One Milk Cup For Mom
" မေမေ့အတွက် နို့တခွက် "
အချိန်ကာလတွေ တရွေ့ ရွေ့ ပြောင်းလာတာနဲ့အမျှ ဘိုးဘိုးတို့ သူငယ်ချင်းတသိုက်လည်း ကာလသားလူပျိုပေါက်အရွယ်ကိုရောက်ရှိလာပါတယ်.....မြိှု့မှာကျောင်းသွားတက်လိုက်...ရွာပြန်လာလိုက်နဲ့...ကောလိပ်တက်တဲ့
အရွယ်ရောက်တဲ့အချိန်မှာ အဘိုးရဲ့အဖေ..ကျွန်မရဲ့အဘေး..စီးပွားရေးကျဆင်းသွားတဲ့အတွက်..သားတော်မောင်ကို ကောလိပ်ဆက်
မထားနိုင်တော့ပဲ ရွာကိုပဲပြန်ခေါ်လိုက်ကြပါတယ်....မြို့ကျောင်းသား ကောလိပ်ကျောင်းသား အဘိုးက...လူကြီးသူမတွေပြောတက်တဲ့..မမြင်ရသောလောက..ရှေးလူကြီးစကားတွေဆို ယုံလေ့ယုံထမရှိပါဘူး..ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်တော့ အိမ်ထောင်ရက်သားကျပါတယ်...
သံလွင်မြစ်ကိုအမှီသဟဲပြုပြီး သမ္ဗာန်ခပ်တဲ့အလုပ်ကို လုပ်ကိုင်စားသောက်ရင်း...ချို့ချို့တဲ့တဲ့ဘ၀နဲ့ပဲ ဘ၀ကိုရုန်းကန်လှုပ်ရှားခဲ့ရာကစပြီး..သူ့မိန်းမ ကိုယ်ဝန်ရခါစမှာ ထူးခြားမှုတွေ ဆက်တိုက်ကြုံလာရပါတယ်...သံလွင်မြစ်အထက်ပိုင်း...ကရင်ပြည်နယ် မီးဇိုင်းတောင်.... မြိုင်ကြီးငူစေတီ မှာ...သိုက်တွေ ...မမြင်ရတဲ့ပုဂ္ဂိုလ်တွေရှိတယ်..နတ်မိချောင်းတွေစောင့်တယ်..
ကမမောင်းရွာသူရွာသားတွေရော..ရှေးလူကြီးတွေရော ယုံကြည်ကြပေမယ့် အဘိုးကတော့ မယုံပါ..မိန်းမဖြစ်သူက ထူးဆန်းတဲ့အိပ်မက်တွေမက်ကြောင်း...စေတီထဲမှ မိန်းခလေးတဦးကို အမြဲ အိပ်မက်မက်ကြောင်း...မက်တိုင်းလည်း ဘေးမှာ အလွန်တရာကြီးမားသောမိချောင်းများပါ အတူတွဲလျှက်မြင်ရသောကြောင့်...သိုက်မှ အဆက်အနွယ်တွေများ ၀မ်းဗိုက်ကို လာရောက်ဝင်စားသလား သို့လော..သို့လော...အိပ်မက်များကို အမြဲပြောပြတက်ရှာသည်။ ပြောတိုင်းလည်း အဘိုးက အော်ဟစ်ငေါက်ငမ်းပြီး ရွာထဲက သူများအပြောများကို စိတ်စွဲပြီး မြင်မက်ချင်ရာတွေ မက်တာပဲဖြစ်မည်ဟု အမြဲကောက်ချက်ဆွဲတက်ပြီး
မင်းပြောသလို ဘုရားသိုက်က၀င်စားတာဆိုရင် ငါတို့ ဒီလောက် ဆင်းရဲမွဲတေနေမလား...ငါကတော့မယုံဘူး..ဘာနတ်မိချောင်းလည်း...ဘာသိုက်လည်း..ဟုအမြဲပြောတက်သည်...
အဲ့ဒိနေ့က ရာသီဥတုက မှိုင်းမှုံပြီး လေကြီးမိုးကြီး ကျနေတဲ့အခြေအနေမို့..ဘယ်သမ္ဗာန်သမားမှ လှေမထွက်ကြ..ဒါပေမယ့် ထွက်တဲ့သူတော့ရှိတယ်..အဘိုးးးးးးးးးးးး ခလေးမွေးပြီးချင်း နို့်မထွက်တဲ့အတွက်..သမီးအတွက် နို့မှုန့်ဝယ်ရမယ်ဆိုတဲ့ဇောနဲ့..ဘယ်သူတားတား..လှေဆိပ်မှာ လေထဲမိုးထဲမှာ
လှေငှားမယ့်သူကို မျှော်နေပါတယ်....အဲ့ဒိခေတ်အခါက မြ၀တီနယ်စပ်လမ်းပေါက်သေးပါ... ကမမောင်း .. ဖာပွန် တဘက်ခြမ်း သောင်ရင်းမြစ်ကနေ ယိုးဒယားပစ္စည်းတွေ ၀င်တဲ့အချိန်အခါကာလပါ...( ဒါကား စကားချပ် )
မျှော်ကာမျှော်ဆဲမှာ လူနှစ်ဦး လှေဆိပ်ကိုလာပြီး သခွပ်ပိုးဆိပ်ကိုသွားမယ်လို့ပြောပါတယ်...ယောင်ကြီးဗွေနှစ်ယောက်...တခြားလူလည်း ထပ်မစောင့်တော့ပဲ သူတို့နှစ်ဦးကိုပဲတင်ပြီး သမ္ဗာန်ကိုသတိကြီးကြီးထားပြီးလှောပ်ခပ်လာပြီး...ထိုလူနှစ်ယောက်မေးမြန်းသည်များကို လေထဲမိုးထဲ အော်ကာဖြေကြားရင်း သခွပ်ပိုးဆိပ်ကို ဦးတည်နေရင်း
" နောင်ကြီး မိုးထဲလေထဲ မကြောက်ဘူးလားဗျ...ဘာလို့ လှေထွက်ရတာလည်း"
" ကျုပ်သမီးလေး နို့မှုန့်ဖိုးအတွက်ပါ..မီးတွင်းထဲမှာပဲရှိသေးတယ်..သူ့အမေက နို့မထွက်လို့ဗျ"
" သြော် ကျုပ်တို့လည်းတော်သေးတာပေါ့ နောင်ကြီးလှေရှိလို့သာ...ဒါနဲ့ စကားမစပ်..မြိုင်ကြီးငူစေတီမှာ နတ်မိချောင်းတွေရှိတယ်ဆိုဗျ...ဒီလို မိုးလေကြီးတဲ့အချိန်ထွက်လေ့ရှိတယ်ဆို "
" ဟာ.. ပါးစပ်ပြောပုံပြင်တွေပါဗျာ..ကျုပ်တော့ မျက်မြင်မဟုတ်ရင် မယုံဘူးဗျိုးးးး"
" သြော် ..ဟုတ်ပေတာပေါ့လေ "
သခွပ်ပိုးဆိပ်နဲ့ ရွာရဲ့ကြားမှာ သောင်ပြင်ကျယ်ကြီး တခုရှိပါတယ်.. ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပြီးမှ ရွာကိုရောက်တာမျိုး...လှေဆိပ်ကိုလည်းရောက်ရော...လှေခ ကျသင့်ငွေ ဒင်္ဂါးပြားနှစ်ပြားကို လက်ခံပြီး...ဒီဘက် ကိုပြန်လည်လှော်ခတ်လာလို့မှ ...သိပ်ဝေးဝေးမရောက်ခင်..လှေတဖက်တချက်ဆီမှ ပုံမှန်ထက်ကြီးမားသော မိချောင်းကြီးနှစ်ကောင်...ရေကို တဗြန်းဗြန်းလုပ်ပြီး...အဘိုးလှေဘေးနားကနေလိုက်လာတာမြင်လိုက်တာနဲ့တပြိုင်နက်...အဘိုးလည်း ခုဏမှ သောင်ပြင်ပေါ်တက်သွားတဲ့သူနှစ်ယောက်ကို ..လှည့်ကြည့်ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာ...ခုဏလေးတင်မှ တက်သွားသော သူနှစ်ဦးကို လုံးဝမမြင်ရတော့ပေ...ချက်ချင်းဆိုသလို...လှေဘက်ပြန်လှည့်တော့ အစောလေးတင်မှ မြင်လိုက်သော မိချောင်းကြီးနှစ်ကောင်ကိုလည်း မမြင်ရတော့ပဲ...အမြန်လှော်ခပ်ကာ အိမ်ပြန်လာခဲ့ရတော့သည်...အိမ်ရောက်ပြီး သမီးအတွက် နှို့မှုန့်ဝယ်ရန် ပိုက်ဆံကို ထုတ်အကြည့်မှာတော့....
.ငွေဒင်္ဂါးပြားများမဟုတ်ပဲ....ရွှေရောင်အဆင်းဝင်းအိနေသောရွှေဒင်္ဂါးပြားနှစ်ပြားကိုသာ ထူဆန်းစွာတွေ့ လိုက်ရသည်
သိုက်ဆိုတာကိုမယုံသော..နတ်မိချောင်းဆိုတာမျိုးကို မယုံသောအဘိုးတယောက်လည်း..သူ့သမီးလေးသည်...ထို ဘုရားသိုက်မှ လာသည်ကို လက်ခံရတော့မလိုဖြစ်ပြီး...ထိုရရှိသော ရွှေဒင်္ဂါးပြားများကိုရောင်းချကာ သစ်လုပ်ငန်းကို ဖာပွန်ဘက်တွင် အသေအချာဦးစီးလုပ်ကိုင်နေရင်း စီးပွားများ တဖြည်းဖြည်းပြန်တက်လာခဲ့သည်၊အဘိုးတို့ရွာ ကမာ့မောင်းကနေ ဖာပွန်အထိ ဆိုင်ကယ်နဲ့ဆိုတောင် လေးနာရီလောက်တော့သွားရသည်...အလုပ်သမားများ ဦးစီးများနှင့် အသေအချာလုပ်ကိုင်နေရင်း.. တရက်တော့...သစ်လုပ်ငန်းမှ ဆင်ထိန်းကြီး ထော်မဲပါက ဖာပွန်မှ ကမမောင်းရွာအထိလိုက်လာပြီး အဘေးကို" ဝေ့ နင့်ဆင် နှစ်ကောင် မှုန်ယိုပြီး ထွက်ပြေးလို့ ငါပြန်ခေါ်လာရတယ် အဲ့ဒါ ငါလာပြောတာ" ဆိုပြီး ညနေစောင်းကြီး ရွာအထိလာပြောပါတယ်... ပြီးတော့ သူက ချက်ချင်းပြန်မယ်လုပ်တော့...
" အချိန်လင့်နေပြီလေ နောက်နေ့မနက်မှ ပြန်တော့ ဝေ့"ဆင်ထိန်းထော်မဲပါက ရတယ်ပြန်မယ်ပေါ့..
.လေးနာရီလောက်သွားရတဲ့ခရီးကို ဘယ်လိုပြန်မလည်း ညဘက်ကြီးပေါ့လေ အကုန်လုံးက ၀ိုင်းတားလည်း သူကအေးအေးဆေးဆေးနဲ့ ကွမ်းတွေဘာတွေ ယာပြီး ကောက်ဝါးသွားပြီး ပြန်ပါလေရော....စိတ်မချတဲ့အဘိုးတို့က နောက်ကနေ လူထည့်လွှတ်လိုက်ပြီး လိုက်ကြည့်ဖို့.. သူဘယ်လိုပြန်မလည်း..ဘယ်သွားမလည်းဆိုတာမျိုး...
ဆင်ထိန်းကြီးကတော့ တောစပ်နားအထိသွားရင်း အစပ်လည်းရောက်ရော
ဝါးနေတဲ့ကွမ်းပါးစပ်ထဲက ထုတ်ပြီး တောထဲကို ပေါက်လိုက်ပါတယ်...ထိုတောထဲမှ အလွန်တရာကြီးမားသော ကိုးတောင်ကျားကြီး တကောင်ထွက်လာပြီး ထော်မဲပါ ထိုကျားကြီးကို စီးပြီး တောထဲဝင်သွားတာကိုပဲ အလုပ်သမားများမြင်လိုက်ကြရပါတော့တယ်...နောက်နေ့မှ စပြီး ထိုဆင်ထိန်းကြီး ထော်မဲပါလည်း အလုပ်မလာတော့...ဘယ်သွားမှန်းလည်းမသိ...သက်ကြီးစကားများ..မယုံသော ကျွန်မအဘိုးလည်း..ပြောမယုံကြုံမှသိဆိုသလိုမျိုး...ကိုယ်တိုင်ကြုံရမှပဲ ယုံပြီး...ကျွန်မရဲ့အမေအသက်ရလာတော့ပြန်ပြောင်းပြောဆိုသမျှကို..မေ့မေ့ဆီမှ ကျွန်မပြန်လည်သိခဲ့ရပါသည်။
မ Sawmyanandar Soe ကို ကျေးဇူးအထူးတင်ရှိပါသည်...
( သိုက်နန်းရှင် )