(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

" မမေ့နိုင်လန်ဒန် "

" မမေ့နိုင်လန်ဒန် "

လန်ဒန်မြို့ Holborn ရပ်ကွက်....Lonsdale ဆိုတဲ့ ဟိုတယ်မှာ အသိတယောက်က အလုပ်သွင်းပေးခဲ့ရာက စပြီး ဒီဇာတ်လမ်းပေါ်ဖို့အကြောင်း ဖြစ်လာရပါတယ်၊ စအလုပ်ဝင်ဝင်ချင်းပဲ night duty ကျပါတယ်...ဟိုတယ်တို့ရဲ့ထုံးစံအတိုင်း..နာမကျန်းသောသူများ ရှိဖူးသကဲ့သို့..သေဆုံးသွားသူများလည်း ရှိမှာပါ...မြန်မာ အလုပ်သမားများလည်း ရှိပါတယ်...ကိုယ့်ဘာသာ အယူအဆအရ...ဘာသာရေးကိုလည်း လုပ်သင့်သလောက် ဟိုတယ်အတွင်းမှာ လုပ်ကြပါတယ်...ပိုင်ရှင်က အစ္စလာမ်ဘာသာဝင် သဌေးကလွဲလို့ပေါ့... ၀န်ထမ်းအသစ်တို့ရဲ့ ထုံးစံအတိုင်း ဘာမှ မတီးမခေါက် မသိသေးသလို...၀န်ထမ်းအဟောင်းတို့ရဲ့ထုံးစံအတိုင်း...၀န်ထမ်းအသစ်ကြောက်မှာစိုးတော့ နောက်မှ သိပစေဆိုပြီး ဘာမှ မပြောပြကြတဲ့အတွက်...ဘာမှ ကြိုမသိခဲ့ရပါ....ဧည့်ကြိုဝန်ထမ်းဆိုတော့ ကိုယ့်နေရာလေးမှာပဲ ငိုက်မြည်းရင်း ညဂျူတီကို စ၀င်ရပါတယ်...နောက်ကျမှဝင်တဲ့ဧည့်သည်တွေ ကိုလက်ခံလိုက်...ငိုက်သင့်သလောက်ငိုက်မြည်းလိုက်နဲ့ နေနေတုန်း...အဖြူမ ခပ်ချောချော မိုက်မိုက် တယောက် ၀င်လာပါတယ်...ဒီဇိုင်းကလည်း ရေလည်မိုက်ပါတယ်..လူကလည်းလှပါတယ်...ဦးထုပ်လေးကို စတိုင်ကျကျဆောင်းထား ပြီး... " အခန်းလိုချင်လို့ပါ" " ဘယ်လိုမျိုးအခန်းကို လိုချင်ပါသလည်း" ဘာညာနဲ့ ကျွန်မလည်း မေးနေတာ..မေးနေတာကိုမဖြေပဲ..သူက ဟန်ပါပါနဲ့.. "ဦးထုပ်လေး ခဏ ချွတ်ပြီး ကောင်တာပေါ်တင်လို့ ရလာတဲ့...တင်ချင်လို့ပါတဲ့" "ရပါတယ် တင်ပါ" ....လို့ပြောလိုက်တာနဲ့...ထို အဖြူမက............ "သူ့ခေါင်းကြီးကို ဆွဲချွတ်ပြီး ကောင်တာပေါ်တင်ပြပါတယ်" ကျွန်မလည်း လန့်ပြီး..အော်တောင်မအော်နိုင်ပါဘူး...နိုးတ၀က်အိပ်တ၀က်အချိန်မှာ ကြုံရတာ...အပြူးအပြဲပြန်ရှာကြည့်တော့..ခုဏက သေချာမြင်လိုက်ရတဲ့ စတိုင်အပြည့်နဲ့ လေဒီ မတွေ့ တော့ပါဘူး...အချိန်က မနက်သုံးနာရီဝန်းကျင်.....ခုဏက အိပ်ငိုက်နေတာတွေလည်း ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပြီး..ရသမျှဘုရားစာရွတ်ပြီးဂျူတီအထွက်အချိန်ကို မြန်မြန်ရောက်ပါစေတော့ရယ်လို့ပဲ စောင့်ရပါတော့တယ်...မနက်ကျတော့မှ ကိုယ်နဲ့လူမျိုးတူ လူကြီးပိုင်းရာထူးတွေကို ပြောပြပြီး.သူတို့လည်း ပရိတ်တရားတော်တွေဖွင့်...ဘုရားရှိခိုး..ဒီလိုတွေလုပ်ပေးပါတယ်..ဒါနဲ့..နောက်တနေ့လည်း ညဂျူတီပါပဲ...လူပဲလေ..အိပ်ချိန်ကျတော့လည်း ငိုက်လာတော့..အတူဂျူတီကျတဲ့အမကြီးက..သွားအိပ်ချင်အိပ်လေလို့ပြောတော့..၀န်ထမ်းတွေ ခဏတဖြုတ်ဝင်အိပ်နေကြအခန်းထဲပဲ ၀င်အိပ်ပါတယ်...သွားအိပ်တာ တနာရီမှ မကြာသေး..ဆေးချပြီး သေတဲ့ သရဲဆိုတာလေ ခြောက်လိုက်တာ ( နောက်မှ သူများတွေပြောပြလို့သိချင်း) "တံခါးကို ထုတာများ တဒုံးဒုံး ..တဒိုင်းဒိုင်း..လန်ဒန်မှာက အေးတော့ အဲကွန်းမထား...ဟီတာတွေပဲထားတာ..အလုံပိတ်အခန်းတွေဘယ်ကမှန်းမသိတဲ့ လေအေးတွေများ မျက်နှာကို တိုက်တာလေ" သြော်..တော်တော်အအေးပိုနေတာပဲဆိုပြီး..အနွေးထည်ထပ်ဝတ်.....အေးလွန်းလို့...အိမ်သာကလည်းသွားချင်နဲ့.... "ရေချိုးခန်းထဲလည်းဝင်လိုက်ရော....ကမုတ်ပေါ်မှာ အဖြူကောင် ငုပ်တုပ်ထိုင်ပြီး ပြူးကြည့်နေတာ..အမလေး....ဖြူရော်ရော် မျက်နှာသေကြီးနဲ့..မျက်လုံးကြီးကလည်း သာမန်ထက်ပိုပြူးတဲ့ မျက်လုံးနဲ့ ကြည့်နေတာ..." "ကျွန်မလည်း ဟိုတယ် တခုလုံး ကြားအောင် အောက်ထပ်ကို အော်ဆင်းပြေးတာ..၀န်ထမ်းအကုန်လုံး ရုတ်ရုတ်သည်းသည်းပဲ.." အဲ့ကျမှ ၀န်ထမ်းတွေအကုန်လုံးရဲ့ ထောက်ခံချက်အပြည့်အ၀ကိုရတော့တယ်...သန့်ရှင်းရေးလုပ်တဲ့သူတွေဆို အဲ့အခန်းကို မသွားရဲ..မလာရဲပုံစံမျိုးစုံနဲ့ခြောက်ပြလို့ပါ..ရှင်းထားသမျှပြန်ဖွ...ရုပ်နဲ့ပါခြောက်...သူသေသွားတဲ့ အခန်းထဲမှာကို မကျွတ်မလွတ်ပဲ လာသမျှကိုခြောက်လွှတ်နေတာ..မူးယစ်ဆေးသုံးရင်းသေတဲ့ အဖြူကောင်သရဲ...နောက်ရက်တွေမှာလည်း သူ့အခန်းအောက်ထပ်အခန်းက ဧည့်သည်တွေဆို အရမ်း လာလာပြောကြတာ...အပေါ်ထပ်အခန်းက ညညဆိုအရမ်းဆူလို့..တ၀ုန်းဝုန်းတညလုံး..ဘာတွေလုပ်နေကြတာလည်း ဆိုတာမျိုး..ဟိုတယ်ဆိုတာကလည်း အခန်းငှားတာမျိုးဆိုတော့ ပြောပြလို့လည်းမရ...တကယ်ကိုသောင်းကျန်းတဲ့ သရဲ..သူ့အခန်းထဲမှာကို ခြောက်တာ...နောက်ပိုင်းတော့ကျွန်မလည်း အလုပ်သွင်းပေးသူကို ကျေးဇူးတင်ပါသော်ငြားလည်းပဲ ...အလုပ်ထက် သရဲကို ပိုကြောက်လို့..တပတ်ပါပဲ...နောက်ပိုင်း အလုပ်ထွက်လိုက်ပါတယ်..တပတ်ဆို ဆိုသလောက်ပါပဲ...အိပ်ဖို့လည်းမရဲ..ထိုင်နေပြန်တော့လည်း..ဟိုမရွှေချောများလာဦးမလားဆိုတဲ့အတွေးတွေနဲ့...ထိတ်လန့်စရာညတွေကို မနဲဖြတ်သန်းလာခဲ့ရပါတယ်.. .ပေတပရိတ်သတ်တဦး ပြောပြတာကို ခံစားစာစီကုံးပါတယ်...ကျေးဇူးအထူးတင်ပါတယ် ( သိုက်နန်းရှင် )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |