(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Present From Moe Goke


မိုးကုတ်မှ လက်ဆောင်... 

ကျွန်တော်က တော့ ကိုယ်တွေ့မဟုတ်ဘူးဗျ ။ ဒါပေမယ့် ကျွန်တော့်ဇာတိ မိုးကုတ် က အ ကြောင်းတွေဗျ ။ ရေပူရွာ ဆိုတာ မိုးကုတ်မှာ ရှိသဗျ။ ရေပူ က နေ ကျွန်တော် မြို့ထဲကို ကျောင်းသွားတက် ရတယ်။ အဲ့တုန်းက ဆိုင် ကယ် ဆိုတာ ရွာမှာ ရှားမှရှားဗျ။ စက်ဘီး တောင် အိမ်တိုင်းမရှိဘူး ။ မြို့ထဲကို သွားတဲ့ လမ်းက၂ လမ်းရှိတယ်ဗျ။ အ ရှေ့ကျောင်းလမ်း ရယ် မျဉ်းတံတားလမ်းရယ် ။ မျဉ်းတံတားလမ်းက ကောင်းပေမယ့် ဝေးတယ်ဗျ ။ ဒါကြောင့် ခြေကျင် ပဲ အ ရှေ့ကျောင်းလမ်းက ဒိုးကြတယ်။ လမ်းမ ကောင်းဘူးဗျ။ တောင် တက် တောင် ဆင်း တွေကြီးပဲ။ ဒါပေမယ့် ပိုနီးလို့သုံးကြတာ။ နီးတယ် ဆိုပေမယ့်လဲ ၂ မိုင်လောက်တော့ရှိတယ်ဗျ။ လမ်းက တောင်ပေါ်ကို မက်မက်ကြီး တက် ရတယ်။ ဘေးနှစ်ဘက်က ချောက်ပေါ့။ ချောက်ထဲမှာ စေတီလေးတွေ ရှိသဗျ။ စေတီဟောင်းတွေပေါ့။ ထုံးဖြူဖြူမဟုတ်ဘဲ ရေညှိ နဲ့ ညောင် ပင်ပေါက် နဲ့ပေါ့ဗျာ။ သမိုင်းက တော့ ဆိုးပေ့ပဲ။ အဲ့ဒီချောက်ထဲမှာ ဂျပန်တွေ အထပ်လိုက် သေထားသတဲ့။ မိုးကုတ် ဆိုတာက ပတ္တမြားမြေ မဟုတ်လား။ ဒီတော့ အဲ့ခေတ်က ဂျပန် တွေ ၊ အင်္ဂလိပ်တွေ ခြေလိမ်ခဲ့ကြတဲ့နေရာပေါ့။ ဗုံးမှန်သေတာဆိုပဲ ။ အစိမ်းသေ တော့ မကျွတ်ကြလို့ ဘယ်သူမှ အဲ့ချောက်ထဲ နေ့ခင်တောင် မသွားရဲဘူး။ တစ် ရက်တော့ အဘွားက မြို့ထဲကို ဈေးသွားရောင်းဖို့ လိုင်းကားမမှီလိုက်ဘူးတဲ့။ အဲ့တုန်းက မနက် ၃ နာရီလောက် လိုင်းကား တစ်စီးရှိတယ်။ ဈေးသွားရောင်းမယ့် သူတွေစီးကြတာပေါ့။ ကားပြာကြီးလို့ပဲ ခေါ်ကြတာ။ အဘွားက ကားမမှီတော့ ကျွန်တော့် အ မေ ကို နိုးပြီး ခြေကျင် အ ဖော်လိုက်ပေးဖို့ ခေါ်တယ်။ အ မေ လဲ လိုက် ရတာပေါ့။ အဘွား နဲ့ အ မေ ၂ ယောက်တည်း ဈေးရောင်းဖို့ တောင်းတွေ ပလုံးတွေ နဲ့ပေါ့။ အဲ... ခဏက ချောက်ကြီးနားရောက်တော့ အ နောက်က တစ်ယောက်ယောက်လိုက်လာသလို ခံစားရတယ်တဲ့ဗျ။ ချောက်ထဲက ထိုးထွက်နေတဲ့ ၀ါးပင်တွေကလည်း လ ရောင်အောက်မှာ တရှဲရှဲပေါ့။ အဲ့အချိန်မှာ တောင်ပေါ်က မီးလုံး ၂ လုံး လာနေတယ်တဲ့။ အ မေတို့က ကားမှတ်နေတာတဲ့ ။ နောက် တဖြည်းဖြည်း ကြီးလာတော့မှ မဖြစ်နိုင် ဘူး ဆိုပြီး သားအမိ ၂ ယောက် ပြေးလိုက်ကြတာ ခြင်းတွေ ပလုံးတွေ ဘယ်ရောက်သွားလဲ မသိတော့ဘူးတဲ့။ မီးလုံးကြီးတွေက ဇ. ကောဝိုင်းလောက် ရှိသတဲ့လေ ။ အဘွားတို့လည်း နီးတဲ့ အ ရှေ့ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးခဲ့ပြီး ၇ နာရီလောက်မှ အိမ်ပြန် ရဲသတဲ့ဗျာ ။ သိပ်မကြာပါဘူး ရွာထဲက ယစ်ထုတ် တစ်ယောက် ည နေ စောင်း ကြီး မူးမူး နဲ့ ၀က်ခေါင်းကို သုပ်စားဖို့ နှီးနဲ့ချည်ပြီး ကိုင် လာတယ်။ ကုန်းပေါ်က ဆင်းပြီး ရွာထဲကို အ၀င် ဗျ။ ရွာထဲ မ ရောက်ခင် ရယ်သံကြီး ကြားရသတဲ့။ ဘေးဘီကြည့်တော့လဲ ဘယ်သူမှမရှိဘူး။ မူးကလည်း မူးနေ တော့ ဟေ့ ဘယ်ကောင် လဲကွ ဆို ပြောပြောဆိုဆို ၀က်ခေါင်းကြီးကို ဝေ့ရမ်းလိုက်တာ ။ အဲ့တော့မှဗျာ..... ၀က်ခေါင်းပြက်ကြီးက ရယ်နေသတဲ့. ... ။ သူလည်းရွာကို ဘယ်လိုပြန်ရောက်လာလဲတောင် မသိဘဲ ၄ ရက်လောက် ဖျားသွားတာ ဗျ။ အရက်လည်း ပျက်ရော ဆိုပဲ။

 (၀ိဥာဉ်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |