သရဲကိုလေချိုသွေးချင်တဲ့အကောင်..
ဒါအနော့်သူငယ်ချင်းပြောပြတဲ့အကြောင်းပါ.. ဟုတ်မဟုတ်တော့မသေချာပါဘူး.. မန်ဘာတွေအတွက်တော့ အပျင်းပြေတာပေါ့..သူပြောတာက.....အဲ့နေ့က ငါ့အဘွားသေတဲ့နေ့ကွ..အဲ့တုန်းကမှ ငါအသက် ၁၁ နှစ်လောက်ပဲရှိသေးတာ. မှတ်မှတ်ရရ အဲ့နေ့ညက မီးပျက်နေတော့ ငါလဲကြောက်တာပေါ့.. ကြောက်တာက မီးပျက်လို့ကြောက်တာ.. သရဲကြောက်တာမဟုတ်ဘူး.. မင်းသိတဲ့အတိုင်း ငါကအမှောင်ကို ကြောက်တာ.. ဘာသောက်ကျင့်လဲတော့မသိပါဘူး. အခု ၁၈ ရှိပြီ.. အခုထိကြောက်တုန်း.. အဲ့ညက မီးကလဲမလာ အဘွားကလဲသေဆိုတော့ ငါလဲ ကြောက်တာပေါ့ . အဲ့နေ့ညက ည ၃နာရီလောက်ဖြစ်မယ်ထင်တယ် ငါလန့်နိုးလာတယ်. တစ်ယောက်ယောက်က လှုပ်နိုးသလိုမျိုးလို့တော့ထင်တယ်ကွ.. ဒါပေမဲ့ အိပ်ချင်မူးတူးဆိုတော့ ငါလဲအဲ့လောက်သတိမထားဖြစ်ဘူး.. တစ်ရေးနိုးတော့ ရေနဲနဲဆာလာတယ်..ဒီတော့ ရေသွားသောက်မယ်ပေါ့. ရေက မီးဖိုချောင်မှာ.. ငါက အပေါ်မှာအိပ်တာ. ငါ့အဘွားခန်းက မီးဖိုနားမှာ.. ဒါနဲ့ ငါလဲ အောက်ကိုဆင်းလာတော့ ငါ့အဖွားအခန်းကို ကြည့်တော့ တံခါးကိုသော့ခတ်ထားတယ်.. မီးလဲမှိတ်လို့.. ။ ငါကလဲ သွားသောက်ပီးလို့အပြန် ဘာမှမဟုတ်ပါဘူးဆိုပြီးကြည့်လိုက်တော့ တကျွှတ်ကျွှတ်နဲ့ ကျွှတ်ကျွှတ်အိတ် တွေ ကိုကိုင်နေတဲ့အသံကြားရတယ်.. ဟာ. ငါလဲ အိပ်ချင်တဲ့စိတ်တွေပျောက်ပြီး ပူထူသွားတာပဲ.. ရုတ်တရက်ခေါင်းထဲရောက်လာတာက ဒါငါ့အဘွားလုပ်တတ်တဲ့အကျင့် ဆိုတာ.. အခန်းကိုလှမ်းကြည့်တော့ မီးကပွင့်နေတယ်.. တံခါးကတော့ ခတ်ထားတယ်.. ဟာ.. ငါတော့ နားကားပြီပေါ့.. ဒါပေမဲ့ ကိုယ့်ကိုကိုယ်ပြောရတာပေါ့. မကြောက်နဲ့ ဘာလဲ ညာလဲပေါ့.. ပြီးတော့ ငါ့အဘွားက ငါ့ကိုအရမ်းချစ်တာ.. ခြောက်တော့မခြောက်လောက်ပါဘူးပေါ့.. ငါလဲ လေချိုသွေးပြီး.. အဘွားကလဲ.. တားကြောက်တတ်တာကိုသိတယ်နော်.. အဲ့လိုမခြောက်နဲ့နော်.. သားထိုင်ငိုမှာနော်.. ။ ငါလဲ အဲ့လိုပြောပြီး လှေကားပေါ်ပြေးအတက် ရုတ်တရက် .. " ချောက်" ဆိုပြီး မီးပိတ်သံကြားရတယ်.. ငါလှည့်ကြည့်တော့ မီးကပိတ်သွားတယ်.. ငါလဲ မတတ်တဲ့ ဘုရားစာဆိုပြီ ကိုယ့်အခန်းကိုပြန်.. စောင်ကို ခေါင်းမူးခြုံပြီး တန်းအိပ်တော့တာပဲ...မနက်ကျတော့မှ အမေကလာနိုးတယ်...ညကဘာတွေဖြစ်နေတာလဲတဲ့ .. တဒုန်းဒုန်းနဲ့လှေကားအတက်အဆင်းလုပ်ရသလား .. အဲ့တာလူအိပ်ချိန်ဆိုပြီး ခေါင်းတောင် အခေါက်ခံလို်က်ရသေးမယ်.. ငါကအမေ့ကိုလဲမပြောရဲဘူး.. အမေက အဲ့လိုအကြောင်းပြောရင်စိတ်ဆိုးတာကိုး.. အဲ့တော့မပြောပဲနဲ့ တစ်ယောက်ထဲကြိတ်ခံရတာပေါ့ကွာ..ကဲ.. ငါဒိုတာခုတ်တော့မယ်.. နောက်နေ့မှပြောမယ်ဆိုပြီး.. ကျွှန်တော်ရယ် သူရယ် ဂိမ်းဆိုင်ထဲကို ပြုံးပြုံးဝင်သွားတာပေါ့ကွယ်.. ( ဂိမ်းဆိုတော့လဲ ကြိုက်တာကိုး ဟီးး ) Admin~ KInG ShIN ~