(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ထူးဆန်းလှသော နတ် ၀ှက်မှု့

 ထူးဆန်းလှသော နတ် ၀ှက်မှု့

 ကျွန်တော် တပ်မ (၁၀၁) မှာ ဒုဗိုလ် ဘ၀တုန်းက ဖြစ်ပျက်ခဲ့ တာ တွေပါ.။ လွန်ခဲ့ တဲ့ ၁၉၉၉ ခုနှစ်က ကယား ပြည် နယ် အစွန်လောက်မှာ ရှေ့တ်း တာဝန်ထမ်းဆောင် စဉ်က ဖြစ်ပါတယ်.။ တောထဲ တောင်ထဲရွာပုန်း ၊ ရွာပျက်တွေ အပါအ၀င် နေ ရာ အနှံ့ ရောက်ရပါတယ်..။ ရွာပျက်တစ်နေရာတွင် စခန်းချ အနားယူစဉ် အောက်မှာ မသိ၍ အပေါ့သွားမိခဲ့ ပါတယ်..။ အဲ့ဒီ ညမှာပဲ အဲ့ဒီ တပ်ကြပ်ဟာ သေနတ် အပါအ၀င် သူတစ်ယောက်တည်း ပျောက်သွားခဲ့တယ်.။အဖော်တပ်ဖွဲ့က လိုက်လံ စုံစမ်းပေမယ့် သတင်းမကြားရပါ။ သေနတ်ပါသွားလို့ ပိုပြီးစိတ်ပူကြပါတယ်။ တပ်ကြပ်တစ်ယောက်ပျောက်ဆုံးကြောင်း အထက်ကို သတင်းတင်ပြကြရတယ်။ တပ်မမှုးမှ အမိန့် ချလာပါတယ်။ "သက်ဆိုင်ရာ တောစိုး နတ်တွေကို တောင်းပန်ပါ.." တဲ့...။ တပ်ရင်းမှုးကတော့ နတ်ဝှက်တယ် ဆိုတာ မယုံဘူးပေါ့။ မဖြစ်နိုင်တဲ့ ကိစ္စဆိုပြီး တောင်းပန် ဖို့ ၀န် လေးနေတယ်။ နောက်မှ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ အဘလုပ်ကြည့်ဖို့ သင့်ကြောင်း ထိုစဉ်က ဒုဗိုလ်ဖြစ်သူ ကျွန်တော်က တောင်းတောင်းပန်ပန်နဲ့ ပြောမှ တပ်ရင်းမှုးကြီး(စလင်းတပ်မှ ဖြစ်သည်) သစ်ပင်တစ်ပင်အောက်တွင် အမွှေးတိုင်၊ ဖယောင်းတိုင် ထွန်းပြီး တောင်းပန်ခဲ့ပါတယ်.။ အဲ့ဒီညမှာပဲ ပျောက်ဆုံးသွားတဲ့ တပ်ကြပ်ဟစာ သေနတ်တွေနဲ့ အတူပြန်ရောက်ချလာပါတယ်.။ "ဘယ်ရောက်နေလဲ ၊ ဘယ်သွားလဲ " လို့ မေးတော့ နတ် တစ်ဦးက သူ့ကို ထိန်းသိမ်းထားကြောင်း၊မျက်နှာကို တော့မှုန်ဝါးဝါးသာမြင်ရပြီး မသဲကွဲကြောင်း၊ ထိုနတ်ရဲ့ အ၀တ် အစား ကတော့ ဇာတ်ထဲက နတ်ဝတ်တန်ဆာလို ဖြစ်ကြောင်းပြောပြပါတယ်.။ "ဒီ ၇ ရက်အတွင်းဘာစားသလဲ " လို့ တပ်ကြပ်ကိုမေးကြရာ အဲ့ဒီ့ နတ်က သူ့ကို ဖန်ခါးသီးနှစ်လုံးကျွေးကြောင်း၊ ဖန်ခါးသီးနှစ်လုံးကြောင့် ထမင်းမဆာကြောင်း ပြောပြပါတယ် ။ သူ့ကို လိုက်ရှာကြတဲ့ ရဲ ဘော်တွေကို တွေ့ပါကြောင်း၊ သူ့ကိုအော်ခေါ်သံ တွေကိုလဲ ကြားရကြောင်း၊ သူပြန်ထူးပေမယ့် လိုက်ရှာကြသူများက မကြားကြတာဖြစ်ကြောင်း ပြောပြပါတယ်.။ အဲ့ဒီနောက် အဲ့ဒီတပ်ကြပ်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ် ခဲ့ကြကြောင်း ဗိုလ်ကြီးညီညီဇော်က စာရေးသူကို ပြောပြပါတယ်.။ (၂) စကားစပ်မိလို့ ရေးရဦးမယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဖြစ်ပါတယ်။ လေးကေရွာု အရှေ့ဘက် ၃ မိုင်ခန့်တွင် မူးဒေး တောရကျောင်း ရှိပါတယ်.။ မူးဒေးကျောင်းဝင်းတွင် မြန်မာ တပ်မတော် စစ် ကြောင်းတစ်ကြောင်းနားခိုစဉ် ညအခါ တပ်ရင်းက တပ်စိတ် တစ်စိတ်လုံးရဲ့ သေနတ်များအားလုံးထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်.။ အဲ့ဒီ့တပ်စိတ် မှာ လက်နက်မဲ့ဖြစ်သွားကုန် ကြပါတယ် ။ဒါနဲ့ မိုးလင်းတဲ့ အခါ မူးဒေးဆရာတော်ကြီး ဦးနာဂိန္ဒ ကို ဒီကျောင်းဝင်းမှာ တည်းခိုတဲ့ စစ်သားအချို့ရဲ့လက်နက်တွေ ပျောက်ဆုံးသွားကြာင်းလျှောက်ကြပါတယ်။ တပ်ရင်းမှုး၊ တပ်ခွဲမှုး ၊ တပ်စုမှုးတို့က လာလျှောက်ကြခြင်းဖြစ်ပါတယ်.။ အဲ့ဒီ့ အခါ မူးဒေးဆရာတော်ကြီးက ... "ဒကာတို့ ဒီမူးဒေးကျောင်းဝင်းမှာ သားငါးတွေ အရက်သေစာတွေ သောက်စားကြသေးလား...." လို့ မေးတော်မူလို့ တပ်ရင်းမှုးက စစ်သားအချို့ ၀က်သားဟင်းချက်စားကြကြောင်း၊ မတစ်ထောင်သားများဖြစ်ကြလို့ အသောက်အစားကင်းသူ နည်းပါးပါ ကြောင်းပြန်လျှောက် ပါတယ်.။ အဲ့ဒီ အခါမူးဒေး ဆရာတော် ဦးနာဂိန္ဒ က " ဒကာတို့ ဘုရားကန်တေ့ပြီး တောပိုင် တောင်ပိုင်တွေကို ပြန်တောင်းပန်ရင် သေနတ်တွေ ပြန်ရကောင်းရနိုင်ပါတယ်.." လို့ မိန့်သဖြင့် တပ်ရင်းမှုးနဲ့ တစ်ကွ စစ်သည်များ စုပေါင်း ဘုရားကန်တော့ကြပြီး တောပိုင်တောင်ပိုင်ကို ၀န်ချ တောင်းပန်ကြပါတယ်.။ ၀န်ချတောင်းပန်ပြီး မကြာမီ ပျောက်နေတဲ့ သေနတ်များကို ဓမ္မာရုံအနီးရှိ သစ်ပင်ကြီးတစ်ပင်တွင် ပဒေသာပင်များတွဲလောင်းကျနေသလို သေနတ်များတွဲလောင်းကျနေတာကို တွေ့ရပါတယ်.။ တပ်ရင်းမှုး နဲ့ အရာရှိ စစ်သည်တော်များ လွန်စွာဝမ်းသာကြပါတော့တယ်..။ အဲ့ဒီတုန်းက အဖြစ်အပျက်များကို လေးကေကျောင်းနေ ဦးဝီရိယ က စာရေးသူအားပြန်လည် ပြောပြလို့ သိရပါတယ်.။ ဦးဝီရိယ မှာ ယခု အခါ သက်တော် ၇၀ ကျော်ပြီ ဖြစ်ပါတယ်..။ အနယ်နယ် အရပ်ရပ်သို့ လှည့်လည် သွားလာ ကြရသူများအဖို့ သတိပြုစရာ "နတ်ဝှက်မှု့" အကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်..။ Credit to -မောင်လေးကေ

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |