲ့ အတူ တိုတ်ခတ်လာပါတော့တယ်။ သစ်ရွက်ကြွေတွေက အဆောင်ထဲကို ပလူပျံလာသလို အတားအစီးမဲ့စွာ ၀င်ရောက်လာပါတော့တယ်။ ဖယောင်းတိုင်မီးတွေလည်း ငြိမ်း၊ ဓါတ်မီးကလည်း ကျနော်တို့ ၂ယောက်ကပဲ ခုနက ယူလာမိတော့ အဆောင်ကြီးက ဓါတ်မီးထိုးထားတဲ့နေရာကလွဲရင် အမှောင်အတိဖုံးသွားပါတော့တယ်။ ဘယ်ပြောကောင်းလိုက်မလည်း အားလုံး ကိုယ့်အထုတ်စီကိုပြေးယူပီးတော့ တံခါးသော့ကို ရိုက်မဖြုတ်ယုံတမယ် ဇွတ်အတင်းဖွင့် အဆောင်အပြင်ဘက်ကို ပြေးထွက်ကျတော့တာပေါ့။ ဆေးရုံရဲ့ ရှေ့ မှာအားလုံး ငူငူငိုင်ငိုင်နဲ့  စကားတစ်လုံးမှ မပြောပဲ လာခေါ်မဲ့ကားကိုစောင့်နေကျရတော့တာပေါ့။ နောက်ဆုံးကားမီးလေး ကို မြင်လိုက်တော့မှ အားလုံးက သက်ပြင်းလေးကို ခိုးချပီးတော့ မွှေးနီက တိုးတိုးလေး ရေရွတ်တယ်။ နတ်မောက်ဆိုတဲ့ အသံကိုလည်းမကြားချင်တော့သလို ဘယ်တော့မှလည်း နတ်မောက်ဆေးရုံက သံဃာဆောင်ကိုလည်း မလာတော့ဖူးတဲ့လေ။ ကျနော်အပြန်ကားပေါ်ကနေ ဆေးရုံကြီးကို အလွမ်းပြေကြည့်မိလိုက်သေးတယ်…………………. မျက်လုံးစိမ်းနဲ့ ကောင်မလေးများ လက်ပြနေမလားလို့ လေ………………….. ( ကျနော်အခုထိ ဝေခွဲလို့ မရသေးဖူးခင်ဗျ။ ကျနော်တကယ်သူ့ ကို မြင်ခဲ့တာလား၊ ဒါမှမဟုတ် မူးမူးနဲ့ မြင်ချင်တာကို မြင်ခဲ့တာလားဆိုတာ။ ကျနော်ကိုယ့်တွေ့ ဖြစ်ရပ်လို့ ပြောရရင်လည်းခက် မဟုတ်ဖူးလို့ ပြောရလည်းခက်နေလို့ ပါ။ ကျနော့်သူငယ်ချင်းတွေက အရမ်းအခြောက်ခံရပီး ကျနော်ကျတော့ သူရဲအခြောက်ခံရပါလားဆိုတာကို ယုံဖို့ ခက်နေလို့ ပါ။ အားလုံးက တစ်ယောက်တစ်မျိုးမရိုးအောင်အခြောက်ခံနေရပေမဲ့၊ ကျနော့်ကျတော့ ခြောက်မသွားသလိုပဲ။ အားလုံးကိုယ်ထင်တာလေး ပြောပေးခဲ့ကျဦးနော် ) စာလုံးပေါင်းသတ်ပုံချွတ်ယွင်းမှုလေးတွေကို နားလည်သည်းခံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ကိုHunter Hlaing Myo ရေ..... ကျေးဇူးအထူးတင်ပါတယ် (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |