(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ga Mone Aww Than


" လပြည့်ညသန်းခေါင်ယံဆီမှ ဂမုန်းအော်သံ "

ဘောင်းဘီစိမ်းထဲက ဇာတ်လိုက်ကျော်...ကျွန်မရဲ့အဖိုးသည်..တဖြည်းဖြည်းကာလသားအရွယ်ကို သူ့အပေါင်းအပါ မျောက်ရှုံးတသိုက်နှင့် ရောက်ရှိလို့လာခဲ့ပါသည်။ မြို့မှာကျောင်းတက်လိုက် ပြန်လာလိုက် အပေါင်းအသင်းတွေနဲ့ တွေ့ လိုက်နှင့် မြို့ကျောင်းတက်သူ ခေတ်ပညာတက်တို့ရဲ့ထုံးစံအတိုင်း... ဘယ်သူတွေဘာပြောပြော ပြောမရုံ လက်တွေ့ မှပဲ ယုံမယ်...ခေတ်လူငယ်လည်း ခေတ်လူငယ်..လူကြီးသူမများပြောသောအကြောင်းအရာများကိုလည်း..သူမယုံ..သူမယုံတင်မကပဲ.. သူ့ဘော်ဒါအပေါင်းအဖော်များကိုလည်း မဲဆွယ်ပြီး...ဟိုနား သရဲဆိုလည်း သွားကြည့်...သွားချောင်း..ဒီနား ဘာရှိတယ်ဆိုလည်း မယုံ..ညသန်းခေါင်သွားကြည့်လက်တွေ့ မှယုံမယ်ပေါ့လေ... ဒီတခါအကြောင်းကတော့ ရွာက လူကြီးသူမများက ပညာသည် ( စုန်း ) ဟုပြော အနားမသွားရ မပတ်သတ်ရဟု ဆုံးမထားသော်လည်း မရမက သွားချောင်းခဲ့သော နေရာတနေရာ.......... ရွာထိပ်ကအိမ်ကြီး*** ထိုအိမ်ကြီးမှာ နေထိုင်သော ကရင်အဘိုးကြီးးးး...ပညာသည်ပေါ့...အရင်ကတော့ သူလိုကိုယ်လိုပဲ သူ့ဘ၀ကလည်ပတ်နေတယ်... သူ့မှာ သမီးရယ် သားမက်ရယ် နို့စို့အရွယ် မြေးရယ် ရှိတယ်..တနေ့တော့..သူ့တောင်ယာခြံတွေထဲက အသီးအနှံတွေပျောက်ပါလေရော..အရင်တုန်းကလည်း ပျောက်တယ်..ပျောက်တိုင်းလည်း သူက ခိုးသွားတဲ့သူ ..ခူးသွားတဲ့သူကို သူ့ပညာနဲ့ အမြဲလုပ်နေကြ..ဒီတခါလည်း သူ့အသီးအနှံတွေ ပျောက်တော့ သူ့စုန်းပညာနဲ့ သေအောင်လုပ်တာပေါ့လေ...သူကတော့ နေ့မကူးခင်ရွာထဲမှာ အသုဘတလောင်း ဘယ်သူသေမလည်း သူစောင့်နားထောင်မယ်အကြံနဲ့ပေါ့လေ..ဒါနဲ့ ထမင်းစားချိန်ရောက်တော့ ရွာကအိမ်ကိုပြန်...သူ့သမီးလေးကိုမေးတယ် " ဖိုးမူဘာချက်လဲ........................... " " အပါးရွှေဖရုံသီးဟင်းချက်တယ်လေ....." သူချက်ချင်းသိလိုက်တယ် သူများခူးသွားတယ်ထင်လို့ သူ့ပညာနဲ့လုပ်လိုက်တာက သူ့သမီးဖြစ်နေတာကို...ပြန်ဖြည်လို့မရအောင် တခါတည်းလုပ်တာကိုမှ သူ့သမီးလေးနဲ့သွားကြုံတာ...သူ့လက်စသူသိတယ်..သူအရမ်းစိတ်ထိခိုက်ပေမယ့်..ဟန်မပျက်ပဲ " ဖိုးမူ ခလေးနို့တိုက်လိုက်တော့ဟေ့........" " အပါးခုဏကပဲတိုက်ထားတာ ဘာကြာသေးလည်း အပါးရဲ့...." " တိုက်လိုက်ပါ ငါပြောတာ နားထောင်ဆိုပြီးပဲပြောတာ " ခလေးလည်းနို့တိုက်ပြီးရော သူ့သမီးလေးလည်းသေရော..အဲ့ဒိနောက်ပိုင်း..ဘယ်သူနဲ့မှသူအဆက်အဆံမလုပ်တော့ပဲ သူ့ရွာထဲက ခြံမှာပဲ တယောက်တည်းနေတော့တာပဲ..သူ့သားမက်လည်း သူ့ကို စိတ်နာလို့ ...ခြံလုပ်ငန်းထဲမှာပဲ သမီးလေးကိုခေါ်သွားပြီးနေတော့တယ်...အဲ့နောက်ပိုင်း..သူလူတွေကို စိတ်နာနာနဲ့ သူ့ခြံက ပစ္စည်းတွေကို ခိုးကြလို့..သူလုပ်မိတာ..သူ့သမီးထိသွားတယ်ဆိုပြီး..ရွာထဲက သူ့ခြံကို ဘယ်သူ့မှ ၀င်လို့မရတော့အောင် ...သူ့အပြောအစောင့်ထားတယ်ဆိုပြီး...သူ့အစီအစဉ်တွေစတော့တာပဲ.... လပြည့်ညသန်းခေါင် နက္ခတ်စုံတဲ့အချိန် ဂမုန်းပင်........နက္ခတ်စုံပြီဟေ့ဆိုတဲ့အချိန်မှာ..အဲ့ဂမုန်းပင်တွေကို သွေးစိမ်းလောင်းတယ်..အမဲသားစိမ်းတွေနဲ့..ခေါ်တယ်.. အစီအရင်တွေလုပ်တယ်...သူ့ဂမုန်းတွေမှာ...သူယောင်ဂမုန်း..မင်းသားဂမုန်း..ဘီလူးဂမုန်း...အဲ့ဂမုန်းတွေကို သန်းခေါင်ယံအချိန်မှာ အသက်သွင်းတယ်... ရွာက သူတွေပြောပုံအရဆို...မင်းသားဂမုန်းနဲ့ ဘီလူးဂမုန်းက လပြည့်ညတိုင်း ချကြတာ..ဓါးသံ..လှံသံ..တချွမ်ချွမ်..တဒေါက်ဒေါက်...ကျန်တဲ့ သရဲဂမုန်းက အရိပ်မဲကြီး အကောင်ရှည်ကြီးကြီးတွေက... သစ်ပင်တွေပေါ်ပြေးတက်ပြေးဆင်းလိုက်....ဖုတ်ဖုတ်ဖုတ်ဖုတ်..ပြေးလိုက်ကြ လိုက်လိုက်ကြနဲ့...သူယောင်ဂမုန်းက မိန်းမပျိုတယောက်ကလည်း လမ်းလျှောက်လို့..အငွေ့ တွေ...အဖြူတန်းတွေဆိုတာ အများကြီးပေါ့.... စပ်စုချင်တဲ့ရွာသားတွေသွားချောင်းတဲ့အခါ...တချို့ကခြံထဲဝင်ဖို့လုပ်တာပေါ့..အဲ့လိုများလုပ်လို့ကတော့..အဲ့မမြင်ရတဲ့ ပရသားတွေ တ၀ုန်းဝုန်းနဲ့ပြေးသံတွေကြားရပြီး ၀ိုင်းချကြတာကိုခံရတာ..ရွာသားတွေလည်း အသားကုန်ပြန်ပြေးခဲ့ကြရတာ...မယုံတဲ့အဘိုးတို့လည်း လပြည့်ညကိုစောင့်ပြီး သွားချောင်းတာ..မဲမဲအကောင်ကြီးအရိပ်ကြီးတွေဆိုတာ ပြေးတမ်းလိုက်တမ်းကိုဆော့နေတာတဲ့..ဓါးသံတွေကလည်း ချ..လမ်းလျှောက်နေတဲ့ မိန်းမပုံကလည်းလျှောက်...သူ့ဟာသူတော့ခြံကြီးထဲမှာ စည်နေရော...ခြေတော့မလှမ်းလိုက်နဲ့ အဲ့ခြံထဲ..မယုံတဲ့အဘိုးနဲ့ သူငယ်ချင်းနှစ်ယောက် ခြံထဲခိုးဝင်တာ..လိုက်လို့လေ..လိုက်ရုံတင်မဟုတ်ဘူး..ကျောကိုပါဗြင်းတာ..အကုန်လုံးခွေးပြေးဝက်ပြေးကို ပြေးခဲ့ရရော...မနက်ကျောက လက်ရာအညိုအမဲတွေကိုကြည့်မှပဲ..တကယ်ကို မမြင်ရတဲ့အကောင်တွေအချခံလိုက်ရတာကို လက်ခံကြရ.. မကျေနပ်ကြ..လပြည့်ညတိုင်းလည်း ပွဲတော်ဖြစ်နေတဲ့ခြံကို အဝေးကနေပဲ အမြဲချောင်းကြည့်...သွေးတွေလောင်းလိုက်..အမဲသားတွေ ထွက်ကျွေးလိုက်နဲ့..တရွာလုံးနဲ့မပတ်သတ်ပဲ.. သူ့ကမ္ဘာသူတည်ထားတဲ့ ထို ဂမုန်းပင်တို့ရဲ့ သခင်ကိုသာ... ရှောင်ရှားရင်း..... မ Sawmyanandar Soe ကို ကျေးဇူးအထူးတင်ရှိပါသည်... ( သိုက်နန်းရှင် )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |