(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Grandma's Love

" သံယောဇဉ်လက်ကျန် "


ကျွန်မတို့ရဲ့ရွာလေးကနေ အမျိုးတွေရှိတဲ့ တခြားရွာကို ခရီးထွက်ခဲ့ပါတယ်။ မဆုံရတာကြာပြီဖြစ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပျော်ရွှင်ဖွယ်ရာနေ့ရက်လေးတွေ ဖြတ်သန်းနေရင်း မမျှော်လင့်တဲ့ သတင်းဆိုးကြီးတခု
ကျွန်မဆီကိုရောက်ရှိလာခဲ့ပါတယ်။ နေမကောင်းပဲ အိပ်ယာထဲလဲနေတဲ့ ကျွန်မသိပ်ချစ်ရသော ဖွားဖွား လူကြီးရောဂါနဲ့ဆုံးပြီတဲ့လေ။

ကျွန်မတို့ရွာရဲ့ ဓလေ့ထုံးစံအရ ခုသေ ခုချက်ချင်း အသုဘချပါတယ်။ မသေခင်ကတည်းက မျောနေပြီဆိုတာနဲ့ ( သေဖို့ရာနှုန်း ) များပြီလို့
အားလုံးသတ်မှတ်လိုက်ချိန်မှာ အလောင်းအတွက် မြေကျွင်းကြိုတူးထားတက်ကြတယ်။ ချက်ချင်းဆုံးပြီဆိုတာသိသိချင်း ကျွန်မ လိုင်းကားစီးပြီး ရွာကိုပြန်လာခဲ့တယ်။ အပူလုံးကြီးပြီး ၀မ်းနည်းနေတဲ့ကျွန်မ သန်းခေါင်ယံအချိန် ရွာပြင်သချိုင်းကနေမှ ရွာထဲကိုဖြတ်ပြန်ရတာ
ထုံးစံပေမယ့် လောလောလတ်လတ်ဂူသွင်းနာမည်ထိုးထားတဲ့ အဖွားရဲ့အုတ်ဂူဆီကိုပဲ ကျွန်မအရောက်သွားခဲ့ပါတယ်။

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးတွေရဲ့အူသံတွေလည်းကျွန်မ မကြောက်ပါဘူး။ လက်နှိပ်ဓါတ်မီးအားကိုးနဲ့ အဖွားရဲ့ ဂူဘေးနားမှာ ကျွန်မငိုပွဲအ၀ဆင်ပြီးတော့ ထုံးစအရ ဂူနားတ၀ိုက်က မြေကြီးလက်တဆုပ်ကို သယ်ယူလာရင်း အိမ်အပြန်ရွာအ၀င်လမ်းကို ခေါင်းငိုက်စိုက်ချပြီးလာခဲ့ပါတယ်။
ဖွားဖွားကိုလည်း သေသည်ဟုမသတ်မှတ်နိုင်သေးပဲ လူတယောက်ဘေးကပါလာသလို ကျွန်မ စကားတတွတ်တွတ်ပြောပြီး အိမ်ကိုပြန်လာခဲ့ပါတယ်ရှင်။

တကယ်ဆိုရင်တော့ လက်တဆုပ်စာ မြေကြီးကို ခြံအပြင်ဘက်မှာ ကျဲချခဲ့ရမှာကို ဘယ်လိုမှ အဖွားနောက်ဆုံးအသက်မမှီလိုက်လို့ ထူးခြာလိုထူးခြား ကျွန်မ ခြံဝင်းထဲမှာကျဲပလိုက်ပါတယ်။ နာရေးရှိတဲ့အိမ်တို့ရဲ့ ထုံးစံအတိုင်း လူစည်ကားနေတာပေါ့လေ ကျွန်မတို့အိမ်လေးက၊
အိပ်တဲ့အချိန်အရောက်မှာ ကျွန်မခရီးလည်းပန်းလာလို့ အိပ်ပျော်အောင်အိပ်ရတယ်။ အိပ်ပြီးသိပ်မကြာပါဘူးရှင် အတူအိပ်နေကြဖြစ်တဲ့ ဖွားနေရာဘေးက သကြားထည့်တဲ့ဗူးက ဂလောက် ဂလောက်နဲ့ ဘယ်သူမှ မထိ မကိုင်ပဲ ကို သိသိသာသာ အသံပေးလှုပ်ရှားတော့တာပဲ။
သကြားဗူးကိုအသံလည်းပေးပြီးရော အဖွားက ကျွန်မခြင်ထောင်ခြေရင်းကို မပြီး အေးစက်တဲ့လက်တစုံနဲ့ ခြေထောက်ကိုဆွဲတော့တာပါပဲ။

ဘယ်လောက်မကြောက်ဘူးပြောပြော ကျွန်မလန့်သွားပါတယ်၊ ဖွားရယ် သမီးကိုလန့်အောင်မလုပ်ပါနဲ့ဆိုပြီး တုန်တုန်ရင်ရင်ပြောရတော့တာပဲ။
ပြောကာမှ ခြင်ထောင်ကိုပတ်ပြီး လမ်းလျှောက်တော့တာပါပဲ။ ကျွန်မလည်း အကြောက်ကြီးကြောက်ပြီး ရသမျှ ဘုရားစာရွတ်ပြီး ဖွားရယ် ဘ၀လည်းခြားပြီ၊ ဖွားလွတ်ရာကျွတ်ရာမှာနေပါတော့၊ ခုလောက်ပြရင်ပဲ ဖွားသမီးနောက်လိုက်လာတာကိုသိပါပြီ။ သမီးကြောက်လို့ပါလို့လည်းပြောလိုက်ရော ဘေးနားကပြတင်းပေါက်ကနေ၀ုန်းခနဲ အရိပ်မဲကြီးခြံထဲကိုခုန်ဆင်းသွားတာပါပဲ။

ကျွန်မလေ ကြောက်လည်းကြောက် ၀မ်းနည်းလည်းဝမ်းနည်းနဲ့ ထိုင်ငိုနေလိုက်ပြီး အိပ်လို့လည်းမရတော့တာနဲ့ ခြင်ထောင်အပြင်ထွက်လိုက်တာမှာပဲ ကျွန်မရှေ့တည့်တည့်မှာ အလွန်တရာ ကြီးမားသော အမျိုးအမည်တပ်ပြလို့ မတက်သော၊ သတ္တ၀ါ မဲမဲကြီးက အပြင်ကလင်းထိန်နေတဲ့ မီးရောင်အားကိုးရှေ့မှာ သူ့မျက်လုံးကြီးကို အဆမတန်ပြူးပြပါတော့တယ်။ ကျွန်မလေ ကြောက်လွန်းလို့ အသံလည်းမထွက်နိုင် မျက်လုံးပြီးတော့ သူ့နားရွက်တဖက်က အတော့်ကိုအရှည်ကြီးရှည်ပြပြန်ပါတယ်။ အဲ့မှာတင် ကျွန်မ အသံကို မရရအောင်ညှစ်ထုတ်အော်ရတော့တယ်။

ကျွန်မ သချိုင်းကမြေသယ်လာတုန်းက ဘာကောင်တွေပါလာသလည်း ကျွန်မအကြောက်ကြီးကြောက်နေပြီ။ မရရအောင် အသံကုန်ညှစ်ထုတ်အော်လည်းအော် အခန်းထဲကနေအပြင်ကို ရှိသမျှအားနဲ့ ပြေးထွက်ပြီး ငိုယိုပြီး လူကြီးတွေကိုပြောပြရပါတော့တယ်။ ကျွန်မ ဘာတွေလုပ်လာတယ်ဆိုတာကို၊ ဒီတော့မှ လူကြီးတွေက အပြစ်လည်းတင် ရှိသမျှ ဘုရားဆင်းတုတော်၊ ပရိတ်ရေတွေ သောက်တော်ရေတွေနဲ့ ခြံထဲကျွန်မ မြေကြီးကျဲခဲ့တဲ့နေရာမှာ လိုက်ပက်ဖြန်းရတော့တယ်။

ကျွန်မအဖွားကိုခေါ်လာတာ အဖွားအပြင် တခြား သရဲအကြီးစားတကောင်ပါ ပါလာပုံရပါတယ်။ ကျွန်မ အခန်းထဲလည်း မအိပ်ရဲတော့ပဲ လူအများစုနဲ့ပဲ အထိတ်ထိတ်အလန့်လန့်နဲ့အိပ်ရပါတယ် ရက်လည်မပြီးမချင်း၊ အဖွားကတော့ ဘာအသံမှထပ်မကြားရတော့သလို၊ မဲမဲအကောင်ကြီးကိုလည်း ထပ်မမြင်တော့ပါဘူး။ မမြင်ရတဲ့လောကဆီက သူတွေကို ကျွန်မ လုပ်ရပ်က လာပါလာပါ ဖိတ်ခေါ်ခဲ့သလိုဖြစ်ခဲ့တာပါပဲ။

အဖွားကိုသတိရသော်လည်းပဲ မေတ္တာပို့ အမျှဝေပေးတာမျိုးပဲ ထပ်လုပ်ဖြစ်ပြီး၊ လာပါ နေပါ အရိပ်ပြပါလို့ ကျွန်မ လုံးဝလုံးဝ ထပ်မပြောတော့ပါ။ ခြံကိုလည်းအသေအချာ ဘုန်းတော်ကြီးတွေနဲ့ ရွတ်ဖတ်ပြီး အသေအချာပြန်သန့်ရှင်းလိုက်ရပါတယ်။ ကျွန်မရဲ့ လက်တဆုပ်စာ သဲလေးကြောင့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတခုပါ။

( အိမ်နီးခြင်းအန်တီကြီးတဦး သူ့ဖွားဖွားသေဆုံးတုန်းကအကြောင်းလေးပြောပြလို့ ခံစားရေဖွဲ့ ပါသည်၊ ရပ်ရွာကိုတော့ မထည့်တော့ပါ )

ကျေးဇုးအများကြီးတင်ပါသည်။


သိုက်နန်းရှင်

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |