(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ရှင်းရခက်တဲ့ သာဓုခေါ်ပုံ

ရှင်းရခက်တဲ့ သာဓုခေါ်ပုံ 

ဝန်ခံချက်..ပထမဆုံး ကိုယ်တွေ့ဖြစ်ရပ်ကလေးကို ပြန်မျှခြင်းဖြစ်ပါတယ်..တကယ်လို့ဖတ်ရတာ အဆင်မပြေခဲ့တာလေးတွေရှိခဲ့ရင် သည်းခံပေးပါလို့... ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုပါ... အဲ့ဒိနေ့က ကျမဘကြီး ရက်လည်နေ့ပေါ့..။ ဘကြီးသေပုံကလဲ မနက်ပိုင်းက အကောင်းကြီး နေ့လည်ရုတ်တရက် ဗိုက်အောင့်တယ် ဆိုပြီး တအောင့်ကြာတော့ သွေးတွေအန်ပြီး ဆေးရုံ သွားတဲ့ လမ်းတစ်ဝက်မှာ ဆုံးတာ... ကျမက ၉ နှစ်သမီးလောက်ဆိုတော့ ကောင်းကောင်းမှတ်မိတယ် အဲ့ဒိအဖြစ်အပျက်ကို..။ ဖြစ်ပုံက ဒီလို...။ ဘကြီးတို့အိမ်က ၂ ထပ် ပျဉ်ထောင်အိမ်။ အောက်ထပ်က ကုန်စုံဆိုင်လေးဖွင့်ပြီး အပေါ်ထပ်မှာတော့ လူတွေနေတယ်..။ အဲ့ဒိနေ့က ဘုန်းကြီးတွေနဲ့ လူကြီးတွေက အပေါ်ထပ်မှာ ရေစက်ချအမျှဝေတဲ့ အချိန်. အိမ်အောက်ထပ်မှာ ဘကြီးသမီးတွေ နဲ့ဝိုင်းကူကြတဲ့သူတွေက အိမ်လာတဲ့လူတွေကို ချက်ကျွေးဖို့ ပြင်စဉ်နေကြတယ်လေ.. ကလေးပီပီ ကွာစေ့ တတောက်တောက် ၀ါးစားရင်းနဲ့ အပေါ်ထပ်ကိုတက်ဖို့ လှေကားတက်ရင်း တစ်ချိန်တည်းမှာပဲ ဘကြီးနာမည်ကိုခေါ်ပြီး အမျှဝေပြီး သာဓုခေါ်ပြီးတဲ့ အချိန်မှာတော့ အောက်ထပ်ကဘကြီးသမီးအကြီးက လှေကားနားကိုပြေးလာတယ်... အဲ့ဒိအချိန်မှာ ဘကြီးရဲ့ အစ်ကိုဖြစ်သူ ကနောက်ခိုင်းကြီး လမ်းလျှောက်ပြီးလှေကားပေါ်က ပြေးဆင်းတာနဲ့ ကြုံပါလေကော... နောက်က ၀ိုင်းဆွဲတဲ့ လူတွေလဲ သုံးလေးယောက်လောက်ရှိမယ်..ဒါပေမဲ့ မရဘူး.. လှေကားပေါ်ကနေ နောက်ခိုင်းကြီးပြေးဆင်းတာများ...ကျမလဲ လှေကားဘေးဖက်ကို ပြေးကပ်ရတော့တာပဲ.. အိမ်က ကမ်းစပ်နားမှာလေ..သင်ချိုင်းကုန်းက ချောင်းတစ်ဖက်မှာ ဘကြီးတို့ အိမ်ကလှမ်းကြည့်ရင် တောင် သချို င်္င်းကုန်းကိုမြင်ရတယ် အိမ်နောက်ဖေးမှာ တံတားလေးတစ်ခုရှိတယ်..အဲ့ဒိတံတားထိပ်ထိ နောက်ခိုင်းကြီးပြေးတာဗျို့..နောက်ကဆွဲသူက ဆွဲ အော်သူကအော်နဲ့...အဲ့ဒိတံတားထိပ်ရောက်မှာ့ပဲ ဘကြီးရဲ့ အစ်ကို ခွေကျသွားတယ်.. ကျမလဲ မျက်လုံးအ၀ိုင်းသားနဲ့ အဖြစ်အပျက်အစအဆုံးကိုကြည့်နေဖြစ်တာပေါ့... နောက်တော့ အဲ့ဒိ ဘကြီးအကို ကို ပရိတ်ရေတိုက် သတိရလာတော့ သူမသိခဲ့သလိုပဲ.. နောက် ဘကြီးသမီးကြီးက အမျှဝေ သာဓု သာဓု ဆိုပြီး ခေါ်နေတဲ့ အဖေ့အသံ ကို ကြားလို့ အပေါ်ကို ပြေးတတ်လာတာ တဲ့... ဘကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်သွားပြီ ထင်ပါရဲ့.... (လွန်ခဲ့သော ၁၆နှစ်က ဖြစ်ရပ်မှန်) စာရေးသူ- ဓနိ အခုလို ကိုယ်တွေ့ကို ပြန်မျှပေးတဲ့ မန်ဘာ မ Win Hla Yin ကို ကျေးဇူးအရမ်းတင်တယ်ဗျာ.. ကမ္ဘာမပျက်တဲ့ အထိမ်းအမှတ်လေးပေါ့... :P (ခစ်ခစ်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |