(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ရှမ်းပြည်မြောက်ပိုင်း ရွာထဲက ဖုတ်ကောင်

Unicode

ရှမ်းပြည်မြောက်ပိုင်း ရွာထဲက ဖုတ်ကောင်

မင်္ဂလာပါ ကြုံဘူးအောင်တမင်တကာသွားကြည့်လာခဲ့တဲ့သူတွေကပြောတ ယ် ဖြစ်ပုံကသည်လို ကျနော်ငယ်ငယ်တုန်းက ၈-၉ နှစ်အရွယ်တုန်းကပေါ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ တဖက်က နယ်စပ်ရွာက သချိုင်းထဲမှာ ဖုတ်ကောင်ကိုတွေ့လို့ဆိုပဲ ဘယ်လိုလဲဆိုတော့ အခုတလော ညအချိန်တွေမှာ ရွာထဲမှာခွေးတွေတော်တော့်ကိုအူ လာတာရက်တော်တော်ကြာပြီ ထူးထူးဆန်းဆန်းကလေးတွေလည်းဖျားနာကြတယ် ရွာမှာမွေးလေ့မွေးထရှိတဲ့ ကြက် ဘဲ ဝက် နွား အကောင်တွေတကောင်မဟုတ် တကောင် ဗိုက်ပွင့်ပြီးသေနေတတ်တာ အခုတလောတွေနေရပြီ အင်း စဉ်းစားစရာပဲ ရှေ့မှီနောက်မှီ လူကြီးသူမတွေပြောကြတာတော့ ဒါဖုတ်ကောင်ရှိတဲ့လဏ္ခာပဲတဲ့ ဒီလို တွေးတောကြတာပေါ့ တွေးရင်းပြောရင်းဆွေးနွေးရင်း ဘာလိုလိုနဲ့ညနေပိုင်းအဆော့မက်တဲ့ကလေးတွေပါပျောက်ပါရောလား ဒါတော့တော်တော်ဆိုးလာပြီ မဖြစ်ချေဘူးဆို ပြီး ရွာလူကြီးက သတ္တိရှိတဲ့ လူငယ် 5-6 ယောက်လောက်ကိုစည်းရုံးဟောပြောပြီး အဲ့ဒီညမှာပဲ ဖုတ်ကောင်ကိုဖမ်းဖို့ သတိပေး ထမ်းဆောင်ခိုင်းတယ်


စပြီဇာတ်လမ်းက ဒီလိုမှမလုပ်ဘူးဆိုရင် တရွာလုံး ပျောက်သွားလိမ့်မယ်ဆိုပြီး လူငယ်တွေကလည်း တက်တက်ကြွကြွ ကြောက်ကြောက် ရွံ့ရွံ့နဲ့ကင်းထောက်စောင့်ဖမ်းဖို့ချောင်းမြောင်းကြတာပေါ့ ညည့်နက်လုနီးချိန်ရောက်မှာ ခွေးတွေအူလာလိုက်တာ ရွာအဝင်ကနေတောက်လျောက်ရွာ ထဲထိကို ဆူညံနေတာပဲတဲ့ ခွေးတွေအုပ်စုလိုက်ဘာကိုကြည့်ပြီးအနေမှန်းမသိဘူး သဲကြီးမဲကြီးကိုနောက်ကတကောက်ကောက်လိုက်ပြီးတော့ကိုအူ နေဟောင်နေကြတာ ကျောတောင်မှချမ်းလာပြီ ဒီလိုနဲ့ ခွေးတွေနောက်ထပ်ကြပ်မကွာ လိုက်ကြည့်တာ အား ပါးပါးပါး ဘယ်လိုပြောရမလည်း ဘာပုံစံမှန်းကိုမသိဘူး မျက်လုံးကဖြူဖြူပြူးပြူး ကြီနဲ့ ပါးစပ်ကြီးကလည်းဟစိဟစိလုပ်နေလိုက်တာ ကိုယ်ကလည်းကားယားကားယား နဲ့ ရွာစွန်ပိုင်းက ကြက်ခြံထဲကိုဝင်သွားရော ဝင်သက်ထွက်သက်ဆယ်ကြိမ်လောက်အကြာလေးမှာ ပြန်ထွက်လာတာစော စောကလို ပုံစံအတိုင်းပဲ ခွေးတွေကလည်းအူရင်းဟောင်ရင်းနဲ့ အဲ့ဒီနောက်လိုက်သွားကြတာ လူငယ်တွေလည်းထပ်ကြပ်မကွာလိုက်သွားကြတာပေါ့ ဒီလိုနဲ့သချိုင်းကိုရောက်ပါရော ထပ်ပီးနောက်ယောင်ခံလိုက်တော့ မြေပုံတခုထဲဝင်သွားတော့တာပဲ ဝင်သွားတဲ့ပူုံက ကြွက်ကလေးဌက်ကလေး အ ပေါက်ထဲကိုဝင်သလိုမျိုးဗျ အဲ့လိုနဲ့ မြေပုံကိုမှတ်ထားပြီးပြနကြလေသည်ပေါ့ နောက်နေ့မနက်ပိုင်းရောက်တော့ ရွာလူကြီအိမ်မှာ လူတွေစုံလို့ ညကစောင့်ချောင်း လို့နောက်ယောင်ခံခဲ့တဲ့အကြောင်းကိုပြောဆိုကြပြီး အဲ့ဒီဖုတ်ကောင် ဝင်သွားတဲ့ မြေပုံကိုသွားတူကြပြီး မီးရှိ့ပြစ်ကြဖို့သဘောတူဆန္ဒပြုကြတယ် သွားကြပီ သချိုင်း ကို လူစုလူဝေး ခလေးခွေးမကျန် ရွာနီးနားကရွာကလူတွေကော ကျနော်တို့မြို့ကလူတွေကော ပွဲကျနေတာပဲဗျာသွားကြည့်လိုက်ကြတာ ပလူကိုပျံလို့ကျနော်တောင်သွားကြည့်ချင်တာ ခေါ်မယ့်သူရှိပေမယ့် အမေကမသွားခိုင်းဘူး


အဲ့ဒီမှာ သွားကြည့်ခဲ့တဲ့ ဦးလေးကြီးတယောက်ကပြောပြလို့သိခဲ့ရတာပါ ပြောကြ ဆိုကြတဲ့သူတေ ွကတော့အများကြီးပဲ ဇာတ်လမ်းကတော့အတူတူတွေပါပဲ သူသွားကြည့်တော့ မြေပုံကတူးပီးလို့နေပီ အခေါင်းဖွင့်ဖို့ပဲကျန်တော့တယ် အချိန်မီလေးပေါ့ ဖွင့်ကြတာပေါ့ အားလားလား အလောင်းကောင်က ဆံပင်တွေ လက်သည်းတွေ သွားစွယ်တွေထွက်နေပီကော အစွယ်ဆိုရင်မေးစေ့ကိုတောင်ကျော် တော့မယ် မေးစေ့ကျော်ရင် ထိန်းမနိုင်သိမ်းမနိုင်တဲ့ ကဝေအဆင့်ကိုရောက်ပြီ လို့ သိတတ်တဲ့အဘိုးကြီကပြောတယ် တော်သေးတာပေါ့ သူတို့အရင်ဆုံးခြေရာခံနိုင်လို့ အဲ့လိုနဲ့ အလောင်းကောင်ကိုမီးရှို့ကြမယ်ဆိုပြပီး ရွာသားတွေနဲ့အတူကြွလာတဲ့ တရုတ်ဘုန်းတော်ကြီးတွေက အစီအမံတွေလုပ်စရာရှိလုပ်ပြီတော့ မီးရှို့လိက်ပါရောလား အဲ့ဒီညကစပြီ နောက်မနက်တွေမှာ မဂ်လာသတင်းတွေနဲ့ပြန်စခွင့် ရတဲ့ရွာသာယာလေးဖြစ်သွားလေသတည်း ။

Zawgyi




စပြီဇာတ်လမ်းက ဒီလိုမှမလုပ်ဘူးဆိုရင် တရွာလုံး ပျောက်သွားလိမ့်မယ်ဆိုပြီး လူငယ်တွေကလည်း တက်တက်ကြွကြွ ကြောက်ကြောက် ရွံ့ရွံ့နဲ့ကင်းထောက်စောင့်ဖမ်းဖို့ချောင်းမြောင်းကြတာပေါ့ ညည့်နက်လုနီးချိန်ရောက်မှာ ခွေးတွေအူလာလိုက်တာ ရွာအဝင်ကနေတောက်လျောက်ရွာ ထဲထိကို ဆူညံနေတာပဲတဲ့ ခွေးတွေအုပ်စုလိုက်ဘာကိုကြည့်ပြီးအနေမှန်းမသိဘူး သဲကြီးမဲကြီးကိုနောက်ကတကောက်ကောက်လိုက်ပြီးတော့ကိုအူ နေဟောင်နေကြတာ ကျောတောင်မှချမ်းလာပြီ ဒီလိုနဲ့ ခွေးတွေနောက်ထပ်ကြပ်မကွာ လိုက်ကြည့်တာ အား ပါးပါးပါး ဘယ်လိုပြောရမလည်း ဘာပုံစံမှန်းကိုမသိဘူး မျက်လုံးကဖြူဖြူပြူးပြူး ကြီနဲ့ ပါးစပ်ကြီးကလည်းဟစိဟစိလုပ်နေလိုက်တာ ကိုယ်ကလည်းကားယားကားယား နဲ့ ရွာစွန်ပိုင်းက ကြက်ခြံထဲကိုဝင်သွားရော ဝင်သက်ထွက်သက်ဆယ်ကြိမ်လောက်အကြာလေးမှာ ပြန်ထွက်လာတာစော စောကလို ပုံစံအတိုင်းပဲ ခွေးတွေကလည်းအူရင်းဟောင်ရင်းနဲ့ အဲ့ဒီနောက်လိုက်သွားကြတာ လူငယ်တွေလည်းထပ်ကြပ်မကွာလိုက်သွားကြတာပေါ့ ဒီလိုနဲ့သချိုင်းကိုရောက်ပါရော ထပ်ပီးနောက်ယောင်ခံလိုက်တော့ မြေပုံတခုထဲဝင်သွားတော့တာပဲ ဝင်သွားတဲ့ပူုံက ကြွက်ကလေးဌက်ကလေး အ ပေါက်ထဲကိုဝင်သလိုမျိုးဗျ အဲ့လိုနဲ့ မြေပုံကိုမှတ်ထားပြီးပြနကြလေသည်ပေါ့ နောက်နေ့မနက်ပိုင်းရောက်တော့ ရွာလူကြီအိမ်မှာ လူတွေစုံလို့ ညကစောင့်ချောင်း လို့နောက်ယောင်ခံခဲ့တဲ့အကြောင်းကိုပြောဆိုကြပြီး အဲ့ဒီဖုတ်ကောင် ဝင်သွားတဲ့ မြေပုံကိုသွားတူကြပြီး မီးရှိ့ပြစ်ကြဖို့သဘောတူဆန္ဒပြုကြတယ် သွားကြပီ သချိုင်း ကို လူစုလူဝေး ခလေးခွေးမကျန် ရွာနီးနားကရွာကလူတွေကော ကျနော်တို့မြို့ကလူတွေကော ပွဲကျနေတာပဲဗျာသွားကြည့်လိုက်ကြတာ ပလူကိုပျံလို့ကျနော်တောင်သွားကြည့်ချင်တာ ခေါ်မယ့်သူရှိပေမယ့် အမေကမသွားခိုင်းဘူး အဲ့ဒီမှာ သွားကြည့်ခဲ့တဲ့ ဦးလေးကြီးတယောက်ကပြောပြလို့သိခဲ့ရတာပါ ပြောကြ ဆိုကြတဲ့သူတွေကတော့အများကြီးပဲ



AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |