(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

သူချစ်တဲ့သူမ


သူချစ်တဲ့သူမ 

အချစ်ဆိုတာ ကျွန်တော့အတွက် သိပ်နားလည်ဖို့ ခက်ခဲနေသလိုပ္ဒဲ္ဒအချစ်စစ်နဲ့ သရဲနဲ့ကို တွေ့ဖူးတဲ့သူမရှိသလောက်ပဲ တွေ့ဖူးတဲ့ သူတွေတိုင်းကလည်း တစ်ဘဝလုံးစာမေ့ဖို့ သိပ်ခက်သွားတတ်တယ်။ TAKASHI ဩစတေးရီးယား တောကျတဲ့ မြို့လေးတစ်မြို့ရဲ့ဆေးရုံ ပြူတင်းပေါက်ဘေးနားက ကုတင်ပေါ်ကနေ ကျွန်တော် နေဝင်တာကို ကို အငေးသားကြည့်နေမိတယ်။စစ်မှုထမ်းရင်း oversea training နဲ့ ပါလာရင်း ခြေထောက်ကို ဒဏ်ရာရလို့ အနားယူနေခြင်းဖြစ်သည်။ ကျွန်တော်က သူနာပြူဆရာမလေးအကူအညီနဲ့ အပြင်ကို လမ်းထွက်လျှောက်လာတယ်။ကျွန်တော်က ချိုင်းထောက်ကြီးနဲ့ သူနာပြုဆရာမလေးက ကျွန်တော့ကိုအဖော်ပြူရင်း လမ်းဘေးတစ်လျှောက် သဘာဝရှူ့ခင်းတွေကိုကြည့်ရင်း လျှောက်လာရင်းကျွန်တော်သတိပြူမိတာက ဒီမြို့ကလေးရဲ့ ရှူ့ခင်းတွေက သိပ်ကိုလှတယ်။ဒီလိုနဲ့ လမ်းရှောက်လာရင်း မိုးလေးက ဖွဲဖွဲကျလာတယ်။ သူနာပြူဆရာမလေးက စိတ်ပူသွားတယ်။ နေကောင်းခါစလူနာတစ်ယောက်အနေနဲ့ မိုးရေထဲလမ်းမလျှောက်သင့်တာအမှန်ပဲ။အဲ့ဒီနောက် သူမက ကားမှတ်တိုင်က ခုံလေးတွေနားရောက်တော့ ကျွန်တော့ကိုထိုင်ခိုင်းပြီး သူမက ဆေးရုံဘက်ကို ကားယူဖို့အတွက်ပြန်သွားတယ်။အချိန်က ညနေ၆နာရီခွဲလောက်ရှိနေပြီဆိုပေမဲ့ မိုးအုံနေတာကြောင့် မှောင်လုနီးနီးဖြစ်နေပြီ။ အဲ့ဒီမှာညိုနေတဲ့မိုးက မိုးကသဲကြီးမဲကြီးရွာခြလာတယ်။ ရွာနေတဲ့မိုးတွေကို အမှတ်တမဲ့ ငေးကြည့်နေမိတယ်။ ကျွန်တော်လည်း ခုံလေးမှာထိုင်ရင်း ဂျိုင်းထောက်ကြီးကိုဘေးမှာခြ ဆရာမလေးမသိအောင် ထည့်လာတဲ့ စီးကရက်ကိုထုတ်ပြီး အားပါးတရ ရှူရှိုက်နေမိတယ်။အဲ့ဒီအချိန်မှာ "ကျွန်တော့စီးကရက် တစ်လိပ်လောက်ပေးနှိုင်မလား ခင်ဗျာ ဆိုပြီး ဘေးကအသံကြောင့် ကျွန်တော် ဘေးကိုကြည့်လိုက်တယ်။မိုးတွေစိုနေတဲ့ ကျွန်တော့အရွယ် ၂၃နှစ်ဝန်းကျင်လောက်ရှိတဲ့ လူတစ်ယောက်။ နှာတံပေါ်ပေါ် ကောက်နေတဲ့ဆံပင်လေးတွေမှာ မိုးရေစက်တွေက တွဲလဲခိုလို့။ကောလိတ်ကျောင်းသားဝတ်စုံနဲ့။ ကျွန်တော်လည်း စီးကရက်ဘူးကိုကမ်းပေးလိုက်တယ်။ သူက ပြုံးလိုက်တော့ ပါးခြိုင့်ကလေးတွေ ပေါ်သွားတယ်။ ကျွန်တော် အမှန်အတိုင်းဝန်ခံရရင် မနာလိုဘူး။ ကျွန်တော့မှာ သူ့လိုဖြူစင်တဲ့အပြုံးမျိုး ဘယ်တုန်းကမှမရရှိခဲ့ဘူးလို့။သူက စီးကရက်ကိုနှုတ်ခမ်းဖြားမှာ တေ့လိုက်တော့ ကျွန်တော်က မီးခြစ်ကိုခြစ်ပြီး မီးညှိပေးလိုက်တယ်။ ထူးဆန်းတာက သူ့ရဲ့စီးကရက်ကလုံးဝ မီးမစွဲဘူး။ ကျွန်တော်နောက်တစ်ကြိမ် မီးခြစ်ကိုခြစ်ပြီး မီးညှိပေးဖို့ကျိုးစားတယ်။ဒါပေမဲ့ ဒီတစ်ခါလည်း မီးမစွဲပြန်ဘူး။ သူ့ရဲ့ မျက်နှာကညှိုးကြသွားတယ်။ ကျွန်တော်လည်း စိတ်ရှုပ်ရှုပ်နဲ့ကျွန်တော်သောက်နေတဲ့ စီးကရက်ကိုသူ့ကို ပေးလိုက်တယ်။သူ့ရဲ့ မျက်လုံးလေးတွေက အရောင်တောက်လာပြီးနှုတ်ခမ်းဖြားလေးတွေက ပြုံးရောင်သန်းသွားတယ်။သူကစီးကရက်ကိုလှမ်းအယူမှာ လက်ခြောင်းခြင်းတွေ့ထိသွားတော့ သူ့ရဲ့လက်တွေက အရမ်းအေးစက်နေတယ် ။မင်းရဲ့လက်တွေအရမ်းအေးစက်နေတယ်လို့ ကျွန်တော်ကပြောလိုက်တယ်။ သူက ခင်ဗျားရဲ့လက်တွေလည်း အရမ်းအေးစက်နေတဲ့လက်တွေထဲမှာပါတယ်တဲ့။ကျွန်တော်က ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။ သူကကျွန်တော့ရဲ့ နာမည်က အေသင်ပါတဲ့ဆိုပြီး ကျွန်တော့ကိုနှုတ်ဆက်ဖို့ လက်ဆန့်တန်းပေးလိုက်တယ်။ ကျွန်တော်က တာကာရှီပါလို့ပြောရင်း အလိုက်သင့်လက်ပြန်ကမ်းပေးလိုက်တယ်။ ကျွန်တော်နဲ့လက်ဆွဲနှုတ်ဆက်ရင်းနဲ့ သူက "ကျွန်တော့ရဲ့လက်တွေကလေ အရင်ကအရမ်းနွေးထွေးခဲ့ဘူးတယ် ပြီးတော့ အရင်က လက်တွေအမြဲအေးစက်နေတတ်တဲ့ ချစ်သူကျွန်တော့မှာရှိတယ်တဲ့"ကျွန်တော်က ရွာနေတဲ့မိုးတွေကိုကြည့်ပြီး သူ့ကိုပြောလိုက်တယ် "အဆင်ပြေသွားမှာပါ"လို့။ သူ့က သူ့ချစ်သူအဆင်ပြေမယ်လို့ထင်ပါတယ်တဲ့။အဲ့ဒီနောက် သူ့ရဲ့လက်က ကျွန်တော်သောက်လက်စစီးကရက်လေးကို ကြည့်လိုက်တော့ မီးသေနေတယ်။ ကျွန်တော်လည်း စိတ်လေသွားတယ်။သူက "ကျွန်တော် တစ်ခုတောင်းဆိုလို့ရမလား ခင်ဗျာ"တဲ့ ကျွန်တော်က "ပြောကြည့်လေလို့ပြောလိုက်တယ်။ ကျွန်တော့ ဘက်ကို စီးကရက်အငွေ့တွေရှိုက်ထုတ်လိုက်ပါလားတဲ့။ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ် လိုက်မိတယ်။ အိုကေ ကွာလို့ပြောပြီး ရူးကြောင်ကြောင် လုပ်ရပ်ပေမဲ့ ဆေးလိပ်သောက်သူအခြင်းခြင်းစာနာစိတ်နဲ့ ကူညီဖို့ သဘောတူလိုက်တယ်။သူက ကျွန်တော်ရှိုက်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေကို မက်မက်မောမောရှူရှိုက်လိုက်တယ်။ ဒီလိုနဲ့ စီးကရက် တစ်လိတ်ကုန်သွားတော့ ရွာနေတဲ့မိုးတွေကိုကြည့်ပြီး သူကပြောတယ် တာကာသိလား အချစ်စစ်ဆိုတာ မင်းကိုမင်းသတ်သေဖို့အကောင်းဆုံး နည်းပဲတဲ့။ကျွန်တော်ဘယ်လိုမှ နားမလည်ဘူး။ အထူးသဖြင့် အချစ်ဆိုတာကို ကျွန်တော်မသိဘူး။ ကျွန်တော်က ပြုံးလိုက်တယ်။ သူက မျက်လုံးလေးတွေအရောင်တောက်ပလာပြီး အားပါးတရနဲ့ သူကပြောတယ် "ဟုတ်တယ် အရင်က ကျွန်တော့မှာ အရမ်းချစ်ရတဲ့ချစ်သူရှိတယ်"တဲ့။ ကျွန်တော်က မင်းချစ်သူကံကောင်းမှာပါလို့ပြောလိုက်တယ်။ခဏလေးတွေ့ပေမဲ့ လက်တွေအေးစက်နေပေမဲ့ သူ့ကိုအချိန်တိုလေးအတွင်းမှာ ကျွန်တော့လို သူစိမ်းတစ်ယောက်ကတောင် ခင်မင်ခဲ့တာပဲ။သူက မျက်နှာလေးညှိုးရင်း "ကျွန်တော်ချစ်တာ သူမက လုံးဝမသိဘူး "တဲ့။ "ကျွန်တော်က သူ့ရဲ့အနားမှာနေရရင်ကို ပျော်နေတဲ့သူ တစ်ခါတစ်လေဆိုရင် သူ့ချစ်သူနဲ့ တွေ့ဖို့ ကျွန်တော်ကပဲ သူ့အိမ်ကနေခေါ်ထုတ်ပေးရတယ်"ကျွန်တော် စကားလုံးတွေဆွံ့အသွားတယ်။ "တကယ်တော့ အချစ်က တကယ်ချစ်တဲ့သူတစ်ယောက်အနေနဲ့ ချစ်နေရင်ပဲ ပြီးတယ်တဲ့။ကျွန်တော်က တိုးတိုးလေးပြောလာတယ် "အချစ်ဆိုတာ ကျွန်တော့အတွက် သိပ်နားလည်ဖို့ ခက်ခဲနေသလိုပဲလို့ "အပြင်မှာ မိုးတွေက ပိုပြီးသည်းသည်းမည်းမည်းရွာလာတယ် သူက စကားကိုဆက်ပြောလိုက်တယ် "သူမကလည်း သူမရဲ့ချစ်သူကိုသိပ်ချစ်တယ် "တဲ့။အဲ့ဒါကပဲ ကျွန်တော့အတွက် အချစ်စစ်ဆိုတာကိုယ့်ဟာကို သတ်သေဖို့ အကောင်းဆုံး အကြောင်းပြချက်ဖြစ်သွားတယ်တဲ့။"ဒီလိုနဲ့ ကျွန်တော်တို့ ကောလိတ်ကအပြန်မှာပေါ့ စက်ဘီး စီးလာရင်းနဲ့ လမ်းအကွေ့မှာ ကုန်ကားကြီးတစ်စီးကမောင်းလာတော့ ကျွန်တော်က ကယ်ရင်းနဲ့ ကားတိုက်ခံလိုက်ရပြီး သေသွားတယ်ခင်ဗျ"တဲ့။ကျွန်တော် သူ့ရဲ့မျက်နှာကို အလန့်တကြားနဲ့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက အသေကောင်လိုသွေးဆုတ်ဖြူရော်နေပြီး သူ့ရဲ့အပြာရင့်ရောင် ကုတ်မှာ အနီကွက်တွေနဲ့စွန်းနေကြောင်း သေခြာကြည့်မှ သတိထားမိသွားတယ်။သူကရှိုက်ကြီးတငင်နဲ့ ကလေးတစ်ယောက်လိုငိုလိုက်တယ်။ ကျွန်တော် မကြောက်ပါ သူ့ကို တွေးရခက်စွာ သနားသွားတယ်။သူ့ရဲ့ ပုခုံးလေးကိုညှင်သာစွာပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ သူ့ဆီက အေးစက်နေတဲ့အငွေ့အသက်ကို ခံစားပြီးတဲ့နောက် သူဟာ လူတစ်ယောက်မဖြစ်နှိုင်မှန်း နားလည်သွားတယ်။"ဟုတ်ပြီ ဧသင် မင်းရဲ့ချစ်သူကို ကယ်ရင်းနဲ့ မင်းသေဆုံးခဲ့တာပေါ့"လို့မေးလိုက်တယ်။ သူက ငိုနေရာကနေကျွန်တော့ကိုကြည့်ပြီ "မဟုတ်ဘူး သူမရဲ့ချစ်သူကို တွန်းထုတ်ရင်းနဲ့ ကျွန်တော့ ကိုယ့်ဟာကိုယ်သေဆုံးဖို့ရွေးခြယ်လိုက်တာပါတဲ့။"ဪ" ကျွန်တော် စွံ့အငြိမ်သက် သွားတယ်။ သူက တိုးရှ အက်ကွဲနေတဲ့ အသံနဲ့"ကျွန်တော် သူမကို အရမ်းချစ်သလို သူမရဲ့ချစ်သူကိုလည်း သူမက အရမ်းချစ်တယ်လေတဲ့။ သူမ မရှိရင် ကျွန်တော် ရှင်ရက်နဲ့သေဆုံးသလို သူမကို မခံစားစေခြင်ဘူး ကျွန်တော့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရခဲ့ပါဘူး"တဲ့။ကျွန်တော်က သူ့ရဲ့အေးစက်နေတဲ့ လက်တွေကို တလေးတစားနဲ့ ဆုတ်ကိုင်နှုတ်ဆက်လိုက်တယ်။အဲ့ဒီအချိန် အဝေးကနေ မောင်းလာတဲ့ ကုန်ကားကြီးတစ်စီးရဲ့မီးရောင်ကိုမြင်လိုက်ရတယ်။ ဧသင်က ကျွန်တော့ကိုကြည့်ပြီး "ကျွန်တော် သွားတော့မယ်နော် ခင်ဗျားရဲ့စီးကရက်ငွေ့တွေအတွက် ကျေးဇူးတင်နေမှာပါ"တဲ့။ကျွန်တော်က မင်းဘယ်သွားမလို့လည်း လို့မေးတော့ သူက အေးစက်စွာရှိနေရာကနေ ပါးခြိုင်လေးများပေါ်သွားအောင်ပြုံးလိုက်တယ်။"ကိုယ့်ဟာကိုယ် သတ်သေဖို့ရွေးခြယ်တဲ့ သူတစ်ယောက်အနေနဲ့ နေ့တိုင်း အဲ့ဒီအချိန်ရောက်ရင် ဒီလိုပဲ ထပ်ခါတလည်းလည်း နာကျင်စွာသေဆုံးရတယ်"တဲ့။ကုန်ကားကြီးရဲ့ မီးရောင်က တဖြည်းဖြည်းနီးလာတယ်။ "ခင်ဗျားရဲ့လက်တွေကိုနွေးထွေးအောင် လက်အိပ်တစ်ခုဆောင်ဖို့မမေ့နဲ့လို့မှာရင်း ကုန်ကားကြီးဆီကိုပြေးထွက်သွားတယ်။"ဧသင် "ကျွန်တော် အော်ခေါ်လိုက်သော်လည်း သူမကြားတော့ပါ။ မိုးတွေက ပိုသည်းလာခြင်းလား မျက်လုံးကမျက်ရည်တွေကြောင့်လား အရာရာက ဝေဝါးသွားတယ်။ ဆေးရုံကားလေးက ကျွန်တော့ရဲ့ရှေ့ကိုဆိုက်လာတယ်။ ပြီးတော့ စိုးရိမ်စွာနဲ့ဆင်းလာသော သူနာပြူဆရာမလေး။ နောက်တစ်ပတ်ခန့်ကြာသောအခါ ကျွန်တော်ဆေးရုံကနေ ဆင်းခွင့်ရတော့ ကျွန်တော်က သူနာပြူဆရာမလေးကို ဒီမြို့ကလေးရဲ့သချိုင်းကိုလိုက်ပို့ဖို့တောင်းဆိုလိုက်တယ်။သူမက ပင်ကိုယ်ကခင်မင်ရင်းစွဲလည်းရှိတော့ သူမနဲ့ သူမရဲ့အမျိုးသား စစ်ဗိုဟ်က လိုလိုလားလားပဲလိုက်ပို့ပါသည်။ ဒီလိုနဲ့ သချိုင်းရောက်တော့ သူမရဲ့အမျိုးသားက စောင့်ပြီး သူမက စိတ်မခြနှိုင်စွာ လိုက်ပို့ပါသည်။သချိုင်းသာဆိုသည် စနစ်တကြဖြင့်စောင့်ရှောက်မှူ့ကြောင် ပန်းခြံတစ်ခုဖြင့်ပင်တူသည်။ ကျွန်တော်က ဧသင်ရဲ့ အုတ်ဂူရှေ့တွင် ရပ်လိုက်တော့ သူနာပြူဆရာမလေးက ကျွန်တော့ကို ကြည့်လိုက်သည်။ ကျွန်တော်က သိုးမွှေးလက်အိပ်ကို ချွတ်ပြီး သူ့ရဲ့ အုတ်ဂူလေးအပေါ်ကိုတင်ပေးလိုက်တယ်။ကိုယ့်မှာအပိုတစ်စုံရှိတယ်လို့ တိုးတိုးလေးပြောလိုက်တယ်။ ပြီးတော့ စီးကရက်ကိုထုတ်ပြီး ဖွာပြီး သူ့ရဲ့အုတ်ဂူဆီကိုစိတ်ရှည်လက်ရှည်နဲ့ မှုတ်ထုတ်ပေးလိုက်တယ်။အဲ့ဒီအချိန် အနောက်က သူနာပြူဆရာမလေးရဲ့ ငိုရှိုက်သံလေးကိုကြားလိုက်ရသည်။ ကျွန်တော့က ကြည့်လိုက်တော့ သူမ တိုးတိုးလေးပြောလိုက်တယ်။ "ဧသင်က ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းပါတဲ့"။ အဲ့ဒီအချိန် ဘုရားကျောင်းရဲ့ ခေါင်းလောင်းထိုးသံကို ကြားလိုက်ရသည်။ကျွန်တော့တွင်စကားလုံးများစွံ့အနေခဲ့ပါသည်။ အချစ်စစ်ဆိုတာ မင်းကိုမင်းသတ်သေဖို့အကောင်းဆုံး နည်းပဲ ဧသင် ADMIN TAKASHI

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |