(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

" ဘောင်းဘီစိမ်း "


" ဘောင်းဘီစိမ်း "

 ဇာတ်လမ်းအစကို ပြန်ပြောင်းပြောရမယ်ဆိုရင်...ဟိုးရှေးရှေးတုန်းကလိုပဲပြောရမလား..လွန်လေပြီးသောအခါကလို့ပဲပြောရမလား... တရံရော အခါကလို့ပေါ့ကွယ် လို့ပဲပြောရမလား...အမေ့ ရဲ့ အဖေ အဘိုးတို့ခေတ်ကလို့ပဲ လွယ်လွယ်ပြောလိုက်ပါတော့မယ်...အမေတောင်အခု အသက်ခြောက်ဆယ်ရှိတော့မယ်...အဘိုးကတော့မရှိတော့ပါဘူး...တည်နေရာက ကရင်ပြည်နယ် သံလွင်မြစ်အထက်ပိုင်း ကမမောင်းရွာ....အဘိုးတို့ခေတ်တုန်းက..ခလေးငယ်တွေရဲ့ ငယ်ဘ၀ပညာရေးက ဘုန်းတော်ကြီးကျောင်းကနေစရပါတယ်..လွယ်လွယ်ပြောရရင်..ဘုန်းကြီးကျောင်းသားဘ၀ပေါ့... ဘုန်းကြီးကျောင်းက ကမမောင်းရွာထိပ် မြစ်ဆိပ်မှာ ရှိပါတယ်...တရက် ခလေးတွေ ဆော့နေတုန်း မြစ်ဆိပ်မှာ..လူသေလောင်းတလောင်းမျောလာတာ မြင်ကြတော့..ဆယ်ယူပြီးတော့...ဘယ်သူ ဘယ်ရွာသားမှန်းလည်း မသိအောင် ဖြစ်တော့..ဘုန်းဘုန်းကိုလျှောက်ပြီး...ဘုန်းကြီးကျောင်းမြေမှာပဲ..ထိုအလောင်းကိုမြုပ်ပေးလိုက်ကြပါတယ်.. ထိုမျောလာသော အလောင်းမှာ ဘောင်းဘီအစိမ်းလေးဝတ်လျှက်သားကို ခလေးတွေ မြင်ခဲ့ကြပါတယ်... ဒီလိုနဲ့ပဲ မနက်ဆို ဆွမ်းခံထွက်တဲ့နောက်ကိုလိုက်..ဘုရားစာအံ...ဝေယျာဝစ္စတွေလုပ်..အားပြီးဆိုတာနဲ့..မကောင်းကျောင်းပို့တို့ ထုံးစံအတိုင်း ( အိမ်က မနိုင်လို့ ကျောင်းပို့ထားသော ခလေးများ ) မျောက်ရှုံးအောင် ဆော့ကြ...ဂေါ်လီရိုက်..ထုပ်စီးတိုး... အဲ့လိုနဲ့နေ့ရက်တွေ တရက်ပြီးတရက် ကုန်ဆုံးခဲ့ကြပါတယ်...ထူးခြားမှုတွေရောက်ရှိလာခြင်းရဲ့အစကတော့...ကျောင်းထိုင်ဘုန်းဘုန်းကို ထိုရေထဲမှာမျောလာသော အလောင်းရဲ့ မကျွတ်မလွတ်သော သူက အိပ်မက်ပေးခြင်းမှ စပါတယ်..သူ့မှာနေစရာနေရာမရှိတဲ့အတွက် နေစရာနေရာတခု ပေးဖို့ လာလျှောက်တာပါ..အသနားခံရှာတဲ့ ထိုသူ့ကို ဘုန်းဘုန်းက..ဘုန်းကြီးကျောင်းဝင်းမှာ ရှိတဲ့ ဘုရားဘေးက သစ်ပင်မှာ နေပါ..နေစရာပေးပါတယ်ဆိုပြီးပြောတော့မှပဲ..အိပ်မက်လာပေးခြင်းများ ထပ်မလာတော့ပဲ...နေစရာနေရာရသွားပါတယ်... ဖြစ်တည်ခြင်းရဲ့အစ---- ထိုနေစရာရသွားတဲ့ ဘောင်းဘီစိမ်းက ငြိမ်ငြိမ်မနေပါဘူး..အကုန်လုံးက သူ့ကိုဘောင်းဘီစိမ်းလို့ပဲခေါ်ပါတယ်...ခလေးများ ဆော့ပြီဟေ့ဆိုရင်..ကစားနေတဲ့ခလေးတွေရဲ့ကျောကို ဖြန်းခနဲ ဖြန်းခနဲ လိုက်ရိုက်တော့တာပါပဲ...ခလေးတွေကလည်း အများကြီးဆိုတော့ မကြောက်ကြပါဘူး...နင်ဘောင်းဘီစိမ်းမလား..ငါတို့နဲ့ကစားမလား..ဆိုပြီး..အဲ့ဘောင်းဘီစိမ်းပါ ၀င်ကစားတော့တာပါပဲ.. ထုပ်စီးတိုးလို့ လူမိရင် မိတဲ့ခလေးရဲ့ကျောကို ဖြန်းခနဲရိုက်..ဂေါ်လီရိုက်လည်း..သူရိုက်တဲ့ဂေါ်လီပဲထိပြီးနိုင်..ဘာမှလည်းမမြင်ရပဲ..ဂေါ်လီလိမ့်တာပဲမြင်ရ..ခလေးတွေကလည်း မျှမျှတတ ကစားပါတယ်..ဒါပေမယ့်..ပွဲတိုင်း သူပဲနိုင်နေတာကို..မကျေနပ်ဖြစ်လာတာက ..ကျွန်မအဘိုးပါ...စိတ်တို စိတ်ဆတ်တဲ့ ကျွန်မ အဘိုးက..ရှုံးပါများလာတော့..မြင်လည်းမမြင်ရပဲ..စိန်ပြေးတိုင်းဆော့လည်း..သူပဲကျောကိုဗြန်းခနဲ့ အချခံရ..ထုပ်ဆီးတိုးလည်း..သူ့ပဲ အမိခံရ..ဂေါ်လီပစ်လည်း..သူ့ဂေါ်လီအစားခံရနဲ့..ဒေါခီးလာတော့.... " ဘောင်းဘီစိမ်း နင်ညစ်တယ်..နင် ကလိမ်ကကျစ်လုပ်ပြီးဆော့တယ်..ငါတို့ တခါမှ မနိုင်ဘူး...နင့်ကိုငါမကျေနပ်ဘူး... ငါနဲ့ နပန်းလုံးမလားဆိုပြီး စိန်ခေါ်ပါတယ်" " သိပ်မကြာခင်ပဲ အဘိုးကို တစုံတရာက စပြီးတွန်းလှဲတာ ခံရပြီး..အဘိုးနဲ့ မမြင်ရတဲ့ ဘောင်းဘီစိမ်း သူတပြန်ကိုယ်တပြန် နပန်းလုံးပါတော့တာပါပဲ...ကလေးတွေကလည်း အားပေးတာပေါ့လေ..အဘိုးတယောက်တည်းကို ချွေးတွေတလုံးလုံးနဲ့...လိမ့်လိမ့်ပြီး သတ်နေတာ..တခါတလေ ပက်လက်လန်ပြီး လန်ပင်းညှစ်ထားသလို..ထုရိုက်လိုက်..တခါတလေလည်း သူက ခွစီးထားသလို..ထိုးသတ်လိုက်နဲ့..." ကျန်တဲ့ခလေးတွေအကုန်လုံးက ဘေးကနေ ဘေလေဆပ်..ဘေလေဆပ်ပေါ့...အဘိုးအပေါ်ကနေပုံစံတွေ့ ရင် အဘိုးကို ချကွ..ချချ...အောက်ပက်လန်လန်သွားရင် ဘောင်းဘီစိမ်းကွဆိုပြီး...အားပေးလိုက်ကြတာ အုံးအုံးကျွတ်ကျွတ်..ဟိဟိခလေးတွေ အဲ့လောက်အော်ကြီးဟစ်ကျယ်တွေ ဆော့နေကြတော့ ကျန်တဲ့ကပ္ပိယအကြီးတွေ...ကိုရင်တွေက ကျောင်းထိုင်ဘုန်းကြီးကိုသွားလျှောက်ကြပါတယ်...အဲ့ကျမှပဲသရဲဝင်ပူးတယ်ထင်ပြီး... အဘိုးကို ဘုန်းကြီးရှေ့ကိုခေါ်လာကြပါတယ်...ကျန်တဲ့ခလေးတွေကလည်း ကုတ်ချိချိနဲ့..အနောက်ကနေကျောင်းပေါ်လိုက်လာကြတာပေါ့လေ...ဘုန်းဘုန်းက ဘာဖြစ်ကြတာလည်းမေးတော့ အကုန်လုံး တပြိုင်တည်းဖြေလိုက်ကြတာက " ဘောင်းဘီစိမ်းနဲ့ နပန်းသတ်နေတာကို အားပေးနေကြတာပေါ့လေ.." " ဟေ ဘယ်က ဘောင်းဘီစိမ်းတုန်း" ခလေးတွေ တယောက်တပေါက်နဲ့ဖြေလိုက်တာများ.. ရေနစ်ပြီးသေပြီးမျောလာလို့ ကျောင်းထဲမြှုပ်လိုက်တဲ့ ဘောင်းဘီစိမ်းဖြစ်ကြောင်း.... အမြဲလည်းဆော့နေကြ..သူတို့နဲ့အမြဲလာဆော့တက်ကြောင်း.. ဒီနေ့ အဘိုးက သူ့ချည်းပဲနိုင်နေလို့..မကျေနပ်လို့..စိန်ခေါ်နပန်းသတ်တာကို..အားပေးနေတာဖြစ်ကြောင်း.. ညနေတိုင်း ဆော့တိုင်း ဘောင်းဘီစိမ်းက လာဆော့ကြောင်း.. သူရှိကြောင်းကိုလည်း ကျောကိုဗြန်းခနဲ့လိုက်ချပြီး အသိပေးကြောင်း... ကြောက်ရကောင်းမှန်းမသိသော မျောက်လောင်းလေးများက ဆူညံပွက်လောရိုက်အောင် သူတို့ဘော်ဒါ ဘောင်းဘီစိမ်းအကြောင်းကို ပြောပြမှပဲ..အရင်က ပုံမှန်ပဲခလေးတွေဆော့နေတာမျိုးထင်နေသော..ဘုန်းဘုန်းကြီး မှာ မျက်လုံးပြူးပြီး... " ကဲဟေ့..ဘောင်းဘီစိမ်း..လာခဲ့..ငါ့ကျောင်းပေါ်ကို ခွင့်ပြုတယ်..ခုချက်ချင်းလာဆိုပြီးခေါ်လိုက်ရုံနဲ့ပဲ...တဒုံးဒုံးခြေသံနဲ့...ကျောင်းပေါ်တက်လာပြီး..ဘုန်းဘုန်းက ထိုင်လို့ပြသောနေရာမှာ ရပ်သွားပါတယ်.." ဘာမှမပြောမဆိုပဲ ..ဘေးက ကပ္ပိယကြီးကို...လက်စွဲတော်ကြိမ်လုံးတောင်းပြီး..အဲ့နေရာကို တဖြန်းဖြန်းရိုက်ရင်း..." မင်းကို သနားလို့ နေရာပေးထားတာကို ..ခလေးတွေကို ဘာလို့ ဒီလိုလုပ်ရတာလည်း...နောက်ပေးတဲ့နေရာမှာပဲနေ...ခလေးတွေနဲ့ လာမဆော့နဲ့တော့..."ဆိုပြီး ရိုက်လိုက်တာလေ..ဘုန်းကြီးကြိမ်လုံးဆို သေအောင်ကြောက်တဲ့ အဘိုးတို့ ခလေးတသိုက်..နားရွက်တောင်မလှုပ်ရဲဘူးဆိုပဲ.. ဒါနဲ့အဘိုးကို ပရိတ်ရေ ရေမန်းတွေတိုက်..ကျန်တဲ့သူတွေကိုလည်းတိုက်..နောက်ဆို ဘောင်းဘီစိမ်းနဲ့ မဆော့ရတော့ဘူးဆိုတဲ့ အကြောင်း..ဆော့သံကြားရင်...အကုန်လုံးကို တိုင်ဖက်ပြီး ဘုန်းကြီး ကျိန်လုံးစာကျွေးမယ်ဆိုတဲ့အကြောင်းနဲ့..ဘုန်းကြီးလည်းအကုန်လုံးကို ပတ်ဆူတာ...အဲ့နေ့ကနေစပြီး အဘိုးတို့ဆော့ပြီဆိုရင် ကျောကို ဖြန်းခနဲလည်း လာရိုက်တဲ့ ဘောင်းဘီစိမ်း လာမရိုက်တော့ပဲ...သူတို့လည်း မခေါ်ရဲတော့ပဲနဲ့...အချင်းချင်းပဲ..အဘိုးကိုဝိုင်းအပြစ်တင်ကြတာပေါ့..မင်းလုပ်လို့ ငါတို့ဆော့ဖော်ဆော့ဖက် တယောက်လျော့သွားတယ်ပေါ့..နပန်းသာ စိန်ခေါ်ပြီးမသတ်ဘူးဆိုရင် ဘယ်သူမှ သိမှာ မဟုတ်ဘူးပေါ့လေ...အဘိုးတို့ ခုနှစ် နှစ် ..ရှစ်နှစ်.....အရွယ်...ဘုန်းကြီးကျောင်းသားဘ၀က ဖြစ်ရပ်လေးပါ...မေမေ့ဆီက ကုန်ကြမ်းပေါ့.. နောက်လည်း အဘိုးရဲ့ အလုပ်က ထူးဆန်းတဲ့ ဆင်ထိန်းကြီးအကြောင်းရယ်..မျိုးရိုးစဉ်ဆက်သိုက်လောက ဖြစ်ရပ်ဆန်းတွေရယ် ပြောပြပါဦးမယ်... ကျွန်မတို့က မျိုးနဲ့ရိုးနဲ့ သတ္တိကောင်းတာ အဲ့လို... သူငယ်ချင်း Sawmyanandarsoe DarDar ပြောပြသည်များကို ပရိသတ်ကြီး အတွက် မအားမလပ်သည့်ကြားမှ တာဝန်ထမ်းဆောင်လိုက်ပါတယ်... ( သိုက်နန်းရှင် )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |