ခွေး နဲ့ ဘီလူး
ကျွှန်တော်တို့ ညီအကိုတွေ မြင်ခဲ့ကြတာတော့ သရဲမဟုတ်ပါဘူး ဘီလူးပါ။ ယုံပါလို့ ကျွှန်တော် ဇွတ်အတင်းမတောင်း ဆိုပါဘူးဗျာ။
ဖြစ်ပုံကတော့ ဒီလိုပါ...........
၂၀၀၆ ခုနှစ် ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒ ဘာသာရပ်ဖြေတဲ့နေ့ မှာစတာပေါ့ဗျာ။၁၂ နာရီထိုးတော့ ကျွှန်တော်လည်း အိမ်ပြန် အ၀တ်အစား လဲပြီးပြီး ချင်း အိမ်က ရှမ်းပြည်နည်မြောက်ပိုင်း သီပေါ မြို့ ကို အမေ ရယ် ကျွှန်တော် ရယ် ကျွှန်တော့် အကို ရယ် ဗန်ကား လေးနဲ့ ပြန်လာခဲ့ကြတယ်ဗျာ။ အမေက သီပေါသူဆိုတော့ ပြန်ရတာပေါ့ ဘာလို့ပြန်လဲဆိုတော့ ဗော်ကြိုဘုရား ပွဲအမှီပြန်ပြီး သားကို ရှင်ပြုပေးချင်လို့ဆိုပြီး ပြန်ရတာပေါ့ ဟိုရောက်တော့ ည ၅ နာရီ ခွဲ လောက်ပေါ့
ရောက်ပြီးပြီးချင်း နားမလို့လုပ်နေတာ ခနနေတော့ ဦးလေးက ဘုန်းကြီး ကျောင်းသွားရမယ်ဆိုပြီး ကျွှန်တော်တို့ နှစ်ယောက်ကိုလာခေါ်တော့ ကျွှန်တော်တို့လဲ လိုက်သွားခဲ့ပါတယ်။
အော် ကျွှန်တော်တို့ နေတဲ့ အိမ်က အဖိုးလေးအိမ်ပါ။ သီပေါ အိမ်ကဘယ်လောက် လှလဲဆိုတော့ ဒုဓဝတီ မြစ်နဲ့ လမ်းဘဲခြားတယ်လေ လားရိုး လမ်းမကြီးနဲ့လဲ တစ်ပြ လောက်ဘဲဝေးတာပါ မြစ်ကမ်းဘေးနားဆိုတော့ အေးလဲအေး မှောင်လဲမှောင် လမ်းမီးတွေလဲ သိပ်ပြီး မရှိသေးတဲ့ အချိန်ဆိုတော့ ညဆိုရင် အပြင်တောင် မထွက်ရဲဘူး ကျွှန်တော်တို့ ကလေးတွေကပေါ့ ဘာလို့လဲဆိုတော့ လမ်းထိပ် မြစ်ကမ်းဘေးမှာ ညှောင်ပင် အကြီးကြီးတစ်ပင်ရှိလို့ပါ။
ဒီလိုနဲ့ ကျွှန်တော်တို့ ဦးလေးကားနဲ့ ဘဲ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ကြရောဆိုပါတော့.....
ဇာတ်လမ်းက အဲ့ဒီမှာ စတာဘဲ
ဘုန်းကြီးကျောင်းမှာ ကျွှန်တော်တို့ ရောက်တဲ့ညမှာဘဲ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရပါတယ်။အားလုံးလဲ ပြီးရော ၁၂ နာရီလောက် ရောက်သွားတာပေါ့ ကျွှန်တော်တို့လဲ ဘုန်းကြီးကျောင်းက ပြန်တော့ ဟောင်လိုက်တဲ့ခွေးတွေ နားတွေကို ညီးနေတာဘဲ။ ကျွှန်တော်တို့လဲ အမူမဲ့ အမှတ်မဲ့ဆိုတော့ သိပ်ပြီးသတိမထား ဖြစ်ဘူး။ နောက်ရက် မနက်ကျတော့ ကျွှန်တော်တို့ ၉ နာရီလောက် ကိုရင်ဝတ်နဲ့ သင်ခန်းစီး ပြီးတာပေါ့ အော် ရှင်ပြုတာက တစ်မျိုးလုံးယောကျာ်းလေးတွေ အကုန်လုံး ပေါင်းပြီး ရှင်ပြူပေးတာပါ။ညီအကိုတွေက သိပ်ပြီး မ များပါဘူး ၃၀ လောက်ပါဘဲ ကိုရင်အပါး ၃၀ ဆိုပါတော့။ ဒီလိုနဲ့ ည ရောက်လာတယ်ဆိုပါတော့ဗျာ။
ကိုရင်တွေများလို့ဆိုပြီး ကျောင်းထိုင်ဘုန်းကြီးက ဓမာရုံထဲမှာဘဲ အိပ်ရမယ်လို့ မိန့်တယ်။ ဘုန်းကြီးကျောင်း အလည်မှာ ထီးထီးကြီး စောက်ထားတဲ့ ဓမာရုံ မှာ ကျွှန်တော်တို့အိပ်ကြပါတယ်။ ကလေးတွေဆိုတော့ ဟိုဆော့ဒီဆော့နဲ့ တော်တော် မအိပ်ကြပါဘူး ဒါနဲ့ ညိမ်အောင်လို့ဆိုပြီး ကိုရင်ကြီးတွေက သရဲ ပုံပြင်တွေပြောပြပါတယ် ဒီလိုနဲ့ ကိုရင်တွေက ကြောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်တိုးဝှေ့လာကြပါတယ် ၁၂ နာရီလောက် ကြတော့ ကျွှန်တော်တို့ အိပ်ကြတဲ့ ဓမာရုံကြီးကို အင်းခွေး ၅ ကောင်က လဲ့ပတ်ဟောင်ပါလေရော အဲ့ဒီမှာ ကိုရင်တွေပိုပြီ ကြောက်ကုန်ကြတယ်။ခွေးတွေကလဲ နာရီဝက်လောက် ဟောင်ပြီးတော့ တိတ်ဆိပ်သွားတယ် အဲ့ဒါနဲ့ ပထမရက်မှာ သိပ်ပြီး မသိသာသေးဘူး။
နောက်ရက် ကြတော့ ကျွှန်တော်က စပ်ဆုတက်တော့ မေးစမ်းကြည့်တော့ ဒီဘုန်းကြီးကျောင်းက အစောင့်ရှိတယ်တဲ့ ဘယ်နားမှာလဲလို့ မေးကြည့်တော့ ကျောင်းရဲ့ အထင်ကရနေရာတွေမှာတဲ့ ဘယ်နေရာလဲ ဆိုတော့ သိမ်ကျောင်းရယ်
ထောင့်လေးလေးထောင့် ရယ် မှာ ရှိတာတဲ့ အဲ့ဒီ ဦးပဇင်းက ပြောပါသေးတယ် သူလဲ မယုံလို့ လာဝတ်တာတဲ့။ စောင့်တွေက ဘာတွေလဲဆိုတော့ ဘီလူးရယ် နတ်ရယ် နဂါးရယ် ဖိုးသူတော်ရယ် တဲ့ ဖိုးသူတော်ကိုတွေရင် တော်တော်ကို ကံကောင်ပြီး ဘုန်းကံကြီးတယ်တဲ့ သူလဲ မြင်ဘူးချင်လို့ ပုတီးထွက်စိပ်နေတာ လေးရက်ရှိပြီတဲ့ ပြီတော့ သိမ်နားမှာဘဲ ရည်နွေးကျမ်းသောက်ပြီး တွေရတာတဲ့ ဒီလိုနဲ့ ညရောက်တော့ ၁၂ နာရီလောက်ဘဲ ခွေးတွေက ဟောင်ရော
ကျွှန်တော်တို့ညီအကို နှစ်ယောက်က မရုံလို့ဆိုပြီး ဓာတ်မီးယူပြီး အပြင်ထွက်ကြည့်ကြတယ် မြင်လိုက်ရတဲ့မြင်ကွင်းက တော်တော်ကို သွေးပြတ်ဖွယ်ပါဘဲ ဘာလို့လဲ ဆိုတော့ ဓမာရုံရှေ့မှာ ညှောင်ပင်က ၄ ထပ်တိုက်လောက်ရှိတယ် အကြီးကြီးဘဲ အဲ့ဒီ ညှောင်ပင်ထပ်ကို မြင့်တဲ့ မဲမဲသတန် မွှေးတွေ နဲ့ အရိပ်ကြီးက ပိုပြီးတော့ ကြီးနေတယ်
အင်းခွေးတွေက အဲ့ဒီ မဲမဲ ကြီး ကို ဟောင်လိုက် နောက်ဆုတ်သွားလိုက် ပြေးဟောင်လိုက်နောက်ဆုတ်သွားလိုက်နဲ့ မျက်စိရှေ့မှာမြင်နေရပါတယ် တစ်ကောင်က ခုန်ပြီး ကိုက်လိုက်တာ လူတစ်ရပ်လောက်ရှိမယ် အဲ့ဒီ ခွေးက လေထဲ မှာတင်တစ်ပတ်လဲ ပြီးပြန်ကျလာတယ် ခွေးနဲ့ ဘီလူးနဲ့ စစ်ပွဲက တော်တော် ကြာတယ် ဒုတိယညကျမှ မနက် ၂ နာရီထိုးမှ အာလုံးတိတ်ဆိပ်သွားတယ် ကျွှ်နတော်တို့လဲ ကြောက်ကြောက်နဲ့ အိပ်လိုက်ရတယ် မနက်ကြတော့ ကျောင်းထိုင်ဘုန်းကြီးကို သွားလျှောက်တယ် ညက ကိစကို ဘုန်းကြီးက ပြန်ပြောတော့မှ ကြောက်စိတ်ပြေသွားတော့တယ်။ ဘုန်းကြီးက အဲ့ဒါက ကျောင်းစောင့်တဲ့ဘီလူးပါတဲ့ ကိုရင်တွေ ဘေးရန်ကင်းအောင် စောင့်ရှောက်တာတဲ့ ဘုန်းဘုန်း ကို အိမ်မက်ပေးတယ်တဲ့ မကြောက်ကြဖို့တဲ့ ကျွှန်တော်တို့လဲ ၅ ၇က်လောက် ကိုရင်ဝတ်ပြီးတော့ လူပြန်ထွက်လာပါတယ်။
အဲ့ဒီဘုန်းကြီးကျောင်းနာမည်က လားရိုးလမ်းမကြီးဘေး ရွှေဓားကျောင်းပါ။ ကျွှန်တော်အရေးအသားတွေ အစဉ်မပြေရင်တောင်းပန်ပါတယ်ဗျာ။
နောက်ညကြ တစ်ခုတင်ပေးပါအုန်းမယ်းp
ပြောပြီး ပျောက်သွားတာ ဘယ်နှစ်ည ရှိနေပြီလဲ.... Middle West ကြီးရေ... (ခစ်ခစ်)