(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသော ပုံပြင်တစ်ပုဒ်.....

ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသော ပုံပြင်တစ်ပုဒ်.....

 တစ်လောက Taxi စီးရင်း Driver ဦးလေးကြီးက သူသရဲခြောက်ခံရတဲ့အကြောင်းကို ပြောပြတယ်။ မအိပ်သေးတဲ့ သူငယ်ချင်းတွေလည်း အပျင်းပြေဖတ်ကြည့်ပေါ့ဗျာ... အဲ့နေ့က ည၁၀နာရီလောက်ရှိရောပေါ့ကွာ မင်္ဂလာဒုံဘက်ကိုရောက်နေတာ... ဦးက မြို့ထဲပြန်မှာ ကားပြန်အပ်တော့မယ်ပေါ့ကွာ... တစ်ခေါက်ပြီးရင်တော့..... အဲ့ဒီအချိန်မှာ မိန်းမတစ်ယောက်တားတယ်... ဆံပင်ရှည်ကို ဖားလျားချထားတယ်... အင်္ကျီကလဲ အဖြူရောင်ကွာ ခါးရှည်ပေါ့... ပြောတဲ့နေရာကလည်း လမ်းကြုံနေတယ် နဲနဲပဲဝင်ရမှာ တက်ခိုင်းလိုက်တာပေါ့ကွာ... ကားထွက်တော့မှ ကြက်သီးတွေက တစ်ဖြန်းဖြန်း ထလာတယ် သူရဲမများလား မသိဘူးဟ... နောက်ကနေ ဂုတ်ချိုးပြီးသတ်ရင်တော့ အခက်ဟ ဆိုပြီး လန့်လာရော... Back မှန်က ကြည့်တော့လည်း ငြိမ်လို့ ဆံပင်တွေကလည်း လွင့်လို့... ငါလည်း အသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ အဲ့လိုနဲ့ သူပို့ခိုင်းတဲ့လမ်းရောက်ပါလေရော... ခွေးတွေကလည်း အဲ့ဒီအချိန် အူချက်ကွာ... မရပ်တော့ဘူး... အိမ်ကမြင်နေရပြီ... ငါလည်း လျှောက်ပြောရတာပေါ့... လမ်းထဲဝင်ရင် ကားကထွက်လို့ မရလောက်ဘူး ဘာညာနဲ့... အဲ့ဒါနဲ့ အတင်းတောင်းပန်ပြီး လမ်းထိပ်တင်ရပ်ပေးလိုက်တယ် ပိုက်ဆံမယူတော့ဘူး ပြောတာကို အတင်းပေးသွားသေးတယ် ထူးဆန်းပုံက ဆင်းဆင်းချင်းတင် အသံမကြားပဲ ပျောက်သွားတာ...တစ်သက်နဲ့ တစ်ကိုယ်ကွာ မကြုံဖူးဘူး... နောက်တံခါးကလဲ မပိတ်သွားဘူး... အဲ့ဒါနဲ့ ဘုရားစာတွေ ရွတ်ပြီး ကားတံခါးကို ဖွင့်လိုက်တယ် ဆင်းပြီး သွားပိတ်မယ်ပေါ့... ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ စဉ်းစားမိတယ် ပြန်လှည့်လာရင်တော့ သေပြီလို့... အဲ့ဒီအချိန်ဗြုန်းဆို ခြေထောက်ကို လက်အေးအေးကြီး တစ်ဖက်က လှမ်းဆွဲတယ် ငါလည်း လှမ်းကြည့်တော့... ဟိုမိန်းမခေါင်းကြီး ငါ့ခြေထောက်နားမှာလေ... အားပါးပါး..... ဆံပင်မှာလည်း ရေတွေ ရွှဲလို့... ငါတော့ မြတ်စွာဘုရားကို အာရုံပြုလိုက်တယ်... ငါတော့ သွားပြီလို့ အဲ့ဒီအချိန်ဗြုန်းဆို အသံတစ်သံကြားတယ်..... "နောက်ဆို မြောင်းဘေးမှာ ကား မရပ်ပါနဲ့ ဦးလေးရယ်..." တဲ့ ...ဟိဟိ...

 Credit to @Thae Su San

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |