(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ခတ္တာဆောင်မှ ကြည်ကြည်ဝင်း

ခတ္တာဆောင်မှ ကြည်ကြည်ဝင်း


 ကဲ ဒီနေ့ အများမျှော်လင့်စောင့်စားနေတဲ့ ကြည်ကြည်ဝင်း အကြောင်းလာပြီ။ တစ်ခုတော့ ကြိုပြောထားမယ်နော် ကျွန်တော်ကိုယ်တိုင်အခြောက်ခံရတာလဲ မဟုတ်ဘူး ပထမဆုံး တစ်ယောက်ကစပြောတယ် နောက်တော့ ၂ ယောက် နောက်ဆုံး ၃ ယောက်ထိ ပြောလာလို့ ဒီဇာတ်လမ်းကို ရေးလိုက်ရခြင်းဖြစ်တယ်။ ပြီးတော့ ပြောတဲ့လူ ၃ ယောက်လုံးက လက်ရှိ ဖောင်ကြီး သင်တန်း တက်နေတဲ့လူတွေဖြစ်နေတာမို့ ဒီဇာတ်လမ်းက သေချာတယ်လို့ထင်လို့ပါ။ အစက ဒီ ခတ္တာဆောင်က အေးအေး ဆေးဆေးလေးပါပဲ မနက်စောစောထ ပီတီလုပ် မနက်စာစား နေ့လယ် အတန်းသွား ညနေ ပီတီ ပြန်လုပ် Night Study ၀င် ပြီးတော့ အိပ်, အဲ့လိုနဲ့ပဲ လည်ပတ်နေတာပေါ့။ ဒီအဖြစ်အပျက်တွေ စဖြစ်လာတာကတော့ အဲ့အဆောင်က အဆောင်သူတစ်ယောက် ပဌာန်းစရွှတ်လိုက်တဲ့ နေ့ကစတယ်ပြောရမယ်။ သူပဌာန်းရွှတ်ပြီး အဲ့ညမှာ သူ့ကို လည်ပင်းလာညှစ်တယ်။ လူက မျက်စိ မှိတ်ထားပေမယ့် တစ်ကိုယ်လုံးကတော့ ကြောက်လန့်တကြား လှုပ်ရှားနေတယ်။ ဘေးက သူငယ်ချင်းတွေ အတင်းနှိုးလဲ မရဘူး နောက်ဆုံး လန့်လဲ နှိုးလာကော ချွေးစီး ပြိုင်းပြိုင်းကျပြီး ငိုပါလေရော။ အဲ့နေ့ညပဲလား နောက်နေ့ ညပဲလားတော့ မသိဘူး အိပ်မက်လာပေးသွားတယ်။ “ဒီကိစ္စကို အမက အရင်စတာ မဟုတ်ဘူးနော် ညီမလေးက အရင်စတာ” ဆိုပြီး ပြီးတော့လဲ သူ့နာမည်က ကြည်ကြည်ဝင်းဖြစ်ကြောင်း ဒီအဆောင်မှာ သူနေကြောင်းပြောသွားတယ်။ အဲ့နေ့က စပြီး နောက်ပိုင်းမှာ ကြည်ကြည်ဝင်း တစ်ယောက် နာမည်ကြီးလာတယ်။ ခတ္တာအဆောင်မှာပဲ အဆောင် ၁, ၂, ၃ ဆိုပြီး ထပ်ခွဲထားတယ်ပြောတယ် (အဲ့တာတော့ ကျွန်တော် သေချာမသိပါ) ကြည်ကြည်ဝင်းက ဒီနေ့ည အဆောင် ၁ မှာတွေ့လိုက်ရတယ်ဆို နောက်နေ့ ည ဆို အဆောင် ၂ နောက်နေ့ ညဆို အဆောင် ၃ အဲ့လို အဆောင်တွေ အကုန်မှာ တွေ့လိုက်ရတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ အဲ့ထက် ပိုထူးဆန်းဖို့ကောင်းတာက ဖောင်ကြီးမှာက စစ်ဖိနပ် ဆိုတာ လူဦးရေ အတိအကျနဲ့ပဲ ထုတ်ပေးတာဖြစ်တယ်။ အပို အလို မရှိဘူး။ ဒါပေမယ့် ခတ္တာဆောင်ရဲ့ စတိုခန်းမှာ စစ်ဖိနပ် တစ်ရံ ဒီအတိုင်း ဘယ်သူမှ မစီးပဲ ထားထားတယ်ပြောတယ်။ တစ်ခါတစ်လေ ညဘက်တွေမှာ စတိုခန်းထဲကို မိန်းမတစ်ယောက်ဝင်သွားတာတွေ့တယ်လို့လဲ သတင်းတွေထွက်လာတယ်။ ဒီတစ်ခုကတော့ အဲ့ ခတ္တာဆောင်မှာ နေတဲ့ အမတစ်ယောက်ရဲ့ အဖြစ်အပျက်ပေါ့။ တညပေါ့ အဲ့အမ အိပ်နေတုန်း အိပ်မပျော်တပျော်ဖြစ်နေတဲ့အချိန်မှာပေါ့ဗျာ သူ့ခုတင်ဘေးကို လူတစ်ယောက်လာရပ်နေသလိုခံစားရလိုက်တယ်။ ဒါပေမယ့် သူ မျက်လုံးဖွင့်မကြည့်ရဲဘူး ဖွင့်ကြည့်လိုက်လို့ အဲ့သရဲမကို မြင်လိုက်ရမှ နှလုံးရောဂါနဲ့ သူသေသွားနိုင်တယ်ဆိုပြီး မျက်စိအတင်းမှိတ်ထားတာပေါ့ အဲ့ချိန်မှာ သူ့ခုတင်ဘေးမှာ သူ့ရဲ့ သံသေတ္တာရှိတယ်ပေါ့ဗျာ အဲ့သေတ္တာပေါ်မှာ ထိုင်လိုက်တယ့် အသံလိုလိုကြားလိုက်ရတယ် အဲ့သူ့ကို ကြည့်နေတဲ့သူက။ အစက ကြည့်နေသလိုပဲ ခံစားရတာ အခုက နီးနီးကပ်ကပ်ကြီးကို အသက်ကို ပင့်ရှူလိုက်တဲ့ အသံကြားနေရတယ် ရှူးးးးးးးးးးးးးးးးးးးးးးးးးး ဆိုပြီး အဲ့ထက်ဆိုးတာကတော့ အဲ့အသက်ကို ပင့်ရှူလိုက်ပြီး ပြန်ရှူထုတ်လိုက်တဲ့ လေက သူ့ရဲ့ ပါးပြင်ကိုတောင် လာထိနေတယ် (တော်တော် အသက်ရှူသွင်း ရှူထုတ် အားကောင်းတဲ့ သရဲမပဲ) အဲ့ချိန်မှာတော့ သူ့ရဲ့ကြောက်စိတ်က ဘယ်လိုမှထိန်းလို့မရတော့ဘူးပေါ့။ အရင်တစ်ယောက်တုန်းကတော့ ပဌာန်းရွှတ်လို့ လည်ပင်းညှစ်ခံရတယ်။ အခုသူ မရတော့ဘူး ဘုရားစာကို စိတ်ထဲကနေ တတွတ်တွတ်ရွှတ်ဆိုလိုက်တော့မှပဲ အဲ့အသံတွေ အသက်ရှူသံတွေ အကုန်ပျောက်သွားတော့တယ်။ ကျွန်တော်သိတာတော့ ဒါအကုန်ပဲဗျ မန်ဘာတွေဘက်ကလဲ သိရင် ၀န်ရောက် ကွန်မန့်ပေးကြပါအုန်း။ ပြီးတော့ ပဌာန်းရွှတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်က ကျွန်တော် ကြားသိတာကို ရေးလိုက်ရတာဖြစ်တယ် သေသေချာချာ ၁၀၀%တော့ မသေချာဘူး ကျွန်တော်ပြောတဲ့အတိုင်းလဲ အခြောက်ခံရတာဖြစ်ချင်မှဖြစ်မယ်။ အဲ့အတွက် အဲ့ကာယကံရှင် မိန်းကလေးများ ဒီစာကို ဖတ်မိလို့ အမှားပါသွားရင် ဆောရီးပါပဲ။ (အက်ဒမင်-တစ်ပွဲစား)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |