ကားပေါ်မှာ လိုက်လာသူ
*****ကားပေါ်မှာ လိုက်လာသူ*******
ဒီနေ့ဖိုးအောင်ကားတစ်စီးတည့်ထားတော့ရေလျှံနေတော့ထုံးစံအတိုင်းကျတော်ရယ်ငနိုင်ရယ်ကိုဘီယာလိုက်တိုက်လို့ရေငတ်တုန်းရေတွင်းထဲကျတဲ့ဟိုအကောင်လိုအငမ်းမရသောက်နေတုန်း
ကျတော့ဆီဖုန်းဝင်လာပါရော။
ကျတော်က"ဖိုးအောင်မင်းအမေဖုန်းဟရော့"ကျတော်ပေးသောဖုန်းကိုယူပီးအပြင်ထဆက်ပီး၁၀မိနစ်ကြာဖိုးအောင်ပြန်ရောက်လာတော့မျက်နှာမကောင်း"မေမြို့ကငါ့အဖွားဆုံးသွားလို့တဲ့ကွာငါ့
ဖုန်းဆက်မရလို့မင်းဆီခေါ်လိုက်တာ"ကျတော့ဖုန်းကိုပြန်ပေးရင်းဆိုလာတော့ကျတော်က"ဘယ်လိုလုပ်မလဲ"မေးတော့ဖိုးအောင်က
အမေတို့ကသွားနှင့်ပီငါ့ကိုလိုက်ခဲ့တော့တဲ့မင်းတို့အားရင်လိုက်ခဲ့ပါလားငါ့အဖေါ်မပါလို့"ဖိုးအောင်စကားမဆုံးခင်ငနိုင်က"ဟာငါတို့ကဒီတိုင်းကြီးလိုက်ရမှာလားဟ""ဖိုးအောင်ကဆဲပါရော"မေ
အပေးမင်းအန်ဖက်ဆို့အောင်တိုက်မှာမပူနဲ့"ဒီလိုနဲ့ကျတော်တို့လဲဖိုးအောင်အိမ်ကိုဆိုင်ကယ်တွေထားခဲ့ပီးသကာလမေမြို့သို့ချီတတ်လာပါဘီ။
ကျတော်တို့ထွက်တော့9နာရီကျော်နေပါဘီဒါနဲ့အုန်းကျောကိုရောက်တော့ဘီယာထပ်ဝယ်ပီးသကာလအတတ်ခရီးကိုစခဲ့ပါဘီ။
ကျတော်နဲ့ဖိုးအောင်ကရှေ့ခန်းကထိုင်ပီးငနိုင်ကတော့နောက်ခန်းမှာဘီယာဖာကြီးဖတ်လို့အလကားရအန်ဖတ်ဆို့အောင်သောက်နေတာလေ။
ဒီလိုနဲ့21မိုင်အကျော်စော်လေးတစ်ဗွေဗျာကားမီးရောင်နဲ့မြင်လိုက်တာအတော်လှတယ်ဗျာကျတော်တို့ကားကိုတားတာလေ။
ကျတော်က"ဟေ့ကောင်ဖိုးအောင်ရပ်ပါဟဇယားလေးလားမသိဘူး"
ကျတော်ပြောတော့ဖိုးအောင်မျက်ထောင့်နီကြီးနဲ့ကျတော့ကြည့်ပီး"သေချင်းဆိုးသူ့တော့မခေါ်ဘူးမင်းနေချင်နေခဲ့သူတောင်းစားဘာမှမသိပဲပြောနေတယ်"ဖိုးအောင်ဒီလိုပြောတော့ကျတော်လဲ
ဘာစောဒကတတ်မနေတော့ပါဘူးအသာပြန်မှေးလို့ဖိုးအောင်မျက်နှာမသိမသာကြည့်တော့ဖိုးအောင်မျက်နာသွေးမရှိတော့သလိုစိတ်ဆိုးမပြေသေးတာလားသိဘူးဒါလေးပြောမိတာနဲ့ဗျာပါးစ
ပ်ကလဲပွစိပွစိနဲ့ကျတော့များဆဲနေတာလားမသိတကယ်ဗျာဒါလေးပြောမိတာနဲ့ဖြစ်နေလိုက်တာမိန်းမကြီးကျနေတာပဲဆွဲထိုးပစ်ချင်တာကားမောင်းနေလို့ပေါ့ဗျာအူယားတာဗျာတကယ်။
အဲမကြာပါဘူးသူ့အဖွားအိမ်ရောက်တော့ဖိုးအောင်ပြာယာပြာယာနဲ့အိမ်ထဲပြေးဝင်သွားပီးရေဘူးတစ်ဘူးယူပီးကားတစ်စီးလုံးလိုက်ပတ်ပီးကျတော်နဲ့ငနိုင်လဲရေနဲ့လာပတ်သေးတာဘာလုပ်နေ
မှန်းတကယ်နားမလည်တော့ဘူး။ဒါနဲ့ခနနေသူပြောလိုက်တော့ကျတော့ဗျာကျက်သီးတောင်ထတယ်။
သူပြောတာကခုနကကျတော်စော်လေးလန်းတယ်လို့ပြောပီးမကြာပါဘူးတဲ့ဒီကောင်မကားပေါ်ပါလာတာကိုသူ့နောက်ကြည့်မှန်နဲ့မြင်လိုက်တောဖိုးအောင်လန့်သွားတာပေါ့။
ဒါကိုကျတော်နဲ့ငနိုင်ကမမြင်ပါဘူးကောင်မလေးကငနိုင့်ဘေးမှာပါလာတော့ဖိုးအောင်လဲရသမျှဘုရားစာလေးရွတ်တာကိုဒီဟာကအတော်ကြာတဲ့ထိပါလာသေးတာတဲ့ဗျာ။
သူလဲတစ်ယောက်ထဲဆိုမလွယ်လောက်ဖူးဒါတောင်ကျတော်တို့ပါနေလို့တော်သေးတာတဲ့။ဒါ့ကြောင့်ရောက်ရောက်ချင်းဘုရားစင်ကပရိတ်ရေနဲ့လိုက်ဖြန်းတာတဲ့။
သိပါဘူးဗျာကျတော်ပြောလိုက်လို့များကျတော့စိတ်ဆိုးပီးဆဲနေတယ်ထင်တာတော်သေးတာပေါ့သူ့နေရာမှာကျတော်ဆိုကြောက်ပီးကားချောက်ထဲထိုးလောက်တယ်တကယ်ဗျာ။
လေးစားစွာဖြင့်
kogyi