အခုရေးမယ့်ဇာတ်လမ်လေးက ကျနော်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်ပါ .. ဘ၀မှာ ထူးထူးဆန်းဆန်းကြုံ ဘူးတာတွေထဲကတခုပါ ..
အချိန်က ၂၀၀၁ ခုနှစ် ၀န်းကျင်လောက် ကပေါ့
ကျနော် ၁၀ တန်းတက်ခါနီး အူအတက်ရောင်လို့ ခွဲစိတ်တုန်းက ကြုံတွေ့ ခဲရတာပါ .. ပြန်စဉ်းစား မိရငိ ကြောက်စရာကောင်းသလို သနားဖို့လဲကောင်းပါတယ် ..
ဒီလိုဗျ ... အရင်က တကသိုလ် ရိပ်သာလမ်းမှာ မြအထူးကုဆေးခန်း ဆိုတာရှိတယ် (အခုမရှိတော့လိုနာမည်တပ်ပြောတာပါ) ..အဲဒီမှာ အူအတက် ခွဲစိတ်ပြီး တဲ့ည မှာ တွေ့ ခဲရတဲ့
ပရလောကသား အကြောင်းပါ .. အချိန် က ည ၁၂ နာရီစွန်းစွန်း ပတ်ဝန်းကျင် တခုလုံးအိပ် မောကျချိန်ပေါ့ .. အခန်းထဲမှာ ကျနော် ရယ် အဖေရယ် အမေရယ် ၃ယောက်အိပ်တယ်ဗျ ..
ကျနော်က ကုတင်ပေါ်မှာ အဖေ နဲ့ အမေ က အ၀င်လမ်းကိုပိတ်ပြီး အောက်မှာဖျာခင်းပြီးအိပ်တာပေါ့ ..
အဲဒီအချိန်မှာ အခန်းတခါးက ကျွီးးးးး ဆိုပြီး ပွင့်လာရော ..ကျနော် ကလည်း မေ့ဆေး အရှိန်နဲ့ အိပ်လိုက် နိုးလိုက်ဆိုပေမယ့် မီးကဖွင့်ထားတော့ တံခါးပွင့်တာ ကို ကောင်းကောင်းမြင်ရတာပေါ့..
တံခါးကလဲ လော့ခ် မချထားဘူးလေ မနက် အစောကြီး နပ်စ် လာမှာဆိုတော့ ..
ကျနော်လည်း တံခါးကြားကို လှမ်းကြည့်လိုက်တော့ မိန်းမတယောက် ဗျ အသက် က ၄၀ ၀န်းကျင် ဆံပင်ကောက်ကောက်
အင်းကျီး က ၀မ်းဆက် ၀တ်ထားတယ် .. ကျနော်ကို သူကပြုံးပြတယ် .. ကျနော်ကလည်းပြန်ရီပြ ရတာပေါ့ ..ဘယ်သူမှန်းမှမသိတာ ..ပြီးတော့ သူက အန်တီ ၀င်လာမယ်နော် ဆို ပြီး ကုတင်ဘေးနား ရောက်
လာတာမြန်ချက် ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ဘူး ..အ၀င်ဝမှာ အိပ်နေတဲ့ အဖေ နဲ့ အမေက သိတောင်မသိရှာဘူး အိပ်မော ကျ လို့ ..စိတ်ထဲမှာတော့ ဒီမိန်းမ ဘယ် လိုဝင်လာလဲပေါ့ အဖေ နဲ့ အမေ ကို ကျော်ပြီး
စဉ်းစားနေတုန်း သားလေး နေကောင်းလား .. ဗိုက်ကနာသေးလား .. ခွဲထားတာကော သက်သာလား .. ကျန်းမာရေးဂရုစိုက်နော် ဘာညာနဲ့ တော် ကီလာပွားနေတာ .. ကိုယ်ကလဲပြန်ပွားပေါ့ .. ၁၀ မိနစ်လောက်ကြာတော့
အန်တီပြန်ရတော့ မယ်တဲ့ .. ကျနော်ကလည်း ဟုတ်ကဲပေါ့ .. အဲဒီတော့သူက သားလေး ချဲထိုးလား တဲ့ ..ကျနော်ကလည်း သားတော့ ထိုးဝူး အမေတော့ ထိုးတယ်လို့ ..အဲဒါဆို ဒီဟာကိုထိုး မနက်ဖြန်ထွက် မှာတဲ့.
ဂဏန်းပေးပြီး ပြန်အထွက် လားလား သူက အဖေ နဲ့ အမေ ကို ရှောင်ပြီး သွားတာ မဟုတ်ဘူးဗျ အပေါ်ကနေ တည့်တည့် ကို နင်းပြီး တံခါးဆီကိုသွားနေတာ .. သူ့ခြေထောက်တွေက အဖေ နဲ့ အမေ ကို ဖောက်ပြီးဝင်သွားတာများ
အလင်းရောင်အောက် မှာ ကောင်းကောင်းကြီး မြင်လိုက်ရတော ချက်ချင်းကြီးကို ချွေးတွေ ပြန်လာတာ မြင်တောင် မကောင်းဘူး .. တံခါးနားရောက်တော့ ပျောက်ခြင်းမလှ ပျောက်သွား ပါလေရော .. တံခါးကလည်း သူ့ အလိုလို ကျွီးးး
ဆိုပြီးပြန်ပိတ်သွားရော..ဘာပြောကောင်းမလဲ အခုမှ သရဲမ မှန်းသိပြီး ကြောက်လိုက်တာ ဖင်ကိုတုန်ပြီး အဖေ နဲ့ အမေကို အော် နိုး ပြီး ရေတောင်းသောက်ရတယ် ..အမေကလည်းအိပ်ချင် မူးတူးနဲ့ ဘာဖြစ်တာလဲပေါ့ .. ကျနော်ကလည်း
ကျနော်အမေ ဗန္ဓုလသွေး ရဲရဲတောက် မှန်းသိတော့ မေ့လဲသွားမှာစိုးလို့ အိပ်မက် မက်တာပါ ဆိုပြီးဖောရှောနဲ့ အိပ်လိုက်ရတယ် ..
မနက်မိုးလင်းတော့ အပြင်က နပ်စ် ကတံခါးခေါက်ရော အဖေက လော့ခ် မချ ထားဘူးဝင်ခဲ့ ဆိုတော့ ဆရာမလေး က ပြန်ပြောတယ် လော့ခ်ချ ထားတယ်တဲ့ ..အဖေကလည်း ဇဝေဇ၀ါ နဲ့ ငါညက လော့ခ် မချ ထားပါဘူးဆိုပြီး သွားဖွင့်ပေးတော့
နပ်စ် က၀င်လာပြီး ညကအိပ်လို့ကောင်းရဲ့လားဆိုတော့ ကျနော်ကလည်း ညကမအိပ်ရတဲ့ အကြောင်းကို စီကာပတ်ကုံး ပြောပြတော့ နပ်စ် ရော ကျနော် အမေ ရောကြောက်ပြီး စောစောစီးစီး ချွေးတွေ တောင် ပြန်လို့..
နပ်စ် က အဲဒါ မအင်ကြင်း (နာမည်လွဲထား) ဖြစ်မယ် တဲ့ သူပုံစံက ဆံပင်ကောက်ကောင် အသက် ၄၄ နှစ် တဲ့ လွန်ခဲ့တဲ့ ၄ ရက်လောက် ကမှ ဒီအခန်းထဲ မှာ ကင်ဆာ နဲ့ ဆုံးသွားတာ ဆိုပြီး ပြောရင်းဆိုရင်း ကြက်သီးတွေထလာပြီဆိုရင်း ပြေးရော..
အဲဒီနေ့က ကျနော် အမေ အပါအ၀င် ဆေးရုံကလူတော် တော် များများ ချဲပေါက် ကြတယ် ဆိုတဲ့ သတင်းတော့ကြားလိုက် ပါတယ်... အမေကတော့ ချဲပေါက်တဲ့ပိုက်ဆံ အကုန်လုံးကို မအင်ကြင်း အတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းမှာ
အဲဒီနေ့ပဲ လှူဒါန်းပေးပါတယ် .. ဆေးရုံ ကတာဝန်ရှိသူတွေက အခန်းပြောင်း ပေးမယ်လို့ ပြောပေမယ် အဖေ နဲ့ ကျနော် က မပြောင်းချင်တာနဲ့နောက် ၃ ရက်ကို အဲဒီ အခန်းမှာပဲနေပေမယ့် မအင်ကြင်း ကို မတွေ့ ရတော့ပါဘူး..
ကောင်းရာ မွန်ရာရောက် သွားတယ် ထင်ပါတယ် ..
အချိန်အား ဖြင့်တွက်ရင်တော့ ၁၃ နှစ်ကျော် ခဲ့ ပေမယ် အခု စာရေးနေချိန်ထိ မအင်ကြင်းရဲ့ မျက်နှာ ကို မြင်ယောင်နေ မိပါကြောင်းး
ဖိုးကင်း