Be Luu
ရန်အောင်မြင်ဘုရား (သို့) ဘီလူးသိုက်
ရန်အောင်မြင် …… ရန်အောင်မြင် ဒီဘုရားနာမည်ကြားတိုင်း ခေါင်းမွှေးထောင်သွားတယ်။
ဒီလိုပါ။ ကျွန်တော်က သန်လျင်သားလေ။ သန်လျင်ကိုတော့ သိကြမယ်နဲ့ တူတယ်။ ရန်ကုန်တဖက်ကမ်းမှာပါ ။ ကျွန်တော်တို့ သန်လျင်မှာ အမှတ်တရနေရာတွေရယ် အံသြပြီး ကြောက်ဖို့ ကောင်းတဲ့ နေရာတွေ အများကြီးရှိပါတယ်။ အဲ့ထဲမှာ ရန်အောင်မြင်ဘုရားလည်း အပါအဝင်ပါ။ သန်လျင်က မဟုတ်ရင် တော့ ဒီဘုရားနာမည်ကို သိပ်ကြားဖူးမယ်မထင်ပါဘူး။ အဲ့ဘုရားနေရာက လွန်ခဲ့တဲ့နှစ်တွေ ကျွန်တော်တို့ အဘိုးတွေလက်ထက်တုန်းက သိုက်ကုန်းပါ။ ဒါပေမယ့် အဲ့နေရာကို ဘယ်သူမှ သိုက်ကုန်းမှန်းလည်း မသိပါဘူး။ ဥစ္စာစောင့်တွေ သိုက်တွေ ရှိမှန်းလည်း မသိကြပါဘူး။ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်က အဲ့နေရာကို သူတော်စင် တပါး ရောက်လာပြီး ဘုရား လာတည်ပါတယ်။ လာတည်တယ်ဆိုရင်ပဲ အဲ့သူတော်စင်ကို အိမ်မက် ပေးကြပါတယ်။ ဒီနေရာက သူတို့ သိုက်မြေမို့ပါ။ အကယ်ရျွ် ဘုရားတည်ရင် သူတို့အတွက် ဘုံပျောက်လိမ့်မယ် ဆိုပြီး အိမ်မက်လာပေးပါတယ်။ သူတော်စင်ကလဲ သာသနာပြုမှာဆိုတော့ သာသနာပြုတာပဲ ခွင့်ပြုပေါ့။ ပြီးတော့ သူတို့ အတွက်လဲ အမျှဝေပေးမယ်ဆိုပြီး ပြောပါတယ်။ နောက်တော့ သိုက်စောင့်တွေက အိမ်မက်ပေးပြီး သူတို့ တည်စေချင်တဲ့နေရာနဲ့ သူတို့လဲ ဌာပနာထည့်ချင်တယ်ဆိုတော့ သူတော်စင်က လက်ခံတာနဲ့ ဘုရားစတည် ဖြစ်ပါတယ်။ သူတော်စင်လဲ ဘုရားတည်တယ်။ သိုက်စောင့်တွေလဲ ဝိုင်းတည်ပေးကြပါတယ်။ ပြီးတော့ ရေစက်ချ တော့ သူတို့တွေအတွက်ပါ အမျှထည့်ဝေပေးလိုက်တယ်။ သူတော်စင်လည်း ဘုရားပြီးသွားတဲ့ အချိန်မှာ တခြားတနေရာကို ထွက်သွားပါတယ်။ နောက်တော့ အဲ့ဘုရားလေးလည်း ခြုံတွေ နွယ်တွေ ကြားမှာ ပျောက်သွားပါတယ်။
၁၉၉၀ ကျော် ခုနှစ်လောက်မှာ အဲ့နေရာကို ခြုံတွေရှင်းကြ ဘာတွေရှင်းကြနဲ့ ဘုရားလေးကို ပြန်တွေ့တယ်။ သူတို့ လည်း ဘုရားလေးကို ပြုပြင်မွန်းမံကြတယ်။ နောက်တော့ သာသနာပြုသူတွေ ထပ်ရောက်လာတော့ ဘုရားကြီး တည်မယ်ဆိုပြီး ဖြစ်လာကြတယ်။ အဲ့မှာ အဲ့တုန်းက သန်လျင်က မင်းကျောင်း ဘုန်းတော်ကြီးကျောင်းက နာမည်တော်တော်ကြီးပါတယ်။ ကိုးကွယ်ဆည်းကပ်သူတွေလည်း များပါတယ်။ အဲ့တော့ သန်လျင် မင်းကျောင်းဆရာတော် ဦးစီးပြီးလုပ်ပါတယ်။ ဘုရားလေးကိုငုံပြီး ဘုရားကြီးထပ်တည် မယ်ဆိုတော့လည်း သိုက်စောင့်တွေက အိမ်မက်လာပေးကြပါတယ်။ သူတို့ သဘောဆန္ဒအတိုင်းဆောင်ရွက်ပြီး တည်ပေးပါ သူတို့ မြေမို့လို့ပါဆိုတာကို ဘုန်းဘုန်းကြီးက လက်မခံနိုင်ဘူး။ ဒီမြေက သာသနာပိုင်မြေ သာသနာ့မြေဆိုပြီး အရ တည်ပါတယ် (ဟိုးအရင်ပိုင်တဲ့လူတွေက အဲ့နေရာကို ဘုန်းကြီးကျောင်းကို လှူသွားလို့ပါ) အဲ့မှာ စေဆီတဆူရယ် နဂါးဘုရားရယ် တည်တာပါ။ ဘုရားစတည်တည်းက အနှောင့်အယှက် အမျိုးမျိုးနဲ့ ကြုံရပါတယ်။ ဘုရားကို ဘယ်လိုမှ ဖြောင့်ဖြောင့်တည်လို့ မရပါဘူး။ နောက်ပြီး ဘုရားကလည်း ဒီနေ့တည် နောက်နေ့ကျ တမျိုးဖြစ်ပြန်လို့ ဆိုတဲ့ သတင်းတွေပဲ ကြားရပါတယ်။ အဲ့တုန်းက ကျွန်တော်ခပ် ငယ်ငယ်ပဲ ရှိပါသေးတယ်။ အမေတို့ ပြန်ပြောပြတာပါ။ နောက်တော့ အစီအရင်တွေနဲ့ လုပ်ပြီးတည်ပါတယ်။ ဘုရားတော့ပြီးသွားတယ်။ ရေစက်ချမယ့်နေ့ကျတော့ နဂါးဘုရားကလဲ ပြိုကျသွားပါတယ်။ စေတီကတော့ ခလယ်တည့်တည့်ကနေ အက်ကွဲကြောင်းကြီး ဖြစ်သွားပါတယ်။ အဲ့ဒါနဲ့ပဲ ရေစက်ချမယ့်ကိစ္စလည်း တိုးလို့ တန်းလန်းတွေ ဖြစ်ကုန်ကြပါတယ်။ စေတီနဲ့ နဂါးဘုရားကို ပြန်ပြင်ဖို့ လုပ်ကြပါတယ်။ ဘယ်လောက် ပြင်ပြင် ဒီနေ့တည် နောက်နေ့ပျက် အဲ့လိုတွေဖြစ်တော့ နောက်ဆုံး အဲ့တိုင်းပဲ ရေစက်ချလိုက်ကြပါတယ။် နောက်တော့ လေးငါးနှစ်လောက် ကြာရော့မယ်။ ကျွန်တော် ၈ နှစ် ကိုးနှစ်လောက်ရှိမယ် အဲ့အချိန်မှာ ရုပ်ရှင်မင်းသား ရန်အောင် က သန်လျင်ကို ရုပ်ရှင်ရိုက်ဖို့ ရောက်လာရင်းနဲ့ ဖြစ်ဖို့ များပါတယ် အဲ့ဘုရားကို တွေ့သွားပါတယ် သူနဲ့က ပဌာန်းဆက်ပဲ ပါလားတော့ မသိဘူး သူက ဘုရားကို ပြုပြင်မွန်းမံချင်တယ်ပေါ့ဆိုတော့ နယ်ခံတွေက မင်းကျောင်းဆရာတော်ဆီ ခေါ်သွားပါတယ်။ ဆရာတော်ကတော့ ဝမ်းသာတာပေါ့။ သူက အဲ့ဘုရားကို ပြန်ပြင်ချင် တာဆိုတော့ အဲ့မှာ ဆရာ ဒကာ ညီသွားတော့ ပြင်ဖို့ လုပ်ကြပါတယ် ပြင်ဖို့လုပ်နေရင်းနဲ့ အိမ်မက်တွေရကြပါ တယ်။ ဘုန်းဘုန်းကိုလဲ အိမ်မက်ပေးပါတယ် ဘုန်းဘုန်းကတော့ သိုက်စောင့်တွေ ဥစ္စာစောင့်တွေဆိုတော့ သူက လက်မခံနိုင်ဘူးလို့ပြောတယ် သူတို့တောင်းဆိုတာက ဒီတခါတော့ တည်ခွင့်ပြုမယ်။ နှောင့်လဲ မနှောင့်ယှက်တော့ ဘူး ။ဒါပေမယ့် သူတို့ကိုလည်း ဌာပနာထည့်ခွင့်ပြုပါ ဆိုတာကို ဘုန်းဘုန်းက ဟိုတခေါက်ဘုရားတည်တုန်းက နှောင့်ယှက်ထားတဲ့အခံနဲ့ လုံးဝ လက်မခံနိုင်ဘူး။ အနားလည်းမကပ်နဲ့ ဌာပနာလည်း မထည့်ရဘူးလို့ ပြောတယ်။ သိုက်စောင့်တွေ ဥစ္စာစောင့်တွေလည်း စိတ်လည်းဆိုး ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ နောက်တော့ သူတို့ သဘောနဲ့ သူတို့ ဌာပနာ သွားထည့်ကြပါတယ်။ ဘုရားပြန်လည်ပြုပြင်တော့ ဌာပနာတွေ ထည့်ကြတော့ အဲ့မှာ ဘုရားထဲမှာ သွေးပုလင်း၂လုံး တွေ့တယ်။ ပုံမှန်ဆို ဌာပနာကြတာ ရွေငွေရတနာ ဆိုတော့ လူတွေလည်း အံသြ ဘုန်းကြီးလည်း အံ့သြဖြစ်ကုန်ကြတာပေါ့ ။ အဲ့ဒါနဲ့ ဟဲ့ဒါ ဘယ်သူဌာပနာ ထားတာလဲ ဆိုတော့ ဒကာတွေကလည်း သူတို့ ဌာပနာထားကြတာမဟုတ်ဘူးပေါ့ဆိုတော့ အဲ့ဒါဆိုရင် ဘယ်သူလဲပေါ့ အော်ပြီး မေးလိုက်တဲ့အချိန်မှာ လူတွေအားလုံးရဲ့ နောက်ကနေ လူနှစ်ယောက်ထွက်လာပါတယ် မိန်းကလေး နှစ်ယောက် ပါ။ တယောက်က အစိမ်းရောင်ဝမ်းဆက်နဲ့ တယောက်က အဝါရောင်ဝမ်းဆက်နဲ့ သူတို့က အရှင်ဘုရား တပည့်တော်တို့ ဌာပနာလာထည့်ထားတာပါ။ တပည့်တော်တို့လည်း ကုသိုလ်ပါအောင်လို့ပါ ဆိုတော့ နင်တို့က ဘယ်သူတွေလဲဆိုတော့ တပည့်တော်တို့က ဘီလူးသိုက်ကပါ ဒီမြေက ဘီလူးသိုက်မြေလေ အဲ့ဒါကြောင့် တပည့်တော်တို့ သိုက်နန်းထဲက ပစ္စည်းလာလှူတာပါ ဆိုတော့ ဘုန်းဘုန်းက စိတ်ဆိုးပြီး ငါပြောထားတယ်လေ နင်တို့ကို ဘာကိစ္စ ဒီအလှူကို နှောင့်ယှက်တာလဲဆိုတော့ သူတို့လည်း တပည့်တော်တို့ မနှောင့်ယှက်ပါဘူး တပည့်တော်တို့လည်း ဒီအလှူထဲမှာပါချင်လို့ပါလို့ ငိုယိုပြီးပြောလဲ ဘုန်းဘုန်းက လက်မခံတဲ့အပြင် ဌာပနာထား တဲ့ သွေးပုလင်းတွေကို အဲ့သိုက်စောင့်တွေ ရှေ့မှာတင် ပေါက်ခွဲပစ်လိုက်ပါတယ်။ သိုက်စောင့်တွေလည်း မခွဲခင် တုန်းက တားပါသေးတယ် မလုပ်ပါနဲ့ ဘာနဲ့ပေါ့ နောက်တော့ ဌာပနာပွဲကို ဒကာတွေ ဒကာမတွေလှူထားတဲ့ ပစ္စည်းတွေနဲ့ ဌာပနာပိတ်ပွဲလုပ်လိုက်ပါတယ်။ ပြီးတော့ စေတီကို ဆက်ပြီးတော့ ပြုပြင်ကြပါတယ်။ စေတီလည်း ပြီးသွားပါတယ် အနှောင့်အယှက်လည်း သိပ်မရှိပါဘူး။ စေတီပြီးတော့ ရေစက်ချပွဲလုပ်ဖို့ ပြင်ကြတာပေါ့။ ရေစက်ချမယ့် နေ့ရောက်တော့ စေတီနားမှာဆောက်ထားတဲ့ ဇရပ်မှာပဲ ပြင်ဆင်ထားကြပါတယ်။ ဆရာတော် က ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ဒကာ နဲ့ ဒကာမတွေက ဆွမ်းပွဲတွေ ပြင်ဆင်နေကြတာပေါ့။ အဲ့အချိန်မှာပဲ အစိမ်း ရောင် နဲ့ အဝါရောင် ဝမ်းဆက် ဝတ်ထားတဲ့ မိန်းကလေး နှစ်ယောက်ရောက်လာပါတယ်။ သူတို့က ဘုန်းဘုန်းကို ဦးချကြပါတယ်။ ပြီးတော့ ဘုန်းဘုန်းကို အအေးလာကပ်တာပါဆိုပြီး အအေးကပ်ပြီး အလာပ သလာပ ပြောနေ ပါတယ်။ ဒကာတွေ ဒကာမတွေလဲ အဲ့ဒါကို လှမ်းမြင်နေရပါတယ်။ ခဏနေတော့ အဲ့မိန်းကလေး နှစ်ယောက် ပြန်သွားပါတယ်။ ဆွမ်းကပ်ခါနီးကျမှ ဘုန်းဘုန်းကိုသွားကြည့်တော့ ဘုန်းဘုန်း က ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်ရက်နဲ့ ဇတ်ကျိုးကျပြီး ပျံလွန်တော်မူနေပါပြီ။ သူတို့လည်း အံလည်း အံသြ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဖြစ်ကုန်ကြတာပေါ့။ အဲ့ဒါနဲ့ အကုန်လုံး လှုပ်လှုပ်ရှားရှားနဲ့ အလှူအစား ဝမ်းနည်းစရာတွေ ဖြစ်ကုန်တာပေါ့။ အဲ့နေ့က ရေစက်ချ အလှူလည်း ပြတ်သွားပါတယ် နောက်မှလုပ်ဖြစ်ကြပါတယ်။ ဒါကတော့ ကျွန်တော့်အတွေး ပါ ဘုန်းကြီးတပါးဆိုတာ သီလ သိက္ခာ သမာဓိနဲ့ ပြည့်စုံတော့ ဒီလို မမြင်အပ်တဲ့ တခြားသိုက်စောင့် ဥစ္စာစောင့် တွေက ရန်မပြုနိုင်ပါဘူး ဒါပေမယ့် ဒီဘုန်းဘုန်း ပျံလွန်တော်မူသွားတာတော့ အတော့်ကို ထူးဆန်းဖွယ်ရာဖြစ်ရပ် လိုဖြစ်ခဲ့ရပါတယ်။ တချို့တွေပြောတာတော့ သိုက်စောင့်တွေက မကြိုက်လို့ လာလုပ်သွားတယ်ပေါ့ တချို့တွေက တော့ ဘုန်းဘုန်းကံကုန်လို့ ပျံလွန်တော်မူတယ်ဆိုပြီး ပြောစမှတ်တွင်ခဲ့ရပါတယ်။ ကျွန်တော်လည်း အဲ့ကိစ္စကို စိတ်ထဲတော့ ခုထိ မရှင်းသေးပါဘူး။
ရေစက်ချတဲ့နေ့ကျတော့ မစိုးရိမ်ကျောင်းတိုက်ဆရာတော်အကူအညီနဲ့ ရေစက်ချပြီး ဘုရားနာမည်ကိုတော့ ရန်အောင်မြင်လို့ အမည်တွင်သွားပါတယ်။ တလလောက်ကြာတော့ စေတီတော်က ခလယ်ကနေဟတ် တပ်ကြီးပြန်ကွဲသွားပါတယ် အဲ့ထဲကနေ ပြုပြင်မယ့်သူမရှိပဲနဲ့ ရန်အောင်မြင်ဘုရားလို့ တွင်သွားခဲ့တာ နှစ်တော် တော်ကြာသည်အထိပါ။ ကျွန်တော်တို့ တော်တော်ကြီးတဲ့အထိ အဲ့ဘုရားကို သိုက်မြေပေါ်မှာ တည်ထားပြီး သိုက်ကလဲ အရမ်းကြမ်းတော့ မြေကြမ်းတယ် ဆိုပြီး ဘုရားကို ရှိတဲ့နေရာကိုလဲ မသွားရဲကြ ဘုရားကိုလည်း ပြုပြင်မယ့်သူ မရှိတော့ပါဘူး အဲ့တော့ အဲ့နေ၇ာက တောဖြစ်သွားပါတယ် အဲ့တော့ ပိုဆိုးပါတယ် မသွားရဲ မလာရဲ ဖြစ်သွားကြပါတယ် တကယ့်အဖြစ်ထက် ပါးစပ်အပြောတွေကြောင့်လည်း ပိုဆိုးသွားတာပါမှာပါ။ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က ထင်တယ် မစိုးရိမ် ဘုန်းကြီးကျောင်းက ပြန်လည်ပြုပြင်ပေးလိုက်တယ်လို့ ကြားပါ တယ် အတိအကျတော့ မသိခဲ့ရပါဘူး အရင်စေတီထက် ဥာဏ်တော်နှိမ့်ပြီး ပြန်လည်ပြုပြင်ထားတဲ့ စေတီလို့ တော့ ပြောသံကြားရပါတယ် အဲ့လိုပြောရတာက ကျွန်တော်လဲ အဲ့ဘက် သိပ်မရောက်ဖြစ်လို့ အတိအကျ မသိလို့ပါ။ ဒါကတော့ ကျွန်တော်တို့ သန်လျင်က တိုက်ကြီးကုန်း (ရေနံဝန်း) အကျော် က ရန်အောင်မြင် ဘုရား အကြောင်းပါ။ ဘုရားလမ်းဘက်က သွားရင်လည်း ရောက်ပါတယ် အဲ့ဘက်ဆိုရင် ဘုရားအနောက်ဘက်ရောက် သွားပြီး တောလမ်းထဲက ဖြတ်သွားရမှာပါ။ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ကျချင်ရင်တော့ သွားကြည့်ပါလို့ တိုက်တွန်းပါတယ်။
ဇာတ်ကြောင်းပြန်လည်မျှဝေပေးသော Member ကို Junior Win အား အက်ဒမင်များ အားလုံးမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
(အက်ဒမင်-၀ိညာဉ်)