(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

အတိတ်လား အရိပ်လား နိမိတ်လား

အတိတ်လား အရိပ်လား နိမိတ်လား

 မြို့နယ်တနယ်က သယ်ရင်းတွေဆီကိုအလည်ရောက်ခဲ့ပါတယ်...ညဘက် သူတို့တွေနဲ့ ဆိုင်ကောင်းကောင်းတဆိုင်သွားစားမယ်ဆိုပြီး ထွက်ခဲ့ကြတယ်...မိုးကလည်းသည်းလိုက်တာ..ထီးကမပါတော့ သယ်ရင်းတယောက်ထီကိုကပ်ဆောင်းရပါတယ်..ကိုယ့်ခန္ဓာကိုယ်ကလည်းကြီးတော့ သူ့လည်းမိုးပေးရင်း အားနာလိုက်တာလေ... ဒါနဲ့လမ်းထိပ်ထွက်တော့ သူတို့က ဆိုက္ကားငှားသွားမယ်တဲ့...အသီးသီးတက်သွားကြပြီး ပြေးသွားကြလိုက်တာ..ကျွန်မလည်း အမြန်ဆုံးလိုက်ဖို့ပြင်ရပါတယ်..တော်သေးတာပေါ့..ဆိုက္ကားတစီးကျန်သေးတယ်...ဒါနဲ့ပဲတက်လိုက်ပြီး နောက်ကသယ်ရင်းကို " ဟဲ့ ငါရှေ့ကကာပေးလို့ လုံပါမလား...နင်ပဲဆောင်းလိုက်ပါလား ရော့ ထီး" ဆိုပြီးပေးတော့ဟယ်..မပါလာဘူးတော်....ဒါနဲ့ ကြည့်လိုက်တော့ ဆိုက္ကားဂိတ်လေးမှာ မပ်တပ်ရပ်နေတယ်..ဒါနဲ့ပဲ " ဟဲ့ လာလာ..နင်ကလည်း ငါ့ကို မိုးရေစိုလို့စိတ်ဆိုးနေတာလား...လာလာ..သွားရအောင်"သူငယ်ချင်းဝတ်ထားတဲ့ အဖြူရောင်လို့ထင်ရတဲ့သူ တဖြည်းဖြည်းနီးကပ်လာပါတယ်၊ နီးကပ်လာလေ အကျီ င်္က ပန်းရောင်ဖြစ်နေပြီး ကိုယ့်သယ်ရင်းမဟုတ်ဘူးဆိုတာ သိလာပြီး...သူ့ကိုပဲလိုက်ကြည့်မိနေပါတယ်...." ငါ့သယ်ရင်းဘယ်ရောက်သွားလည်းပေါ့" သူကလျှောက်လာတဲ့ပုံက ကျွန်မတို့ကို မြင်တဲ့ပုံလည်းမဟုတ်ပါဘူး..ကားလမ်းအလည်ကိုလျှောက်သွားပါတယ်...အဲ့ချိန်မှာ ကားကြီးတစီးမီးရောင်နဲ့အတူ...အလွန်ကို တုန်လှုပ်ခြောက်ခြားစရာမြင်ကွင်းကိုမြင်လိုက်ရပါတယ်...သူကားကိုဟိုပြေးဒီပြေးရှောင်ရင်း တက်ကြိတ်ခံရပါတယ်၊ ကျွန်မလည်း အသားကုန်အော်ဟစ်ပြီး"ကားတိုက်ပြီ ကားတိုက်ပြီ "...မိုးထဲလေထဲ ကျွန်မပါးစပ်ချက်ချင်းပိတ်သွားရပါတယ်....ကျွန်မတွေ့ လိုက်ရတာက......................................" ကားကြီးကလည်း သူ့ဘာသာမောင်းသွားသလို..ကျွန်မမြင်လိုက်တဲ့ မိန်းခလေးကလည်း တစစီ အရိပ်ပမာ ပျောက်သွားလို့ပါပဲ"ကျွန်မသိလိုက်ပြီ ကျွန်မ မကောင်းဆိုးဝါး မကျွတ်မလွတ်ကို မြင်လိုက်ရပြီ..ဆိုက္ကားဆရာအဘိုးကြီးကိုကြည့်လိုက်တော့လည်း သူလည်းမြင်လိုက်သလို မျက်လုံးကြီးပြူးလို့.... ကျွန်မ ခပ်မြန်မြန်ပဲ အဘနင်းတော့ သွားမယ်သွားမယ်..ဆိုက္ကားပေါ်အမြန်တက်ပြီး...ဘုရား တရား သံယာ မိဘ ဆရာ ဂုဏ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် စည်းအမြန်ဝိုင်းလိုက်ပါတယ်..ပြီးတော့ မကျွတ်မလွတ်သောသူများကို အမျှဝေပါတယ် သာဓုခေါ်ပါဆိုပြီး ကိုယ်တိုင်ရွတ်ဖတ်ပြီး သာဓုခေါ်သလို..ဆိုက္ကားဆရာအဘကိုလည်း " အဘ သာဓုခေါ်လေ " လို့ပြောရပါတယ်။ ပြီးတော့ အိတ်ထဲအမြဲပါတက်တဲ့ သီးသားပုတီင်္းကို လက်မှာ ပတ်ဝတ်လိုက်ပါတယ်...မိုးကလည်းတိတ်သွားပါပြီ။ အဘက အသက်တော်တော်ကြီးနေပါပြီ အိပဲ့ပဲ့ နဲ့နင်းနေတာ ရှေ့ကသူတွေလည်း မမြင်တော့ပါဘူး၊ ကျွန်မစိတ်လည်း မသန့်တော့လို့ အဘကြီးကြည့်တော့လည်း အသက်အရမ်းကြီးနေတာကြောင့် သနားတာကြောင့်" အဘရယ် သမီးကားငှားပြီးပဲပြန်တော့မယ် သမီးနေတာ မြို့ထဲမှာ"" အေး သမီးရယ် အဘလည်း အိမ်ကလူတွေ ဒုက္ခမပေးချင်လို့သာ ဒီလိုလုပ်နေရတာ..အဘအသက်ကကြီးပြီ...သားသမီးခုနှစ်ယောက်လေ" ကျွန်မဆင်းနေခဲ့တော့ အဘကြီး သူ့ဂိတ်ကိုပြန်နင်းသွားပါတယ်...အဲ့ကျမှ ကျွန်မ သတိရတာက ကျွန်မ သယ်ရင်းထီး..မိုးမရွာတော့လို့ပိတ်ပြီးဘေးနားချထားတာ..အော်ဟစ်ခေါ်ပြီး..." အဘရေ ကျွန်မထီး ထီးကျန်သွားလို့ " ကျွန်မကို လှည့်ကြည့်ပြီး ထီးကို ကုန်းယူလိုက်တဲ့အဘကြီး ဘယ်လိုကနေဘယ်လို ဖြစ်သွားတယ်မသိပါဘူး..ကျွန်မမြင်လိုက်ရတာက..ဆိုက္ကားဘီးနှစ်ဘီးကြား ခြေထောက်တွေလိမ်ဝင်နေပြီး အဲ့ခြေထောက်ကြားမှာ ခါးကြီးကျိုးပြီး ခေါင်းရောက်နေတဲ့အဘကြီးပါ..ပါးစပ်ကလည်း"ကယ်ပါကယ်ပါ"....အော်နေရှာပါတယ်...ဘေးနားဆိုင်သေးလေးတွေထဲကတယောက်ကဆွဲထုတ်တာမှာ...လက်ကောက်ဝတ်ပြတ်ထွက်ပြီး သွေးတွေ မြင်မကောင်းအောင်ပါပဲ..အဘကြီး သေသွားပြီ..သေသွားတဲ့ပုံကြီးက တကယ့်ကို ထိတ်လန့်စရာပါ..ကျွန်မ ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ပါတယ်..ခုနကမြင်ခဲ့သော သူကို မြင်ရဦးမလားလို့... ပတ်ဝန်းကျင်က သူတွေက ဆေးရုံကိုအကြောင်းကြားရမယ်...ဆိုပြီး သွားကြပါတယ်...ကျွန်မလည်း လိုက်သွားမယ်ဆိုပြီး လိုက်ခဲ့ရာကနေ..စိတ်ထဲမှာတွေးနေတာက....ခုဏက မကောင်းဆိုးဝါးကြောင့် ဒါတွေဖြစ်တာလား...ဆေးရုံဝန်းဆိုတာ မကျွတ်မလွတ်သူတွေ အများကြီး..ရေခဲတိုက်..ဒါတွေဖြတ်ကျော်ရဦးမယ်..ကျွန်မနဲ့ ပါလာတဲ့သူတွေရော ဘာထပ်ဖြစ်ကြဦးမလည်း..ကျွန်မစိုးရိမ်နေဆဲ..အမျိုးသားတယောက်က " အမ ဘာပြောလိုက်လို့လည်း အဘကို"" ကျွန်မ ဘာမှ မပြောပါဘူး ကျွန်မ ထီးကျန်ခဲ့တာ လှမ်းအော်လိုက်တာ.. သူကုန်းယူရာကနေ အဲ့လိုဖြစ်တာအသက်ကြီးတော့လေ ကျွန်မ မစီးချင်တာနဲ့ ပိုက်ဆံပေးပြီး ပြန်လွှတ်လိုက်တာ"" ဟုတ်တယ်ဗျ အဲ့အဘက သားသမီးတွေကို ဒုက္ခမပေးတာလေ ခုနှစ်ယောက်တောင်မွေးထားတာ"အဲ့ဒိနောက်မှာတော့----------------ငိုရှိုက်ရင်းကျွန်မ အိပ်မက်ဆိုးက လန့်နိုးလာရပါတယ်...နာရီကိုကြည့်လိုက်တော့ မနက် 5:45 ....ပြန်အိပ်လို့လည်းမရတော့ပါဘူး..တကယ်က သုံးနာရီမှအိပ်တဲ့ကျွန်မ အိပ်ရမယ့်အချိန်ပါ...ဘာ့ကြောင့်လည်း..ဘာအတွက်ကြောင့်လည်း..နိမိတ်လား...ငါနဲ့ပတ်သတ်တဲ့သူတွေဘာတွေဖြစ်မလည်း..ငါကိုယ်တိုင်လား..ကျွန်မရဲ့ ဘ၀တလျှောက်မှာ အိပ်မက်က ကြိုပြလို့ ကြိုသိခဲ့ရတဲ့အကြောင်းအရာတွေ အများကြီးပါ...အိမ်ကသူတွေကို ဘယ်သူလာမယ်ထင်တယ် မရှိရင်ဘယ်လိုပြောပေး..အမေဖုန်းဆက်မယ်ထင်တယ် ဘယ်လိုမှာ...ခုတလော ဘယ်သူ့ကို အိပ်မက်မက်နေတယ် တခုခုပဲ...သုံးရက်နဲ့ တပတ်အတွင်းပါပဲ...အိမ်ကသူတွေကတောင် နင်အဆက်အသွယ်ရှိလို့လား..သူတို့တွေ ကြိုပြောထားလို့လားတောင်မေးတက်ကြတယ်...ကျွန်မ ခပ်မဆိတ်ပဲနေပါတယ်... ငါ့အတွက်လားလို့တွေးလိုက်တဲ့အချိန်မှာ အမေ့စကားတွေနားထဲတန်းစီပြီးဝင်လာပါတယ်" သမီး တရားရိပ်သာဝင်ဖြစ်အောင်ဝင်ပါ...သမီးခဏခဏ ဗိုက်ထဲက အောင့်အောင့်နေတာ သမီး နဂါးသိုက်ကအမျိုးတွေက သမီး မဟုတ်တာတွေလုပ်နေလို့ ကြိမ်စကြာင်္နဲ့ဆုံးမနေတာ...အကြီးဆုံးသမီးကိုသာသနာပြုဖို့လွှတ်လိုက်တာကို သမီးက ပျော်ပါးအချိန်ဖြုန်းနေတယ်..ငါ့သမီးကို ငယ်ငယ်ကတည်းက တရားရိပ်သာစခန်းတွေ ၀င်ခိုင်း တရားအားထုတ်ခိုင်းခဲ့တာ အကြောင်းမဲ့မဟုတ်ဘူး..အမေ့ကိုလည်း အိပ်မက်တွေပေးလို့ အမေသွန်သင်ခဲ့ရတာ...သမီး နဂါးဆိုတဲ့ဘ၀ကို ပြန်မသွားနဲ့...သူတို့က ငါးစိမ်းသားစိမ်း စားချင်လည်းစားမယ်..သာသနာပြုဖို့လည်း မလွယ်ဘူး..လူ့ဘ၀လည်းပြန်မရောက်နိုင်ဘူး...လူ့ဘ၀ရောက်တုန်းရောက်ခိုက်မှာ အဲ့လို ဘုံဘ၀ကို ပြန်မရောက်ပဲ ပိုမြင့်မြတ်တဲ့ဘ၀ကိုရောက်အောင် ကောင်းမှုကုသိုလ်နဲ့ဆက်...လူ့ဘ၀မှာ အကောင်းဆုံးလုပ်ရမှာ ...ဒီတိုင်းဆက်နေရင် ပြန်ခေါ်လိမ့်မယ်..." ကျွန်မ အမေ့ကို ဂတိပေးပြီးသားပါ..ရက်ရွေ့ တာလည်းပါသလို..ငွေကြေးကိစ္စ..ကြားဝင်လာသောကိစ္စများ...အောက်တိုဘာလကတည်းက စီစဉ်ခဲ့တာ သွေးလှူလို့..ဘာကိစ္စရှိလို့နဲ့...အခုတော့ ကျွန်မကို နိမိတ်ပြ အိပ်မက်တွေပြလာပြီ...ကျွန်မ တရားရိပ်သာကို ပြေးရတော့မည်၊ ကျွန်မကြောက်တက်ပါသည်... အခုစာကိုဖတ်သောသူများလည်း ဖတ်ပြီးလျှင်တခုခု ရသွားစေချင်ပါသည်။ ကျွန်မ အိပ်မက်တွင် ဘုရားတရားသံယာ မိဘဆရာ ဂုဏ်တော်ကျေးဇူး..လက်တွင်မြဲမြဲပတ်လိုက်သော စိတ်ပုတီး ကျေးဇူးတွေသည် ကျွန်မကို မကောင်းသောရန် အန္တရာယ်မှ ပယ်ရှားပေးခဲ့ပါသည်။ ထိုမျှလောက်ရှင်းလင်းပြတ်သား သော မြင်ကွင်းမျိုး မမြင်ဖူးခဲ့ပါ တကယ်ကို တုန်လှုပ်ခြောက်ခြားခဲ့ရပါသည်။ အမာခံကြီး မ Terrific Zin ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးပါ..။ တွေ့မြင်ကောက်တင် ခစ်ခစ်

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |