(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

" လုပ်ချင်ဦးဟဲ့...သူကြီး "

" လုပ်ချင်ဦးဟဲ့...သူကြီး "

နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေ နေရေးထိုင်ရေးအဆင်ပြေ သက်သာဖို့ဆိုတာ ငွေကုန် လူပန်းသော်လည်း ..အခက်အခဲတွေရှိတက်ကြပါတယ်...သက်သက်သာသာနဲ့ ဈေးတန်တန်...အိမ်လေးတလုံးရလို့... အားရ၀မ်းသာ...သူငယ်ချင်းတွေနဲ့စုနေမယ်..အရင်ကိုယ်ပဲစိုက်ထားပြီး ...သူတို့ဆီက လခလိုပြန်ယူပြီး..ထားဖို့ဆိုပြီး... လန်ဒန်မှာပဲ..အိမ်လေးတလုံးကို ငှားလိုက်ပါတယ်...အရမ်းလည်းသက်သာလို့..အိမ်သူကြီးလုပ်မယ်ဆိုပြီး.. အရင်ကိုယ့်ဘာသာငှားပြီး စတင်ပြောင်းရွေ့ နေထိုင်ပါတယ်... သူငယ်ချင်းတွေထက် တလလောက်ကြိုပြောင်းနေလိုက်ပါတယ်...ကိုယ်ဦးဆောင်ရတဲ့အိမ်ဆိုတော့ အသားကျအောင် သေချာပြင်ဆင်နေထိုင်ပြီး...ဘာမှလည်းစိတ်ထဲမရှိပဲ စိတ်သန့်သန့်နဲ့ပဲနေရင်း... အိမ်သာထဲက ဘေစင်ရေပိုက်ခေါင်းက ပိတ်ထားလည်း ခဏခဏပြန်ပွင့် ရေပြန်ကျ..ပြန်ပိတ်လိုက်..ပြန်ရေတွေကျလိုက်နဲ့...အိမ်ရှင်ကိုပဲပြောပြီး အိမ်ရှင်က ရေပိုက်ခေါင်းမကောင်းဘူးဆိုပြီး အသစ်လာပြန်လဲတပ်ပေးပါတယ်...လဲပြီးလည်း မရဘူး..ရေက ကျနေတာပဲ..ဘယ်လောက် ပိတ်ခဲ့ ပိတ်ခဲ့..ပြန်ပွင့်ပြီး..ပြန်ကျ..ဒါလည်း မသိသေးဘူး..မကျွတ်မလွတ်သူလုပ်ပြနေတယ်ဆိုတာ...အိမ်အပြောင်းအရွေ့ ကိုပဲ မဲနေတာနဲ့.... ဘုရားစင်တွေဘာတွေ သေချာရိုက်ပြီး..သေချာကျကျနနလုပ်ပြီးပြီဆိုတော့..ရွတ်နေကျ ပဌာန်းရွတ်...မြန်မာပြည်က ပို့ပေးတဲ့ ပရိတ်ရေ အပေါ်တထပ်လုံးကိုဖြန်း...ဘုရားရှိခိုး ဒါတွေလုပ်...ညီမ နေတာက အိမ်ရဲ့အပေါ်ထပ်..အောက်ထပ်မှာက ဘယ်သူမှ အိမ်ရှင်က မငှားထားဘူး... အောက်မှာကတော့အလွတ်ပေါ့...ညဘက်ဆို အောက်ထပ်ကနေ စကားတွေပြော..ဆူညံပွက်လောရိုက်နေတက်တာ...ဒါနဲ့ ဘေးအခန်းကဆူတယ်ထင်လို့..ဘေးအခန်းကိုသွားပြောတော့လည်း.. သူတို့ မဆူကြောင်းပြောတယ်..ဘေးတိုက်ကလည်း မြေပိုင်ရှင်..သူတို့ကလေးတွေကလည်း အစောကြီးကျောင်းတက်ရတော့..စောစောအိပ်ကြတယ်ပြောတယ်..သူတို့လည်းမဟုတ်ဘူးပေါ့...ဒါဆို အိမ်ခြေရာခြေမရှိ ဂျစ်ပစီတွေ အခန်းကလည်းလွတ်နေတော့ လာခိုးနေတယ်ထင်ပြီး..အိမ်ရှင်ကိုပြော..အိမ်ရှင်က..သော့အသစ်တောင်လာလဲပေးသွားတယ်. .ဒါနဲ့ အေးဆေးသွားပြီးစိတ်ထဲထင်ပြီး ဒီလိုပဲနေလိုက်တယ်ညကျတော့ ရွတ်နေကျဘုရားစာတွေမရွတ်ဖြစ်ပဲ အိပ်ယာဝင်လိုက်မိတယ်.. အဲ့မှာတင်..သူ့ကိုယ်သူ ဒီအိမ်ရဲ့အစောင့်ဆိုပြီး အရပ်ရှည်ရှည်နဲ့ ကုလားကြီး တယောက်အိပ်မက်လာပေးတယ်..သူဒီမှာနေတာကြာပြီတဲ့..ဘာမှလည်း ကြောက်လန့်အောင်မလုပ်ဘူး... သူလည်းအေးဆေးနေပါရစေဆိုတာမျိုး လာပြောတယ်....အဲ့အိပ်မက်လည်းရပြီင်္းရော ပိုကြောက်ပြီး ပိုဘုရားတရားပိုလုပ်ဖြစ်တာပေါ့..ဘုရားတရားလုပ်လေ..အောက်ထပ်က ပိုဝုန်းဒိုင်းကျဲလေပိုဆူလေ..သူကလည်း အဲ့လို အိပ်မက်မျိုးကို သုံးခါလောက် ဆက်တိုက်လာပေးတယ်.. ဒါနဲ့ပြောင်းလာတဲ့ သူငယ်ချင်းတွေကိုပြောကြည့်တော့..ဘုရားစာမရွတ်ပဲနေကြည့်ပါလားတဲ့..တပတ်လောက်မရွတ်ဘဲနေကြည့်လိုက်တာ..အဲ့တပတ်လုံးဘာသံမှကိုမကြားရတာ..ဘုရားစာရွတ်တုန်းကဆိုရင် ၀ုန်းဒိုင်းကြဲ..ဆူညံ..အခန်းအပြင်မှာ လမ်းတွေလျှောက် အဲ့လိုကို လုပ်ပြတာ..ကြည့်ရတာ ဘုရားစာရွတ်တာ သူတို့ နေလို့မရ ပူလို့ထင်ပါတယ်...ပရိတ်ရေရဲ့ အစွမ်းလည်းပါမှာပေါ့လေ...ကိုယ်ပဲ ကံနိမ့်နေတာလား အိပ်မက်ပဲ ပေးလို့ရလို့လားမသိ..တခြား သူငယ်ချင်းတွေ ဘာမှ မမြင်ရ..မကြားရ..ဘာမှ မကြုံရဘူး..ညီမတယောက်ပဲ..အိပ်မက်တွေလာလာပေးတာ...အဲအိမ်လည်း တနှစ်လောက်ပဲ ငှားဖြစ်လိုက်ပါတယ်.. ကိုယ့်နိုင်ငံ ရေမြေ မိသားစုနဲ့မဟုတ်တော့လည်း မနဲ ကြောက်ကြောက်နဲ့ အားတင်းပြီး နေခဲ့ရပါတယ်ရှင်....ဒီတခါလည်း လန်ဒန်က မမရဲ့..နာမည်မပြောပါနဲ့ဆိုလို့ မပြောတော့ပါဘူး.... ညက နှစ်ယောက်သား အပြူးအပြဲ ဆွေးနွေးရင်း ရလာတာလေးတွေကို စာအဖြစ်ပြောင်းလိုက်ပါတယ်။ ( သိုက်နန်းရှင် )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |